Breaking

January 12, 2021

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ျမန္မာကာခ်ဳပ္ လံုျခံဳေရး၊ ၿငိမ္းခ်မ္းေရးေဆြးေႏြး


 

 

[Unicode Version]

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာကာချုပ် လုံခြုံရေး၊ ငြိမ်းချမ်းရေးဆွေးနွေး

မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ဒီကနေ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပြီး လုံခြုံရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေ အပါအဝင် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးတဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

နေပြည်တော်ကို တနင်္လာနေ့ နေ့ခင်းက ရောက်ရှိခဲ့တဲ့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ဒီကနေ့ မနက်ပိုင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ တပ်မတော်နဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးကြတဲ့အချက်တွေကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို အခုလို ပြောပါတယ်။

“မြန်မာ့တပ်မတော်နဲ့ ပတ်သက်တဲ့ကဏ္ဍများမှာ အဓိက ပူးပေါင်းပြီး စွမ်းရည်မြှင့်တင်ပေးနိုင်မယ့် အခြေအနေတွေ၊ ပြီးရင် ကျနော်တို့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာ့တပ်မတော်အနေနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အဓိက တာဝန်ယူဆောင်ရွက်နေတဲ့ အခြေအနေနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေ၊ ထာဝရငြိမ်းချမ်းရေးအတွက် အလေးထားဆောင်ရွက်နေတဲ့အခြေအနေတွေ၊ တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်တွေမှာ တည်ငြိမ်အေးချမ်းရေးအခြေအနေတွေ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအခြေအနေတွေ ဒါတွေ ဆွေးနွေးခဲ့ပါတယ်။”

ဒါအပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေး၊ ၂၀၂၀ခုနှစ် တရုတ်သမ္မတလာရောက်စဉ် နှစ်ဘက် သဘောတူညီချက်တွေကို ဆက်လက် အကောင်အထည်ဖော်ရေး၊ မြန်မာ့တပ်မတော်နဲ့ တရုတ်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်အကြား ကိုဗစ်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ တပ်မတော်က လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးနိုင်မယ့်အခြေအနေတွေ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းတဲ့ သဘောထားတွေကိုလည်း ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“ပါတီစုံ ဒီမိုကရေစီစနစ်ဖော်ဆောင်ရာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲမှာတော့ မဲစာရင်းတွေနဲ့ ပတ်သက်ပြီး အမှားအယွင်းရှိခဲ့ကြောင်းနဲ့ မဲမသမာမှုတွေ ရှိနိုင်တဲ့အတွက် မဲစာရင်း စိစစ်တွေ့ရှိချက်များနဲ့ စပ်လျဉ်းပြီး တပ်မတော်က ထုတ်ပြန်ဆောင်ရွက်လျှက်ရှိတဲ့အခြေအနေတွေ၊ စည်းကမ်းဥပဒေအတိုင်း ဒီမိုကရေစီမယိမ်းယိုင်အောင် ဆက်လက် ဆောင်ရွက်သွားနိုင်မယ့်အခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။”

တရုတ်နိုင်ငံဟာ နယ်စပ်အခြေစိုက် လက်နက်ကိုင်တချို့ကို အားပေးနေတယ်ဆိုပြီး တပ်မတော်က ယူဆနေတာကြောင့် ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိနေတယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ တပ်မတော်ထိပ်တန်းခေါင်းဆောင်နဲ့ တရုတ်ထိပ်တန်းသံတမန်တို့ တွေ့ဆုံတာလည်းဖြစ်ပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ တရုတ်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူ အားလုံးနဲ့ ဆက်ဆံမယ့်မူကို ကိုင်စွဲထားတယ်လို့ မြင်ပါတယ်။

