Breaking

December 16, 2020

ရခိုင်မှာ ရွေးကောက်ပွဲလုပ်ဖို့ သမ္မတ တိုက်တွန်းချက် ယေဘုယျဆန်ကြောင်း ဝေဖန်ခံရ

၄၆ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေမရှိတဲ့အတွက် ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်ရတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
 
ရွေးကောက်ပွဲကို ကျင်းပပေးဖို့ တာဝန်ရှိတဲ့အစိုးရက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုက်ရိုက်ပြောကြားရမှာဖြစ်ပြီး အခုလို တိုက်တွန်းတယ်ဆိုတာ ဘယ်သူကိုတိုက်တွန်းမှန်း မသိဘူးလို့ ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်အမှုဆောင် ဦးဖေသန်းက ဆိုပါတယ်။
 
"အဓိက ရွေးကောက်ပွဲကော်မရှင်ကို သူ့အနေနဲ့ ပြောရမှာ တပ်မတော်သဘောထားက ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုတာအပြင် ပူးပေါင်းဆောင်ရွက်မယ်ပြောထားတယ် မြေပြင်အခြေအနေမှာလည်း တိုက်ပွဲတွေ မရှိတော့ဘူး။ အဲတော့ အစိုးရသဘောထားပဲ။ အစိုးရသဘောထားက ကော်မရှင်ကို တောင်းရင်းလည်း ဖြစ်တယ် ပေးရင်လည်းဖြစ်တယ်။ ရွေးကောက်ပွဲကို လုပ်လို့ရတယ် သဘော တူပါတယ်ဆိုပြီး သဘောထားမှတ်ချက်ပေးလိုက်ရင် အကောင်းဆုံးပဲ အခုက သမ္မတက ဘယ်သူ တိုက်တွန်းမှန်းမသိဘူးဆိုတော့ သိပ်ပြီး ယေဘုယျဆန်တယ်လို့ မြင်ပါတယ်။"
 
ရခိုင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ AA နဲ့ တပ်မတော်တို့က သဘောထားတွေ အသီးသီးထုတ်ပြန်ကြပြီး တိုက်ပွဲတွေ ရပ်နားထားကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ဒီဇင်ဘာ ၃၁ ရက်နေ့ မတိုင်ခင် ရခိုင်ပြည်နယ်က နယ်မြေတချို့မှာ ရွေးကောက်ပွဲကျင်းပပေးဖို့ ရက္ခိုင့် တပ်တော် AA က ကြေညာချက်ထုတ်ပြန် တောင်းဆိုချက်အပေါ်  တပ်မတော်အနေနဲ့ ကြိုဆိုကြောင်းနဲ့ လိုအပ်တဲ့ဆောင်ရွက်မှုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ဒီနေ့ပေးပို့တဲ့ သူ့ရဲ့ သဝဏ်လွှာထဲမှာ ထည့်သွင်းဖေါ်ပြထားပါတယ်။
 
လက်ရှိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနေပြီး ရွေးကောက်ပွဲ ကျင်းနိုင်တဲ့ အလားအလာ ရှိနေတဲ့အတွက် ရွေးကောက်ပွဲကျင်းပဖို့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ကလည်း တိုက်တွန်းထားပါသေးတယ်။
 
လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေဟာ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိထားပြီးဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။
 
ဒီလိုအခြေအနေမှာ အစိုးရအဖွဲ့က ရွေးကောက်ပွဲကို လုပ်ဆောင်ရမှာဖြစ်ပြီး သမ္မတရဲ့ တိုက်တွန်းတယ်ဆိုတဲ့ သဘောထားထုတ်ပြန် တာဟာ ယေဘုယျဆန်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဝေဖန်ပါတယ်။
 
"ရခိုင်မှာရွေးကောက်ပွဲလုပ်ဖို့ လိုအပ်တယ်လို့ ယေဘုယျ သဘောထားကို ဖော်ပြတာကလွဲလို့ ကျန်တာမရှိဘူး ထင်ပါတယ်။ အမှန် သမ္မတက တိုက်တွန်းတာထက် သမ္မတက စီမံခန့်ခွဲရမယ်လို့ ထင်ပါတယ်။ ရခိုင်အခြေအနေကို အစိုးရအဖွဲ့က လေ့လာသုံးသပ်ပြီး ဆုံးဖြတ်ရမယ်ထင်ပါတယ်။ ရွေးကောက်ပွဲလုပ်မယ မလုပ်ဘူး ပွင့်ပွင့်လင်းလင်းပြောလိုက်ရင် ပိုကောင်းတာပေါ့။ တိုက်တွန်းတယ် ဆိုတာနဲ့ အစိုးရက လိုလားတယ်မလိုလားဘူး ပြောလို့မရဘူး အစိုးရက လုပ်မယ် မလုပ်ဘူး ပြောရမယ်ထင်ပါတယ်။"
 
ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပဖို့ဆိုတဲ့ သမ္မတရဲ့ တိုက်တွန်းချက်ဟာ အစိုးရအဖွဲ့နဲ့ UECတို့ အမြန်ဆုံး  ဆောင်ရွက်ရမယ်ဆိုတဲ့ သဘောမျိုးပါရှိနေတာကြောင့် ကြိုဆိုရမှာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဦးစိုင်းလိတ်ကဆိုပါတယ်။
 
"နိုင်ငံတော်သမ္မတ ကိုယ်တိုင်တိုက်တွန်းတယ်ဆိုတော့ အစိုးရအဖွဲ့အနေနဲ့ UEC နဲ့ ချိတ်ဆက်ပြီး မဖြစ်မနေ ကြိုးပမ်းသင့်တယ်လို့ မြင်တယ်။ ရခိုင်ပြည်နယ်ရဲ့ တဝက်လောက်က မကျင်းပဖြစ်တော့ နောင်လာမယ့် ပြည်နယ်အစိုးရ တရားဝင်မှုက လျော့ရဲမလား စိုး

"နိုင်ငံတော်သမ္မတ ကိုယ်တိုင်တိုက်တွန်းတယ်ဆိုတော့ အစိုးရအဖွဲ့အနေနဲ့ UEC နဲ့ ချိတ်ဆက်ပြီး မဖြစ်မနေ ကြိုးပမ်းသင့်တယ်လို့ မြင်တယ်။ ရခိုင်ပြည်နယ်ရဲ့ တဝက်လောက်က မကျင်းပဖြစ်တော့ နောင်လာမယ့် ပြည်နယ်အစိုးရ တရားဝင်မှုက လျော့ရဲမလား စိုးရိမ်ရတာရှိတယ်။ နောက်ဆက်တွဲ ရွေးကောက်ပွဲဖြစ်အောင် အချိန်မီအောင် ဝိုင်းဝန်းကြိုးပမ်းကြရင် ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရကြားမှာ ယုံကြည်မှု ပိုခိုင်မာစေမယ်လို့ ယုံကြည်ပါတယ်။"
 
NLD ပါတီ အောင်နိုင်ရေး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွေမှာပဲ မူတည်တာမဟုတ်ဘဲ ဒေသဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်ဖို့လည်း လိုအပ်တယ်လို့ တုံ့ပြန်ပါတယ်။
ရိမ်ရတာရှိတယ်။ နောက်ဆက်တွဲ ရွေးကောက်ပွဲဖြစ်အောင် အချိန်မီအောင် ဝိုင်းဝန်းကြိုးပမ်းကြရင် ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရကြားမှာ ယုံကြည်မှု ပိုခိုင်မာစေမယ်လို့ ယုံကြည်ပါတယ်။"
 
NLD ပါတီ အောင်နိုင်ရေး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွေမှာပဲ မူတည်တာမဟုတ်ဘဲ ဒေသဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်ဖို့လည်း လိုအပ်တယ်လို့ တုံ့ပြန်ပါတယ်။
 
"ရခိုင်ပြည်မြောက်ပိုင်း မကျင်းပဖြစ်တဲ့နေရာတွေမှာ ပြန်ကျင်းပဖို့ဆိုတာ အစိုးရတစ်ခုထဲ UEC တစ်ခုထဲက လုပ်လို့မရဘူး။ လွှတ်တော် ပထမဆုံးနဲ့ နောက်ဆုံးနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပရဆိုတာကို ဥပဒေပြင်ဖို့ လွှတ်တော်အခန်းကဏ္ဍ ပါပါတယ်။ နယ်မြေလုံခြုံရေးက တိုက်ပွဲမဖြစ်ရုံနဲ့ မပြီးဘူး ဒါတွေကို အာမခံဖို့လိုတယ် အဲဒါကို အစိုးရတစ်ခုထဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တစ်ခုထဲက လုပ်လို့မရဘူး အားလုံးဝိုင်ဝန်းဆောင်ရွက်မှသာ ဖြစ်နိုင်သမျှ အမြန်ဆုံးအချိန်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ဖို့ မျှော်လင့်ပါတယ်။"
 
