Breaking

February 21, 2021

မႏၱေလး အၾကမ္းဖက္ၿဖိဳခြင္းမႈအေပၚ မ်က္ျမင္သက္ေသေတြရဲ႕ ေျပာၾကားခ်က္


လုံၿခဳံေရးတပ္ဖြဲ႔ဝင္မ်ားရဲ႕ ပစ္ခတ္မႈေၾကာင့္ ေျပးေရွာင္ပုန္းေနရတဲ့ မႏၱေလးေဒသခံအခ်ဳိ႕။ (ေဖေဖာ္ဝါရီ ၂၀၊ ၂၀၂၁။ ဓာတ္ပုံ - ဗြီအိုေအျမန္မာပုိင္း)
(Zawgyi / Unicode)

ျမန္မာစစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီနဲ႔ မပူးေပါင္းမေဆာင္ရြက္ေရး CDM လႈပ္ရွားဆႏၵျပမႈေတြထဲ အျပင္းထန္ဆံုး ႏွိမ္နင္းမႈအျဖစ္ မႏၱေလးမွာ မေန႔က ၿမိဳ႕စြန္ျမစ္ကမ္းေဘးက ေအာက္ေျခလူတန္းစားျပည္သူေတြ ခံစားလိုက္ရၿပီလို႔ လႈပ္ရွားမႈမွာ ပါဝင္သူေတြက ဆိုပါတယ္။ ရတနာပံုသေဘာၤက်င္း လုပ္သားေတြရဲ႕ CDM လႈပ္ရွားမႈကို ကူညီေပးခဲ့တဲ့ အနီးဝန္းက်င္က ေဒသခံေတြ အဓိကခံစားခဲ့ရတဲ့ ဒီလိုၿဖိဳခြင္းမႈ ဘယ္လုိစတင္ျဖစ္ေပၚခဲ့တယ္ ဆုိတာနဲ႔ ေရွ႕ဆက္ ဘယ္လိုျဖစ္လာမလဲ ဆုိတာေတြနဲ႔ ပတ္သက္လုိ႔ ဦးေဆာင္ပါဝင္ေနသူေတြ အပါအဝင္ ဒီၿဖိဳခြင္းမႈကုိ မ်က္ျမင္ႀကံဳခဲ့တဲ့ အလြတ္သတင္းေထာက္တဦးတုိ႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။

မႏၱေလးၿမိဳ႕က စစ္အာဏာရွင္ဆန္႔က်င္ေရး ျပည္သူ႔အင္အားမ်ား ခ်ိတ္ဆက္ညိႇႏႈိင္းေရး ေကာ္မတီ ေခါင္းေဆာင္တဦးျဖစ္တဲ့ ေဒါက္တာေတဇာဆန္းက အခုလိုေျပာပါတယ္။

“တပ္နဲ႔ လုံၿခဳံေရးေတြက သေဘၤာတစီးကို ထြက္ဖို႔ ဖိအားေပးတယ္၊ အမိန္႔ေပးတယ္။ အဲဒီမွာ ဝန္ထမ္းေတြကက်ေတာ့ လုံးဝ လက္မခံႏုိင္ဘူးေပါ့။ သူတို႔က ေမာင္းမယ္ေျပာလည္း ဝန္ထမ္းေတြက လက္မခံႏုိင္ဘဲ ျပႆနာတက္တယ္။ အဲဒါကို အဲဒီအနီးအနား ရပ္ကြက္က သိၿပီးေတာ့ ျပည္သူလူထုေတြက ဝန္ထမ္းေတြကို အားေပးေထာက္ခံတဲ့ အေနနဲ႔ ျဖစ္ေနတဲ့ တာ႐ုိးေခၚတာေပါ့၊ ၄၁ လမ္း ကမ္းနားလမ္းေပါ့၊ ဧရာဝတီျမစ္ေဘာင္ေပၚမွာ လူစုလူေဝးနဲ႔ ကန္႔ကြက္ ဆႏၵျပတာ။ အဲဒီမွာ လုံၿခဳံေရးေတြ အရင္ဆုံး ရဲ၊ ၿပီးရင္ စစ္သားေတြပါ အင္အားအမ်ားဆုံးနဲ႔ ေရာက္လာၿပီးေတာ့ ေန႔လယ္မွာလည္း ပစ္တယ္။ အဆုိးဆံုးကေတာ့ ညေနပုိင္းေပါ့၊ ၄ နာရီေလာက္မွာ ပစ္တာကေတာ့ တကယ့္ကုိ က်ည္ဆန္အစစ္ေတြ၊ မ်က္ရည္ယိုဗုံးေတြနဲ႔။ က်ေနာ္တုိ႔ဗ်ာ တကယ္စစ္ပြဲတခုမွာ ပစ္သလုိ ပစ္တာပါပဲ။”

