Breaking

March 13, 2021

စစ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၄၀ ကြာ

 2021-03-12

ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့မတ်လ ၁၂ ရက်နေ့အထိ စစ်တပ်အာဏာသိမ်းထားတာ ရက်ပေါင်း ၄၀ ရှိသွားပါပြီ။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေပေမယ့် ဆန္ဒပြတဲ့သူတွေကတော့ လမ်းမတွေပေါ်မှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ဒီနေ့ မတ်လ ၁၂ ရက်နေ့မှာ စစ်တပ်နဲ့ ရဲတွေဟာ ရန်ကုန်မြို့ထဲက ရပ်ကွက်တွေအထဲထိ လိုက်လံပစ်ခတ်လာသလို ဆန္ဒပြရာမှာ မပါဝင်သူတွေကိုလည်း ရိုက်နှက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

ဆန္ဒပြသူတွေက ရဲနဲ့ စစ်သားတွေ ရပ်ကွက်ထဲမဝင်နိုင်အောင် ကာဆီးထားတဲ့ အကာအရံတွေကိုလည်း ဖျက်စီးခဲ့သလို ပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့တာ၊ ပစ္စည်းတချို့ကို ယူဆောင်သွားတာတွေလည်းရှိတယ်လို့ ပြောကြပါတယ်။

RFA က ကောက်ယူထားတဲ့စာရင်းတွေအရ ဒီနေ့အထိ သေဆုံးတဲ့သူ ၇၁ ယောက်ရှိသွားပြီဖြစ်ပြီးတော့ နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့ AAPP အဖွဲ့ရဲ့စာရင်းအရ စစ်အာဏာသိမ်းအပြီး အဖမ်းဆီးခံထားရသူ အရေအတွက်ဟာ (၁၇၀၀)ကျော် ရှိသွားပြီဖြစ်ပါတယ်။

 https://www.rfa.org/burmese/multimedia/40days-after-military-coup-03122021112948.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.