Breaking

January 31, 2021

ဖြဲ႔စည္းပုံကာကြယ္မယ္ဆုိတဲ့ တပ္မေတာ္ေျပာၾကားခ်က္ ႏုိင္ငံေရးအရ ဘယ္လုိ အက်ဳိးသက္ေရာက္ႏုိင္မလဲ

 


၇၃ ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားမွာ ပါဝင္ခ်ီတက္ေနတဲ့ ျမန္မာ့တပ္မေတာ္သားမ်ား။ (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၀)
(Zawgyi / Unicode)

ဖြဲ႔စည္းပုံအေျခခံဥပေဒေတြကို လိုက္နာမႈမရွိတဲ့အခါ ဖ်က္သိမ္းခဲ့ရတယ္လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ေျပာခဲ့တာဟာ သင္တန္းမွာ သံုးတာသာျဖစ္ၿပီး တကယ္လက္ေတြ႔မွာေတာ့ ကာကြယ္သြားမွာျဖစ္တယ္လို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက စေနေန႔မွာ ေျဖရွင္းခ်က္ ထုတ္ျပန္လုိက္တာက တပ္မေတာ္ရဲ႕ အဓိက မူဝါဒကို ေသခ်ာေအာင္နဲ႔ ႏို္င္ငံေရးအရ ထိပ္တိုက္ေတြ႔ဖို႔ နည္းလာတဲ့ လမ္းစသေဘာျဖစ္တယ္လို႔ သံုးသပ္မႈေတြ ရွိေနပါတယ္။ ကိုဝင္းမင္းက ေမးျမန္း တင္ျပထားပါတယ္။

MIPS ျမန္မာ့ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရးအင္စတီက်ဳ အမႈေဆာင္ဒါ႐ုိက္တာ ေဒါက္တာမင္းေဇာ္ဦးက…

“ပထမ ကာကြယ္ေရးဦးစီးခ်ဳပ္ ေျပာတဲ့အထဲမွာ ဖြဲ႔စည္းပုံအေျခခံဥပေဒကို ကာကြယ္ ေစာင့္ေရွာက္ရမယ္လို႔ ေျပာတယ္။ ေနာက္တဆင့္က်ေတာ့ ဖြဲ႔စည္းပုံ အေျခခံဥပေဒကို လုိက္နာမႈမရွိရင္ အဲဒီဖြဲ႔စည္းပုံအေျခခံဥပေဒကို ႐ုပ္သိမ္းလုိက္သင့္တယ္၊ ႐ုပ္သိမ္းလို႔ရတယ္ဆုိတဲ့ ပုံစံမ်ဳိး၊ အဲလုိေျပာတဲ့ဟာမွာ ေရွ႕နဲ႔ေနာက္က သေဘာသဘာဝျခင္း မတူတဲ့ဟာလုိမ်ဳိး အဓိပၸာယ္ ျပန္ဆုိၾကတာေတြရွိေတာ့ အဲဒီအေပၚမွာ တပ္မေတာ္ကေနၿပီး သူတုိ႔ရဲ႕ အဓိကရည္မွန္းခ်က္ကေတာ့ ၂၀၀၈ ဖြဲ႔စည္းပုံကို ကာကြယ္ေစာင့္ေရွာက္ေရးက တပ္မေတာ္ရဲ႕ အဓိက အျေခခံက်တဲ့ မူဝါဒျဖစ္တယ္ ဆိုတဲ့ဟာကို သူတုိ႔က ထပ္မံၿပီး ရွင္းလင္းတဲ့သေဘာပါပဲ။” လို႔ ေျပာပါတယ္။

အဲဒီေတာ့ အရင္က အခုလို ဖြဲ႔စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္းႏုိင္တဲ့ သေဘာနဲ႔ တပ္မေတာ္ေျပာခြင့့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကလည္း အာဏာမသိမ္းဘူးလို႔ အျပတ္မေျပာႏုိင္ေၾကာင္း ေျပာခဲ့အၿပီးမွာ ျပည္တြင္းျပည္ပ အဖြဲ႔အစည္း အသီးသီးအျပင္ ႏုိင္ငံေတာ္သံဃမဟာနာယက အဖြဲ႔ႀကီးကပါ စုိးရိမ္တႀကီး ဥပေဒအတုိင္း ၿငိမ္းခ်မ္းစြာ ေျဖရွင္းၾကဖို႔ ေျပာအၿပီးမွာ ျဖစ္လာတဲ့အေပၚ အေၾကာင္းရင္း ျဖစ္ႏုိင္တာကို ဆက္ေမးရာမွာ ေဒါက္တာမင္းေဇာ္ဦးက အခုလိုေျဖပါတယ္။