ဒါ့အျပင္ ဒီ မႏၱေလး ဆႏၵျပပြဲေတြမွာ တက္ႂကြစြာ ပါဝင္ေနတဲ့ ကေနာင္အင္စတီက်ဳ အမႈေဆာင္ဒါ႐ုိက္တာ ကိုသန္းျမတ္စုိးကလည္း သူျမင္ေတြ႔ရတာကို အခုလိုေျပာပါတယ္။

“သေဘၤာေပၚမွာ ရဲ ၈ ေယာက္ ပိတ္မိသလို ျဖစ္သြားတယ္။ ဒီကိစၥကို နာေရးကူညီမႈကား ဘာညာေတြမွာပါတဲ့ ပရဟိတအသင္းကလူေတြ ညႇိတာေတြ လုပ္တယ္။ လူကလည္း အရမ္းမ်ားလာတယ္။ ထိပ္တုိက္ေတြ႔တဲ့ကိစ​ၥ မလုပ္ဘဲနဲ႔ လူစုခြဲဖို႔ကိစၥ ညိႇေတာ့ အဆင္ေျပတယ္။ အဲဒီေတာ့ ျပန္ဖို႔လုပ္ေနတဲ့အခ်ိန္မွာ ရဲနဲ႔ စစ္သားေတြ ေပါင္းၿပီး ကားေတြေရာက္လာၿပီး ေလးဘက္ေလးတန္ ပိတ္ၿပီးေတာ့မွ ေရကား ဘာညာေတြနဲ႔ ၿဖဳိခြင္းတဲ့အခ်ိန္မွာ လူစုက ကြဲမသြားဘဲ ထပ္ၿပီး ေရာက္လာတယ္။ အင္အားက မ်ားလာတဲ့အခ်ိန္မွာ က်ည္အစစ္ေတြ သုံးၿပီးေတာ့ ၿဖိဳခြင္းတာေတြ လုပ္ခဲ့တယ္။”

ဒီျဖစ္စဥ္မွာ ရွိေနခဲ့တဲ့ မႏၱေလးအေျခစုိက္ အလြတ္သတင္းေထာက္ ကိုစန္းယုေက်ာ္ကလည္း အခုလိုေျပာပါတယ္။

“က်ေနာ္လည္း အဲဒီထဲမွာ ရွိပါတယ္ဗ်။ ၁ နာရီ ၅၅ ေလာက္မွာ ကမ္းနားလမ္းနဲ႔ ရတနာပုံ သေဘၤာက်င္းနားမွာ ကနဦး လုံၿခဳံေရးယူထားတဲ့ဟာေတြက ခြနဲ႔ပစ္တာကို ေတြ႔ရတယ္။ ပစ္ၿပီးေတာ့ အဲလုိပဲ ႐ုန္းရင္းဆန္ခတ္ေတြ ျဖစ္ၿပီးေတာ့ ၾကားကေန ညိႇၿပီး ျပန္မယ္ ျပဳမယ္ ျဖစ္တဲ့အခ်ိန္မွာပဲ ၂ နာရီေလာက္မွာ စၿပီးေတာ့ ၿဖဳိခြင္းတာ။ ပထမပုိင္းမွာေတာ့ ေသနတ္အခ်က္ေပါင္း ၅၀ ေလာက္ ၾကားရတယ္။ အေတာ္က်ယ္တယ္။ မႏၱေလးမွာေတာ့ စစ္အာဏာသိမ္းၿပီး ေနာက္ပုိင္းမွာ ပထမဦးဆုံးအႀကိမ္ ၿဖိဳခြင္းတာ အႀကီးက်ယ္ဆုံးနဲ႔ ထိခုိက္ဒဏ္ရာရမႈ အမ်ားဆုံး၊ ေသဆုံးမႈအမ်ားဆုံးပဲ။”

ဒီထိခုိက္ေသဆုံး ဒဏ္ရာရမႈအေပၚ ေဒါက္တာေတဇာဆန္းက ပြဲခ်င္းၿပီး တဦးေသဆုံးတာအျပင္ ေနာက္ထပ္ အနည္းဆုံး တဦးေသဆုံးကာ…

