Breaking

February 13, 2021

ဖမ္းဆီးထားတဲ့ေခါင္းေဆာင္ေတြ ျပန္လႊတ္ေပးေရး အာဏာသိမ္း စစ္အုပ္စုကို ကုလ လူ႔အခြင့္အေရးေကာင္စီ ေတာင္းဆို

 


(Zawgyi/Unicode)

မေန႔ ေသာၾကာေန႔က က်င္းပတဲ့ ျမန္မာ့ အေရးကိစၥ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အထူး အစည္းအေဝးက ျမန္မာနိုင္ငံမွာ အရပ္သား အုပ္ခ်ဳပ္ေရး အျမန္ဆုံး ျပန္လည္ တည္ေဆာက္ဖို႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ ေတာင္းဆိုလိုက္ ပါတယ္။

ဆြစ္ဇာလန္နိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕၊ ကုလသမဂၢ အဖြဲ႕႐ုံးခ်ဳပ္မွာ က်င္းပခဲ့တဲ့ အစည္းအေဝးက ျမန္မာနိုင္ငံအတြင္း ဥပေဒမဲ့ ဖမ္းဆီး ထိန္းသိမ္း ခံေနရသူအားလုံးကို ႁခြင္းခ်က္မရွိ အျမန္ဆုံး လႊတ္ေပးဖို႔နဲ႔ ေရြးေကာက္ခံ အစိုးရ ျပန္လည္ဖြဲ႕စည္းဖို႔ေတာင္းဆိုတဲ့ဆုံးျဖတ္ခ်က္ကိုမဲမခြဲ ရဘဲ အခုလို အတည္ျပဳ ခ်မွတ္လိုက္ပါတယ္။

ဆုံးျဖတ္ခ်က္ ခ်မွတ္ေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ဥကၠဌ Nazhat Shameem Khan က အတည္ျပဳ ေၾကညာလိုက္တာပါ။

အဖြဲ႕ဝင္ ၄၇ နိုင္ငံ ပါဝင္တဲ့ ကုလလူ႔အခြင့္အေရးေကာင္စီမွာ ကန္႔ကြက္မဲ မရွိဘဲ ခ်မွတ္လိုက္တဲ့ အဲဒီ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ကုလစင္ျမင့္မွာ ျမန္မာနိုင္ငံကို အစဥ္အစိုက္ ေထာက္ခံတဲ့ တ႐ုတ္နဲ႔ ႐ုရွားနိုင္ငံတို႔က ဆုံးျဖတ္ခ်က္ထဲ မပါဝင္ဘဲ dissociate လုပ္ခဲ့ပါတယ္။

ဆုံးျဖတ္ခ်က္ကို ေထာက္ခံခဲ့တဲ့ ၿဗိတိန္နိုင္ငံ အျမဲတမ္းကိုယ္စားလွယ္ကေတာ့ ကုလ လူ႔အခြင့္အေရးေကာင္စီက ျမန္မာျပည္သူလူထု နဲ႔တသားတည္းရွိတယ္လို႔ ေျပာပါတယ္။

“အလုံးစုံေသာ လူ႔အခြင့္အေရးေတြကို အကာအကြယ္ေပးဖို႔ ကၽြန္ေတာ္တို႔မွာ တာဝန္ ရွိတာေၾကာင့္ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးေတြ က်င့္သုံးေတာင္းဆိုေနတဲ့ ျမန္မာျပည္သူျပည္သားေတြနဲ႔ ကၽြန္ေတာ္တို႔ အတူ ရပ္တည္ပါတယ္” လို႔ ၿဗိတိန္ သံအမတ္ႀကီး Julian Braithwaite က ေျပာပါတယ္။