“ဒါလည္း သက္ေရာက္မႈရွိပါတယ္။ ေနာက္တခု သက္ေရာက္မႈကေတာ့ တရား႐ုံးခ်ဳပ္ကေန တင္တဲ့ စာခၽြန္လႊာအေပၚမွာ သူက ျငင္းပယ္တာမ်ဳိး မလုပ္ဘဲ စဥ္းစား ဆုံးျဖတ္မယ္ဆုိတဲ့ သေဘာမ်ဳိး ပါတဲ့အခါမွာလည္း တပ္မေတာ္အတြက္ လူးသာလြန္႔သာ ရွိသြားတာလည္း တပုိင္းပါတာေပါ့။ မဟုတ္ရင္ ဒါက ထိပ္တုိက္ အက်ပ္အတည္းကို ေရာက္သြားႏုိင္တာေပါ့။ အခုကေတာ့ ဒီအက်ပ္အတည္းေလးက တစုံတရာ ေရွာင္ထြက္လုိက္ႏုိင္တဲ့ အေနအထားမ်ဳိး ရွိတယ္ေပါ့။ ေနာက္တခုကလည္း ဒီ ထိပ္တုိက္ေတြ႔မယ့္ အေျခအေနကေန ေနာက္ကို တဆင့္ျပန္ဆုတ္သြားတယ္ဆုိတဲ့ သေဘာလည္း ေဆာင္ပါတယ္၊ အဲဒီဟာက။ ေနျပည္ေတာ္မွာလည္း အခုၾကားေနရတာ ညိႇႏႈိင္းမႈေတြ လုပ္ေနတယ္ဆုိေတာ့ ႏွစ္ဖက္လုံးကေတာ့ ျပႆနာ အႀကီးအက်ယ္ မျဖစ္ေအာင္ေတာ့ အတတ္ႏုိင္ဆုံး ေရွာင္ဖို႔ ႀကိဳးစားၾကလိမ့္မယ္လို႔ ထင္ပါတယ္။ ညႇိႏႈိင္းမႈေတြကို တစုံတရာ အျပဳသေဘာ ေဆာင္ၿပီးေတာ့ သက္ေရာက္ႏုိင္တဲ့ အေနအထားမ်ဳိးေတြလည္း ရွိႏုိင္ပါတယ္။”

ဒီအေပၚ ေရြးေကာက္ပြဲအႏုိင္ရ လက္ရွိအစိုးရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔ကို ေမးရာမွာ သူက အခုလိုေျပာပါတယ္။

“အခု တပ္မေတာ္ရဲ႕ ထုတ္ျပန္ခ်က္ေၾကာင့္ ဘာပဲေျပာေျပာ ျပည္သူမ်ားရဲ႕ စုိးရိမ္ပူပန္မႈေတာ့ အထုိက္အေလ်ာက္ ေလ်ာ့နည္းသြားပါတယ္။ သို႔ေပမယ့္ ဒီဟာက အၿပီးအျပတ္ အေျဖေတာ့လည္း မဟုတ္ေသးပါဘူး။ က်ေနာ္တုိ႔လည္း ဖြဲ႔စည္းပုံအေျခခံဥပေဒနဲ႔ ဒီဥပေဒေဘာင္အတြင္းမွာ ညိႇႏႈိင္းလုိ႔ရတဲ့ အရာအားလုံးအတြက္ ေတြ႔ဆုံေဆြးေႏြးဖို႔က အဆင္သင့္ရွိပါတယ္။ သို႔ေသာ္ ဥပဒေကို ေဘာင္ေက်ာ္တဲ့ ေတာင္းဆုိမႈမ်ဳိး အတြက္ကေတာ့ ဒီေဆြးေႏြးပြဲေတြက အက်ဳိးရွိဖို႔ မျမင္ပါဘူး။ အထူးသျဖင့္ ဒုတိယအႀကိမ္လႊတ္ေတာ္ ေခၚေပးဖို႔ဆုိတာက မနက္ျဖန္ဆုိရင္ပဲ ဒုတိယအႀကိမ္ လႊတ္ေတာ္ရဲဲ႕သက္တမ္း ကုန္ၿပီလို႔ ဖြဲ႔စည္းပုံက ဆုိပါတယ္။ အဲဒါကို က်ေနာ္တုိ႔ခ်င္း ညိႇႏႈိင္းၿပီးေတာ့ ျပန္ေခၚတယ္ဆုိရင္ ဒါ ဖြဲ႔စည္းပုံကို ခ်ဳိးေဖာက္တာပဲ ျဖစ္ပါတယ္။”

