Breaking

February 17, 2021

ဖမ်းဆီးထားတဲ့ မြန်မာခေါင်းဆောင်တွေ ပြန်လွှတ်ဖို့ တောင်ကိုရီးယားတောင်းဆို

 2021-02-16


ဖမ်းဆီးထားတဲ့ မြန်မာခေါင်းဆောင်တွေ ပြန်လွှတ်ဖို့ တောင်ကိုရီးယားတောင်းဆို  
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း တို့ ၂ဝ၁၉ စက်တင်ဘာလက နေပြည်တော်တွင် တွေ့ဆုံကြစဉ်။
Photo: RFA

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး ချွဲဂျုန်ဂွန် က ခေါ်ယူတွေ့ဆုံပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံနေရတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တခြားနိုင်ငံရေးသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ဝ၂ဝ နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို တောင်ကိုရီးယားအစိုးရအနေနဲ့ အသိအမှတ် ပြုထားကြောင်း၊ လက်ရှိဆန္ဒပြနေသူတွေကို အကြမ်းဖက်ဖြိုခွဲခြင်း မပြုဖို့ လိုအပ်ကြောင်း၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားတဲ့ဆန္ဒတွေကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လိုအပ်ကြောင်း၊ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေကို တောင်ကိုရီးယားနိုင်ငံက စိုးရိမ်ပူပန်စွာ အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ သူတို့တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း စသဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 https://www.rfa.org/burmese/news/south-korea-calls-for-immidiate-release-of-myanmar-state-counsellor-02162021114904.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.