“တရုတ်သည် မြန်မာနိုင်ငံကို ဆက်ဆံတဲ့အခါ အနောက်နိုင်ငံတွေနဲ့ မတူတာက မြန်မာနိုင်ငံမှာ ရှိတဲ့ အဓိက ဇာတ်ဆောင်၊ ဇာတ်ကောင် ၂ ကောင်လောက်နဲ့ ဆက်ဆံတာ မဟုတ်ဘူးဗျ။ မြန်မာ့နိုင်ငံရေးမှာ ပါတဲ့ ဇာတ်ကောင်အားလုံးကို ဆက်ဆံတာ။ အနောက်နိုင်ငံတွေက မြန်မာပြည်မှာ ရှိတဲ့ အဓိက ဇာတ်ကောင် ၂ ကောင်လို့ သူတို့ ယူဆတဲ့ အစိုးရနဲ့ တပ်ပဲ သူတို့က ဆက်ဆံတာ။ တရုတ်ကျတော့ အဲဒီလို မဟုတ်ဘူး။ မြန်မာနိုင်ငံနိုင်ငံရေးမှာ အရန်ဇာတ်ကောင်လို့ပဲပြောပြော၊ ဘယ်လိုဖြစ်ဖြစ် ဇာတ်ကောင်တွေအဖြစ် ပါဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ ဆက်ဆံတာ။ အဲဒီတော့ သူ့ပေါ်လစီက ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ ဒီပေါ်လစီကတော့ ပြောင်းမှာ မထင်ဘူး။ အဲဒီတော့ ဒီပြဿနာနဲ့ပတ်သက်ရင်တော့ တရုတ်က ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို သူတို့ ဘယ်လို ကူညီမယ်ဆိုတဲ့ဘက်ကပဲ ချဉ်းကပ်လိမ့်မယ်လို့ ထင်ပါတယ်။”

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ၂ ရက်ကြာ ခရီးစဉ်အစအဖြစ် မနေ့တုန်းက သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့လည်း တွေ့ဆုံခဲ့ပြီး ၂ နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဖို့၊ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့အပြင် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံက ယွမ်ငွေ ၃,၀၀၀,၀၀၀ တန်ဖိုးရှိ ကိုဗစ်တိုက်ဖျက်ရေးဆေးပစ္စည်းတွေနဲ့ ကာကွယ်ဆေးအလုံးရေ ၃,၀၀၀,၀၀၀ ကူညီပေးရေး ကိစ္စတွေအပြင်၊ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများအရေးနဲ့ ပြည်နယ်ရေရှည်ဖွံ့ဖြိုးရေး၊ ၂ နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေး၊ ဒေသတွင်းနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမျက်နှာစာမှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး စတာတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ အဆုံးသတ်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာပဲ ၂ နိုင်ငံအကြား စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ၅ နှစ်ဖွံ့ဖြိုးမှုအစီအစဉ်၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာရေး နားလည်မှုစာချွန်လွှာ၊ ကချင်ပြည်နယ် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် ငွေကြေးအထောက်အပံ့ ပေးအပ်ရေး စာလွှာနှင့် တရုတ်နိုင်ငံကနေ အတိုးမဲ့ ချေးငွေနဲ့ ဝယ်ယူတဲ့ လူစီးရထားတွဲများဆိုင်ရာ စာလွှာတွေကိုလည်း လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါတယ်။

 

 

[Zawgyi/Unicode]

ျမန္မာႏုိင္ငံကို လာေရာက္ခဲ့တဲ့ တရုတ္ႏိုင္ငံျခားေရး၀န္ၾကီး Wang Yi ဟာ ဒီကေန႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ေတြ႔ဆုံၿပီး လုံၿခံဳေရး၊ ၿငိမ္းခ်မ္းေရး ကိစၥေတြ အပါအ၀င္ ၂ ႏုိင္ငံ ပူးေပါင္းေဆာင္ရြက္ေရး ေဆြးေႏြးတဲ့အေၾကာင္း တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမုိးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ေနျပည္ေတာ္ကို တနလၤာေန႔ ေန႔ခင္းက ေရာက္ရိွခဲ့တဲ့ တရုတ္ႏိုင္ငံ ႏိုင္ငံေတာ္ေကာင္စီ၀င္နဲ႔ ႏိုင္ငံျခားေရး၀န္ၾကီး Wang Yi ဟာ ဒီကေန႔ မနက္ပိုင္းမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္နဲ႔ ေနျပည္ေတာ္ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။