အခုလို တပ္မေတာ္က ေသခ်ာေအာင္ သေဘာထားထုတ္ျပန္တာေၾကာင့္ ေရွ႕မွာ ဘယ္လိုသက္ေရာက္မႈ ရွိႏုိင္တာကို ဆက္ေမးရာမွာ ေဒါက္တာမင္းေဇာ္ဦးက အခုလိုေျဖပါတယ္။

“အကယ္၍ ဒီလိုမ်ဳိးသာဆုိရင္ တပ္မေတာ္က အခုေျပာေနတဲ့ အာဏာသိမ္းမယ္ ဆိုတဲ့ဟာက ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒအရ ဆုိရင္ တပ္မေတာ္က ဘယ္လိုအေနအထားမ်ဳိးမွာ ဝင္ေရာက္ထိန္းသိမ္းႏုိင္တယ္ ဆုိတာကေတာ့ အကန္႔အသတ္နဲ႔ကို ထားထားတာ ေတြ႔ရပါတယ္။ ေနာက္ဆုံး အေရးေပၚအေျခအေန ေၾကညာျဖစ္လို႔ ႏုိင္ငံေတာ္အာဏာကို ယူရတယ္ ဆုိေတာင္မွ သူ႔မွာ အကန္႔အသတ္ေတြ ရွိတယ္။ ၆ လ ႏွစ္ခါပဲ တုိးလုိ႔ရတယ္ဆုိေတာ့ တႏွစ္ေလာက္ အတြင္းမွာ သူတုိ႔ အာဏာကို ထိန္းလို႔ရၿပီး ေရြးေကာက္ပြဲလုပ္ၿပီး ျပန္လႊဲရမွာ ျဖစ္တယ္။”

အခုလိုအေျခအေနေၾကာင့္ ေရွ႕မွာဆက္ သက္ေရာက္မႈ ရွိႏုိင္တာကုိ ႏိုင္ငံေရးသံုးသပ္သူ သင့္ဘဝမဂၢဇင္း အယ္ဒီတာခ်ဳပ္ေဟာင္း ေဒါက္တာတင္ေမာင္္သန္းကို ေမးရာမွာ သူက အခုလိုေျပာပါတယ္။

“ေယဘုယ်အားျဖင့္ေတာ့ အေကာင္းဘက္ကိုျပတဲ့ အလင္းေလးကို နည္းနည္းေတြ႔ရတယ္လုိ႔ ေျပာရမွာေပါ့။ ဒါေပမယ့္ ဆက္လက္ညိႇႏႈိင္းဖို႔ေတာ့ လိုလိမ့္မယ္ထင္တယ္။ စကားေျပာေနၿပီ ဆုိိလုိ႔ရွိရင္ကို ဒါ ေတာ္ေတာ္ေကာင္းပါၿပီ။ အရင္ဟာနဲ႔ ႏႈိင္းယွဥ္ၾကည့္ၿပီး ေျပာမယ္ဆုိရင္ေတာ့ အာဏာသိမ္းမယ့္ အေနအထားကေန နည္းနည္းျပန္ၿပီး ဆုတ္သြားတဲ့ အေနအထားမ်ား ျဖစ္မလားလို႔ အဓိပၸာယ္ ေကာက္ယူလုိ႔ေတာ့ ရတယ္။ ဒါေပမယ့္ အဲဒီတင္းမာမႈေတြ ရွိေနသမွ် အႏၱရာယ္ကေတာ့ ရွိေနဆဲပဲ။”

တကယ္ေတာ့ တနလၤာေန႔မွာ လႊတ္ေတာ္သစ္ေခၚဖုိ႔ နီးလာခ်ိန္မွာ အခုေရြးေကာက္ပြဲအၿပီး ႏုိင္ငံေရး တင္းမာမႈေတြ စေျပလည္လာဖို႔ လမ္းစ ဘယ္လုိဆက္ျဖစ္လာမွာကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။-------------------------

(Unicode)

ဖွဲ့စည်းပုံကာကွယ်မယ်ဆိုတဲ့ တပ်မတော်ပြောကြားချက် နိုင်ငံရေးအရ ဘယ်လို အကျိုးသက်ရောက်နိုင်မလဲ

ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို လိုက်နာမှုမရှိတဲ့အခါ ဖျက်သိမ်းခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့တာဟာ သင်တန်းမှာ သုံးတာသာဖြစ်ပြီး တကယ်လက်တွေ့မှာတော့ ကာကွယ်သွားမှာဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက စနေနေ့မှာ ဖြေရှင်းချက် ထုတ်ပြန်လိုက်တာက တပ်မတော်ရဲ့ အဓိက မူဝါဒကို သေချာအောင်နဲ့ နိုင်ငံရေးအရ ထိပ်တိုက်တွေ့ဖို့ နည်းလာတဲ့ လမ်းစသဘောဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