“ေသလုေမ်ာပါး ဒဏ္ရာရေနတဲ့ ပုဂၢိဳလ္ေတြလည္း ရွိတယ္။ ဒဏ္ရာ ေတာ္ေတာ္ျပင္းထန္တဲ့လူက ၇ ေယာက္ေလာက္ရွိတယ္။ ဒဏ္ရာရတဲ့လူ အနည္းဆုံး ၄၀ ေက်ာ္တယ္လို႔ သိရတယ္ ဆရာဝန္ေတြကတဆင့္။ ဖမ္းဆီးခံရတဲ့ ပုဂၢိဳလ္ေတြလည္း အနည္းဆုံး ရာဂဏန္းရွိတယ္လို႔ သိရတယ္။ အဲဒီေတာ့ ပစ္တာခတ္တာကေတာ့ ေတာ္ေတာ့္ကို ဆုိးဆုိးဝါးဝါး။ ေနာက္ၿပီးေတာ့ ထြက္ေျပးတဲ့လူေတြကို ရပ္ကြက္ထဲထိဝင္ၿပီး ပစ္တယ္ဗ်ာ။ မီဒီယာေတြကိုလည္း ပစ္တယ္။ ေနာက္ဆုံး ဝင္လာတဲ့ လူနာတင္ယာဥ္ လူမႈကူညီေရး ကားေတြကအစ ပစ္တယ္ဗ်ာ။ ေတာ္္ေတာ့္ကို ဆုိးဆုိးဝါးဝါးျဖစ္ပါတယ္။ စႏုိက္ပါနဲ႔ကို ပစ္တယ္ဗ်ာ အေဝးကေန။ အခု ဘယ္ေလာက္ထိဆုိးလဲဆုိ အဲဒီ ရပ္ကြက္ ၄၁ လမ္းက ျပည္သူေတြက ေၾကာက္လန္႔ၿပီး ကုိယ့္အိမ္ကို မေနရဲတဲ့အဆင့္ထိေရာက္ၿပီး နီးစပ္ရာ ဘုန္းႀကီးေက်ာင္းေတြမွာ သြားစုၿပီး ေနရတဲ့အဆင့္ထိ သူတုိ႔က ဆုိးဆုိးဝါးဝါး ပစ္တာခတ္တာေတြ လုပ္ၾကတယ္ဗ်ာ။” လုိ႔ ေျပာပါတယ္။

အဓိက ဘာေၾကာင့္ အခုလို ၿဖဳိခြဲတာ ျဖစ္လာပါသလဲ ဆုိတာကို ကုိစန္းယုေက်ာ္က အခုလိုေျပာပါတယ္။

“CDM လႈပ္ရွားမႈမွာ ဥပမာ မီးရထားမွာ ၿဖိဳခြင္းတဲ့ကိစၥ ရွိတယ္။ ဒီေန႔က ဒီအေၾကာင္းေပါ့။ CDM လႈပ္ရွားမႈေတြမွာ မႏၱေလးက ေတာ္ေတာ္ေလး ထဲထဲဝင္ဝင္နဲ႔ အစုိးရယႏၱရားကို ဆန္႔က်င္မွာ အဓိကမ်ား က်ေနသလားေတာ့ မသိဘူးဗ်။”

ဒီအေၾကာင္းရင္းအေပၚ ကိုသန္းျမတ္စိုးကေတာ့ …

“ႏုိင္ငံတကာသံ႐ုံးေတြ ဘာေတြ မရွိေတာ့ အၾကမ္းဖက္မႈေတြ ပုိၿပီးေတာ့ ၿဖိဳခြင္းတာမ်ဳိး ရွိတယ္လို႔ ယူဆတယ္။ ေနာက္တခုကေတာ့ က်ေနာ္တုိ႔ မႏၱေလးမွာက ၿမိဳ႕ထဲကိုမဝင္ခင္ ၿမိဳ႕အစြန္မွာရွိတဲ့ဟာေတြ စၿပီဆုိ ၿဖိဳခြင္းမႈလုပ္လာတယ္လို႔ ကေ်နာ္ေတာ့ ယူဆတယ္။” လို႔ ေျပာပါတယ္။