ဒီေဆြးေႏြးပဲြမွာ တပ္မေတာ္နဲ႔ ပတ္သက္ၿပီး အဓိက ေဆြးေႏြးၾကတဲ့အခ်က္ေတြကို တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖဲြ႔က ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက VOA ကို အခုလုိ ေျပာပါတယ္။

“ျမန္မာ့တပ္မေတာ္နဲ႔ ပတ္သက္တဲ့က႑မ်ားမွာ အဓိက ပူးေပါင္းၿပီး စြမ္းရည္ျမွင့္တင္ေပးႏိုင္မယ့္ အေျခအေနေတြ၊ ၿပီးရင္ က်ေနာ္တုိ႔ ၿငိမ္းခ်မ္းေရး၊ ဖံြ႔ျဖိဳးတိုးတက္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာ့တပ္မေတာ္အေနနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အဓိက တာ၀န္ယူေဆာင္ရြက္ေနတဲ့ အေျခအေနနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ဖံြ႕ျဖိဳးတုိးတက္ေရးကိုပါ ပူးေပါင္းေဆာင္ရြက္ႏိုင္မယ့္ အေျခအေနေတြ၊ ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ အေလးထားေဆာင္ရြက္ေနတဲ့အေျခအေနေတြ၊ တရုတ္-ျမန္မာႏွစ္ႏိုင္ငံနယ္စပ္ေတြမွာ တည္ၿငိမ္ေအးခ်မ္းေရးအေျခအေနေတြ၊ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးအေျခအေနေတြ ဒါေတြ ေဆြးေႏြးခဲ့ပါတယ္။”

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi နဲ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံခဲ့တဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ - ဇန္နဝါရီ ၁၂၊ ၂၀၂၁)
 

ဒါအျပင္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈ တုိးျမွင့္ႏိုင္ေရး၊ ၂၀၂၀ ခုႏွစ္ တရုတ္သမၼတလာေရာက္စဥ္ ႏွစ္ဘက္ သေဘာတူညီခ်က္ေတြကို ဆက္လက္ အေကာင္အထည္ေဖာ္ေရး၊ ျမန္မာ့တပ္မေတာ္နဲ႔ တရုတ္ကြန္ျမဴနစ္ပါတီ၊ ျပည္သူ႔ လြတ္ေျမာက္ေရး တပ္မေတာ္အၾကား ကိုဗစ္တုိက္ဖ်က္ေရး ပူးေပါင္းေဆာင္ရြက္မႈအေျခအေန၊ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္ေနတဲ့ လုပ္ငန္းေတြမွာ တပ္မေတာ္က လိုအပ္တာေတြကို ကူညီေဆာင္ရြက္ေပးႏိုင္မယ့္အေျခအေနေတြ ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏုိ၀င္ဘာ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြနဲ႔ ပတ္သက္လုိ႔ စုိးရိမ္မကင္းတဲ့ သေဘာထားေတြကုိလည္း ကာကြယ္ေရးဦးစီးခ်ဳပ္က ေဆြးေႏြးခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“ပါတီစံု ဒီမိုကေရစီစနစ္ေဖာ္ေဆာင္ရာမွာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပဲြျဖစ္ေရးဟာ ဒီမုိကေရစီရဲ့ အႏွစ္သာရ ျဖစ္ေၾကာင္းနဲ႔ ေရြးေကာက္ပဲြမွာေတာ့ မဲစာရင္းေတြနဲ႔ ပတ္သက္ၿပီး အမွားအယြင္းရိွခဲ့ေၾကာင္းနဲ႔ မဲမသမာမႈေတြ ရိွႏိုင္တဲ့အတြက္ မဲစာရင္း စိစစ္ေတြ႔ရိွခ်က္မ်ားနဲ႔ စပ္လ်ဥ္းၿပီး တပ္မေတာ္က ထုတ္ျပန္ေဆာင္ရြက္လွ်က္ရိွတဲ့အေျခအေနေတြ၊ စည္းကမ္းဥပေဒအတုိင္း ဒီမုိကေရစီမယိမ္းယိုင္ေအာင္ ဆက္လက္ ေဆာင္ရြက္သြားႏိုင္မယ့္အေျခအေနေတြ ေဆြးေႏြးခဲ့ပါတယ္။”

