Breaking

February 1, 2021

နိုင်ငံတော်အာဏာ တစ်နှစ် သိမ်းလိုက်ကြောင်း တပ်မတော်ကြေညာ



 

နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံကို တစ်နှစ်တိတိ လွှဲအပ်လိုက်တယ်လို့ တပ်မတော်ပိုင် သတင်းဌာနဖြစ်တဲ့ မြဝတီသတင်းဌာနက ဖေဖော်ဝါရီလ ၁ ရက် ဒီကနေ့မနက် ၈ နာရီ သတင်းအစီအစဉ်မှာ ကြေညာလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဖမ်းဆီးလိုက်ပြီးနောက် ဒီအာဏာသိမ်းအမိန့်ကို ယာယီသမ္မတ ဦးမြင့်ဆွေက လက်မှတ်ရေးထိုး အတည်ပြု ထုတ်ပြန်လိုက်တာလို့ သတင်းမှာ ပါရှိပါတယ်။

ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားဖွယ်ကိစ္စရပ်တွေကို အစိုးရဘက်က ဖြေရှင်းမပေးဘဲ လွှတ်တော်ခေါ်ယူဖို့ ကြိုးစားတာဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အဓမ္မရယူဖို့ ကြိုးစားတာဖြစ်ကြောင်း၊ ဒီလုပ်ရပ်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေကြာင်း၊ အလားတူ တစ်နိုင်ငံလုံးမှာလည်း ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်တည်ငြိမ်ရေးကို များစွာထိခိုက်ရကြောင်း၊ ဒီပြဿနာရပ်တွေကို မဖြေရှင်းရင် နိုင်ငံရဲ့ ဒီမိုကရေစီ လျှောက်လှမ်းမှာ အခက်အခဲတွေ ဖြစ်နိုင်တာကြောင့် ဖြေရှင်းဖို့အတွက် အခြေခံဥပဒေ ပုဒ်မ (၄၁၇) အရ နိုင်ငံတဝန်းလုံးမှာ အရေးပေါ် အခြေအနေ ကြေညာလိုက်တယ်ဆိုပြီး မြဝတီသတင်းဌာနက ကြေညာသွားပါတယ်။

မဲစာရင်းတွေ စစ်ဆေးအတည်ပြုဖို့ အပါအဝင် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၄၁၁) ပုဒ်မခွဲ (က) အရ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ် တာဝန်ပေးအပ်တယ်လို့လည်း ကြေညာချက်မှာ ပါဝင်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ၊ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်တွေကို ဒီကနေ့မနက် အစောပိုင်းက ထိန်းသိမ်းလိုက်ပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကိုလည်း တပ်မတော်က လိုက်လံဖမ်းဆီးနေပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံထဲမှာ တယ်လီဖုန်းလိုင်းတွေ အင်တာနက်တွေကို ဖြတ်တောက်ထားပါတယ်။

https://www.rfa.org/burmese/news/mwd-statement-over-military-coup-01312021222116.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.