Breaking

December 31, 2020

"ရခိုင္ေရြးေကာက္ပြဲလုပ္ႏိုင္ဖို႔ AA နဲ႔ ညိွနိႈင္းခဲ့" တပ္မေတာ္ေျပာခြင့္ရ

 

[Zawgyi/Unicode]

လက္နက္ကုိင္ပဋိပကၡေတြ ႀကံဳခဲ့ရတဲ့ ရခုိင္ျပည္နယ္မွာ တုိက္ပဲြေတြ ျပန္မျဖစ္ဖုိ႔နဲ႔ ေရြးေကာက္ပဲြေတြ က်င္းပႏုိင္ဖုိ႔ ႀကိဳးပမ္းေနေၾကာင္း တပ္မေတာ္က ေျပာဆုိလုိက္ေပမဲ့ စုိးရိမ္မႈေတြ ရွိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပုိင္း သတင္းေထာက္ ကိုထက္ေအာင္ခန္႔က သတင္းေပးပို႔ထားပါတယ္။

ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပဲြ က်င္းပႏုိင္ေအာင္ တည္ၿငိမ္မႈရဖုိ႔ ႀကိဳးပမ္းေနတယ္လုိ႔ တပ္မေတာ္ တာ၀န္ရွိသူ တစ္ဦးက ဒီကေန႔ပဲ ေျပာဆုိလုိက္ပါတယ္။ ႏုိ၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပဲြမွာ ရခုိင္ျပည္နယ္က မက်င္းပျဖစ္ခဲ့တဲ့ နယ္ေျမေတြမွာ ဒီႏွစ္ကုန္ေနာက္ဆုံးထား က်င္းပႏုိင္ေအာင္ ဖန္တီးဖုိ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ရဲ႕ ကမ္းလွမ္းခ်က္ကုိ တပ္မေတာ္က လက္ခံလုိက္ၿပီးေနာက္ တုိက္ခုိက္မႈေတြ ရပ္စဲထားတာကုိ ဆက္လက္ ထိန္းသိမ္းႏုိင္ေအာင္ ႀကိဳးပမ္းေနတဲ့အေၾကာင္း ဒီကေန႔ ေနျပည္ေတာ္က သတင္းစာရွင္းလင္းပဲြမွာ တပ္မေတာ္ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆုိလုိက္တာပါ။ တုိက္ခုိက္မႈေတြ ရပ္စဲထားေပမဲ့ တပ္အင္အားျဖည့္တင္းတာေတြ ရွိေနတယ္ဆုိတဲ့ သတင္းေတြကုိလည္း တပ္မေတာ္ေျပာခြင့္ရပုဂၢိဳလ္က ပယ္ခ်လုိက္ပါတယ္။

“ရခိုင္ျပည္နယ္မွာ က်ေနာ္တို႔အေနနဲ႔က ပစ္ခတ္တိုက္ခတ္မႈေတြ ဆက္လက္မျဖစ္ပြားေအာင္ ေဆာင္ရြက္ေနတာေတြရွိတယ္။ စစ္အင္အား ျဖည့္တင္းတာမရွိဘူးလို႔ပဲ က်ေနာ္ေျပာခ်င္တယ္။ စစ္အင္အား ျဖည့္တင္းတာရွိတယ္ဆိုရင္ ဘာအေထာက္အထားအရ ျဖည့္တင္းတာရွိလို႔ ေျပာတာလည္းဆိုတာကို က်ေနာ္က ထပ္ၿပီး ေမးခ်င္တယ္။ နံပါတ္ ၂ အခ်က္အေနနဲ႔ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့ ေအေအအေနနဲ႔ ထုတ္ျပန္ခ်က္ ေၾကျငာခ်က္ ထုတ္ျပန္ခဲ့တယ္။ ထုတ္ျပန္ခ်က္ထဲမွာ ဒီႏွစ္မကုန္ခင္မွာ ေရြးေကာက္ပြဲ လုပ္ေပးႏိုင္ဖို႔ ဆႏၵရွိတဲ့အေၾကာင္း ေမတၱာရပ္ခံတဲ့အေၾကာင္း ဒါကို တပ္မေတာ္အေနနဲ႔ ႀကိဳဆိုတဲ့ အေၾကာင္းေျပာခဲ့တယ္။ အဲဒီေနာက္ပိုင္း ပစ္ခတ္တိုက္ခိုက္မႈ မရွိသေလာက္ျဖစ္တယ္။ အခုခ်ိန္ထိလည္း မရွိပါဘူး။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ ပစ္ခတ္ တိုက္ခိုက္မႈေတြ ဆက္ျဖစ္ပြားႏိုင္လား ဆက္မျဖစ္ပြားႏိုင္လားဆိုတာကေတာ့ က်ေနာ္ေျပာလိုတာက ၂ ဘက္လံုးအေပၚမွာ မူတည္လိမ့္မယ္၊ ၂ ဘက္လံုးရဲ႕ ဆက္လက္ ေစာင့္ထိန္း၊ ေစာင့္ဆည္းမႈအေပၚမွာပဲ မူတည္လိမ့္မယ္လိုပဲ ေျပာခ်င္တယ္။”

