Breaking

February 17, 2021

ျမန္မာ႔အေရး တရုတ္ေစ႔စပ္ေပးႏိုင္မယ္႔ အလားအလာ

 

(Zawgyi/Unicode)

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးေနာက္ ျဖစ္ေပၚေနတဲ့ ႏိုင္ငံေရး အက်ပ္အတည္းအၾကား တ႐ုတ္ႏိုင္ငံ ၾကားဝင္ ေစ့စပ္ေဆာင္႐ြက္ႏိုင္ေျခ အလားအလာနဲ႔ပတ္သက္ၿပီး ဝါရွင္တန္ ဒီစီ အေျခစိုက္ သုေတသနေလ့လာေရးအဖြဲ႕တစ္ခုျဖစ္တဲ့ Stimson Center က တ႐ုတ္ဌာန ဒါ႐ိုက္တာ Ms. Yun Sun ကို ကိုရဲမင္းထြန္းက ဆက္သြယ္ ေမးျမန္းထားပါတယ္။

ရဲမင္းထြန္း။ ။တ႐ုတ္ႏိုင္ငံရဲ႕ မူဝါဒေတြကို ေလ့လာေနတဲ့ ကြၽမ္းက်င္သူ တစ္ေယာက္အေနနဲ႔ Ms. Yun Sun က အခု ျမန္မာႏိုင္ငံမွာျဖစ္ပြား ခဲ့တဲ့ အာဏာသိမ္းမႈ ေနာက္ပိုင္း တ႐ုတ္ႏိုင္ငံရဲ႕ အခန္းက႑ကို ဘယ္လို ျမင္သလဲ။ ကုလသမဂၢက ေၾကညာခ်က္ေတြထဲက စကားလုံး အသုံး အႏႈန္းေတြကို တ႐ုတ္ႏိုင္ငံက အားေလ်ာ့သြားေအာင္ လုပ္တဲ့ ကိစၥလိုမ်ိဳးေတြမွာေပါ့။

Yun Sun ။ ။ျမန္မာႏိုင္ငံက ႏိုင္ငံေရး အေျပာင္းအလဲက တ႐ုတ္ႏိုင္ငံကို တကယ္ပဲ အခက္အခဲၾကား ေရာက္ေအာင္ တြန္းပို႔လိုက္တာပါ။ တ႐ုတ္ ႏိုင္ငံက အခုအခ်ိန္အထိ ဒါကို အာဏာသိမ္းမႈလို႔ မေခၚေသးပါဘူး။ တ႐ုတ္ သတင္းဌာနေတြနဲ႔ တရားဝင္ေၾကညာခ်က္ေတြကစစ္တပ္က တာဝန္ယူတာ၊ အစိုးရအေျပာင္းအလဲ စတဲ့ စကားလုံးေတြကိုပဲ သုံးႏႈန္းေနပါေသးတယ္။ တ႐ုတ္တို႔က တခုခုကို သတ္မွတ္ ျပဌာန္း ေျပာဆိုတာ မ်ိဳးကို ေရွာင္ၾကဥ္ေနပါေသးတယ္။

ျမန္မာစစ္တပ္ကို ေထာက္ခံၿပီး အာဏာသိမ္းမႈထဲ တ႐ုတ္တို႔ ပါဝင္တာမ်ိဳး၊ ျမန္မာ စစ္တပ္ကို အကာ အကြယ္ေပးတာမ်ိဳးစတဲ့ စကားေတြၾကား ေနပါတယ္။ ဒီႏွစ္ခုက ကြာပါတယ္။ ျမန္မာႏိုင္ငံပဲ ျဖစ္ျဖစ္ တျခား ႏိုင္ငံပဲ ျဖစ္ျဖစ္ တ႐ုတ္တို႔က ဘယ္ အခ်ဳပ္အျခာ အာဏာပိုင္တဲ့ ႏိုင္ငံကို မဆို ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ အကာအကြယ္ေပးမွာပဲ။ ဒါက ျပည္တြင္းေရး မစြက္ရဆိုတဲ့ တ႐ုတ္ႏိုင္ငံျခားေရး ဝါဒကို ထင္ဟပ္ေစတာပါ။ တ႐ုတ္က အာဏာသိမ္းတာကို ေထာက္ခံတယ္ဆိုတာက ေတာ္ေတာ္ေလး မတိက်တဲ့ ေျပာဆိုခ်က္ ျဖစ္ပါတယ္။ တ႐ုတ္က အရင္ကလည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဆက္ဆံေရး ေကာင္းခဲ့ပါတယ္။

