Breaking

February 8, 2021

အစိုးရဝန္ထမ္းမ်ားအလုပ္မဆင္း သပိတ္ေမွာက္မႈ စတင္


ေနျပည္ေတာ္က စစ္အာဏာဆန္႔က်င္ဆႏၵျပ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၈၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္း အုပ္ခ်ဳပ္မႈအေပၚ ကန္႔ကြက္တဲ့အေနနဲ႔ ဒီေန႔ႏိုင္ငံအႏွံ႔မွာ အစိုးရဝန္ထမ္းေတြပါဝင္တဲ့ အေထြေထြသပိတ္ေမွာက္ ဆႏၵျပပဲြေတြ ျဖစ္ခဲ့ပါတယ္။ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၱေလး၊ စစ္ကိုင္း၊ မံု႐ြာ၊ ေတာင္ႀကီး၊ ပုသိမ္၊ တာခ်ီလိတ္ စတဲ့ ၿမိဳ႕ႀကီးေတြနဲ႔ မြန္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခုိင္ျပည္နယ္၊ ဧရာဝတီတိုင္းထဲက ၿမိဳ႕ေတြအပါအဝင္ ႏိုင္ငံတဝန္းက ၿမိဳ႕ေတြမွာ ဆရာဝန္ေတြ၊ အင္ဂ်င္နီယာေတြ၊ ေ႐ွ႕ေနေတြ၊ ေက်ာင္းဆရာ၊ ဆရာမေတြစတဲ့ အစိုးရဝန္ထမ္းေတြ ပါဝင္ဆႏၵျပၾကပါတယ္။ သိန္းနဲ႔ခ်ီ႐ွိတဲ့ ဆႏၵျပသူေတြက စစ္အာဏာ႐ွင္စနစ္အလို မ႐ွိ၊ ဒီမိုကေရစီ ရ႐ွိေရး၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ အဓိကေတာင္းဆိုၾကပါတယ္။ ေနရာအႏွံ႔မွာျဖစ္ခဲ့တဲ့ ဆႏၵျပပြဲေတြမွာ အသက္ ႀကီးငယ္မေ႐ြး၊ လူတန္းစားအလႊာစံုက ျပည္သူ သိန္းနဲ႔ခ်ီ ပါဝင္ၾကပါတယ္။ အထူးသျဖင့္ လူငယ္ေတြ တက္တက္ႂကြႂကြ ပါဝင္ဆႏၵျပၾကတာျမင္ရပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပတဲ့ အင္ဂ်င္နီယာေတြထဲက တေယာက္က သူတို႔ဘာေၾကာင့္ ဆႏၵျပရသလဲဆိုတာကို ခုလိုေျပာပါတယ္။

"ဒီစစ္အာဏာရွင္စနစ္ဆိုးၾကီးကို ေနာက္ထပ္မ်ိဳးဆက္သစ္ကို ဘယ္ေတာ့မွ လက္ဆင့္မကမ္းေတာ့ဘူး။ က်ေနာ္တို႔ လက္ထက္မွာပဲ... အျမစ္ျပတ္ ေခ်မႈန္းသြားမွာပါ။ ၿပီးေတာ့ လူငယ္ေတြဟာဆိုရင္ အခုခ်ိန္မွာ အာဆီယံမွာလည္း ေနာက္က်၊ ကမၻာ့အလယ္မွာ အျမဲတမ္း မ်က္ႏွာငယ္ေနရတယ္။ အဲဒီအခါက်ေတာ့ က်ေနာ္တို႔ မ်ိဳးဆက္သစ္ ေနာက္ထပ္လာမယ့္ မ်ိဳးဆက္သစ္ကိုလည္း လံုးဝ လက္ဆင့္မကမ္းပါေတာ့ဘူး။"

ခ်ီတက္ဆႏၵျပသူ အမ်ဳိးသမီးႀကီးတေယာက္ကလည္း သူဆႏၵျပရတဲ့အေၾကာင္းကို ခုလိုေျပာပါတယ္။

"စစ္အာဏာရွင္ကို လံုးဝ အလိုမရွိပါဘူး။ စစ္အာဏာရွင္ကို ဘယ္တုန္းကမွလည္း အလိုမရွိခဲ့ပါဘူး။ ဘယ္သူကမွလည္း မလိုလားပါဘူး။ ျပည္သူတရပ္လံုးအေနနဲ႔ ရဲရဲဝံ့ဝံ့ ေျပာခ်င္ပါတယ္။"