တရုတ္ႏိုင္ငံဟာ နယ္စပ္အေျခစိုက္ လက္နက္ကိုင္တခ်ိဳ႕ကို အားေပးေနတယ္ဆိုၿပီး တပ္မေတာ္က ယူဆေနတာေၾကာင့္ ဆက္ဆံေရးမွာ အဖုအထစ္ေတြ ရွိေနတယ္လုိ႔ သုံးသပ္မႈေတြ ထြက္ေပၚေနခ်ိန္မွာပဲ တပ္မေတာ္ထိပ္တန္းေခါင္းေဆာင္နဲ႔ တ႐ုတ္ထိပ္တန္းသံတမန္တုိ႔ ေတြ႔ဆုံတာလည္းျဖစ္ပါတယ္။

ႏိုင္ငံေရးသံုးသပ္သူ ဦးေမာင္ေမာင္စုိးကေတာ့ တ႐ုတ္အစုိးရအေနနဲ႔ ျမန္မာ့ႏိုင္ငံေရးမွာ သက္ဆုိင္သူ အားလုံးနဲ႔ ဆက္ဆံမယ့္မူကုိ ကုိင္စဲြထားတယ္လုိ႔ ျမင္ပါတယ္။

“တရုတ္သည္ ျမန္မာႏိုင္ငံကို ဆက္ဆံတဲ့အခါ အေနာက္ႏိုင္ငံေတြနဲ႔ မတူတာက ျမန္မာႏိုင္ငံမွာ ရိွတဲ့ အဓိက ဇာတ္ေဆာင္၊ ဇာတ္ေကာင္ ၂ ေကာင္ေလာက္နဲ႔ ဆက္ဆံတာ မဟုတ္ဘူးဗ်။ ျမန္မာ့ႏိုင္ငံေရးမွာ ပါတဲ့ ဇာတ္ေကာင္အားလံုးကို ဆက္ဆံတာ။ အေနာက္ႏိုင္ငံေတြက ျမန္မာျပည္မွာ ရိွတဲ့ အဓိက ဇာတ္ေကာင္ ၂ ေကာင္လုိ႔ သူတို႔ ယူဆတဲ့ အစုိးရနဲ႔ တပ္ပဲ သူတုိ႔က ဆက္ဆံတာ။ တရုတ္က်ေတာ့ အဲဒီလို မဟုတ္ဘူး။ ျမန္မာႏိုင္ငံႏိုင္ငံေရးမွာ အရန္ဇာတ္ေကာင္လုိ႔ပဲေျပာေျပာ၊ ဘယ္လုိျဖစ္ျဖစ္ ဇာတ္ေကာင္ေတြအျဖစ္ ပါ၀င္ေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြပါ ဆက္ဆံတာ။ အဲဒီေတာ့ သူ႔ေပၚလစီက ရိွၿပီးသားျဖစ္တဲ့အတြက္ေၾကာင့္မို႔ ဒီေပၚလစီကေတာ့ ေျပာင္းမွာ မထင္ဘူး။ အဲဒီေတာ့ ဒီျပႆနာနဲ႔ပတ္သက္ရင္ေတာ့ တရုတ္က ၿငိမ္းခ်မ္းေရးနဲ႔ အပစ္အခတ္ရပ္စဲေရးကို သူတို႔ ဘယ္လုိ ကူညီမယ္ဆုိတဲ့ဘက္ကပဲ ခ်ဥ္းကပ္လိမ့္မယ္လုိ႔ ထင္ပါတယ္။” 