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မြို့နယ် ကိုးခုမှာ ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့တာကြောင့် မဲဆန္ဒရှင် ဆယ့်ခြောက်သိန်းကျော်ရှိတဲ့အနက် ဆယ့်နှစ်သိန်းကျော် မဲပေးခွင့် ဆုံးရှုံးခဲ့ကြရပါတယ်။
 
ဒီနေရာတွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေး အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှုး ဦးသူရိန်ထွဋ်က ပြောထားပါတယ်။
 
မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာစောင့်ကြည့်နေတဲ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု MISP Executive Director ဒေါက်တာမင်းဇော်ဦးကတော့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို AA အဖွဲ့က ဖမ်းဆီးထားပြီး မလွှတ်ပေး တာဟာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ စဉ်းစားစရာ အခြေအနေတစ်ခုဖြစ်နေနိုင်ကြောင်း သုံးသပ်ပါတယ်။
 
"သူတို့တွေကို မလွှတ်ပေးဘဲ ထိန်းသိမ်းထားတယ်ဆိုတဲ့ အဓိပ္ပာယ်က ဒီနယ်မြေမှာ နိုင်ငံရေးပါတီတွေ လွတ်လွတ်လပ်လပ် မဲဆွယ်လို့မရဘူးဆိုတဲ့ အဓိပ္ပာယ်ကို သွားဆောင်တယ်။ အဲသုံးယောက်ကို ဖမ်းဆီးထားတဲ့အချိန်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဒါက အဓိပ္ပာယ်တမျိုး ထွက်သွားနိုင်တယ်ဆိုတာမျိုး အစိုးရနဲ့ ကော်မရှင်က စဉ်းစားကောင်း စဉ်းစားနိုင်တယ်။ ဒါကြောင့်မို့ အဲသုံးယောက်ကို မလွှတ်ပေးဘဲနဲ့ ရွေးကောက်ပွဲလုပ်ဖို့ဆိုတာကတော့ တစ်စုံတစ်ရာတော့ အခက်အခဲ ရှိနိုင်ပါတယ်။"
 
ရွေးကောက်ပွဲ နဲ့ပတ်သက်ပြီး ဘက်ပေါင်းစုံကပြောတာ အပြုသဘော  ဆောင်ပြီး ရွေးကောက်ပွဲဖြစ်လာနိုင်မယ်လို့ ယုံကြည်တယ်လို့ နယူးမြန်မာဖောင်ဒေးရှင်းက ရွေးကောက်ပွဲအကြံပေး ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။
 
"ရွေးကောက်ပွဲကို ဘက်ပေါင်းစုံက ပြောနေတာ အပြုသဘောဆောင်တယ် ရွေးကောက်ကို ဘယ်အချိန်လုပ်မယ် ဘယ်လိုပုံစံ လုပ်မယ်ဆိုတာ ကော်မရှင်ရဲ့ ပြင်ဆင်ဆောင်ရွက်တဲ့ အခြေအနေပေါ်မူတည်မယ်၊  ဘယ်ကာလအထိ အပစ်အခတ်ရပ်စဲထားမယ် ဆိုတဲ့ ကတိကဝတ်တွေကို ဘယ်လိုပုံစံမျိုးလိုမလဲပေါ့၊ အဲလိုမျိုးတွေ အခြေအနေ အရပ်ရပ်ပေါ်မူတည်ပြီး ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။"
 
ရခိုင်ပြည်နယ် မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ကျောက်တော်၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တွေမှာ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ မကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ် ခဲ့ပါတယ်။
 
ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ ANP ပါတီက နေရာအများဆုံး  အနိုင်ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၂ နေရာ အနိုင်ရရှိထားပါတယ်။
 
လာမယ့် ၂၀၂၁ ခုနှစ် လွှတ်တော်သစ်မခေါ်ခင်မှာ  ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပနိုင်ဖို့  မျှော်လင့် နေကြပြီး ပြည်နယ်အစိုးရသစ် ဖွဲ့စည်းရေးမှာလည်း ပြည်နယ်တိုင်းရင်းသား ပါတီက ကိုယ်စားလှယ်တွေပါဝင်နိုင်ရေး မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.