Breaking

December 11, 2020

ရေသ့ေတာင္ အဓမၼျပဳက်င့္မႈ စစ္သားသံုးဦး ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္ခံရ

 

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္က ေဒသခံ အမ်ိဳးသမီးတစ္ဦးကို အဓမၼျပဳက်င့္ခဲ့တယ္လုိ႔ စြပ္စဲြထားတဲ့ တပ္မေတာ္သား ၃ ဦးကို ဒီကေန႔မွာပဲ စစ္ေတြၿမိဳ႕ တပ္မေတာ္စစ္ခံုရံုးက အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ႏွစ္၂၀ ခ်မွတ္လိုက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က တင္ျပေပးပါမယ္။

လက္နက္ကိုင္ပဋိပကၡေတြ ႀကံဳခဲ့ရတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ရေသ့ေတာင္ၿမိဳ႕နယ္ ဦးဂါေက်းရြာမွာ ဇြန္လ ၂၉ ရက္ေန႔တုန္းက အသက္ ၃၀ ေက်ာ္အရြယ္ အမ်ိဳးသမီးတစ္ဦးကို ၿခိမ္းေျခာက္ၿပီး အဓမၼျပဳက်င့္ခဲ့တဲ့အတြက္ အျပစ္ရွိေၾကာင္း ဆုံးျဖတ္ၿပီး တပ္မေတာ္သား ၃ ဦးကုိ စစ္ခုံ႐ုံးက ႏွစ္ရွည္ေထာင္ဒဏ္ေတြ ခ်မွတ္လုိက္တာ ျဖစ္ပါတယ္။

ျပစ္မႈက်ဴးလြန္သူေတြကုိ အျမင့္ဆုံးျပစ္ဒဏ္ ခ်မွတ္လုိက္တဲ့ ဆုံးျဖတ္ခ်က္ကုိေတာ့ တရား လုိဘက္က အက်ဳိးေဆာင္ေပးခဲ့တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚသူဇာ က ႀကိဳဆုိလုိက္ ပါတယ္။

“ဒီေန႔မွာ တပ္မေတာ္သား သံုးဦးကိုေပါ့ေနာ္။ ေထာင္ဒဏ္ ႏွစ္ ၂၀ စီခ်မွတ္ပါတယ္။ တပ္မေတာ္ စစ္တရားရံုးမွာ အမိန္႔ခ်ၿပီးေတာ့ စစ္ေတြ အက်ဥ္းေထာင္ကို ဒီေန႔ပဲ ပို႔ပါတယ္။ က်မကေတာ့ ဥပေဒသမားတစ္ေယာက္၊ တရားလိုရဲ႕ ေရွ႕ေနတစ္ေယာက္အေနနဲ႔ ေျပာရမယ္ ဆိုရင္ ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္တာက မွ်တတယ္လို႔ ေျပာခ်င္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ရာဇသတ္ႀကီးမွာ ေထာင္ဒဏ္ ႏွစ္ ၂၀ ဆိုတာ အျမင့္ဆံုးေပါ့ေနာ္။ ၃၇၆ မွာ ၁၂ နွစ္ေအာက္ ကေလးကို က်ဳးလြန္တယ္ဆိုရင္ေတာ့ ေထာင္ဒဏ္ တစ္သက္ေပါ့ေနာ္။ အခုက ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္တယ္ဆိုတာက ထိေရာက္ ဟန္႔တားႏိုင္တဲ့ ျပစ္ဒဏ္တစ္ခုကို အျမင့္ကို ျပစ္ဒဏ္တစ္ခုကို ခ်မွတ္တယ္လို႔ ျမင္တယ္။”

အေစာပုိင္းမွာတုန္းကေတာ့ အဓမၼျပဳက်င့္မႈ စြပ္စဲြခ်က္ဟာ မမွန္ကန္ေၾကာင္း တပ္မေတာ္က ျငင္းဆန္ခဲ့ေပမဲ့ ေနာက္ပုိင္းမွာ စုံစမ္းစစ္ေဆး အေရးယူခဲ့တာပါ။ တပ္မေတာ္သား ၃ ဦးကို အက်ဥ္းခံုရံုးဖြဲ႔ စစ္ေဆးအမိန္႔ခ်ခဲ့တဲ့ တရားခြင္ကုိေတာ့ အရပ္ဘက္အဖြဲ႔အစည္းေတြ အမ်ိဳးသမီးေရး လႈပ္ရွားသူေတြ အပါအ၀င္ အမ်ားျပည္သူ တက္ေရာက္ခြင့္ျပဳခဲ့ပါတယ္။