 

တရုတ္ႏိုင္ငံျခားေရး၀န္ၾကီး ၀မ္ယိဟာ ၂ ရက္ၾကာ ခရီးစဥ္အစအျဖစ္ မေန႔တုန္းက သမၼတ ဦး၀င္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တို႔နဲ႔လည္း ေတြ႔ဆံုခဲ့ၿပီး ၂ ႏိုင္ငံ ဆက္ဆံေရးတုိးျမွင့္ဖုိ႔၊ ဖြံ႔ၿဖိဳးေရးနဲ႔ စီးပြားေရး ပူးေပါင္းေဆာင္ရြက္ဖုိ႔အျပင္ ကိုဗစ္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အပါအ၀င္ ပူးေပါင္းေဆာင္ရြက္ေရး ကိစၥေတြကုိ ေဆြးေႏြးခဲ့ၾကပါတယ္။

တ႐ုတ္ႏုိင္ငံက ယြမ္ေငြ ၃,၀၀၀,၀၀၀ တန္ဖိုးရိွ ကိုဗစ္တုိက္ဖ်က္ေရးေဆးပစၥည္းေတြနဲ႔ ကာကြယ္ေဆးအလံုးေရ ၃,၀၀၀,၀၀၀ ကူညီေပးေရး ကိစၥေတြအျပင္၊ ရခုိင္ျပည္နယ္က ေနရပ္စြန္႔ခြာသူမ်ားအေရးနဲ႔ ျပည္နယ္ေရရွည္ဖံြ႔ျဖိဳးေရး၊ ၂ ႏိုင္ငံနယ္စပ္တည္ၿငိမ္ေအးခ်မ္းေရး၊ ေဒသတြင္းနဲ႔ ကုလသမဂၢအပါအ၀င္ ႏိုင္ငံတကာမ်က္ႏွာစာမွာ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္ရြက္ေရး စတာေတြကုိလည္း ေဆြးေႏြးခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ဒီကေန႔ အဆုံးသတ္ခဲ့တဲ့ ခရီးစဥ္အတြင္းမွာပဲ ၂ ႏိုင္ငံအၾကား စီးပြားေရးနဲ႔ နည္းပညာ ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ စာခ်ဳပ္၊ ျမန္မာ-တရုတ္ႏွစ္ႏိုင္ငံအၾကား စီးပြားေရးနဲ႔ ကုန္သြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈဆုိင္ရာ ၅ ႏွစ္ဖံြ႔ျဖိဳးမႈအစီအစဥ္၊ မႏၱေလး-ေက်ာက္ျဖဴ ရထားလမ္းစီမံကိန္း ျဖစ္ႏိုင္ေျခေလ့လာေရး နားလည္မႈစာခြ်န္လႊာ၊ ကခ်င္ျပည္နယ္ ျပည္တြင္း ေနရပ္စြန္႔ခြာသူမ်ား ျပန္လည္ေနရာခ်ထားေရးအတြက္ ေငြေၾကးအေထာက္အပံ့ ေပးအပ္ေရး စာလႊာႏွင့္ တရုတ္ႏုိင္ငံကေန အတိုးမဲ့ ေခ်းေငြနဲ႔ ၀ယ္ယူတဲ့ လူစီးရထားတဲြမ်ားဆိုင္ရာ စာလႊာေတြကိုလည္း လက္မွတ္ေရးထိုးလဲလွယ္ခဲ့ၾကပါတယ္။ 

 https://burmese.voanews.com/a/wang-yi-min-aung-hlaing/5734190.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.