Breaking

January 1, 2021

ဒုတိယ ၅ ႏွစ္အတြက္ NLD အစိုးရရဲ႕ ေမွ်ာ္မွန္းခ်က္

 

(Zawgyi/Unicode)

၂၀၂၀ ေရြးေကာက္ပဲြ အႏိုင္ရ အာဏာရ NLD ပါတီအေနနဲ႔ အရင္ အစိုးရဖဲြ႕စည္းတုန္းက ျပည္သူေတြဘက္က စိတ္တိုင္းက် မျဖစ္ခဲ့တာေတြကို သင္ခန္းစာယူၿပီး အခုလာမယ့္ ငါးႏွစ္တာကာလအတြက္ ဗဟို၊ ျပည္နယ္နဲ႔ တိုင္းအစိုးရေတြ ဖဲြ႕စည္းရာမွာ- တိုင္းရင္းသားေတြအပါအ၀င္ ထက္ျမက္ၿပီး ျပည္သူ႔အက်ဳိးကို ေဆာင္ရြက္မယ့္ သူေတြပါ၀င္ႏိုင္ဖို႔ ျပင္ဆင္ေနေၾကာင္း NLD ေျပာခြင့္ရ ေဒါက္တာမ်ိဳးညြန္႔က ဗီြအိုေအကိုေျပာပါတယ္။

အစိုးရသစ္ဖဲြ႕စည္းမယ့္အလား၊ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပဲြ ျပန္က်င္းပေရးအလားအလာ၊ တိုင္းရင္းသားပါတီေတြနဲ႔ စတင္ေတြ႕ဆံုေနတဲ့ ေနာက္ဆံုးအေျခအေနေတြနဲ႔ ပတ္သက္လို႔ ေဒါက္တာမ်ိဳးညြန္႔ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေဒါက္တာမ်ိဳးညြန္႔။ ။ ႏွစ္သစ္ကူးအတြက္ ျမန္မာျပည္က အေရးႀကီးဆံုးကေတာ့ က်ေနာ္တို႔ အမ်ိဳးသားရင္ၾကားေစ့ေရး ၊ ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းေရး ဒါဟာ ျမန္မာျပည္သူအားလံုး ႏွစ္ေပါင္းမ်ားစြာ လိုလားေတာင့္တခဲ့ရတာပါ။ အဲဒီေတာ့ အမ်ိဳးသားရင္ၾကားေစ့ေရးအတြက္ တိုင္းရင္းသားအခ်င္းခ်င္း ထိေတြ႔ဆက္ဆံမႈ ပိုမ်ားလာမယ္၊ တဦးဆႏၵကို တဦးက ပိုသိလာမယ္ အဲဒီလို ရည္ရြယ္ခ်က္နဲ႔ ဒီႏွစ္သစ္ကူး အစမွာပဲ တိုင္းရင္းသားမ်ားရဲ႕ ေျပာၾကားခ်င္တဲ့့ ဆႏၵေတြကို နားေထာင္ဖို႔၊ ေဆြးေႏြးဖို႔ ညိွႏိႈင္းဖို႔ဆိုၿပီးေတာ့ က်ေနာ္တို႔က ဆရာ ေဒါက္တာ ေအာင္မုိးညိဳ ၊ေဒၚ နန္းခင္ေထြးျမင့္ ၊ ဦးအင္ထုံးခန္းေနာ္ဆန္ တို႔ ၃ ဦးပါ၀င္တဲ့ ေစ့စပ္ညိွႏိႈင္းေရး အဖြဲ႔ကို က်ေနာ္တို႔ ေစလႊႊတ္ခဲ့ပါတယ္။ ဒါဟာ ႏွစ္သစ္ကူးကို မဂၤလာနဲ႔ စတင္လိုက္တာ လို႔ပဲ ေျပာခ်င္ပါတယ္ခင္ဗ်။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ေနာက္ထပ္ မဂၤလာရွိလာႏိုင္တာေရာ ဆရာတို႔ ဘာေမွ်ာ္လင့္ထားေသးသလဲ။