ရခုိင္ျပည္နယ္အပါ၀င္ လက္နက္ကိုင္ပဋိပကၡေတြ ႀကံဳေနရတဲ့ ေဒသေတြမွာ အမ်ဳိးသမီးေတြအေပၚ လိင္ပုိင္းဆုိင္ရာ အႏုိင္က်င့္ ေစာ္ကားခံရတာေတြ ႀကံဳရေလ့ ရွိတာေၾကာင့္ အခုလုိ အေရးယူအျပစ္ေပးတာမ်ဳိးေတြအျပင္ ေနာင္မွာ အလားတူမျဖစ္ေအာင္ ထိထိေရာက္ေရာက္ ဟန္႔တားဖုိ႔လုိတယ္လုိ႔လည္း တရားလႊတ္ေတာ္ေရွ႕ေန ေဒၚသူဇာ ကေျပာပါတယ္။

“အခုဆိုလို႔ရွိရင္ အရင္ဆံုး စံျပသေဘာအေနနဲ႔ ထိေရာက္တဲ့ ျပစ္ဒဏ္ကို အျမင့္ဆံုး ခ်မွတ္တာကို က်မအေနနဲ႔ ႀကိဳဆိုတယ္ေပါ့ေနာ္။ ၿပီးေတာ့ ေနာက္ထပ္ ပဋိပကၡေဒသအတြင္းမွာ အမ်ိဳးသမီးေတြ၊ ကေလးေတြ၊ တစ္ျခားသက္ႀကီးရြယ္အိုေတြလည္း ပါတာေပါ့။ အထူးသျဖင့္ အမ်ိဳးသမီးေတြ အၾကမ္းဖက္ မခံရဖို႔အတြက္ကို ႀကိဳတင္ၿပီးေတာ့ ဥပေဒမွာ ေဖာ္ျပခ်က္ေတြကို ျပဌာန္းသင့္တယ္။ အမ်ိဳးသမီးေတြ ေစာ္ကားမခံရဖို႔၊ အၾကမ္းဖက္မခံရဖို႔ ၿပီးေတာ့ ထပ္ၿပီးေတာ့ ဒီလိုမ်ိဳးမျဖစ္လာဖို႔လည္း တပ္မေတာ္အေနနဲ႔ တာဝန္ရွိသူေတြအေနနဲ႔ ေနာက္ပိုင္း ေသေသခ်ာခ်ာျပဳလုပ္သင့္ပါတယ္လို႔ က်မအေနနဲ႔ ေျပာခ်င္ပါတယ္။”

ရခုိင္ျပည္နယ္မွာ ၂၀၁၇ ခုႏွစ္တုန္းက တပ္မေတာ္ရဲ႕ စစ္ဆင္ေရးေတြအတြင္း ႐ုိဟင္ဂ်ာေတြကုိ သတ္ျဖတ္ခဲ့မႈနဲ႔ ေထာင္ဒဏ္က်ခံေနရတဲ့ တပ္မေတာ္သားေတြကုိ ၁ ႏွစ္ေတာင္ မျပည့္ခင္မွာ လြတ္ၿငိမ္းသက္သာခြင့္နဲ႔ ျပန္လႊတ္ေပးခဲ့တဲ့အတြက္ ေ၀ဖန္မႈေတြလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ ဒါေၾကာင့္လည္း တပ္မေတာ္က စစ္ေဆးအေရးယူတဲ့ အမႈေတြနဲ႔ ပတ္သက္လုိ႔ သံသယရွိတယ္လုိ႔လည္း အမ်ိဳးသမီးမ်ား အဖြဲ႔ခ်ဳပ္ (ျမန္မာႏိုင္ငံ) ရဲ႕ အေထြအေထြအတြင္းမွဴး ေနာ္ဆဲဆဲက ေျပာပါတယ္။

“တပ္မေတာ္မွာ၊ တပ္ဘက္မွာပဲ ျပစ္မႈျပစ္ဒဏ္ေပးၿပီးေတာ့ ၿပီးသြားတဲ့ အမႈေတြလည္း အမ်ားႀကီးေပါ့ေနာ္။ ဒါေပမဲ့ ဘယ္ေလာက္ထိ ျပစ္မႈျပစ္ဒဏ္ေပးလဲဆိုတာ က်မတို႔ မျမင္ရဘူး။ အဲဒီေတာ့ က်မတို႔ သူတို႔အေပၚမွာလည္း အယံုအၾကည္မရွိဘူးေပါ့ေနာ္။”