ရဲမင္းထြန္း ။ ။တ႐ုတ္ႏိုင္ငံက ဘယ္ဘက္ကိုမွ တိတိက်က် လိုက္ေျပာဆိုတာ မရွိေသးသလို အခုျဖစ္ေနတဲ့ ျမန္မာႏိုင္ငံက အေျခအေနကိုလည္း မျမင္ေတြ႕လိုဘူးလို႔ ေျပာၿပီး ျပည္တြင္းမွာ အခ်င္းခ်င္းေျဖရွင္းဖို႔ ေျပာေနတယ္။ ေလာေလာဆယ္ ႏွစ္ဘက္လုံးက မေျပလည္ေသးေတာ့ တ႐ုတ္ ႏိုင္ငံကမ်ား ၾကားလူ အေနနဲ႔ ေစ့စပ္ညႇိႏႈိင္းဖို႔ ျမင္ပါသလား။

Yun Sun ။ ။တ႐ုတ္ႏိုင္ငံက ႏွစ္ဖက္စလုံးနဲ႔ ေကာင္းတဲ့ ဆက္ဆံေရး ရွိလို႔ အလားအလာရွိတဲ့ ၾကားဝင္ ေစ့စပ္ေပးသူ တစ္ေယာက္ေနရာမွာ ရွိေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ တ႐ုတ္ႏိုင္ငံက ႏွစ္ဖက္ စလုံးနဲ႔ ဆက္ဆံေရး ဆက္ေကာင္းခ်င္တာေၾကာင့္လည္း ဒါက တ႐ုတ္ႏိုင္ငံအတြက္ အားနည္းခ်က္ ျဖစ္ေစပါတယ္။ အဆုံးသတ္မွာ ဘာကို လိုခ်င္သလဲဆိုတဲ့ ရည္မွန္းခ်က္ ပီပီ ျပင္ျပင္ မရွိဘဲ ညႇိႏႈိင္းေပးေတာ့ေရာ ဒီ ေတြ႕ဆုံ ေဆြးေႏြးပြဲက ဘာအဓိပၸါယ္မွ မရွိပါဘူး။ ဒါေပမဲ့ လက္ရွိ အေျခအေနကို ႏိုင္ငံေရးအရ ႏွစ္ဖက္ သင့္ျမတ္စြာနဲ႔ ေျပလည္ေအာင္ လုပ္ႏိုင္မယ္ ဆိုရင္ ေတာ့ အေကာင္းဆုံး အေျဖ ျဖစ္လိမ့္မယ္။ ၾကားဝင္ ညႇိႏႈိင္းမႈနဲ႔ ေအာင္ျမင္ မေအာင္ျမင္ဆိုတာက အဆုံးသတ္မွာ ဘာကို လိုခ်င္တာ လဲအေပၚမွာ မူတည္ေနပါလိမ့္မယ္။ စစ္တပ္နဲ႔ NLD တို႔အၾကား ႏိုင္ငံေရး သေဘာတူညီခ်က္တစ္ခုရေကာင္းရႏိုင္မယ္လို႔ လူအမ်ား စိတ္ထဲမွာ ရွိေနမွာပါ။ ေဖေဖာ္ဝါရီ ၁ ရက္ အာဏာမသိမ္းမီ သီတင္းပတ္ထဲ ေစ့စပ္ေဆြးေႏြးပြဲေတြ မေအာင္မျမင္ ျဖစ္ခဲ့တာကိုလည္း ကြၽန္မတို႔ သိခဲ့ရ တယ္။