ဒီေန႔ဆႏၵျပပဲြေတာ္ေတာ္မ်ားမ်ား ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ႐ွိေပမဲ့ ေနျပည္ေတာ္က ဆႏၵျပပြဲမွာ ဆႏၵျပသူေတြကို ရဲက မီးသတ္ပိုက္နဲ႔ ၿဖိဳခြင္းဖုိ႔ ႀကိဳးစားတဲ့အတြက္ တခ်ဳိ႕ ထိခိုက္၊ ဒဏ္ရာရခဲ့ၾကပါတယ္။ မႏၱေလးၿမိဳ႕ဆႏၵျပပြဲမွာေတာ့ သံဃာေတာ္ေတြပါ ပါဝင္ ဆႏၵထုတ္ေဖာ္ၾကပါတယ္။

သမၼတဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ အရပ္သားအစုိးရေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့အေပၚ မေက်နပ္ၾကတဲ့အတြက္ ျပည္သူေတြ လမ္းေပၚထြက္ ဆႏၵျပတာ ဒီေန႔ ၃ ရက္ေျမာက္ေန႔ျဖစ္ပါတယ္။ ဒီေန႔ ေဖေဖာ္ဝါရီလ ၈ ရက္ေန႔မွာ အစိုးရဝန္ထမ္းေတြ အားလံုး အလုပ္မဆင္းၾကဘဲ အေထြေထြသပိတ္ေမွာက္ၾကဖုိ႔ ၈၈ မ်ဳိးဆက္ေခါင္းေဆာင္ေတြရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔ေဘာင္အဖဲြ႔က ေဆာ္ၾသခဲ့ပါတယ္။

စစ္အာဏာသိမ္းမႈအေပၚ ျပည္သူေတြအားလံုး ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ကန္႔ကြက္ေနၾကတာကို အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီကလည္း အားေပး အသိအမွတ္ျပဳေၾကာင္း ထုတ္ျပန္ထားပါတယ္။ ႏိုဝင္ဘာေ႐ြးေကာက္ပြဲမွာ မဲမသမာမႈ ႐ွိႏုိင္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ တပ္မေတာ္ေခါင္းေဆာင္တခ်ဳိ႕ အာဏာသိမ္းခဲ့တာဟာ လံုးဝ မွန္ကန္မႈ မ႐ွိဘူးဆိုတာ ျပည္သူေတြရဲ႕ ဆႏၵထုတ္ေဖာ္မႈေတြက ျပသေနတယ္လို႔ NLD ပါတီ ျပည္ေတာ္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီရဲ႕ ဒီေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ လက္နက္အားကိုး အႏုိင္က်င့္ၿပီး ျပည္ေထာင္စု အစိုးရကို ဖ်က္သိမ္းဖို႔ အားထုတ္မႈဟာ ျပစ္မႈဆိုင္ရာ ဥပေဒ အခန္း ၆ ပါ ျပဌာန္းခ်က္ေတြနဲ႔ ျငိစြန္းေနၿပီး ျပည္ေထာင္စုႏိုင္ငံေတာ္ အစိုးရကုိ ဆန္႔က်င္ က်ဴးလြန္တဲ့ ရာဇဝတ္ျပစ္မႈေျမာက္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေထာက္ျပထားပါတယ္။

[Unicode Version]

အစိုးရဝန်ထမ်းများအလုပ်မဆင်း သပိတ်မှောက်မှု စတင်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း အုပ်ချုပ်မှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့နိုင်ငံအနှံ့မှာ အစိုးရဝန်ထမ်းတွေပါဝင်တဲ့ အထွေထွေသပိတ်မှောက် ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ တောင်ကြီး၊ ပုသိမ်၊ တာချီလိတ် စတဲ့ မြို့ကြီးတွေနဲ့ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းထဲက မြို့တွေအပါအဝင် နိုင်ငံတဝန်းက မြို့တွေမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ရှေ့နေတွေ၊ ကျောင်းဆရာ၊ ဆရာမတွေစတဲ့ အစိုးရဝန်ထမ်းတွေ ပါဝင်ဆန္ဒပြကြပါတယ်။ သိန်းနဲ့ချီရှိတဲ့ ဆန္ဒပြသူတွေက စစ်အာဏာရှင်စနစ်အလို မရှိ၊ ဒီမိုကရေစီ ရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အဓိကတောင်းဆိုကြပါတယ်။ နေရာအနှံ့မှာဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အသက် ကြီးငယ်မရွေး၊ လူတန်းစားအလွှာစုံက ပြည်သူ သိန်းနဲ့ချီ ပါဝင်ကြပါတယ်။ အထူးသဖြင့် လူငယ်တွေ တက်တက်ကြွကြွ ပါဝင်ဆန္ဒပြကြတာမြင်ရပါတယ်။ ရန်ကုန်မြို့မှာ ဆန္ဒပြတဲ့ အင်ဂျင်နီယာတွေထဲက တယောက်က သူတို့ဘာကြောင့် ဆန္ဒပြရသလဲဆိုတာကို ခုလိုပြောပါတယ်။