ျမန္မာႏိုင္ငံမွာ စစ္ေရးပဋိပကၡေတြ ႀကံဳေနရတဲ့ တိုင္းရင္းသားေဒသေတြမွာ အမ်ိဳးသမီးေတြအေပၚ တပ္မေတာ္သားေတြက လိင္ပုိင္းဆုိင္ရာ အႏုိင္က်င့္ခဲ့တယ္လုိ႔ စြပ္စဲြထားတဲ့ အမႈေပါင္း ၂၀၁၀ ကေန ၂၀၁၄ ခုႏွစ္ အထိ ၉၄ မႈရွိတယ္လို႔လည္း အမ်ိဳးသမီးမ်ား အဖြဲ႔ခ်ဳပ္ (ျမန္မာႏိုင္ငံ) က မွတ္တမ္းတင္ထားပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္တုန္းကလည္း ရခုိင္ျပည္နယ္ ေျမာက္ပုိင္းမွာ လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ လုိက္လံရွင္းလင္းခဲ့တဲ့ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြရဲ႕ စစ္ဆင္ေရး ေတြအတြင္း ႐ုိဟင္ဂ်ာ အမ်ဳိးသမီးေတြအေပၚ အဓမၼျပဳက်င့္မႈေတြ အပါအ၀င္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အႀကီးအက်ယ္ က်ဳးလြန္ခဲ့ေၾကာင္း ကုလသမဂၢနဲ႔ ႏုိင္ငံတကာ လူ႔အခြင့္အေရး အဖဲြ႔ေတြက စြပ္စဲြခဲ့ဖူးပါတယ္။

ဒါေပမဲ့လည္း ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္မျပဳတဲ့ တပ္မေတာ္နဲ႔ ျမန္မာအစုိးရကေတာ့ ႏုိင္ငံတကာက စြပ္စဲြေနသေလာက္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ခဲ့တာ မရွိေၾကာင္းနဲ႔ က်ဳးလြန္ခဲ့တဲ့ လုပ္ရပ္ေတြကုိလည္း စုံစမ္းေဖာ္ထုတ္ အေရး ယူတာေတြ ရွိခဲ့ေၾကာင္း တုံ႔ျပန္ထားပါတယ္။


[Unicode Version]

ရသေ့တောင် အဓမ္မပြုကျင့်မှု စစ်သားသုံးဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ တပ်မတော်သား ၃ ဦးကို ဒီကနေ့မှာပဲ စစ်တွေမြို့ တပ်မတော်စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်၂၀ ချမှတ်လိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ဇွန်လ ၂၉ ရက်နေ့တုန်းက အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကို ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး တပ်မတော်သား ၃ ဦးကို စစ်ခုံရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကိုတော့ တရား လိုဘက်က အကျိုးဆောင်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်သူဇာ က ကြိုဆိုလိုက် ပါတယ်။

“ဒီနေ့မှာ တပ်မတော်သား သုံးဦးကိုပေါ့နော်။ ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ပါတယ်။ တပ်မတော် စစ်တရားရုံးမှာ အမိန့်ချပြီးတော့ စစ်တွေ အကျဉ်းထောင်ကို ဒီနေ့ပဲ ပို့ပါတယ်။ ကျမကတော့ ဥပဒေသမားတစ်ယောက်၊ တရားလိုရဲ့ ရှေ့နေတစ်ယောက်အနေနဲ့ ပြောရမယ် ဆိုရင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်တာက မျှတတယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာဇသတ်ကြီးမှာ ထောင်ဒဏ် နှစ် ၂၀ ဆိုတာ အမြင့်ဆုံးပေါ့နော်။ ၃၇၆ မှာ ၁၂ နှစ်အောက် ကလေးကို ကျုးလွန်တယ်ဆိုရင်တော့ ထောင်ဒဏ် တစ်သက်ပေါ့နော်။ အခုက ထောင်ဒဏ် နှစ် ၂၀ ချမှတ်တယ်ဆိုတာက ထိရောက် ဟန့်တားနိုင်တဲ့ ပြစ်ဒဏ်တစ်ခုကို အမြင့်ကို ပြစ်ဒဏ်တစ်ခုကို ချမှတ်တယ်လို့ မြင်တယ်။”