ဒီအေပၚ ေရွ႕မွာ ဆက္ျဖစ္လာႏုိင္တာကို ေဒါက္တာေတဇာဆန္းက …

“ေၾကာက္ေအာင္ ၿခိမ္းေျခာက္သည္ျဖစ္ေစ၊ အခုလို အၾကမ္းဖက္သည္ျဖစ္ေစ က်ေနာ္တုိ႔အေနနဲ႔ေတာ့ ဘာမွ တြန္႔ဆုတ္သြားျခင္း မရွိဘူး။ ဆက္လက္ ဆန္႔က်င္ ကန္႔ကြက္ ဆႏၵေဖာ္ထုတ္သြားမွာ ျဖစ္ပါတယ္။ မနက္ျဖန္ဆုိရင္လည္း ကေ်နာ္တုိ႔ မႏၱေလးျပည္သူေတြက ဆႏၵထုတ္ေဖာ္ပြဲႀကီးကို အႀကီးအက်ယ္ ဆက္လက္က်င္းပၾကမွာ ျဖစ္ပါတယ္။” လုိ႔ ဆုိပါတယ္။

တကယ္ေတာ့ စစ္အာဏာသိမ္းၿပီး ဆန္႔က်င္ေရး လႈပ္ရွားမႈေတြထဲမွာ ေနျပည္ေတာ္မွာ ပထမဆုံး ေသြးေျမက် ေသဆုံးမႈ ျဖစ္ခဲ့ရၿပီး အခု မႏၱေလးမွာ ဒုတိယအႀကိမ္ ေသဆုံးမႈေတြ ျဖစ္လာတာပါ။


-----------------------------

(Unicode)

မန္တလေး အကြမ်းဖက်ဖြိုခွင်းမှုအပေါ် မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ မပူးပေါင်းမဆောင်ရွက်ရေး CDM လှုပ်ရှားဆန္ဒပြမှုတွေထဲ အပြင်းထန်ဆုံး နှိမ်နင်းမှုအဖြစ် မန္တလေးမှာ မနေ့က မြို့စွန်မြစ်ကမ်းဘေးက အောက်ခြေလူတန်းစားပြည်သူတွေ ခံစားလိုက်ရပြီလို့ လှုပ်ရှားမှုမှာ ပါဝင်သူတွေက ဆိုပါတယ်။ ရတနာပုံသဘောၤကျင်း လုပ်သားတွေရဲ့ CDM လှုပ်ရှားမှုကို ကူညီပေးခဲ့တဲ့ အနီးဝန်းကျင်က ဒေသခံတွေ အဓိကခံစားခဲ့ရတဲ့ ဒီလိုဖြိုခွင်းမှု ဘယ်လိုစတင်ဖြစ်ပေါ်ခဲ့တယ် ဆိုတာနဲ့ ရှေ့ဆက် ဘယ်လိုဖြစ်လာမလဲ ဆိုတာတွေနဲ့ ပတ်သက်လို့ ဦးဆောင်ပါဝင်နေသူတွေ အပါအဝင် ဒီဖြိုခွင်းမှုကို မျက်မြင်ကြုံခဲ့တဲ့ အလွတ်သတင်းထောက်တဦးတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

မန္တလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက အခုလိုပြောပါတယ်။

“တပ်နဲ့ လုံခြုံရေးတွေက သင်္ဘောတစီးကို ထွက်ဖို့ ဖိအားပေးတယ်၊ အမိန့်ပေးတယ်။ အဲဒီမှာ ဝန်ထမ်းတွေကကျတော့ လုံးဝ လက်မခံနိုင်ဘူးပေါ့။ သူတို့က မောင်းမယ်ပြောလည်း ဝန်ထမ်းတွေက လက်မခံနိုင်ဘဲ ပြဿနာတက်တယ်။ အဲဒါကို အဲဒီအနီးအနား ရပ်ကွက်က သိပြီးတော့ ပြည်သူလူထုတွေက ဝန်ထမ်းတွေကို အားပေးထောက်ခံတဲ့ အနေနဲ့ ဖြစ်နေတဲ့ တာရိုးခေါ်တာပေါ့၊ ၄၁ လမ်း ကမ်းနားလမ်းပေါ့၊ ဧရာဝတီမြစ်ဘောင်ပေါ်မှာ လူစုလူဝေးနဲ့ ကန့်ကွက် ဆန္ဒပြတာ။ အဲဒီမှာ လုံခြုံရေးတွေ အရင်ဆုံး ရဲ၊ ပြီးရင် စစ်သားတွေပါ အင်အားအများဆုံးနဲ့ ရောက်လာပြီးတော့ နေ့လယ်မှာလည်း ပစ်တယ်။ အဆိုးဆုံးကတော့ ညနေပိုင်းပေါ့၊ ၄ နာရီလောက်မှာ ပစ်တာကတော့ တကယ့်ကို ကျည်ဆန်အစစ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့။ ကျနော်တို့ဗျာ တကယ်စစ်ပွဲတခုမှာ ပစ်သလို ပစ်တာပါပဲ။”