"ဒီစစ်အာဏာရှင်စနစ်ဆိုးကြီးကို နောက်ထပ်မျိုးဆက်သစ်ကို ဘယ်တော့မှ လက်ဆင့်မကမ်းတော့ဘူး။ ကျနော်တို့ လက်ထက်မှာပဲ... အမြစ်ပြတ် ချေမှုန်းသွားမှာပါ။ ပြီးတော့ လူငယ်တွေဟာဆိုရင် အခုချိန်မှာ အာဆီယံမှာလည်း နောက်ကျ၊ ကမ္ဘာ့အလယ်မှာ အမြဲတမ်း မျက်နှာငယ်နေရတယ်။ အဲဒီအခါကျတော့ ကျနော်တို့ မျိုးဆက်သစ် နောက်ထပ်လာမယ့် မျိုးဆက်သစ်ကိုလည်း လုံးဝ လက်ဆင့်မကမ်းပါတော့ဘူး။"

ချီတက်ဆန္ဒပြသူ အမျိုးသမီးကြီးတယောက်ကလည်း သူဆန္ဒပြရတဲ့အကြောင်းကို ခုလိုပြောပါတယ်။

"စစ်အာဏာရှင်ကို လုံးဝ အလိုမရှိပါဘူး။ စစ်အာဏာရှင်ကို ဘယ်တုန်းကမှလည်း အလိုမရှိခဲ့ပါဘူး။ ဘယ်သူကမှလည်း မလိုလားပါဘူး။ ပြည်သူတရပ်လုံးအနေနဲ့ ရဲရဲဝံ့ဝံ့ ပြောချင်ပါတယ်။"

ဒီနေ့ဆန္ဒပြပွဲတော်တော်များများ ငြိမ်းငြိမ်းချမ်းချမ်း ရှိပေမဲ့ နေပြည်တော်က ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေကို ရဲက မီးသတ်ပိုက်နဲ့ ဖြိုခွင်းဖို့ ကြိုးစားတဲ့အတွက် တချို့ ထိခိုက်၊ ဒဏ်ရာရခဲ့ကြပါတယ်။ မန္တလေးမြို့ဆန္ဒပြပွဲမှာတော့ သံဃာတော်တွေပါ ပါဝင် ဆန္ဒထုတ်ဖော်ကြပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်း အုပ်ချုပ်နေတဲ့အပေါ် မကျေနပ်ကြတဲ့အတွက် ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြတာ ဒီနေ့ ၃ ရက်မြောက်နေ့ဖြစ်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အစိုးရဝန်ထမ်းတွေ အားလုံး အလုပ်မဆင်းကြဘဲ အထွေထွေသပိတ်မှောက်ကြဖို့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင်အဖွဲ့က ဆော်သြခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုအပေါ် ပြည်သူတွေအားလုံး ငြိမ်းချမ်းတဲ့နည်းနဲ့ ကန့်ကွက်နေကြတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း အားပေး အသိအမှတ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှု ရှိနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်မတော်ခေါင်းဆောင်တချို့ အာဏာသိမ်းခဲ့တာဟာ လုံးဝ မှန်ကန်မှု မရှိဘူးဆိုတာ ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေက ပြသနေတယ်လို့ NLD ပါတီ ပြည်တော်စုလွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လက်နက်အားကိုး အနိုင်ကျင့်ပြီး ပြည်ထောင်စု အစိုးရကို ဖျက်သိမ်းဖို့ အားထုတ်မှုဟာ ပြစ်မှုဆိုင်ရာ ဥပဒေ အခန်း ၆ ပါ ပြဌာန်းချက်တွေနဲ့ ငြိစွန်းနေပြီး ပြည်ထောင်စုနိုင်ငံတော် အစိုးရကို ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ ထုတ်ပြန်ချက်ထဲမှာ ထောက်ပြထားပါတယ်။

 https://burmese.voanews.com/a/cdc-movement/5769524.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.