MIPS မြန်မာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက…

“ပထမ ကာကွယ်ရေးဦးစီးချုပ် ပြောတဲ့အထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်လို့ ပြောတယ်။ နောက်တဆင့်ကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာမှုမရှိရင် အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ရုပ်သိမ်းလိုက်သင့်တယ်၊ ရုပ်သိမ်းလို့ရတယ်ဆိုတဲ့ ပုံစံမျိုး၊ အဲလိုပြောတဲ့ဟာမှာ ရှေ့နဲ့နောက်က သဘောသဘာဝခြင်း မတူတဲ့ဟာလိုမျိုး အဓိပ္ပာယ် ပြန်ဆိုကြတာတွေရှိတော့ အဲဒီအပေါ်မှာ တပ်မတော်ကနေပြီး သူတို့ရဲ့ အဓိကရည်မှန်းချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်ရေးက တပ်မတော်ရဲ့ အဓိက အြခေခံကျတဲ့ မူဝါဒဖြစ်တယ် ဆိုတဲ့ဟာကို သူတို့က ထပ်မံပြီး ရှင်းလင်းတဲ့သဘောပါပဲ။” လို့ ပြောပါတယ်။

အဲဒီတော့ အရင်က အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းနိုင်တဲ့ သဘောနဲ့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း အာဏာမသိမ်းဘူးလို့ အပြတ်မပြောနိုင်ကြောင်း ပြောခဲ့အပြီးမှာ ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသီးသီးအပြင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးကပါ စိုးရိမ်တကြီး ဥပဒေအတိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ ပြောအပြီးမှာ ဖြစ်လာတဲ့အပေါ် အကြောင်းရင်း ဖြစ်နိုင်တာကို ဆက်မေးရာမှာ ဒေါက်တာမင်းဇော်ဦးက အခုလိုဖြေပါတယ်။

“ဒါလည်း သက်ရောက်မှုရှိပါတယ်။ နောက်တခု သက်ရောက်မှုကတော့ တရားရုံးချုပ်ကနေ တင်တဲ့ စာချွန်လွှာအပေါ်မှာ သူက ငြင်းပယ်တာမျိုး မလုပ်ဘဲ စဉ်းစား ဆုံးဖြတ်မယ်ဆိုတဲ့ သဘောမျိုး ပါတဲ့အခါမှာလည်း တပ်မတော်အတွက် လူးသာလွန့်သာ ရှိသွားတာလည်း တပိုင်းပါတာပေါ့။ မဟုတ်ရင် ဒါက ထိပ်တိုက် အကျပ်အတည်းကို ရောက်သွားနိုင်တာပေါ့။ အခုကတော့ ဒီအကျပ်အတည်းလေးက တစုံတရာ ရှောင်ထွက်လိုက်နိုင်တဲ့ အနေအထားမျိုး ရှိတယ်ပေါ့။ နောက်တခုကလည်း ဒီ ထိပ်တိုက်တွေ့မယ့် အခြေအနေကနေ နောက်ကို တဆင့်ပြန်ဆုတ်သွားတယ်ဆိုတဲ့ သဘောလည်း ဆောင်ပါတယ်၊ အဲဒီဟာက။ နေပြည်တော်မှာလည်း အခုကြားနေရတာ ညှိနှိုင်းမှုတွေ လုပ်နေတယ်ဆိုတော့ နှစ်ဖက်လုံးကတော့ ပြဿနာ အကြီးအကျယ် မဖြစ်အောင်တော့ အတတ်နိုင်ဆုံး ရှောင်ဖို့ ကြိုးစားကြလိမ့်မယ်လို့ ထင်ပါတယ်။ ညှိနှိုင်းမှုတွေကို တစုံတရာ အပြုသဘော ဆောင်ပြီးတော့ သက်ရောက်နိုင်တဲ့ အနေအထားမျိုးတွေလည်း ရှိနိုင်ပါတယ်။”

ဒီအပေါ် ရွေးကောက်ပွဲအနိုင်ရ လက်ရှိအစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကို မေးရာမှာ သူက အခုလိုပြောပါတယ်။