ေဒါက္တာမ်ိဳးညြန္႔။ ။ ႏွစ္သစ္ကူးအတြက္က က်ေနာ္တို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က ဒီ ၅ ႏွစ္ဆက္ၿပီးေတာ့ ႏိုင္ငံ႔တာ၀န္ထမ္းေဆာင္ဖို႔ ျပည္သူေတြ တာ၀န္ေပးတာ ခံရပါတယ္။ ပထမ ၅ ႏွစ္က အုပ္ခ်ဳပ္ေရးတာ၀န္ေတြကို ထမ္းေဆာင္ရာမွာ ဒီလူ ေရြးခ်ယ္တဲ့ေနရာမွာ ျပည္သူလူထု စိတ္တိုင္းက် မျဖစ္ခဲ့တဲ့အပိုင္းေတြရွိတယ္ဆိုတာ က်ေနာ္တို႔ သေဘာေပါက္ခဲ့ပါတယ္။ အခုလာမယ့္ ၅ ႏွစ္မွာေတာ့ စြမ္းေဆာင္ရည္ထက္ျမတ္တဲ့ ျပည္သူ႔အက်ိဳးကို ပိုၿပီးေတာ့ ေဆာင္ရြက္ႏိုင္မယ့္ အစိုးရမ်ိဳးေတြ ဖြဲ႔စည္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ အဲဒီလို ဖြဲ႔စည္းမယ့္ ျပည္နယ္အစိုးရေတြမွာလည္း တိုင္းရင္းသားေတြ အထိုက္ေလ်ာက္ပါလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့့ဆရာေရ ဒီတေခါက္ကေတာ့ တိုင္းရင္းသားေတြနဲ႔ ပိုၿပီးေတာ့ ပူးေပါင္းပါ၀င္ၿပီးေတာ့ လက္တြဲအုပ္ခ်ဳပ္သြားမယ့္ အစိုးရမ်ိဳး ျဖစ္လာမယ့္အေနအထားျဖစ္တဲ့အတြက္ ၿငိမ္းခ်မ္းေရးအတြက္ေရာ ဆရာေရ။

ေဒါက္တာမ်ိဳးညြန္႔။ ။ ၿငိမ္းခ်မ္းေရးအတြက္ အလားအလာေကာင္းေတြကို ၂၀၂၁ ခုႏွစ္မွာ ျမင္ေနရၿပီလို႔ ေျပာလို႔ရပါတယ္။ ဒီ ႏို၀င္ဘာ ၈ ရက္ေန႔ ေရြးေကာက္ပြဲ ၿပီးတာနဲ႔ AA အဖြဲ႔ကေရာ တပ္မေတာ္ကေရာ ၂ ဖက္ ပစ္ခတ္ရပ္စဲလိုက္တယ္။ ေနာက္ၿပီးေတာ့ ရခိုင္ျပည္နယ္မွာ က်ေနာ္တို႔ ေရြးေကာက္ပြဲေတြ ျပန္လည္က်င္းပႏိုင္ဖို႔အတြက္ တညီတညြတ္တည္း ေတာင္းဆိုတယ္။ အလားတူပဲ နယ္ေျမေအးခ်မ္းတာနဲ႔ အမွ် က်ေနာ္တို႔ စစ္ေဘးေရွာင္ျပည္သူေတြ ေနရပ္ကို ျပန္ႏိုင္တယ္။ ဒီလိုအလားအလာေကာင္းေတြ ေတြ႔လာရပါတယ္။ ဒီအခါမွာ ညီေနာင္တိုင္းရင္းသားအခ်င္းခ်င္း တဦးအေပၚ တဦး ပိုၿပီးေတာ့ နားလည္မႈ ရွိလာႏိုင္တဲ့ ေျဖေလ်ာ့မႈေတြ တဘက္ျခင္း တဘက္ျခင္း အဆင့္ဆင့္ လုပ္သြားျခင္းအားျဖင့္ အႏွစ္ႏွစ္အလလ ေတာင္းတေနတဲ့ ၿငိမ္းခ်မ္းေရး ရဖို႔ က်ေနာ္တုိ႔ အမွန္တကယ္ပဲ မၾကာခင္ႏွစ္ေတြအတြင္းမွာ ပိုင္ဆိုင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာေရ ဒီေနရာမွာ ဆရာတို႔ ၿပီးခဲ့တဲ့ အစည္းအေ၀းမွာ NLD ကိုယ္စားလွယ္ေလာင္း ၃ ဦးေပါ့ေနာ္ အဖမ္းခံရတဲ့ ကိစၥမွာ ထပ္ၿပီးေတာ့ အတိအက် ေတာင္းဆိုထားတာကို ေတြ႔ရပါတယ္။ အဲဒီအေပၚမွာေရာ ဘယ္လိုေမွ်ာ္လင့္ထားသလဲ။

