Breaking

December 28, 2020

COVID-19 ကာကြယ္ေဆး ဦးစားေပးထုိးမယ့္သူစာရင္း ျပဳစု

 

(Zawgyi / Unicode)

COVID-19 ကာကြယ္ေဆးဝယ္ယူေရး အိႏၵိယရဲ႕ Serum Institute ကုမၸဏီနဲ႔ ျမန္မာၾကား နားလည္မႈစာခၽြန္လႊာ လက္မွတ္ေရးထိုးလုိက္တဲ့ တခ်ိန္တည္းမွာပဲ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာေတာ့ ကာကြယ္ေဆး ဦးစားေပးထိုးႏွံေပးမယ့္ လူစာရင္းကို ျပဳစုေနၾကပါၿပီ။ အျပည့္အစုံကို ကုိဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

ျမန္မာႏုိင္ငံအတြင္း ကိုဗစ္ကူးစက္ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ အိႏၵိယရဲ႕ ကာကြယ္ေဆးထုတ္ လုပ္ငန္းႀကီးျဖစ္တဲ့ Serum Institute of India ထံကေန ကုိဗစ္ကာကြယ္ေဆး အလံုးေရ သန္းနဲ႔ခ်ီ ဝယ္ယူႏိုင္ဖို႔ ႏွစ္ႏိုင္ငံၾကား နားလည္မႈစာခၽြန္လႊာ MoU ကုိ ဒီဇင္ဘာ ၂၄ ရက္ေန႔မွာ လက္မွတ္ေရးထိုးခဲ့တာပါ။

ကိုဗစ္ကာကြယ္ေဆး ရရွိႏုိင္ေရး အိႏၵိယတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးတဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႔။ (ဒီဇင္ဘာ ၂၄၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာသံ႐ုံး - နယူးေဒလီ)
ကိုဗစ္ကာကြယ္ေဆး ရရွိႏုိင္ေရး အိႏၵိယတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးတဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႔။ (ဒီဇင္ဘာ ၂၄၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာသံ႐ုံး - နယူးေဒလီ)

နယူးေဒလီ ျမန္မာသံ႐ုံး တာဝန္ရွိသူေတြ အပါအဝင္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေဆးသုေတသန ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ပါေမာကၡ ေဒါက္တာေဇာ္သန္းထြန္း ဦးေဆာင္တဲ့ နည္းပညာကိုယ္စားလွယ္အဖဲြ႔နဲ႔ Serum ကုမၸဏီ တာဝန္ရွိသူေတြၾကား အြန္လိုင္းကတဆင့္ သေဘာတူ လက္မွတ္ထိုးခဲ့ၾကတာ ျဖစ္တယ္လုိ႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

မၾကာခင္ကာလမွာ ျမန္မာႏိုင္ငံတြင္း ကုိဗစ္ကာကြယ္ေဆး စထုိးေပးဖို႔ အစီအစဥ္ရွိေၾကာင္း သီတင္းပတ္စဥ္ ျပည္သူကို တင္ျပေနတဲ့ ႐ုပ္သံအစီအစဥ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၿပီးခဲ့တဲ့သီတင္းပတ္ ေသာၾကာေန႔မွာ ေျပာဆိုသြားပါတယ္။

“ကာကြယ္ေဆးကုိ လူ ၁၅ သန္းစာ ဝယ္ယူဖို႔အတြက္ အခု က်မတို႔ ကုိယ္စားလွယ္အဖြဲ႔တခုက အိႏၵိယႏိုင္ငံမွာ ေရာက္ေနပါတယ္။ ဒီကာကြယ္ေဆး ဝယ္ယူတဲ့ကိစၥနဲ႔ ပတ္သက္ရင္ ေနာက္တပတ္ေလာက္အတြင္းမွာ တိတိက်က် ပုိၿပီး သိရပါလိမ့္မယ္။ ကာကြယ္ေဆးဝယ္ယူဖို႔ လက္မွတ္ထုိးၿပီးၿပီ၊ အားလုံး အဆင္သင့္ျဖစ္ၿပီ ဆိုတာနဲ႔ မၾကာခင္ကာလမွာ ကာကြယ္ေဆးထုိးဖို႔ အစီအစဥ္ေတြ စဖို႔ကုိလည္း က်မတို႔ စီစဥ္ထားၿပီးပါၿပီ။ တတိုင္းျပည္လုံးမွာေပါ့ေနာ္... ဥပမာအားျဖင့္ဆိုရင္ ပထမဦးစားေပးကေတာ့ ေရွ႕တန္းက က်န္းမာေရးဝန္ထမ္းေတြေပါ့။ အဲဒါၿပီးေတာ့မွ ေနာက္ က်မတို႔အေနနဲ႔ ႏုိင္ငံအတြက္ေကာ ျပည္သူေတြအတြက္ေကာ လိုအပ္ခ်က္အရ က်မတို႔ တဆင့္ၿပီးတဆင့္ လုပ္သြားမွာျဖစ္ပါတယ္။”