ဒါ့အပြင် ဒီ မန္တလေး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ ပါဝင်နေတဲ့ ကနောင်အင်စတီကျု အမှုဆောင်ဒါရိုက်တာ ကိုသန်းမြတ်စိုးကလည်း သူမြင်တွေ့ရတာကို အခုလိုပြောပါတယ်။

“သင်္ဘောပေါ်မှာ ရဲ ၈ ယောက် ပိတ်မိသလို ဖြစ်သွားတယ်။ ဒီကိစ္စကို နာရေးကူညီမှုကား ဘာညာတွေမှာပါတဲ့ ပရဟိတအသင်းကလူတွေ ညှိတာတွေ လုပ်တယ်။ လူကလည်း အရမ်းများလာတယ်။ ထိပ်တိုက်တွေ့တဲ့ကိစ္စ မလုပ်ဘဲနဲ့ လူစုခွဲဖို့ကိစ္စ ညှိတော့ အဆင်ပြေတယ်။ အဲဒီတော့ ပြန်ဖို့လုပ်နေတဲ့အချိန်မှာ ရဲနဲ့ စစ်သားတွေ ပေါင်းပြီး ကားတွေရောက်လာပြီး လေးဘက်လေးတန် ပိတ်ပြီးတော့မှ ရေကား ဘာညာတွေနဲ့ ဖြိုခွင်းတဲ့အချိန်မှာ လူစုက ကွဲမသွားဘဲ ထပ်ပြီး ရောက်လာတယ်။ အင်အားက များလာတဲ့အချိန်မှာ ကျည်အစစ်တွေ သုံးပြီးတော့ ဖြိုခွင်းတာတွေ လုပ်ခဲ့တယ်။”

ဒီဖြစ်စဉ်မှာ ရှိနေခဲ့တဲ့ မန္တလေးအခြေစိုက် အလွတ်သတင်းထောက် ကိုစန်းယုကျော်ကလည်း အခုလိုပြောပါတယ်။

“ကျနော်လည်း အဲဒီထဲမှာ ရှိပါတယ်ဗျ။ ၁ နာရီ ၅၅ လောက်မှာ ကမ်းနားလမ်းနဲ့ ရတနာပုံ သင်္ဘောကျင်းနားမှာ ကနဦး လုံခြုံရေးယူထားတဲ့ဟာတွေက ခွနဲ့ပစ်တာကို တွေ့ရတယ်။ ပစ်ပြီးတော့ အဲလိုပဲ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပြီးတော့ ကြားကနေ ညှိပြီး ပြန်မယ် ပြုမယ် ဖြစ်တဲ့အချိန်မှာပဲ ၂ နာရီလောက်မှာ စပြီးတော့ ဖြိုခွင်းတာ။ ပထမပိုင်းမှာတော့ သေနတ်အချက်ပေါင်း ၅၀ လောက် ကြားရတယ်။ အတော်ကျယ်တယ်။ မန္တလေးမှာတော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် ဖြိုခွင်းတာ အကြီးကျယ်ဆုံးနဲ့ ထိခိုက်ဒဏ်ရာရမှု အများဆုံး၊ သေဆုံးမှုအများဆုံးပဲ။”

ဒီထိခိုက်သေဆုံး ဒဏ်ရာရမှုအပေါ် ဒေါက်တာတေဇာဆန်းက ပွဲချင်းပြီး တဦးသေဆုံးတာအပြင် နောက်ထပ် အနည်းဆုံး တဦးသေဆုံးကာ…

