Breaking

March 15, 2021

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ဆက္ျဖစ္ေနမႈ ကုလအထူးကိုယ္စားလွယ္ ျပင္းထန္စြာရႈတ္ခ်


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener
[ Zawgyi / Unicode ]

ျမန္မာစစ္တပ္ဟာ လုံၿခဳံးေရးေကာင္စီအပါအဝင္ ႏိုင္ငံတကာက ေတာင္းဆိုတဲ့အတိုင္း ထိန္းထိန္းသိမ္းသိမ္းရွိေရး ညႇိႏႈိင္းေဆြးေႏြးေရး နဲ႔ လူ႔အခြင့္အေရးနဲ႔လြတ္လပ္ခြင့္ အျပည့္အဝေလးစားေရးတို႔ကို မလုပ္ေဆာင္ပဲ၊ ႏိုင္ငံတြင္း ေသြးထြက္သံယိုမႈေတြ ဆက္ျဖစ္ေနတဲ့အတြက္ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener အျပင္းအထန္ရႈတ္ခ် လိုက္ပါတယ္။

ရက္သတၱပတ္ ကုန္ဆုံးခ်ိန္မွာ ဆႏၵျပသူေတြကို သတ္ျဖတ္တာေတြ မေတာ္မတရား ျပဳမူတာေတြ ထိန္းသိမ္းခံေတြအေပၚ ညႇဥ္းပန္း ႏွိပ္စက္တာေတြ ကို အထူးကိုယ္စားလွယ္ဟာ ျမန္မာႏိုင္ငံတြင္း အဆက္အသြယ္ေတြဆီက ကိုယ္တိုင္ၾကားသိခဲ့ရတာျဖစ္တယ္လို႔ ဆိုထားပါတယ္။ ေဆးဝန္ထမ္းေတြအပါအဝင္ လူေတြအေပၚ ရက္ရက္စက္စက္ လုပ္ေဆာင္ေနတာေတြနဲ႔ အမ်ားျပည္သူဆိုင္ရာ အေျခခံအေဆာက္အအုံ ေတြကို ဖ်က္ဆီးေနျခင္းဟာ ၿငိမ္းခ်မ္းေရး နဲ႔ တည္ၿငိမ္မႈ အလားအလာေတြကို လြန္စြာဆုတ္ယုတ္ သြားေစတယ္လို႔ဆိုပါတယ္။ ေဒသတြင္းႏိုင္ငံေတြအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္း အေနနဲ႔ ျမန္မာျပည္သူေတြ သူတို႔ရဲ႕ ဒီမိုကေရစီေမွ်ာ္မွန္းခ်က္ေတြနဲ႔ ေသြးစည္းညီၫြတ္စြာ ရပ္တည္ၾကရ မွာျဖစ္တယ္ လို႔ မတ္လ ၁၄ ရက္ေန႔ ေၾကညာခ်က္မွာ ေဖာ္ျပထားတာပါ။

အထူးကိုယ္စားလွယ္ဟာ ေဒသတြင္းေခါင္းေဆာင္ေတြ လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္ေတြနဲ႔ အနီးကပ္ဆက္သြယ္ၿပီး အေျခအေနတည္ၿငိမ္ေရးအတြက္ သူတို႔ရဲ႕ေထာက္ခံမႈအေပၚ ဆက္လက္အားထားမွီခိုေနတယ္လို႔လဲ ေဖာ္ျပထားပါတယ္။

--------------------------

[ Unicode ]

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေမှု ကုလအထူးကိုယ်စားလှယ် ပြင်းထန်စွာရှုတ်ချ

မြန်မာစစ်တပ်ဟာ လုံခြုံးရေးကောင်စီအပါအဝင် နိုင်ငံတကာက တောင်းဆိုတဲ့အတိုင်း ထိန်းထိန်းသိမ်းသိမ်းရှိရေး ညှိနှိုင်းဆွေးနွေးရေး နဲ့ လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့် အပြည့်အဝလေးစားရေးတို့ကို မလုပ်ဆောင်ပဲ၊ နိုင်ငံတွင်း သွေးထွက်သံယိုမှုတွေ ဆက်ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener အပြင်းအထန်ရှုတ်ချ လိုက်ပါတယ်။

ရက်သတ္တပတ် ကုန်ဆုံးချိန်မှာ ဆန္ဒပြသူတွေကို သတ်ဖြတ်တာတွေ မတော်မတရား ပြုမူတာတွေ ထိန်းသိမ်းခံတွေအပေါ် ညှဉ်းပန်း နှိပ်စက်တာတွေ ကို အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံတွင်း အဆက်အသွယ်တွေဆီက ကိုယ်တိုင်ကြားသိခဲ့ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဆေးဝန်ထမ်းတွေအပါအဝင် လူတွေအပေါ် ရက်ရက်စက်စက် လုပ်ဆောင်နေတာတွေနဲ့ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံ တွေကို ဖျက်ဆီးနေခြင်းဟာ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှု အလားအလာတွေကို လွန်စွာဆုတ်ယုတ် သွားစေတယ်လို့ဆိုပါတယ်။ ဒေသတွင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာပြည်သူတွေ သူတို့ရဲ့ ဒီမိုကရေစီမျှော်မှန်းချက်တွေနဲ့ သွေးစည်းညီညွတ်စွာ ရပ်တည်ကြရ မှာဖြစ်တယ် လို့ မတ်လ ၁၄ ရက်နေ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

အထူးကိုယ်စားလှယ်ဟာ ဒေသတွင်းခေါင်းဆောင်တွေ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အနီးကပ်ဆက်သွယ်ပြီး အခြေအနေတည်ငြိမ်ရေးအတွက် သူတို့ရဲ့ထောက်ခံမှုအပေါ် ဆက်လက်အားထားမှီခိုနေတယ်လို့လဲ ဖော်ပြထားပါတယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.