ရဲမင္းထြန္း ။ ။တ႐ုတ္နိုင္ငံျခားေရး ဝန္ႀကီး မၾကာမွီ လာမယ္ဆိုတဲ့ ေကာလာဟလေတြ ၾကားေနရတယ္။ အခု ေဆြးေႏြးျဖစ္မယ္ဆို တ႐ုတ္နိုင္ငံက ၾကားဝင္ ေစ့စပ္သူအျဖစ္ ပါဝင္ႏိုင္တယ္လို႔ မယူဆႏိုင္ဘူးလား။

Yun Sun ။ ။တကယ္သာ ျမန္မာႏိုင္ငံကို တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီး သြားမယ္ဆိုရင္ တ႐ုတ္တို႔က တာဝန္ရွိတဲ့ စိတ္နဲ႔ လုပ္တာမ်ိဳး ျဖစ္မွာပါ။ တ႐ုတ္တို႔က ကမကထျပဳ ေဆာင္႐ြက္ၿပီး ေရွ႕မတိုး ေနာက္မဆုတ္ ျဖစ္ေနတာကို ႏွစ္ဖက္ အေျဖရေအာင္ ေဆာင္႐ြက္တာမ်ိဳးပါ။ တ႐ုတ္တို႔က ႏွစ္ဘက္စလုံးကို အတူလာပါ စကားေျပာပါၿပီး အေျဖရွာပါ လို႔ ေျပာမွာပဲ။ ဒါေပမဲ့ တ႐ုတ္တို႔မွာ အဆိုျပဳခ်က္ ရွိမလား၊ အေျဖရွိၿပီးသားလား ဆိုတာကေတာ့ ေမးခြန္းထုတ္ စရာ ရွိပါတယ္။ တ႐ုတ္တို႔က အဲဒီလို ၾကားဝင္ ေစ့စပ္ေပးဖူးတဲ့ အေတြ႕အႀကဳံလည္း အမ်ားႀကီး မရွိပါဘူး။ ဒါ့အျပင္၊ ျမန္မာအေပၚထားရွိတဲ့ အေမရိကန္ရဲ႕ မူဝါဒကလည္း တ႐ုတ္တို႔ရဲ႕ တြက္ခ်က္လုပ္ကိုင္မႈအေပၚ သက္ေရာက္မႈ ရွိမွာပါ။

ရဲမင္းထြန္း ။ ။ဒါဆို ျမန္မာႏိုင္ငံကိစၥ တ႐ုတ္နဲ႔ အေမရိကန္တို႔ ညႇိႏႈိင္း ေဆာင္႐ြက္သြားႏိုင္မယ့္ အေျခအေနရွိမယ္လို႔ ထင္ပါသလား။

Yun Sun ။ ။အဲဒီလို ႏွစ္ႏိုင္ငံ လုပ္ေဆာင္လိမ့္မယ္လို႔ မထင္ပါဘူး။ ဒါေပမဲ့ အနည္းဆုံး ႏွစ္ႏိုင္ငံ ဒီအေၾကာင္း ေဆြးေႏြးသင့္တယ္လို႔ ထင္ပါတယ္။ ဘာေၾကာင့္လည္း ဆိုေတာ့ ျမန္မာႏိုင္ငံကိစၥက တ႐ုတ္ - အေမရိကန္ ႏွစ္ႏိုင္ငံစလုံးနဲ႔ ပါဝင္ ပတ္သက္ေနပါတယ္။ ျမန္မာႏိုင္ငံအတြင္းၿငိမ္းခ်မ္းေရး နဲ႔ တည္ၿငိမ္းေရးကိစၥက ႏွစ္ႏိုင္ငံ စလုံးရဲ႕ အမ်ိဳးသား အက်ိဳးစီးပြားကိစၥေတြ ျဖစ္ပါတယ္။

ရဲမင္းထြန္း ။ ။တ႐ုတ္၊ အေမရိကန္ ႏွစ္ႏိုင္ငံ ေဆြးေႏြးဖို႔က တကယ္ေကာ လက္ေတြ႕ ျဖစ္ႏိုင္မလား။