အိႏၵိယကေန ဝယ္ယူမယ့္ ကိုဗစ္ကာကြယ္ထိုးေဆးေတြ ျမန္မာႏိုင္ငံကို ဘယ္ေတာ့ေရာက္လာမယ္ဆိုတာ အတိအက် မေျပာႏိုင္ေသးေပမယ့္ ေအာက္စဖို႔ဒ္တကၠသိုလ္နဲ႔ AstraZeneca ကုမၸဏီတို႔ ပူးေပါင္းေဖာ္စပ္ၿပီး Serum Institute ကုမၸဏီကထုတ္တဲ့ COVID-19 ကာကြယ္ေဆးကို မွာယူထားတာျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာ သန္းႏိုင္စိုးက ေျပာပါတယ္။

“မွာထားတာကေတာ့ AstraZeneca ပဲ၊ AstraZeneca က အိႏၵိယမွာထုတ္မယ့္ ေဆးေပါ့ေလ။ အဲဒီ ကုိယ္စားလွယ္အဖဲြ႔ ျပန္လာၿပီးရင္ သူတို႔ တရားဝင္ သတင္းထုတ္ျပန္ပါလိမ့္မယ္။”

ကုိဗစ္ကာကြယ္ေဆးေတြ ျမန္မာႏို္င္ငံကုိ ေရာက္လာခဲ့ရင္ ကိုဗစ္ကာကြယ္ကုသေရးအတြက္ ေရွ႕တန္းမွာ လုပ္ေဆာင္ေနၾကသူေတြကို ဦးစားေပး ထုိးႏွံေပးသြားဖို႔ စာရင္းျပဳစုေနေၾကာင္း ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚကုသမႈ ဌာနမွဴး ေဒါက္တာ ေမာ္ေမာ္ဦးက ဗြီအုိေအကို ေျပာပါတယ္။

“ေဆးေရာက္လာရင္ ထုိးရမယ့္ ေပၚလစီကေတာ့ ပထမဆုံးေရာက္လာမယ့္ ေဆးကို Healthcare provider ေလာက္ပဲ။ ေဆး႐ုံနဲ႔ ကုိဗစ္စင္တာေတြမွာ လုပ္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြေပါ့့၊ သူတို႔ေတြကို အရင္ထုိးမွာေပါ့။ အဲဒီအတြက္ က်ေနာ္တို႔ စာရင္းေကာက္ထားၿပီးသား ရွိတယ္။ ဒုတိယအဆင့္က ကူးစက္ေရာဂါအခံ ရွိသူေတြနဲ႔ သက္ႀကီးပိုင္းကို ထုိးေပးမယ္ ေျပာေပမယ့္ အဲဒီစာရင္းကုိေတာ့ အေသအခ်ာ မျပဳစုရေသးဘူး။ ျပည္သူလူထုကို ထုိးေပးဖို႔အဆင့္ ျဖစ္လာမယ္ ဆုိရင္ေတာ့ ကုိဗစ္အျဖစ္မ်ားတဲ့ ရန္ကုန္လိုမွာ ဆိုရင္လည္း အျဖစ္မ်ားတဲ့ ၿမိဳ႕နယ္ေတြရွိတယ္ေလ။ ဥပမာ လႈိင္သာယာတို႔ အင္းစိန္တို႔လို အျဖစ္မ်ားတဲ့ ၿမိဳ႕နယ္ေတြကို ဦးစားေပးမွာေပါ့။ ျမန္မာတျပည္လုံး အေနနဲ႔ ၾကည့္ရင္ေတာ့ ရန္ကုန္တို႔ မႏၱေလးတို႔ မေကြးတို႔ ဧရာဝတီတိုင္းတို႔က အျဖစ္မ်ားတဲ့ ေနရာထဲမွာ ပါတယ္ေလ။ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေတာ့ ဘယ္ေနရာကို ဘယ္လိုထုိးမယ္ဆိုတဲ့ အေသးစိတ္ အစီအစဥ္ကို မထုတ္ျပန္ေသးဘူး အခုထိ။”