လက္နက္ကုိင္ တပ္ဖဲြ႔ေတြၾကား တုိက္ခုိက္မႈေတြ ရပ္စဲထားေပမဲ့ ေရြးေကာက္ပဲြ က်င္းပႏုိင္ဖုိ႔ကေတာ့ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္ (UEC) ကသာ အဓိက ဆုံးျဖတ္ရမွာ ျဖစ္ေၾကာင္းလည္း ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပဲြေတြ ဒီႏွစ္မကုန္ခင္ က်င္းပႏုိင္ဖုိ႔ ကမ္းလွမ္းခဲ့တဲ့ AA ရခုိင္လက္နက္ကုိင္အဖဲြ႔နဲ႔ တပ္မေတာ္ၾကား မၾကာေသးခင္ကပဲ တုိက္႐ုိက္ေဆြးေႏြးတာေတြလည္း ရွိခဲ့ပါတယ္။ ဒါေပမဲ့လည္း ၂၀၂၀ ျပည့္ႏွစ္ ကုန္ဆုံးဖုိ႔ ရက္ပုိင္းသာ က်န္ေတာ့တာေၾကာင့္ ႏွစ္မကုန္ခင္ ေရြးေကာက္ပဲြေတြ ျပန္က်င္းပႏုိင္မယ့္ အလားအလာ မရွိဘူးလုိ႔လည္း တုိင္းရင္းသားေရးရာ ကၽြမ္းက်င္သူ ဦးေမာင္ေမာင္စိုးက သံုးသပ္ပါတယ္။ တခ်ိန္တည္းမွာပဲ ရခုိင္ျပည္နယ္မွာ စစ္ေရးပဋိပကၡေတြ တေက်ာ့ျပန္ ေပၚေပါက္လာမွာကုိ စုိးရိမ္မႈေတြ ရွိေနတယ္လုိ႔ ဦးေမာင္ေမာင္စုိးက ေျပာပါတယ္။

“ေရြးေကာက္ပြဲျဖစ္၊ မျဖစ္ဆိုေတာ့ကေတာ့ ေလာေလာဆယ္အခ်ိန္မွာေတာ့ UEC နဲ႔ အစိုးရရဲ႕ဆံုးျဖတ္ခ်က္က အဓိက ျဖစ္ပါလိမ့္မယ္။ တပ္နဲ႔ ေအေအ တိုက္ပြဲရပ္ေနတာေတာ့ ၁ လနဲ႔ ရက္ ၂၀ ေလာက္ရွိသြားၿပီ။ ဒါေပမဲ့ ေရြးေကာက္ပြဲက အခ်ိန္ေပးရတာက ၁ လေလာက္ အခ်ိန္ေပးရတဲ့အခါက်ေတာ့ ေရြးေကာက္ပြဲ မက်င္းပဖို႔က ရာခိုင္ႏႈန္းနည္းနည္းပို မ်ားေနသလားေပါ့။ တခုရွိတာက ဒီဇင္ဘာ ၃၁ ရက္ထိ အပစ္ရပ္ထားမယ္ဆိုတဲ့ ေၾကျငာခ်က္ေအာက္မွာေတာ့ ၂ ဘက္ တပ္မေတာ္ကေရာ၊ AA ကေရာ ဒါနဲ႔ပတ္သက္ၿပီး အပစ္ခတ္ရပ္စဲေရး သေဘာထား ထပ္မံထုတ္ျပန္ထားျခင္းမရွိတာကေတာ့ ေဒသခံလူထုကေတာ့ စိုးရိမ္ေနၾကတယ္။”