Yun Sun ။ ။ျဖစ္ႏိုင္ေျခ ရွိေပမဲ့ ေတာ္ေတာ္ေတာ့ ခက္ခဲတဲ့ ကိစၥ ျဖစ္ပါလိမ့္မယ္။ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈက ႏွစ္ႏိုင္ငံ စလုံးရဲ႕ အက်ိဳး စီးပြားျဖစ္ေနေပမယ့္ တျခား မတူညီတဲ့ အက်ိဳးစီးပြားေတြကလည္း တစ္ၿပိဳင္နက္တည္းမွာ ရွိေနပါတယ္။ ေလးႏွစ္တာ သမၼတ ထရမ့္ လက္ထက္မွာ ၿပိဳင္ဆိုင္မႈ မ်ားျပား လာေနတာေၾကာင့္ ျမန္မာ ကိစၥ အတူထိုင္ ေဆြးေႏြးဖို႔က ခက္ခဲမယ့္ ကိစၥ ျဖစ္မွာပါ။ ဒါေပမဲ့ ေဆြးေႏြးပြဲ မရွိသင့္ဘူးဆိုတာမ်ိဳးေတာ့လည္း မဟုတ္ပါဘူး။

ဝါရွင္တန္ ဒီစီ အေျခစိုက္ သုေတသနေလ့လာေရးအဖြဲ႕တစ္ခုျဖစ္တဲ့ Stimson Center က တ႐ုတ္ဌာန ဒါ႐ိုက္တာ Ms. Yun Sun ကို ကိုရဲမင္းထြန္းက ဆက္သြယ္ ေမးျမန္းခဲ့တာပါ။


............

မြန်မာ့အရေး တရုတ်စေ့စပ်ပေးနိုင်မယ့် အလားအလာ

(Unicode)

ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းအကြား တရုတ်နိုင်ငံ ကြားဝင် စေ့စပ်ဆောင်ရွက်နိုင်ခြေ အလားအလာနဲ့ပတ်သက်ပြီး ဝါရှင်တန် ဒီစီ အခြေစိုက် သုတေသနလေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Stimson Center က တရုတ်ဌာန ဒါရိုက်တာ Ms. Yun Sun ကို ကိုရဲမင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ရဲမင်းထွန်း။ ။တရုတ်နိုင်ငံရဲ့ မူဝါဒတွေကို လေ့လာနေတဲ့ ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ Ms. Yun Sun က အခု မြန်မာနိုင်ငံမှာဖြစ်ပွား ခဲ့တဲ့ အာဏာသိမ်းမှု နောက်ပိုင်း တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို ဘယ်လို မြင်သလဲ။ ကုလသမဂ္ဂက ကြေညာချက်တွေထဲက စကားလုံး အသုံး အနှုန်းတွေကို တရုတ်နိုင်ငံက အားလျော့သွားအောင် လုပ်တဲ့ ကိစ္စလိုမျိုးတွေမှာပေါ့။

Yun Sun ။ ။မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲက တရုတ်နိုင်ငံကို တကယ်ပဲ အခက်အခဲကြား ရောက်အောင် တွန်းပို့လိုက်တာပါ။ တရုတ် နိုင်ငံက အခုအချိန်အထိ ဒါကို အာဏာသိမ်းမှုလို့ မခေါ်သေးပါဘူး။ တရုတ် သတင်းဌာနတွေနဲ့ တရားဝင်ကြေညာချက်တွေကစစ်တပ်က တာဝန်ယူတာ၊ အစိုးရအပြောင်းအလဲ စတဲ့ စကားလုံးတွေကိုပဲ သုံးနှုန်းနေပါသေးတယ်။ တရုတ်တို့က တခုခုကို သတ်မှတ် ပြဌာန်း ပြောဆိုတာ မျိုးကို ရှောင်ကြဉ်နေပါသေးတယ်။