ေဒါက္တာမ်ိဳးညြန္႔။ ။ အေကာင္းဆံုးကို ေမွ်ာ္လင့္ပါတယ္ မၾကာခင္ ရက္ပိုင္းအတြင္းမွာ ျပန္လည္လြတ္လာမယ္လို႔ က်ေနာ္တို႔က ေမွ်ာ္လင့္ပါတယ္။ က်ေနာ္တို႔ရဲ႕ ရပ္တည္ခ်က္ သေဘာထားကို ေၾကညာခ်က္ေတြ ထုတ္ျပန္ျခင္းအားျဖင့္ တဖက္ အဖြဲ႔အစည္းေတြ သိနားလည္ၿပီးေတာ့ ပူးေပါင္းေဆာင္ရြက္လာႏိုင္ေအာင္ ဒီနည္းလမ္းနဲ႔ပဲ က်ေနာ္တို႔ ေဆာင္ရြက္လို႔ ရပါတယ္။ ေမွ်ာ္လင့္ေနပါတယ္၊ စိတ္ရင္းေစတနာမွန္နဲ႔ကို ေမွ်ာ္လင့္ေနပါတယ္။ ရခိုင္ျပည္ေျမာက္ပိုင္းမွာလည္း ဥပေဒအရလည္း ညီညြတ္တဲ့ ဒီနယ္ေျမမွာလည္း တိုက္ပြဲမျဖစ္တာ မကပဲနဲ႔ လြတ္လပ္ၿပီး သန္႔ရွင္းမွ်တတဲ့ ေရြးေကာက္ပြဲေတြကို အာမခံႏိုင္တဲ့ အေျခအေန အျမန္ဆံုးေရာက္ၿပီးေတာ့ ဒီေရြးေကာက္ပြဲေတြကိုလည္း အျမန္ဆံုးက်င္းပႏိုင္ဖို႔လည္း ေမွ်ာ္လင့္ပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ဆရာေရ ဘယ္ေလာက္ေလာက္ အခ်ိန္တိုအတြင္း ေမွ်ာ္မွန္းထားသလဲ။

ေဒါက္တာမ်ိဳးညြန္႔။ ။ သမၼတႀကီးကိုယ္တိုင္ ေၾကညာခ်က္ထုတ္တဲ့အခါမွာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ေရြးေကာက္ပြဲမ်ားကို အျမန္ဆံုး ျပန္လည္က်င္းပႏိုင္ေအာင္ အဘက္ဘက္ကေန ၀ိုင္း၀န္း ပူးေပါင္းေဆာင္ရြက္ၾကဖို႔ အခုလို တိုက္တြန္းထားတာ အခ်ိန္အတိုဆံုးအတြင္းမွာ ျပန္လည္ၿပီးေတာ့ က်င္းပႏိုင္မွာ ျဖစ္ပါတယ္။ ဥပေဒျပဳေရး အဖြဲ႔အစည္းေတြ အရင္ဆံုးအသက္၀င္ဖို႔ လုိပါတယ္။ အဲဒီေတာ့ အသက္၀င္လာတဲ့ ဥပေဒျပဳေရး အဖြဲ႔အစည္းေတြမွာ အခုလက္ရွိ ဥပေဒေတြရဲ႕ အဟန္႔အတားကို ေက်ာ္လြန္ဖို႔ အခ်ိန္အကန္႔အသတ္ကို ျပင္ဆင္ခ်က္လုပ္ႏိုင္မယ္ဆိုရင္ေတာ့ လအနည္းငယ္အတြင္းမွာ ဒီလိုေရြးေကာက္ပြဲေတြ ျပန္ၿပီးေတာ့ က်င္းပႏိုင္မယ့္အေျခအေန ျဖစ္လာႏိုင္ပါတယ္။ .............

 

ဒုတိယ ၅ နှစ်အတွက် NLD အစိုးရရဲ့ မျှော်မှန်းချက်

(Unicode)

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အာဏာရ NLD ပါတီအနေနဲ့ အရင် အစိုးရဖွဲ့စည်းတုန်းက ပြည်သူတွေဘက်က စိတ်တိုင်းကျ မဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး အခုလာမယ့် ငါးနှစ်တာကာလအတွက် ဗဟို၊ ပြည်နယ်နဲ့ တိုင်းအစိုးရတွေ ဖွဲ့စည်းရာမှာ- တိုင်းရင်းသားတွေအပါအဝင် ထက်မြက်ပြီး ပြည်သူ့အကျိုးကို ဆောင်ရွက်မယ့် သူတွေပါဝင်နိုင်ဖို့ ပြင်ဆင်နေကြောင်း NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ဗွီအိုအေကိုပြောပါတယ်။

