Breaking

November 10, 2020

Pfizer ရဲ႕ COVID-19 ကာကြယ္ေဆး ထိေရာက္မႈ ၉ဝ% ထိရွိ

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္ကာကြယ္ေဆး ေအာင္ျမင္မႈ သတင္းနဲ႔ Joe Biden အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ အနိုင္ရရွိတယ္ဆိုတဲ့ သတင္း ေတြက ရင္းႏွီးျမႇုပ္ႏွံသူေတြရဲ႕ ယုံၾကည္မႈကို ျမင့္တက္သြားေစခဲ့တာေၾကာင့္ ကမၻာ့ဘ႑ာေရးေဈးကြက္႐ုတ္ခ်ည္း ဦးေမာ့သြားပါတယ္။

Joe Biden အနိုင္ရတာေၾကာင့္ ယခင္ကတည္းက အခိုင္အမာ ျမင့္တက္လာေနတဲ့ ေဈးကြက္က Pfizerနဲ႔ ဂ်ာမန္ကုမၸဏီ BioNTechတို႔ ရဲ့ ကာကြယ္ေဆး ေအာင္ျမင္မႈ သတင္း ထြက္ေပၚလာအၿပီးမွာေတာ့ တစ္ရွိန္ထိုး ျမင့္တက္သြားခဲ့တာပါ။

တနလၤာေန႔ကေတာ့ နယူးေယာက္ ေဈးကြက္မွာ အစုရွယ္ယာေဈးႏႈန္းေတြ စံခ်ိန္တင္ ထိုးတက္သြားခဲ့ပါတယ္။

ကာကြယ္ေဆးရဲ့ ထိေရာက္မႈက ၉၀ ရာခိုင္ႏႈန္း ရွိတာကို စမ္းသပ္မႈ အဆင့္ ၃ မွာ ျပသေနတယ္လို႔ အဲဒီ ကုမၸဏီေတြက ေၾကညာလိုက္တာက ေဈးကြက္ထဲ Adrenaline ေဟာ္မုန္း အားတိုးေဆး ထိုးေပးလိုက္သလို ျဖစ္သြားၿပီး မေတြ႕ရတာ ၾကာၿပီ ျဖစ္တဲ့ တစ္ရက္အတြင္း ေဈးႏႈန္း အမ်ားဆုံး ျမင့္တက္သြားေစတာလို႔လည္းAJ Bellကုမၸဏီ က ရင္းႏွီး ျမႇုပ္ႏွံမႈ ဒါရိုက္တာ Russ Mould က ေျပာပါတယ္။

နယူးေယာက္က DJIAမွာ ရွယ္ယာ ေဈးႏႈန္း ၅ ရာခိုင္ႏႈန္း ျမင့္တက္သြားတာေၾကာင့္ ေဖေဖာ္ဝါရီလက တင္ထားခဲ့တဲ့ စံခ်ိန္ထက္ ပိုမ်ားသြားခဲ့ပါတယ္။ မနက္ခင္းကုန္ပိုင္းေလာက္ကေတာ့ ၃.၉ ရာခိုင္ႏႈန္းမွာ ရွိေနခဲ့တာပါ။

ကာကြယ္ေဆး ေအာင္ျမင္မႈဟာ အခက္အခဲႀကီးတစ္ခုကို ထိုးေဖာက္ေက်ာ္လႊားနိုင္လိုက္တာ ျဖစ္တယ္လို႔ ေလ့လာ သုံးသပ္သူေတြ က ခ်ီးက်ဴး ေျပာဆိုေနခ်ိန္မွာပဲ Pfizerေဆးကုမၸဏီရဲ့ အစုရွယ္ယာေဈးႏႈန္းကလည္း ၉ ရာခိုင္ႏႈန္းေက်ာ္ ထိုးတက္သြားပါတယ္။

၄ ရာခိုင္ႏႈန္းကေန ၅ ရာခိုင္ႏႈန္းအတြင္း အစုရွယ္ယာ ျမင့္တက္မႈက နယ္ပယ္အားလုံးနီးပါးမွာ ျဖစ္ေပမဲ့ ကပ္ေရာဂါေၾကာင့္ အဆိုး ရြားဆုံး ထိခိုက္ခံေနရတဲ့ ေလေၾကာင္းလိုင္းေတြနဲ႔ ဧည့္ခံေဖ်ာ္ေျဖေရးလုပ္ငန္းေတြမွာ ျမင့္တက္မႈက ပိုၿပီး သိသာခဲ့ပါတယ္။