ရခုိင္ျပည္နယ္က စစ္ေရးပဋိပကၡေတြမွာ အဓိကက်တဲ့ တပ္မေတာ္နဲ႔ AA အဖဲြ႔ၾကား တုိက္ခုိက္မႈေတြရပ္စဲထားၿပီး ေဆြးေႏြးတာေတြလည္း ရွိေနတယ္ ဆုိေပမဲ့ အစုိးရနဲ႔ တရား၀င္ေတြ႔ဆုံေဆြးေႏြးတာမ်ဳိးေတာ့ မေတြ႔ရေသးပါဘူး။ တခ်ိန္တည္းမွာပဲ အာဏာရ NLD အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္က လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း ၃ ေယာက္ကုိ AA အဖဲြ႔က ျပန္လႊတ္ေပးဖုိ႔လည္း မေန႔တုန္းကပဲ ထပ္မံေတာင္းဆုိထားပါတယ္။


[Unicode Version]

"ရခိုင်ရွေးကောက်ပွဲလုပ်နိုင်ဖို့ AA နဲ့ ညှိနှိုင်းခဲ့" တပ်မတော်ပြောခွင့်ရ

လက်နက်ကိုင်ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်မဖြစ်ဖို့နဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ ကြိုးပမ်းနေကြောင်း တပ်မတော်က ပြောဆိုလိုက်ပေမဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်အောင် တည်ငြိမ်မှုရဖို့ ကြိုးပမ်းနေတယ်လို့ တပ်မတော် တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မကျင်းပဖြစ်ခဲ့တဲ့ နယ်မြေတွေမှာ ဒီနှစ်ကုန်နောက်ဆုံးထား ကျင်းပနိုင်အောင် ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံလိုက်ပြီးနောက် တိုက်ခိုက်မှုတွေ ရပ်စဲထားတာကို ဆက်လက် ထိန်းသိမ်းနိုင်အောင် ကြိုးပမ်းနေတဲ့အကြောင်း ဒီကနေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်တာပါ။ တိုက်ခိုက်မှုတွေ ရပ်စဲထားပေမဲ့ တပ်အင်အားဖြည့်တင်းတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်က ပယ်ချလိုက်ပါတယ်။

“ရခိုင်ပြည်နယ်မှာ ကျနော်တို့အနေနဲ့က ပစ်ခတ်တိုက်ခတ်မှုတွေ ဆက်လက်မဖြစ်ပွားအောင် ဆောင်ရွက်နေတာတွေရှိတယ်။ စစ်အင်အား ဖြည့်တင်းတာမရှိဘူးလို့ပဲ ကျနော်ပြောချင်တယ်။ စစ်အင်အား ဖြည့်တင်းတာရှိတယ်ဆိုရင် ဘာအထောက်အထားအရ ဖြည့်တင်းတာရှိလို့ ပြောတာလည်းဆိုတာကို ကျနော်က ထပ်ပြီး မေးချင်တယ်။ နံပါတ် ၂ အချက်အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အေအေအနေနဲ့ ထုတ်ပြန်ချက် ကြေငြာချက် ထုတ်ပြန်ခဲ့တယ်။ ထုတ်ပြန်ချက်ထဲမှာ ဒီနှစ်မကုန်ခင်မှာ ရွေးကောက်ပွဲ လုပ်ပေးနိုင်ဖို့ ဆန္ဒရှိတဲ့အကြောင်း မေတ္တာရပ်ခံတဲ့အကြောင်း ဒါကို တပ်မတော်အနေနဲ့ ကြိုဆိုတဲ့ အကြောင်းပြောခဲ့တယ်။ အဲဒီနောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှု မရှိသလောက်ဖြစ်တယ်။ အခုချိန်ထိလည်း မရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွားနိုင်လား ဆက်မဖြစ်ပွားနိုင်လားဆိုတာကတော့ ကျနော်ပြောလိုတာက ၂ ဘက်လုံးအပေါ်မှာ မူတည်လိမ့်မယ်၊ ၂ ဘက်လုံးရဲ့ ဆက်လက် စောင့်ထိန်း၊ စောင့်ဆည်းမှုအပေါ်မှာပဲ မူတည်လိမ့်မယ်လိုပဲ ပြောချင်တယ်။”

လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ရပ်စဲထားပေမဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကသာ အဓိက ဆုံးဖြတ်ရမှာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေ ဒီနှစ်မကုန်ခင် ကျင်းပနိုင်ဖို့ ကမ်းလှမ်းခဲ့တဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား မကြာသေးခင်ကပဲ တိုက်ရိုက်ဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၀ ပြည့်နှစ် ကုန်ဆုံးဖို့ ရက်ပိုင်းသာ ကျန်တော့တာကြောင့် နှစ်မကုန်ခင် ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်မယ့် အလားအလာ မရှိဘူးလို့လည်း တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ တကျော့ပြန် ပေါ်ပေါက်လာမှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

“ရွေးကောက်ပွဲဖြစ်၊ မဖြစ်ဆိုတော့ကတော့ လောလောဆယ်အချိန်မှာတော့ UEC နဲ့ အစိုးရရဲ့ဆုံးဖြတ်ချက်က အဓိက ဖြစ်ပါလိမ့်မယ်။ တပ်နဲ့ အေအေ တိုက်ပွဲရပ်နေတာတော့ ၁ လနဲ့ ရက် ၂၀ လောက်ရှိသွားပြီ။ ဒါပေမဲ့ ရွေးကောက်ပွဲက အချိန်ပေးရတာက ၁ လလောက် အချိန်ပေးရတဲ့အခါကျတော့ ရွေးကောက်ပွဲ မကျင်းပဖို့က ရာခိုင်နှုန်းနည်းနည်းပို များနေသလားပေါ့။ တခုရှိတာက ဒီဇင်ဘာ ၃၁ ရက်ထိ အပစ်ရပ်ထားမယ်ဆိုတဲ့ ကြေငြာချက်အောက်မှာတော့ ၂ ဘက် တပ်မတော်ကရော၊ AA ကရော ဒါနဲ့ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေး သဘောထား ထပ်မံထုတ်ပြန်ထားခြင်းမရှိတာကတော့ ဒေသခံလူထုကတော့ စိုးရိမ်နေကြတယ်။”

ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေမှာ အဓိကကျတဲ့ တပ်မတော်နဲ့ AA အဖွဲ့ကြား တိုက်ခိုက်မှုတွေရပ်စဲထားပြီး ဆွေးနွေးတာတွေလည်း ရှိနေတယ် ဆိုပေမဲ့ အစိုးရနဲ့ တရားဝင်တွေ့ဆုံဆွေးနွေးတာမျိုးတော့ မတွေ့ရသေးပါဘူး။ တချိန်တည်းမှာပဲ အာဏာရ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ယောက်ကို AA အဖွဲ့က ပြန်လွှတ်ပေးဖို့လည်း မနေ့တုန်းကပဲ ထပ်မံတောင်းဆိုထားပါတယ်။

ေနျပည္ေတာ္က သတင္းစာရွင္းလင္းပဲြမွာ ေတြ႔ရတဲ့ တပ္မေတာ္ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း။ (ဓာတ္ပံု - တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ - ဒီဇင္ဘာ ၃၀၊ ၂၀၂၀)
https://burmese.voanews.com/a/rahine-aa-tatmataw-election/5718502.html 

No comments:

Post a Comment

Note: Only a member of this blog may post a comment.