အစိုးရသစ်ဖွဲ့စည်းမယ့်အလား၊ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပရေးအလားအလာ၊ တိုင်းရင်းသားပါတီတွေနဲ့ စတင်တွေ့ဆုံနေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါက်တာမျိုးညွန့်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာမျိုးညွန့်။ ။ နှစ်သစ်ကူးအတွက် မြန်မာပြည်က အရေးကြီးဆုံးကတော့ ကျနော်တို့ အမျိုးသားရင်ကြားစေ့ရေး ၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး ဒါဟာ မြန်မာပြည်သူအားလုံး နှစ်ပေါင်းများစွာ လိုလားတောင့်တခဲ့ရတာပါ။ အဲဒီတော့ အမျိုးသားရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုများလာမယ်၊ တဦးဆန္ဒကို တဦးက ပိုသိလာမယ် အဲဒီလို ရည်ရွယ်ချက်နဲ့ ဒီနှစ်သစ်ကူး အစမှာပဲ တိုင်းရင်းသားများရဲ့ ပြောကြားချင်တဲ့ ဆန္ဒတွေကို နားထောင်ဖို့၊ ဆွေးနွေးဖို့ ညှိနှိုင်းဖို့ဆိုပြီးတော့ ကျနော်တို့က ဆရာ ဒေါက်တာ အောင်မိုးညို ၊ဒေါ် နန်းခင်ထွေးမြင့် ၊ ဦးအင်ထုံးခန်းနော်ဆန် တို့ ၃ ဦးပါဝင်တဲ့ စေ့စပ်ညှိနှိုင်းရေး အဖွဲ့ကို ကျနော်တို့ စေလွှွှတ်ခဲ့ပါတယ်။ ဒါဟာ နှစ်သစ်ကူးကို မင်္ဂလာနဲ့ စတင်လိုက်တာ လို့ပဲ ပြောချင်ပါတယ်ခင်ဗျ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ နောက်ထပ် မင်္ဂလာရှိလာနိုင်တာရော ဆရာတို့ ဘာမျှော်လင့်ထားသေးသလဲ။

ဒေါက်တာမျိုးညွန့်။ ။ နှစ်သစ်ကူးအတွက်က ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီ ၅ နှစ်ဆက်ပြီးတော့ နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ ပြည်သူတွေ တာဝန်ပေးတာ ခံရပါတယ်။ ပထမ ၅ နှစ်က အုပ်ချုပ်ရေးတာဝန်တွေကို ထမ်းဆောင်ရာမှာ ဒီလူ ရွေးချယ်တဲ့နေရာမှာ ပြည်သူလူထု စိတ်တိုင်းကျ မဖြစ်ခဲ့တဲ့အပိုင်းတွေရှိတယ်ဆိုတာ ကျနော်တို့ သဘောပေါက်ခဲ့ပါတယ်။ အခုလာမယ့် ၅ နှစ်မှာတော့ စွမ်းဆောင်ရည်ထက်မြတ်တဲ့ ပြည်သူ့အကျိုးကို ပိုပြီးတော့ ဆောင်ရွက်နိုင်မယ့် အစိုးရမျိုးတွေ ဖွဲ့စည်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလို ဖွဲ့စည်းမယ့် ပြည်နယ်အစိုးရတွေမှာလည်း တိုင်းရင်းသားတွေ အထိုက်လျောက်ပါလာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ ဒီတခေါက်ကတော့ တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ ပူးပေါင်းပါဝင်ပြီးတော့ လက်တွဲအုပ်ချုပ်သွားမယ့် အစိုးရမျိုး ဖြစ်လာမယ့်အနေအထားဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးအတွက်ရော ဆရာရေ။