မြန်မာစစ်တပ်ကို ထောက်ခံပြီး အာဏာသိမ်းမှုထဲ တရုတ်တို့ ပါဝင်တာမျိုး၊ မြန်မာ စစ်တပ်ကို အကာ အကွယ်ပေးတာမျိုးစတဲ့ စကားတွေကြား နေပါတယ်။ ဒီနှစ်ခုက ကွာပါတယ်။ မြန်မာနိုင်ငံပဲ ဖြစ်ဖြစ် တခြား နိုင်ငံပဲ ဖြစ်ဖြစ် တရုတ်တို့က ဘယ် အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံကို မဆို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အကာအကွယ်ပေးမှာပဲ။ ဒါက ပြည်တွင်းရေး မစွက်ရဆိုတဲ့ တရုတ်နိုင်ငံခြားရေး ဝါဒကို ထင်ဟပ်စေတာပါ။ တရုတ်က အာဏာသိမ်းတာကို ထောက်ခံတယ်ဆိုတာက တော်တော်လေး မတိကျတဲ့ ပြောဆိုချက် ဖြစ်ပါတယ်။ တရုတ်က အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး ကောင်းခဲ့ပါတယ်။

ရဲမင်းထွန်း ။ ။တရုတ်နိုင်ငံက ဘယ်ဘက်ကိုမှ တိတိကျကျ လိုက်ပြောဆိုတာ မရှိသေးသလို အခုဖြစ်နေတဲ့ မြန်မာနိုင်ငံက အခြေအနေကိုလည်း မမြင်တွေ့လိုဘူးလို့ ပြောပြီး ပြည်တွင်းမှာ အချင်းချင်းဖြေရှင်းဖို့ ပြောနေတယ်။ လောလောဆယ် နှစ်ဘက်လုံးက မပြေလည်သေးတော့ တရုတ် နိုင်ငံကများ ကြားလူ အနေနဲ့ စေ့စပ်ညှိနှိုင်းဖို့ မြင်ပါသလား။

Yun Sun ။ ။တရုတ်နိုင်ငံက နှစ်ဖက်စလုံးနဲ့ ကောင်းတဲ့ ဆက်ဆံရေး ရှိလို့ အလားအလာရှိတဲ့ ကြားဝင် စေ့စပ်ပေးသူ တစ်ယောက်နေရာမှာ ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံက နှစ်ဖက် စလုံးနဲ့ ဆက်ဆံရေး ဆက်ကောင်းချင်တာကြောင့်လည်း ဒါက တရုတ်နိုင်ငံအတွက် အားနည်းချက် ဖြစ်စေပါတယ်။ အဆုံးသတ်မှာ ဘာကို လိုချင်သလဲဆိုတဲ့ ရည်မှန်းချက် ပီပီ ပြင်ပြင် မရှိဘဲ ညှိနှိုင်းပေးတော့ရော ဒီ တွေ့ဆုံ ဆွေးနွေးပွဲက ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ ဒါပေမဲ့ လက်ရှိ အခြေအနေကို နိုင်ငံရေးအရ နှစ်ဖက် သင့်မြတ်စွာနဲ့ ပြေလည်အောင် လုပ်နိုင်မယ် ဆိုရင် တော့ အကောင်းဆုံး အဖြေ ဖြစ်လိမ့်မယ်။ ကြားဝင် ညှိနှိုင်းမှုနဲ့ အောင်မြင် မအောင်မြင်ဆိုတာက အဆုံးသတ်မှာ ဘာကို လိုချင်တာ လဲအပေါ်မှာ မူတည်နေပါလိမ့်မယ်။ စစ်တပ်နဲ့ NLD တို့အကြား နိုင်ငံရေး သဘောတူညီချက်တစ်ခုရကောင်းရနိုင်မယ်လို့ လူအများ စိတ်ထဲမှာ ရှိနေမှာပါ။ ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းမီ သီတင်းပတ်ထဲ စေ့စပ်ဆွေးနွေးပွဲတွေ မအောင်မမြင် ဖြစ်ခဲ့တာကိုလည်း ကျွန်မတို့ သိခဲ့ရ တယ်။

ရဲမင်းထွန်း ။ ။တရုတ်နိုင်ငံခြားရေး ဝန်ကြီး မကြာမှီ လာမယ်ဆိုတဲ့ ကောလာဟလတွေ ကြားနေရတယ်။ အခု ဆွေးနွေးဖြစ်မယ်ဆို တရုတ်နိုင်ငံက ကြားဝင် စေ့စပ်သူအဖြစ် ပါဝင်နိုင်တယ်လို့ မယူဆနိုင်ဘူးလား။