အစောပိုင်းမှာတုန်းကတော့ အဓမ္မပြုကျင့်မှု စွပ်စွဲချက်ဟာ မမှန်ကန်ကြောင်း တပ်မတော်က ငြင်းဆန်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စုံစမ်းစစ်ဆေး အရေးယူခဲ့တာပါ။ တပ်မတော်သား ၃ ဦးကို အကျဉ်းခုံရုံးဖွဲ့ စစ်ဆေးအမိန့်ချခဲ့တဲ့ တရားခွင်ကိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေ အမျိုးသမီးရေး လှုပ်ရှားသူတွေ အပါအဝင် အများပြည်သူ တက်ရောက်ခွင့်ပြုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါဝင် လက်နက်ကိုင်ပဋိပက္ခတွေ ကြုံနေရတဲ့ ဒေသတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားခံရတာတွေ ကြုံရလေ့ ရှိတာကြောင့် အခုလို အရေးယူအပြစ်ပေးတာမျိုးတွေအပြင် နောင်မှာ အလားတူမဖြစ်အောင် ထိထိရောက်ရောက် ဟန့်တားဖို့လိုတယ်လို့လည်း တရားလွှတ်တော်ရှေ့နေ ဒေါ်သူဇာ ကပြောပါတယ်။

“အခုဆိုလို့ရှိရင် အရင်ဆုံး စံပြသဘောအနေနဲ့ ထိရောက်တဲ့ ပြစ်ဒဏ်ကို အမြင့်ဆုံး ချမှတ်တာကို ကျမအနေနဲ့ ကြိုဆိုတယ်ပေါ့နော်။ ပြီးတော့ နောက်ထပ် ပဋိပက္ခဒေသအတွင်းမှာ အမျိုးသမီးတွေ၊ ကလေးတွေ၊ တစ်ခြားသက်ကြီးရွယ်အိုတွေလည်း ပါတာပေါ့။ အထူးသဖြင့် အမျိုးသမီးတွေ အကြမ်းဖက် မခံရဖို့အတွက်ကို ကြိုတင်ပြီးတော့ ဥပဒေမှာ ဖော်ပြချက်တွေကို ပြဌာန်းသင့်တယ်။ အမျိုးသမီးတွေ စော်ကားမခံရဖို့၊ အကြမ်းဖက်မခံရဖို့ ပြီးတော့ ထပ်ပြီးတော့ ဒီလိုမျိုးမဖြစ်လာဖို့လည်း တပ်မတော်အနေနဲ့ တာဝန်ရှိသူတွေအနေနဲ့ နောက်ပိုင်း သေသေချာချာပြုလုပ်သင့်ပါတယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက တပ်မတော်ရဲ့ စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့မှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ တပ်မတော်သားတွေကို ၁ နှစ်တောင် မပြည့်ခင်မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့အတွက် ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း တပ်မတော်က စစ်ဆေးအရေးယူတဲ့ အမှုတွေနဲ့ ပတ်သက်လို့ သံသယရှိတယ်လို့လည်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အထွေအထွေအတွင်းမှူး နော်ဆဲဆဲက ပြောပါတယ်။

“တပ်မတော်မှာ၊ တပ်ဘက်မှာပဲ ပြစ်မှုပြစ်ဒဏ်ပေးပြီးတော့ ပြီးသွားတဲ့ အမှုတွေလည်း အများကြီးပေါ့နော်။ ဒါပေမဲ့ ဘယ်လောက်ထိ ပြစ်မှုပြစ်ဒဏ်ပေးလဲဆိုတာ ကျမတို့ မမြင်ရဘူး။ အဲဒီတော့ ကျမတို့ သူတို့အပေါ်မှာလည်း အယုံအကြည်မရှိဘူးပေါ့နော်။”

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ ကြုံနေရတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေအပေါ် တပ်မတော်သားတွေက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အမှုပေါင်း ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ် အထိ ၉၄ မှုရှိတယ်လို့လည်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က မှတ်တမ်းတင်ထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး တွေအတွင်း ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ တပ်မတော်နဲ့ မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်ခဲ့တဲ့ လုပ်ရပ်တွေကိုလည်း စုံစမ်းဖော်ထုတ် အရေး ယူတာတွေ ရှိခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။ 

 https://burmese.voanews.com/a/rakhine-rape-case-rathaetaung/5695633.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.