ပုံမွန္ သိပ္က်င္းပေလ့ မရွိတဲ့ အဲဒီ ကုလ လူ႔အခြင့္အေရး ေကာင္စီ အထူး အစည္းအေဝးကို တင္သြင္းတဲ့ ဆုံးျဖတ္ခ်က္ကို ၿဗိတိန္နဲ႔ ဥေရာပသမဂၢတို႔က ဦးေဆာင္ တင္သြင္းခဲ့တာပါ။ မူရင္းစာသားမွာ ကုလသမဂၢ ကၽြမ္းက်င္သူတစ္ဦးက ျမန္မာ့အေျခအေနကို အနီး ကပ္ ေစာင့္ၾကည့္ဖို႔နဲ႔ ျမန္မာစစ္တပ္ကို ကန္႔သတ္တားျမစ္နိုင္ဖို႔ အခ်က္ေတြကို ပါဝင္ခဲ့တာပါ။ ဒါေပမဲ့ အဲဒီ အခ်က္ေတြကို ျဖဳတ္ခ်ေပး ၿပီးမွ တညီတညြတ္တည္း ဆုံးျဖတ္နိုင္ခဲ့တာပါ။

ကန္႔ကြက္သူ မရွိဘဲ ဆုံးျဖတ္ခ်က္ခ်အၿပီးမွာေတာ့ တ႐ုတ္ သံအမတ္ႀကီး Chen Xu က ဆုံးျဖတ္ခ်က္ မူၾကမ္းတင္သြင္းသူေတြကို ေက်းဇူးတင္ စကားေျပာၾကားခဲ့ေပမယ့္ တ႐ုတ္နိုင္ငံက ဒီ ဆုံးျဖတ္ခ်က္ထဲ မပါဝင္ဘူးလို႔ ေျပာပါတယ္။ ႐ုရွား၊ ဗင္နီဇြဲလား၊ ဘိုလစ္ဗီးယားနဲ႔ ဖိလစ္ပိုင္နိုင္ငံတို႔ကလည္း တ႐ုတ္နိုင္ငံလို႔ဘဲ ဆုံးျဖတ္ခ်က္ထဲ မပါဝင္ဘဲ dissociate လုပ္ခဲ့တာပါ။

နိုင္ငံေတာ္ စီမံ အုပ္ခ်ဳပ္ေရးေကာင္စီ ကိုယ္စားလွယ္ ျမန္မာ သံအမတ္ႀကီးကလည္း အခုလို ေျပာပါတယ္။

“ဒီလို ဆုံးျဖတ္ခ်က္မ်ိဳးက လက္ခံနိုင္စရာ မရွိေၾကာင္းနဲ႔ ဆုံးျဖတ္ခ်က္ထဲ မပါဝင္ dissociate လုပ္ေၾကာင္း”ဂ်ီနီဗာၿမိဳ႕ ကုလသမဂၢဆိုင္ရာ ျမန္မာ သံအမတ္ ဦးျမင့္သူက ေျပာသြားတာပါ။

အခုဆုံးျဖတ္ခ်က္အရ လူ႔အခြင့္အေရးေကာင္စီ အေနနဲ႔ ဒဏ္ခတ္ အေရးယူနိုင္တဲ့အခြင့္အာဏာမရွိေပမယ့္ျမန္မာနိုင္ငံအတြင္းအင္အား သုံး အၾကမ္းဖက္မႈနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ျဖစ္ေပၚေနတယ္ဆိုတာကို အတည္ျပဳ ေထာက္ခံ ေျပာဆိုနိုင္မွာ ျဖစ္ပါတယ္။

...........

ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေး အာဏာသိမ်း စစ်အုပ်စုကို ကုလ လူ့အခွင့်အရေးကောင်စီ တောင်းဆို

(Unicode)

မနေ့ သောကြာနေ့က ကျင်းပတဲ့ မြန်မာ့ အရေးကိစ္စ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူး အစည်းအဝေးက မြန်မာနိုင်ငံမှာ အရပ်သား အုပ်ချုပ်ရေး အမြန်ဆုံး ပြန်လည် တည်ဆောက်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက် ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ကုလသမဂ္ဂ အဖွဲ့ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးက မြန်မာနိုင်ငံအတွင်း ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်း ခံနေရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ရွေးကောက်ခံ အစိုးရ ပြန်လည်ဖွဲ့စည်းဖို့တောင်းဆိုတဲ့ဆုံးဖြတ်ချက်ကိုမဲမခွဲ ရဘဲ အခုလို အတည်ပြု ချမှတ်လိုက်ပါတယ်။