Yun Sun ။ ။တကယ်သာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး သွားမယ်ဆိုရင် တရုတ်တို့က တာဝန်ရှိတဲ့ စိတ်နဲ့ လုပ်တာမျိုး ဖြစ်မှာပါ။ တရုတ်တို့က ကမကထပြု ဆောင်ရွက်ပြီး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာကို နှစ်ဖက် အဖြေရအောင် ဆောင်ရွက်တာမျိုးပါ။ တရုတ်တို့က နှစ်ဘက်စလုံးကို အတူလာပါ စကားပြောပါပြီး အဖြေရှာပါ လို့ ပြောမှာပဲ။ ဒါပေမဲ့ တရုတ်တို့မှာ အဆိုပြုချက် ရှိမလား၊ အဖြေရှိပြီးသားလား ဆိုတာကတော့ မေးခွန်းထုတ် စရာ ရှိပါတယ်။ တရုတ်တို့က အဲဒီလို ကြားဝင် စေ့စပ်ပေးဖူးတဲ့ အတွေ့အကြုံလည်း အများကြီး မရှိပါဘူး။ ဒါ့အပြင်၊ မြန်မာအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒကလည်း တရုတ်တို့ရဲ့ တွက်ချက်လုပ်ကိုင်မှုအပေါ် သက်ရောက်မှု ရှိမှာပါ။

ရဲမင်းထွန်း ။ ။ဒါဆို မြန်မာနိုင်ငံကိစ္စ တရုတ်နဲ့ အမေရိကန်တို့ ညှိနှိုင်း ဆောင်ရွက်သွားနိုင်မယ့် အခြေအနေရှိမယ်လို့ ထင်ပါသလား။

Yun Sun ။ ။အဲဒီလို နှစ်နိုင်ငံ လုပ်ဆောင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ အနည်းဆုံး နှစ်နိုင်ငံ ဒီအကြောင်း ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ မြန်မာနိုင်ငံကိစ္စက တရုတ် - အမေရိကန် နှစ်နိုင်ငံစလုံးနဲ့ ပါဝင် ပတ်သက်နေပါတယ်။ မြန်မာနိုင်ငံအတွင်းငြိမ်းချမ်းရေး နဲ့ တည်ငြိမ်းရေးကိစ္စက နှစ်နိုင်ငံ စလုံးရဲ့ အမျိုးသား အကျိုးစီးပွားကိစ္စတွေ ဖြစ်ပါတယ်။

ရဲမင်းထွန်း ။ ။တရုတ်၊ အမေရိကန် နှစ်နိုင်ငံ ဆွေးနွေးဖို့က တကယ်ကော လက်တွေ့ ဖြစ်နိုင်မလား။

Yun Sun ။ ။ဖြစ်နိုင်ခြေ ရှိပေမဲ့ တော်တော်တော့ ခက်ခဲတဲ့ ကိစ္စ ဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုက နှစ်နိုင်ငံ စလုံးရဲ့ အကျိုး စီးပွားဖြစ်နေပေမယ့် တခြား မတူညီတဲ့ အကျိုးစီးပွားတွေကလည်း တစ်ပြိုင်နက်တည်းမှာ ရှိနေပါတယ်။ လေးနှစ်တာ သမ္မတ ထရမ့် လက်ထက်မှာ ပြိုင်ဆိုင်မှု များပြား လာနေတာကြောင့် မြန်မာ ကိစ္စ အတူထိုင် ဆွေးနွေးဖို့က ခက်ခဲမယ့် ကိစ္စ ဖြစ်မှာပါ။ ဒါပေမဲ့ ဆွေးနွေးပွဲ မရှိသင့်ဘူးဆိုတာမျိုးတော့လည်း မဟုတ်ပါဘူး။

ဝါရှင်တန် ဒီစီ အခြေစိုက် သုတေသနလေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Stimson Center က တရုတ်ဌာန ဒါရိုက်တာ Ms. Yun Sun ကို ကိုရဲမင်းထွန်းက ဆက်သွယ် မေးမြန်းခဲ့တာပါ။

 https://burmese.voanews.com/a/myanmar-crisis-situation-china-as-a-mediator/5781343.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.