“အခု တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကြောင့် ဘာပဲပြောပြော ပြည်သူများရဲ့ စိုးရိမ်ပူပန်မှုတော့ အထိုက်အလျောက် လျော့နည်းသွားပါတယ်။ သို့ပေမယ့် ဒီဟာက အပြီးအပြတ် အဖြေတော့လည်း မဟုတ်သေးပါဘူး။ ကျနော်တို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီဥပဒေဘောင်အတွင်းမှာ ညှိနှိုင်းလို့ရတဲ့ အရာအားလုံးအတွက် တွေ့ဆုံဆွေးနွေးဖို့က အဆင်သင့်ရှိပါတယ်။ သို့သော် ဥပဒကေို ဘောင်ကျော်တဲ့ တောင်းဆိုမှုမျိုး အတွက်ကတော့ ဒီဆွေးနွေးပွဲတွေက အကျိုးရှိဖို့ မမြင်ပါဘူး။ အထူးသဖြင့် ဒုတိယအကြိမ်လွှတ်တော် ခေါ်ပေးဖို့ဆိုတာက မနက်ဖြန်ဆိုရင်ပဲ ဒုတိယအကြိမ် လွှတ်တော်ရဲ့သက်တမ်း ကုန်ပြီလို့ ဖွဲ့စည်းပုံက ဆိုပါတယ်။ အဲဒါကို ကျနော်တို့ချင်း ညှိနှိုင်းပြီးတော့ ပြန်ခေါ်တယ်ဆိုရင် ဒါ ဖွဲ့စည်းပုံကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။”

အခုလို တပ်မတော်က သေချာအောင် သဘောထားထုတ်ပြန်တာကြောင့် ရှေ့မှာ ဘယ်လိုသက်ရောက်မှု ရှိနိုင်တာကို ဆက်မေးရာမှာ ဒေါက်တာမင်းဇော်ဦးက အခုလိုဖြေပါတယ်။

“အကယ်၍ ဒီလိုမျိုးသာဆိုရင် တပ်မတော်က အခုပြောနေတဲ့ အာဏာသိမ်းမယ် ဆိုတဲ့ဟာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုရင် တပ်မတော်က ဘယ်လိုအနေအထားမျိုးမှာ ဝင်ရောက်ထိန်းသိမ်းနိုင်တယ် ဆိုတာကတော့ အကန့်အသတ်နဲ့ကို ထားထားတာ တွေ့ရပါတယ်။ နောက်ဆုံး အရေးပေါ်အခြေအနေ ကြေညာဖြစ်လို့ နိုင်ငံတော်အာဏာကို ယူရတယ် ဆိုတောင်မှ သူ့မှာ အကန့်အသတ်တွေ ရှိတယ်။ ၆ လ နှစ်ခါပဲ တိုးလို့ရတယ်ဆိုတော့ တနှစ်လောက် အတွင်းမှာ သူတို့ အာဏာကို ထိန်းလို့ရပြီး ရွေးကောက်ပွဲလုပ်ပြီး ပြန်လွှဲရမှာ ဖြစ်တယ်။”

အခုလိုအခြေအနေကြောင့် ရှေ့မှာဆက် သက်ရောက်မှု ရှိနိုင်တာကို နိုင်ငံရေးသုံးသပ်သူ သင့်ဘဝမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဒေါက်တာတင်မောင်သန်းကို မေးရာမှာ သူက အခုလိုပြောပါတယ်။

“ယေဘုယျအားဖြင့်တော့ အကောင်းဘက်ကိုပြတဲ့ အလင်းလေးကို နည်းနည်းတွေ့ရတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် ဆက်လက်ညှိနှိုင်းဖို့တော့ လိုလိမ့်မယ်ထင်တယ်။ စကားပြောနေပြီ ဆိုလို့ရှိရင်ကို ဒါ တော်တော်ကောင်းပါပြီ။ အရင်ဟာနဲ့ နှိုင်းယှဉ်ကြည့်ပြီး ပြောမယ်ဆိုရင်တော့ အာဏာသိမ်းမယ့် အနေအထားကနေ နည်းနည်းပြန်ပြီး ဆုတ်သွားတဲ့ အနေအထားများ ဖြစ်မလားလို့ အဓိပ္ပာယ် ကောက်ယူလို့တော့ ရတယ်။ ဒါပေမယ့် အဲဒီတင်းမာမှုတွေ ရှိနေသမျှ အန္တရာယ်ကတော့ ရှိနေဆဲပဲ။”

တကယ်တော့ တနင်္လာနေ့မှာ လွှတ်တော်သစ်ခေါ်ဖို့ နီးလာချိန်မှာ အခုရွေးကောက်ပွဲအပြီး နိုင်ငံရေး တင်းမာမှုတွေ စပြေလည်လာဖို့ လမ်းစ ဘယ်လိုဆက်ဖြစ်လာမှာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 https://burmese.voanews.com/a/myanmar-politics-army-constitution/5758111.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.