British Airways ပင္ရင္း ကုမၸဏီျဖစ္တဲ့ IAG နဲ႔Air France-KLM ေလေၾကာင္း ကုမၸဏီႀကီးေတြရဲ့ အစုရွယ္ယာေဈးႏႈန္း ၂၅ ရာခိုင္ႏႈန္း ျမင့္တက္သြားခဲ့သလို Lufthansa ကုမၸဏီကေတာ့ ၂၀ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ပါတယ္။

British Airways ပင်ရင်း ကုမ္ပဏီဖြစ်တဲ့ IAG နဲ့Air France-KLM လေကြောင်း ကုမ္ပဏီကြီးတွေရဲ့ အစုရှယ်ယာဈေးနှုန်း ၂၅ ရာခိုင်နှုန်း မြင့်တက်သွားခဲ့သလို Lufthansa ကုမ္ပဏီကတော့ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

Pfizer ရဲ့ COVID-19 ကာကွယ်ဆေး ထိရောက်မှု ၉ဝ% ထိရှိ

(Unicode)

ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး အောင်မြင်မှု သတင်းနဲ့ Joe Biden အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိတယ်ဆိုတဲ့ သတင်း တွေက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို မြင့်တက်သွားစေခဲ့တာကြောင့် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်ရုတ်ချည်း ဦးမော့သွားပါတယ်။

Joe Biden အနိုင်ရတာကြောင့် ယခင်ကတည်းက အခိုင်အမာ မြင့်တက်လာနေတဲ့ ဈေးကွက်က Pfizerနဲ့ ဂျာမန်ကုမ္ပဏီBioNTechတို့ ရဲ့ ကာကွယ်ဆေး အောင်မြင်မှု သတင်း ထွက်ပေါ်လာအပြီးမှာတော့ တစ်ရှိန်ထိုး မြင့်တက်သွားခဲ့တာပါ။

တနင်္လာနေ့ကတော့ နယူးယောက် ဈေးကွက်မှာ အစုရှယ်ယာဈေးနှုန်းတွေ စံချိန်တင် ထိုးတက်သွားခဲ့ပါတယ်။

ကာကွယ်ဆေးရဲ့ ထိရောက်မှုက ၉၀ ရာခိုင်နှုန်း ရှိတာကို စမ်းသပ်မှု အဆင့် ၃ မှာ ပြသနေတယ်လို့ အဲဒီ ကုမ္ပဏီတွေက ကြေညာလိုက်တာက ဈေးကွက်ထဲ Adrenaline ဟော်မုန်း အားတိုးဆေး ထိုးပေးလိုက်သလို ဖြစ်သွားပြီး မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ တစ်ရက်အတွင်း ဈေးနှုန်း အများဆုံး မြင့်တက်သွားစေတာလို့လည်းAJ Bellကုမ္ပဏီ က ရင်းနှီး မြှုပ်နှံမှု ဒါရိုက်တာ Russ Mould က ပြောပါတယ်။

နယူးယောက်က DJIAမှာ ရှယ်ယာ ဈေးနှုန်း ၅ ရာခိုင်နှုန်း မြင့်တက်သွားတာကြောင့် ဖေဖော်ဝါရီလက တင်ထားခဲ့တဲ့ စံချိန်ထက် ပိုများသွားခဲ့ပါတယ်။ မနက်ခင်းကုန်ပိုင်းလောက်ကတော့ ၃.၉ ရာခိုင်နှုန်းမှာ ရှိနေခဲ့တာပါ။

ကာကွယ်ဆေး အောင်မြင်မှုဟာ အခက်အခဲကြီးတစ်ခုကို ထိုးဖောက်ကျော်လွှားနိုင်လိုက်တာ ဖြစ်တယ်လို့ လေ့လာ သုံးသပ်သူတွေ က ချီးကျူး ပြောဆိုနေချိန်မှာပဲ Pfizerဆေးကုမ္ပဏီရဲ့ အစုရှယ်ယာဈေးနှုန်းကလည်း ၉ ရာခိုင်နှုန်းကျော် ထိုးတက်သွားပါတယ်။

၄ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအတွင်း အစုရှယ်ယာ မြင့်တက်မှုက နယ်ပယ်အားလုံးနီးပါးမှာ ဖြစ်ပေမဲ့ ကပ်ရောဂါကြောင့် အဆိုး ရွားဆုံး ထိခိုက်ခံနေရတဲ့ လေကြောင်းလိုင်းတွေနဲ့ ဧည့်ခံဖျော်ဖြေရေးလုပ်ငန်းတွေမှာ မြင့်တက်မှုက ပိုပြီး သိသာခဲ့ပါတယ်။

 https://burmese.voanews.com/a/pfizer-covid-19-vaccine-/5654941.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.