Breaking

January 12, 2021

႐ိုဟင္ဂ်ာ ၁၀၀ ခန္႔ ရန္ကုန္မွာ အဖမ္းခံရ

(Zawgyi/Unicode)

မေန႔ ဗုဒၶဟူးေန႔ကရန္ကုန္ၿမိဳ႕ အိမ္တအိမ္ကို ရဲေတြ ၀င္ေရာက္ရွာေဖြရာမွာ ရိုဟင္ဂ်ာ ၁၀၀ နီးပါးကို ဖမ္းဆီးခဲ့ေၾကာင္း ရဲနဲ႕ ေဒသတြင္းမီဒီယာေတြက ေျပာပါတယ္။

Tomorrow News ဂ်ာနယ္ က ေဖၚျပတဲ့ ဓါတ္ပံုေတြအရ ဖိနပ္မပါတဲ့ အမ်ဳိးသားအမ်ားအျပားနဲ႔ ေရာင္စံုေခါင္းပါ၀ါေတြခ်ဳံထားတဲ့ ဒါဇင္နဲ႔ခ်ီတဲ့ အမ်ဳိးသမီးေတြဟာ အိမ္၀င္းတ၀င္းက ေျမျပင္ေပၚမွာ ထိုင္ေနၾကတာကို ေတြ႕ရပါတယ္။

ျမန္မာအစိုးရက ရိုဟင္ဂ်ာဆိုတဲ့ အေခၚအေ၀ၚကို အသိအမွတ္ျပဳထားျခင္းမရွိပါဘူး။ ဒါ့အျပင္ ေမြးရပ္ေျမ ရခိုင္ျပည္နယ္ကေန ထြက္ခြာဖို႔ ႀကိဳးပမ္းတဲ့ မြတ္စလင္ လူနည္းစု ရိုဟင္ဂ်ာေတြကို တရားမ၀င္ခရီးသြားလာမႈနဲ႔ အာဏာပိုင္ေတြက မၾကာခဏ ဖမ္းဆီး ထိန္းသိမ္းေလ့ရွိပါတယ္။ အခုလို ရိုဟင္ဂ်ာေတြ ဖမ္းဆီးခဲ့တာကို ေရႊျပည္သာၿမိဳ႕နယ္ ရဲမွဴး တင္ေမာင္လြင္က အတည္ျပဳခဲ့ေပမဲ့ အေသးစိတ္ေျပာၾကားျခင္းမရွိခဲ့ပါဘူး။ စံုစမ္းစစ္ေဆးမႈေတြ လုပ္ေနဆဲျဖစ္ၿပီး လူ ၉၈ ဦး ဒါမွမဟုတ္ ၉ ၉ဦးကို ဖမ္းဆီးထားေၾကာင္း သူက ေျပာပါတယ္။ ဒါအျပင္ ဖမ္းဆီးထားသူေတြကို 

ရိုဟင်ဂျာ ၁၀၀ ခန့် ရန်ကုန်မှာအဖမ်းခံရ

(Unicode)

မနေ့ ဗုဒ္ဓဟူးနေ့ကရန်ကုန်မြို့ အိမ်တအိမ်ကို ရဲတွေ ဝင်ရောက်ရှာဖွေရာမှာ ရိုဟင်ဂျာ ၁၀၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း ရဲနဲ့ ဒေသတွင်းမီဒီယာတွေက ပြောပါတယ်။

Tomorrow News ဂျာနယ် က ဖေါ်ပြတဲ့ ဓါတ်ပုံတွေအရ ဖိနပ်မပါတဲ့ အမျိုးသားအများအပြားနဲ့ ရောင်စုံခေါင်းပါဝါတွေချုံထားတဲ့ ဒါဇင်နဲ့ချီတဲ့ အမျိုးသမီးတွေဟာ အိမ်ဝင်းတဝင်းက မြေပြင်ပေါ်မှာ ထိုင်နေကြတာကို တွေ့ရပါတယ်။

မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို အသိအမှတ်ပြုထားခြင်းမရှိပါဘူး။ ဒါ့အပြင် မွေးရပ်မြေ ရခိုင်ပြည်နယ်ကနေ ထွက်ခွာဖို့ ကြိုးပမ်းတဲ့ မွတ်စလင် လူနည်းစု ရိုဟင်ဂျာတွေကို တရားမဝင်ခရီးသွားလာမှုနဲ့ အာဏာပိုင်တွေက မကြာခဏ ဖမ်းဆီး ထိန်းသိမ်းလေ့ရှိပါတယ်။ အခုလို ရိုဟင်ဂျာတွေ ဖမ်းဆီးခဲ့တာကို ရွှေပြည်သာမြို့နယ် ရဲမှူး တင်မောင်လွင်က အတည်ပြုခဲ့ပေမဲ့ အသေးစိတ်ပြောကြားခြင်းမရှိခဲ့ပါဘူး။ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်ပြီး လူ ၉၈ ဦး ဒါမှမဟုတ် ၉ ၉ဦးကို ဖမ်းဆီးထားကြောင်း သူက ပြောပါတယ်။ ဒါအပြင် ဖမ်းဆီးထားသူတွေကို COVID-19 ကူးစက်မှုတားဆီးတဲ့အနေနဲ့ quarantine စင်တာကို ပို့ဆောင်မယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင် ၆ သိန်းလောက်ဟာ AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ အဆိုအရ အသားအရောင်ခွဲခြားမှုအခြေအနေအောက်မှာ နေထိုင်နေကြရပါတယ်။ များသောအားဖြင့် သူတို့တွေကို စခန်းတွေ၊ ရွာတွေကနေ လွတ်လပ်စွာသွားလာခွင့် ဒါမှမဟုတ် ကျန်းမာရေး စောင့်ရှောက်ခွင့် ဒါမှမဟုတ် ပညာသင်ကြားခွင့် စတာတွေ လုပ်ဆောင်ခွင့်မရကြပါဘူး။

၂၀၁၇ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးကြောင့် လူပေါင်း ၇၃၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးအတွင်း လူတွေ အစုံလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှု၊ အတင်းအဓမ္မပြုကျင့်မှု စတာတွေအပါအဝင် လူမျိုးတုန်းသတ်ဖြတ်မှု ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂကတော့ စွပ်စွဲထားပါတယ်။

မကြာသေးမီနှစ်တွေအတွင်း ရခိုင်ပြည်နယ်ကနေ ထွက်ခွာမှုနဲ့ ရိုဟင်ဂျာ ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပြီး မြန်မာပြည်တလွှား အကျဉ်းထောင်တွေနဲ့ လူငယ်ထိမ်းသိန်းရေးစခန်းတွေမှာ အကျဉ်းကျခံခဲ့ကြရပါတယ်။ အများအပြားဟာ ထိုင်းနဲ့ မလေးရှားထွက်ဖို့ ကြိုးစားခဲ့ကြသူတွေဖြစ်ပါတယ်။ အခြားသူတွေကိုတော့ ရခိုင်မှာရှိတဲ့ သူတို့ နေထိုင်ရာစခန်းတွေပြန်ပို့ခံခဲ့ကြရပါတယ်။

မြန်မာအစိုးရကတော့ ရခိုင်မှာရှိတဲ့ IDP စခန်းတွေကို ပိတ်ဖို့ မဟာဗျူဟာ ချမှတ်ဆောင်ရွက်နေကြောင်းနဲ့ ရိုဟင်ဂျာတွေအနေနဲ့ NVC ကဒ်တွေကို လက်ခံမယ်ဆိုရင် သွားလာခွင့်တွေ ကန့်သတ်ခံရမှာမဟုတ်ဘူးလို့လည်းပြောဆိုထားပါတယ်။ ဒါပေမယ်လို့ ရိုဟင်ဂျာအများစုကတော့ NVC ကဒ်ဟာ သူတို့ကို နိုင်ငံခြားသားအဖြစ် တံဆိပ်တပ်တာဖြစ်တယ်ဆိုပြီး လက်ခံဖို့ ငြင်းဆိုထားကြပါတယ်။

မွတ္တမ္းဓါတ္ပံု- ရန္ကုန္မွာ လံုၿခံဳေရးယူေနတဲ့ ရဲတပ္ဖဲြ႕၀င္မ်ား ( ဧၿပီလ ၁၇၊ ၂၀၂၀)
 
https://burmese.voanews.com/a/rohingya-100-arrested-in-yangon-/5728091.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.