ကိုဗစ္ကာကြယ္ေဆး ရရွိႏုိင္ေရး အိႏၵိယတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးတဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႔။ (ဒီဇင္ဘာ ၂၄၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာသံ႐ုံး - နယူးေဒလီ)
ကိုဗစ္ကာကြယ္ေဆး ရရွိႏုိင္ေရး အိႏၵိယတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးတဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႔။ (ဒီဇင္ဘာ ၂၄၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာသံ႐ုံး - နယူးေဒလီ)


အိႏၵိယႏုိင္ငံကုိ လတ္တေလာ ေရာက္ရွိေနတ့ဲ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ေဆးသုေတသန ဦးစီးဌာန နည္းပညာကိုယ္စားလွယ္အဖြဲ႔ဟာ အိႏၵိယႏုိင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးမိုးေက်ာ္ေအာင္နဲ႔အတူ ဒီဇင္ဘာလ ၂၁ ရက္နဲ႔ ၂၂ ရက္ေန႔ေတြမွာ အိႏၵိယ ေဆးသုေတသနေကာင္စီ (ICMR)၊ က်န္းမာေရးနဲ႔ လူမႈဖူလုံေရးဝန္ႀကီးဌာန၊ က်န္းမာေရးသုေတသနဌာန၊ အိႏၵိယ ဇီဝနည္းပညာဌာန၊ National Institution for Transforming India (NITI Ayog)၊ အိႏၵိယ ေဆးဝါးထိန္းခ်ဳပ္မႈဗဟို (DCGI) နဲ႔ အိႏၵိယ ျပည္ပေရးရာဝန္ႀကီးဌာန တာဝန္ရွိသူေတြကို သြားေရာက္ေတြ႔ဆုံၿပီး ကိုဗစ္ကာကြယ္ေဆး ရရွိႏုိင္ဖုိ႔အတြက္ ေဆြးေႏြးခဲ့ၾကပါတယ္။

ဒါ့အျပင္ ၂၀၂၁ ခုႏွစ္ အေစာပိုင္းမွာ အိႏၵိယအစိုးရထံကေန G-to-G အစီအစဥ္နဲ႔ COVID-19 ကာကြယ္ေဆး ရရွိႏုိင္ဖုိ႔ကိုလည္း အိႏၵိယအစိုးရ တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးခဲ့ေၾကာင္း ႏုိင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏုိင္ငံမွာ အခုရက္ပိုင္းအတြင္း ကိုဗစ္ကူးစက္လူနာသစ္ အေရအတြက္ အနည္းငယ္ က်ဆင္းလာတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြက ေျပာေပမယ့္ သတိထား ေစာင့္ၾကည့္ရဦးမွာ ျဖစ္တယ္လို႔ ကုိဗစ္ေရာဂါကုသေရး ေရွ႕တန္းက ေဆာင္ရြက္ေနတဲ့ က်န္းမာေရးပညာရွင္နဲ႔ ဝန္ထမ္းတခ်ဳိ႕က ေျပာဆိုထားပါတယ္။ ဒီဇင္ဘာ ၂၇ ရက္ေန႔ ည ၈ နာရီ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္အရ အခုခ်ိန္ထိ ျမန္မာႏုိင္ငံမွာ ကိုဗစ္ကူးစက္ခဲ့သူေပါင္း ၁၂၁,၈၈၆ ဦးရွိၿပီး ကိုဗစ္ေၾကာင့္ ေသဆုံးခဲ့သူ ၂,၆၀၀ ေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။

------------------------

(Unicode)