ဆုံးဖြတ်ချက် ချမှတ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဌ Nazhat Shameem Khan က အတည်ပြု ကြေညာလိုက်တာပါ။

အဖွဲ့ဝင် ၄၇ နိုင်ငံ ပါဝင်တဲ့ ကုလလူ့အခွင့်အရေးကောင်စီမှာ ကန့်ကွက်မဲ မရှိဘဲ ချမှတ်လိုက်တဲ့ အဲဒီ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကုလစင်မြင့်မှာ မြန်မာနိုင်ငံကို အစဉ်အစိုက် ထောက်ခံတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဆုံးဖြတ်ချက်ထဲ မပါဝင်ဘဲ dissociate လုပ်ခဲ့ပါတယ်။

ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့တဲ့ ဗြိတိန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ကတော့ ကုလ လူ့အခွင့်အရေးကောင်စီက မြန်မာပြည်သူလူထု နဲ့တသားတည်းရှိတယ်လို့ ပြောပါတယ်။

“အလုံးစုံသော လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန် ရှိတာကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ကျင့်သုံးတောင်းဆိုနေတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ ကျွန်တော်တို့ အတူ ရပ်တည်ပါတယ်” လို့ ဗြိတိန် သံအမတ်ကြီး Julian Braithwaite က ပြောပါတယ်။

ပုံမှန် သိပ်ကျင်းပလေ့ မရှိတဲ့ အဲဒီ ကုလ လူ့အခွင့်အရေး ကောင်စီ အထူး အစည်းအဝေးကို တင်သွင်းတဲ့ ဆုံးဖြတ်ချက်ကို ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့က ဦးဆောင် တင်သွင်းခဲ့တာပါ။ မူရင်းစာသားမှာ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက မြန်မာ့အခြေအနေကို အနီး ကပ် စောင့်ကြည့်ဖို့နဲ့ မြန်မာစစ်တပ်ကို ကန့်သတ်တားမြစ်နိုင်ဖို့ အချက်တွေကို ပါဝင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီ အချက်တွေကို ဖြုတ်ချပေး ပြီးမှ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခဲ့တာပါ။

ကန့်ကွက်သူ မရှိဘဲ ဆုံးဖြတ်ချက်ချအပြီးမှာတော့ တရုတ် သံအမတ်ကြီး Chen Xu က ဆုံးဖြတ်ချက် မူကြမ်းတင်သွင်းသူတွေကို ကျေးဇူးတင် စကားပြောကြားခဲ့ပေမယ့် တရုတ်နိုင်ငံက ဒီ ဆုံးဖြတ်ချက်ထဲ မပါဝင်ဘူးလို့ ပြောပါတယ်။ ရုရှား၊ ဗင်နီဇွဲလား၊ ဘိုလစ်ဗီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကလည်း တရုတ်နိုင်ငံလို့ဘဲ ဆုံးဖြတ်ချက်ထဲ မပါဝင်ဘဲ dissociate လုပ်ခဲ့တာပါ။

နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ကိုယ်စားလှယ် မြန်မာ သံအမတ်ကြီးကလည်း အခုလို ပြောပါတယ်။

“ဒီလို ဆုံးဖြတ်ချက်မျိုးက လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ဆုံးဖြတ်ချက်ထဲ မပါဝင် dissociate လုပ်ကြောင်း”ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ် ဦးမြင့်သူက ပြောသွားတာပါ။

အခုဆုံးဖြတ်ချက်အရ လူ့အခွင့်အရေးကောင်စီ အနေနဲ့ ဒဏ်ခတ် အရေးယူနိုင်တဲ့ အခွင့်အာဏာ မရှိပေမယ့်မြန်မာနိုင်ငံအတွင်းအင်အား သုံး အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို အတည်ပြု ထောက်ခံ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

 https://burmese.voanews.com/a/un-resolution-on-the-arrested-leader-release-/5776400.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.