“သေလုမျောပါး ဒဏ်ရာရနေတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ဒဏ်ရာ တော်တော်ပြင်းထန်တဲ့လူက ၇ ယောက်လောက်ရှိတယ်။ ဒဏ်ရာရတဲ့လူ အနည်းဆုံး ၄၀ ကျော်တယ်လို့ သိရတယ် ဆရာဝန်တွေကတဆင့်။ ဖမ်းဆီးခံရတဲ့ ပုဂ္ဂိုလ်တွေလည်း အနည်းဆုံး ရာဂဏန်းရှိတယ်လို့ သိရတယ်။ အဲဒီတော့ ပစ်တာခတ်တာကတော့ တော်တော့်ကို ဆိုးဆိုးဝါးဝါး။ နောက်ပြီးတော့ ထွက်ပြေးတဲ့လူတွေကို ရပ်ကွက်ထဲထိဝင်ပြီး ပစ်တယ်ဗျာ။ မီဒီယာတွေကိုလည်း ပစ်တယ်။ နောက်ဆုံး ဝင်လာတဲ့ လူနာတင်ယာဉ် လူမှုကူညီရေး ကားတွေကအစ ပစ်တယ်ဗျာ။ တော်တော့်ကို ဆိုးဆိုးဝါးဝါးဖြစ်ပါတယ်။ စနိုက်ပါနဲ့ကို ပစ်တယ်ဗျာ အဝေးကနေ။ အခု ဘယ်လောက်ထိဆိုးလဲဆို အဲဒီ ရပ်ကွက် ၄၁ လမ်းက ပြည်သူတွေက ကြောက်လန့်ပြီး ကိုယ့်အိမ်ကို မနေရဲတဲ့အဆင့်ထိရောက်ပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ သွားစုပြီး နေရတဲ့အဆင့်ထိ သူတို့က ဆိုးဆိုးဝါးဝါး ပစ်တာခတ်တာတွေ လုပ်ကြတယ်ဗျာ။” လို့ ပြောပါတယ်။

အဓိက ဘာကြောင့် အခုလို ဖြိုခွဲတာ ဖြစ်လာပါသလဲ ဆိုတာကို ကိုစန်းယုကျော်က အခုလိုပြောပါတယ်။

“CDM လှုပ်ရှားမှုမှာ ဥပမာ မီးရထားမှာ ဖြိုခွင်းတဲ့ကိစ္စ ရှိတယ်။ ဒီနေ့က ဒီအကြောင်းပေါ့။ CDM လှုပ်ရှားမှုတွေမှာ မန္တလေးက တော်တော်လေး ထဲထဲဝင်ဝင်နဲ့ အစိုးရယန္တရားကို ဆန့်ကျင်မှာ အဓိကများ ကျနေသလားတော့ မသိဘူးဗျ။”

ဒီအကြောင်းရင်းအပေါ် ကိုသန်းမြတ်စိုးကတော့ …

“နိုင်ငံတကာသံရုံးတွေ ဘာတွေ မရှိတော့ အကြမ်းဖက်မှုတွေ ပိုပြီးတော့ ဖြိုခွင်းတာမျိုး ရှိတယ်လို့ ယူဆတယ်။ နောက်တခုကတော့ ကျနော်တို့ မန္တလေးမှာက မြို့ထဲကိုမဝင်ခင် မြို့အစွန်မှာရှိတဲ့ဟာတွေ စပြီဆို ဖြိုခွင်းမှုလုပ်လာတယ်လို့ ကျေနာ်တော့ ယူဆတယ်။” လို့ ပြောပါတယ်။

ဒီအပေါ် ရှေ့မှာ ဆက်ဖြစ်လာနိုင်တာကို ဒေါက်တာတေဇာဆန်းက …

“ကြောက်အောင် ခြိမ်းခြောက်သည်ဖြစ်စေ၊ အခုလို အကြမ်းဖက်သည်ဖြစ်စေ ကျနော်တို့အနေနဲ့တော့ ဘာမှ တွန့်ဆုတ်သွားခြင်း မရှိဘူး။ ဆက်လက် ဆန့်ကျင် ကန့်ကွက် ဆန္ဒဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ မနက်ဖြန်ဆိုရင်လည်း ကျေနာ်တို့ မန္တလေးပြည်သူတွေက ဆန္ဒထုတ်ဖော်ပွဲကြီးကို အကြီးအကျယ် ဆက်လက်ကျင်းပကြမှာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

တကယ်တော့ စစ်အာဏာသိမ်းပြီး ဆန့်ကျင်ရေး လှုပ်ရှားမှုတွေထဲမှာ နေပြည်တော်မှာ ပထမဆုံး သွေးမြေကျ သေဆုံးမှု ဖြစ်ခဲ့ရပြီး အခု မန္တလေးမှာ ဒုတိယအကြိမ် သေဆုံးမှုတွေ ဖြစ်လာတာပါ။

 https://burmese.voanews.com/a/mandalay-protests-cracked-down/5786581.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.