COVID-19 ကာကွယ်ဆေး ဦးစားပေးထိုးမယ့်သူစာရင်း ပြုစု

COVID-19 ကာကွယ်ဆေးဝယ်ယူရေး အိန္ဒိယရဲ့ Serum Institute ကုမ္ပဏီနဲ့ မြန်မာကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်တဲ့ တချိန်တည်းမှာပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာတော့ ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမယ့် လူစာရင်းကို ပြုစုနေကြပါပြီ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အိန္ဒိယရဲ့ ကာကွယ်ဆေးထုတ် လုပ်ငန်းကြီးဖြစ်တဲ့ Serum Institute of India ထံကနေ ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်းနဲ့ချီ ဝယ်ယူနိုင်ဖို့ နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ MoU ကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

ကိုဗစ္ကာကြယ္ေဆး ရရွိႏုိင္ေရး အိႏၵိယတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးတဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႔။ (ဒီဇင္ဘာ ၂၄၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာသံ႐ုံး - နယူးေဒလီ)
ကိုဗစ္ကာကြယ္ေဆး ရရွိႏုိင္ေရး အိႏၵိယတာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးတဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႔။ (ဒီဇင္ဘာ ၂၄၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာသံ႐ုံး - နယူးေဒလီ)


နယူးဒေလီ မြန်မာသံရုံး တာဝန်ရှိသူတွေ အပါအဝင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း ဦးဆောင်တဲ့ နည်းပညာကိုယ်စားလှယ်အဖွဲ့နဲ့ Serum ကုမ္ပဏီ တာဝန်ရှိသူတွေကြား အွန်လိုင်းကတဆင့် သဘောတူ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မကြာခင်ကာလမှာ မြန်မာနိုင်ငံတွင်း ကိုဗစ်ကာကွယ်ဆေး စထိုးပေးဖို့ အစီအစဉ်ရှိကြောင်း သီတင်းပတ်စဉ် ပြည်သူကို တင်ပြနေတဲ့ ရုပ်သံအစီအစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့သီတင်းပတ် သောကြာနေ့မှာ ပြောဆိုသွားပါတယ်။

“ကာကွယ်ဆေးကို လူ ၁၅ သန်းစာ ဝယ်ယူဖို့အတွက် အခု ကျမတို့ ကိုယ်စားလှယ်အဖွဲ့တခုက အိန္ဒိယနိုင်ငံမှာ ရောက်နေပါတယ်။ ဒီကာကွယ်ဆေး ဝယ်ယူတဲ့ကိစ္စနဲ့ ပတ်သက်ရင် နောက်တပတ်လောက်အတွင်းမှာ တိတိကျကျ ပိုပြီး သိရပါလိမ့်မယ်။ ကာကွယ်ဆေးဝယ်ယူဖို့ လက်မှတ်ထိုးပြီးပြီ၊ အားလုံး အဆင်သင့်ဖြစ်ပြီ ဆိုတာနဲ့ မကြာခင်ကာလမှာ ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေ စဖို့ကိုလည်း ကျမတို့ စီစဉ်ထားပြီးပါပြီ။ တတိုင်းပြည်လုံးမှာပေါ့နော်... ဥပမာအားဖြင့်ဆိုရင် ပထမဦးစားပေးကတော့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေပေါ့။ အဲဒါပြီးတော့မှ နောက် ကျမတို့အနေနဲ့ နိုင်ငံအတွက်ကော ပြည်သူတွေအတွက်ကော လိုအပ်ချက်အရ ကျမတို့ တဆင့်ပြီးတဆင့် လုပ်သွားမှာဖြစ်ပါတယ်။”

အိန္ဒိယကနေ ဝယ်ယူမယ့် ကိုဗစ်ကာကွယ်ထိုးဆေးတွေ မြန်မာနိုင်ငံကို ဘယ်တော့ရောက်လာမယ်ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်ပြီး Serum Institute ကုမ္ပဏီကထုတ်တဲ့ COVID-19 ကာကွယ်ဆေးကို မှာယူထားတာဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာ သန်းနိုင်စိုးက ပြောပါတယ်။

“မှာထားတာကတော့ AstraZeneca ပဲ၊ AstraZeneca က အိန္ဒိယမှာထုတ်မယ့် ဆေးပေါ့လေ။ အဲဒီ ကိုယ်စားလှယ်အဖွဲ့ ပြန်လာပြီးရင် သူတို့ တရားဝင် သတင်းထုတ်ပြန်ပါလိမ့်မယ်။”

ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ရောက်လာခဲ့ရင် ကိုဗစ်ကာကွယ်ကုသရေးအတွက် ရှေ့တန်းမှာ လုပ်ဆောင်နေကြသူတွေကို ဦးစားပေး ထိုးနှံပေးသွားဖို့ စာရင်းပြုစုနေကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသမှု ဌာနမှူး ဒေါက်တာ မော်မော်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဆေးရောက်လာရင် ထိုးရမယ့် ပေါ်လစီကတော့ ပထမဆုံးရောက်လာမယ့် ဆေးကို Healthcare provider လောက်ပဲ။ ဆေးရုံနဲ့ ကိုဗစ်စင်တာတွေမှာ လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေပေါ့၊ သူတို့တွေကို အရင်ထိုးမှာပေါ့။ အဲဒီအတွက် ကျနော်တို့ စာရင်းကောက်ထားပြီးသား ရှိတယ်။ ဒုတိယအဆင့်က ကူးစက်ရောဂါအခံ ရှိသူတွေနဲ့ သက်ကြီးပိုင်းကို ထိုးပေးမယ် ပြောပေမယ့် အဲဒီစာရင်းကိုတော့ အသေအချာ မပြုစုရသေးဘူး။ ပြည်သူလူထုကို ထိုးပေးဖို့အဆင့် ဖြစ်လာမယ် ဆိုရင်တော့ ကိုဗစ်အဖြစ်များတဲ့ ရန်ကုန်လိုမှာ ဆိုရင်လည်း အဖြစ်များတဲ့ မြို့နယ်တွေရှိတယ်လေ။ ဥပမာ လှိုင်သာယာတို့ အင်းစိန်တို့လို အဖြစ်များတဲ့ မြို့နယ်တွေကို ဦးစားပေးမှာပေါ့။ မြန်မာတပြည်လုံး အနေနဲ့ ကြည့်ရင်တော့ ရန်ကုန်တို့ မန္တလေးတို့ မကွေးတို့ ဧရာဝတီတိုင်းတို့က အဖြစ်များတဲ့ နေရာထဲမှာ ပါတယ်လေ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ ဘယ်နေရာကို ဘယ်လိုထိုးမယ်ဆိုတဲ့ အသေးစိတ် အစီအစဉ်ကို မထုတ်ပြန်သေးဘူး အခုထိ။”

အိန္ဒိယနိုင်ငံကို လတ်တလော ရောက်ရှိနေတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာန နည်းပညာကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နဲ့အတူ ဒီဇင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ အိန္ဒိယ ဆေးသုတေသနကောင်စီ (ICMR)၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန၊ ကျန်းမာရေးသုတေသနဌာန၊ အိန္ဒိယ ဇီဝနည်းပညာဌာန၊ National Institution for Transforming India (NITI Ayog)၊ အိန္ဒိယ ဆေးဝါးထိန်းချုပ်မှုဗဟို (DCGI) နဲ့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံပြီး ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် အစောပိုင်းမှာ အိန္ဒိယအစိုးရထံကနေ G-to-G အစီအစဉ်နဲ့ COVID-19 ကာကွယ်ဆေး ရရှိနိုင်ဖို့ကိုလည်း အိန္ဒိယအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်လူနာသစ် အရေအတွက် အနည်းငယ် ကျဆင်းလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပေမယ့် သတိထား စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ ကိုဗစ်ရောဂါကုသရေး ရှေ့တန်းက ဆောင်ရွက်နေတဲ့ ကျန်းမာရေးပညာရှင်နဲ့ ဝန်ထမ်းတချို့က ပြောဆိုထားပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ အခုချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခဲ့သူပေါင်း ၁၂၁,၈၈၆ ဦးရှိပြီး ကိုဗစ်ကြောင့် သေဆုံးခဲ့သူ ၂,၆၀၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။

ေအာက္စဖို႔ဒ္တကၠသိုလ္နဲ႔ AstraZeneca ကုမၸဏီတို႔ ပူးေပါင္းေဖာ္စပ္တဲ့ ကုိဗစ္ကာကြယ္ေဆး။ (ႏုိဝင္ဘာ ၂၃၊ ၂၀၂၀)
 
https://burmese.voanews.com/a/myanmar-covid-vaccine/5715159.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.