Breaking

March 11, 2021

စစ္အာဏာသိမ္း ဆန္႔က်င္သူေတြအေပၚ အၾကမ္းဖက္မႈကို ရႈတ္ခ်ဖို႔ လံုၿခံဳေရးေကာင္စီ သေဘာတူ


စစ္အာဏာသိမ္း ဆန္႔က်င္သူေတြအေပၚ အၾကမ္းဖက္မႈကို ရႈတ္ခ်ဖို႔ လံုၿခံဳေရးေကာင္စီ သေဘာတူ

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္သူေတြအေပၚ အၾကမ္းဖက္မႈကို ရႈတ္ခ်ၿပီး စစ္တပ္အေနနဲ႔ ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ဖို႔ တိုက္တြန္းတဲ့ ဆုံးျဖတ္ခ်က္ တရပ္ကို ကုလသမဂၢ လံုၿခံဳေရးေကာင္စီက ခ်မွတ္လိုက္ပါတယ္။

“လုံျခံဳေရးေကာင္စီ အဖဲြ႕၀င္ေတြရဲ႕ သေဘာတူညီခ်က္အရ ဆုံးျဖတ္ခ်က္ကို တရား၀င္ အတည္ျပဳလိုက္ေၾကာင္း” အလွည့္က် ဥကၠ႒ျဖစ္တဲ့ ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ႀကီး Linda Thomas-Greenfield ကေျပာဆိုလိုက္တာပါ။

ၿဗိတိန္ႏိုင္ငံက ေရးသားတင္သြင္းတဲ့ ဆုံးျဖတ္ခ်က္ မူၾကမ္းမွာ အေစာပိုင္းတုန္းက ထည့္သြင္းထားတဲ့ စစ္အာဏာသိမ္းမႈအေပၚ ရႈတ္ခ်တယ္ဆိုတဲ့ အသံုးအႏႈန္းနဲ႔ ဆက္လက္ အေရးယူလုပ္ေဆာင္မယ့္ ကိစၥကိုေတာ့ တ႐ုတ္၊ ႐ုရွား၊ အိႏၵိယနဲ႔ ဗီယက္နမ္ႏိုင္ငံေတြက ကန္႔ကြက္တာေၾကာင့္ ဆုံးျဖတ္ခ်က္ထဲကေန ခ်န္ထားခဲ့ရတယ္လို႔လည္း သံတမန္ အသိုင္းအ၀န္းကို ကိုးကားၿပီး Reuters သတင္းက ေဖာ္ျပပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းလိုက္တာကို ၿငိမ္းခ်မ္းစြာ ကန္႔ကြက္ဆႏၵျပေနသူေတြကို ျမန္မာလုံျခံဳေရးတပ္ဖဲြ႕ေတြက အၾကမ္းဖက္ ႏွိမ္နင္းမႈေၾကာင့္ ထိခိုက္ေသဆုံးမႈေတြ တိုးလာေနခ်ိန္မွာပဲ လုံျခံဳေရးေကာင္စီမွာ ဆုံးျဖတ္ခ်က္ခ်ဖို႔ လက္ခံလိုက္တာပါ။

လုံျခံဳေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္က ျမန္မာစစ္အာဏာပိုင္ေတြအေပၚ သက္ေရာက္မႈ ရွိမယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ António Guterres ကေျပာပါတယ္။

“ဖမ္းဆီးထားသူေတြ အားလုံးကို ျပန္လႊတ္ေပးဖို႔၊ ေရြးေကာက္ပဲြ ရလဒ္ကို ေလးစားဖို႔ ၿပီးျပည့္စုံမႈ မရွိေပမဲ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းဖို႔ ႀကိဳးပမ္းေနတဲ့ အေျခအေနမ်ဳိး ျပန္ေရာက္လာေအာင္ မျဖစ္မေန လုပ္ဖို႔လိုတယ္ဆိုတာကို ျမန္မာစစ္တပ္ အေနနဲ႔ ပိုၿပီးေတာ့ အသိတရား ရွိလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

ဆႏၵျပပဲြေတြအေပၚ ႏွိမ္နင္းမႈေတြေၾကာင့္ ေသဆုံးသူအျဖစ္ အတည္ျပဳႏိုင္သူ ၆၇ ေယာက္ ရွိေၾကာင္းလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရသူ Stéphane Dujarric က ဗုဒၶဟူးေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုထားပါတယ္။


.............

စစ်အာဏာသိမ်း ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက်မှုကို ရှုတ်ချဖို့ လုံခြုံရေးကောင်စီ သဘောတူ

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက်မှုကို ရှုတ်ချပြီး စစ်တပ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက် တရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်လိုက်ပါတယ်။

“လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေရဲ့ သဘောတူညီချက်အရ ဆုံးဖြတ်ချက်ကို တရားဝင် အတည်ပြုလိုက်ကြောင်း” အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ကပြောဆိုလိုက်တာပါ။

ဗြိတိန်နိုင်ငံက ရေးသားတင်သွင်းတဲ့ ဆုံးဖြတ်ချက် မူကြမ်းမှာ အစောပိုင်းတုန်းက ထည့်သွင်းထားတဲ့ စစ်အာဏာသိမ်းမှုအပေါ် ရှုတ်ချတယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ ဆက်လက် အရေးယူလုပ်ဆောင်မယ့် ကိစ္စကိုတော့ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေက ကန့်ကွက်တာကြောင့် ဆုံးဖြတ်ချက်ထဲကနေ ချန်ထားခဲ့ရတယ်လို့လည်း သံတမန် အသိုင်းအဝန်းကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေသူတွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းမှုကြောင့် ထိခိုက်သေဆုံးမှုတွေ တိုးလာနေချိန်မှာပဲ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချဖို့ လက်ခံလိုက်တာပါ။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်က မြန်မာစစ်အာဏာပိုင်တွေအပေါ် သက်ရောက်မှု ရှိမယ်လို့ မျှော်လင့်ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကပြောပါတယ်။

“ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ ရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့ ပြီးပြည့်စုံမှု မရှိပေမဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကြိုးပမ်းနေတဲ့ အခြေအနေမျိုး ပြန်ရောက်လာအောင် မဖြစ်မနေ လုပ်ဖို့လိုတယ်ဆိုတာကို မြန်မာစစ်တပ် အနေနဲ့ ပိုပြီးတော့ အသိတရား ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဆန္ဒပြပွဲတွေအပေါ် နှိမ်နင်းမှုတွေကြောင့် သေဆုံးသူအဖြစ် အတည်ပြုနိုင်သူ ၆၇ ယောက် ရှိကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stéphane Dujarric က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။ 

 https://burmese.voanews.com/a/security-council-on-myanmar-situation-/5809314.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.