ဒေါက်တာမျိုးညွန့်။ ။ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေကို ၂၀၂၁ ခုနှစ်မှာ မြင်နေရပြီလို့ ပြောလို့ရပါတယ်။ ဒီ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ ပြီးတာနဲ့ AA အဖွဲ့ကရော တပ်မတော်ကရော ၂ ဖက် ပစ်ခတ်ရပ်စဲလိုက်တယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ကျနော်တို့ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပနိုင်ဖို့အတွက် တညီတညွတ်တည်း တောင်းဆိုတယ်။ အလားတူပဲ နယ်မြေအေးချမ်းတာနဲ့ အမျှ ကျနော်တို့ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ကို ပြန်နိုင်တယ်။ ဒီလိုအလားအလာကောင်းတွေ တွေ့လာရပါတယ်။ ဒီအခါမှာ ညီနောင်တိုင်းရင်းသားအချင်းချင်း တဦးအပေါ် တဦး ပိုပြီးတော့ နားလည်မှု ရှိလာနိုင်တဲ့ ဖြေလျော့မှုတွေ တဘက်ခြင်း တဘက်ခြင်း အဆင့်ဆင့် လုပ်သွားခြင်းအားဖြင့် အနှစ်နှစ်အလလ တောင်းတနေတဲ့ ငြိမ်းချမ်းရေး ရဖို့ ကျနော်တို့ အမှန်တကယ်ပဲ မကြာခင်နှစ်တွေအတွင်းမှာ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ ဒီနေရာမှာ ဆရာတို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ NLD ကိုယ်စားလှယ်လောင်း ၃ ဦးပေါ့နော် အဖမ်းခံရတဲ့ ကိစ္စမှာ ထပ်ပြီးတော့ အတိအကျ တောင်းဆိုထားတာကို တွေ့ရပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမျှော်လင့်ထားသလဲ။

ဒေါက်တာမျိုးညွန့်။ ။ အကောင်းဆုံးကို မျှော်လင့်ပါတယ် မကြာခင် ရက်ပိုင်းအတွင်းမှာ ပြန်လည်လွတ်လာမယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက် သဘောထားကို ကြေညာချက်တွေ ထုတ်ပြန်ခြင်းအားဖြင့် တဖက် အဖွဲ့အစည်းတွေ သိနားလည်ပြီးတော့ ပူးပေါင်းဆောင်ရွက်လာနိုင်အောင် ဒီနည်းလမ်းနဲ့ပဲ ကျနော်တို့ ဆောင်ရွက်လို့ ရပါတယ်။ မျှော်လင့်နေပါတယ်၊ စိတ်ရင်းစေတနာမှန်နဲ့ကို မျှော်လင့်နေပါတယ်။ ရခိုင်ပြည်မြောက်ပိုင်းမှာလည်း ဥပဒေအရလည်း ညီညွတ်တဲ့ ဒီနယ်မြေမှာလည်း တိုက်ပွဲမဖြစ်တာ မကပဲနဲ့ လွတ်လပ်ပြီး သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲတွေကို အာမခံနိုင်တဲ့ အခြေအနေ အမြန်ဆုံးရောက်ပြီးတော့ ဒီရွေးကောက်ပွဲတွေကိုလည်း အမြန်ဆုံးကျင်းပနိုင်ဖို့လည်း မျှော်လင့်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ဆရာရေ ဘယ်လောက်လောက် အချိန်တိုအတွင်း မျှော်မှန်းထားသလဲ။

ဒေါက်တာမျိုးညွန့်။ ။ သမ္မတကြီးကိုယ်တိုင် ကြေညာချက်ထုတ်တဲ့အခါမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရွေးကောက်ပွဲများကို အမြန်ဆုံး ပြန်လည်ကျင်းပနိုင်အောင် အဘက်ဘက်ကနေ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြဖို့ အခုလို တိုက်တွန်းထားတာ အချိန်အတိုဆုံးအတွင်းမှာ ပြန်လည်ပြီးတော့ ကျင်းပနိုင်မှာ ဖြစ်ပါတယ်။ ဥပဒေပြုရေး အဖွဲ့အစည်းတွေ အရင်ဆုံးအသက်ဝင်ဖို့ လိုပါတယ်။ အဲဒီတော့ အသက်ဝင်လာတဲ့ ဥပဒေပြုရေး အဖွဲ့အစည်းတွေမှာ အခုလက်ရှိ ဥပဒေတွေရဲ့ အဟန့်အတားကို ကျော်လွန်ဖို့ အချိန်အကန့်အသတ်ကို ပြင်ဆင်ချက်လုပ်နိုင်မယ်ဆိုရင်တော့ လအနည်းငယ်အတွင်းမှာ ဒီလိုရွေးကောက်ပွဲတွေ ပြန်ပြီးတော့ ကျင်းပနိုင်မယ့်အခြေအနေ ဖြစ်လာနိုင်ပါတယ်။

ႏုိဝင္ဘာ ၈ ရက္ ေရြးေကာက္ပြဲအၿပီး NLD ႐ုံးခ်ဳပ္ေရွ႕မွာ ေအာင္ပြဲခံေနတဲ့ NLD ပါတီ ေထာက္ခံသူမ်ား။ (ႏိုဝင္ဘာ ၉၊ ၂၀၂၀) 
 
https://burmese.voanews.com/a/nld-next-5-year-plan-/5720445.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.