Breaking

April 12, 2021

ေက်ာက္မီးေသြးတြင္းမွာ ပိတ္မိေနသူ ၂၀ ေက်ာ္ ကယ္ဆယ္ေရး တရုတ္ႀကိဳးပမ္းဆဲ


တ႐ုတ္ႏိုင္ငံ ခ်ဳံကင္းၿမဳိ႕က ေက်ာက္မီးေသြး တူးေဖၚေရးလုပ္သားမ်ား
[ Zawgyi / Unicode ]


တရုတ္ႏိုင္ငံ အေနာက္ေျမာက္ဖက္ျခမ္း ရွင္ဂ်န္းေဒသက ေျမေအာက္ ေက်ာက္မီေသြးတြင္း တခုမွာ ပိတ္မိေနတဲ့ ေက်ာက္မီးေသြး တူးေဖၚေရးသမား ၂၁ ဦးကို ကယ္ဆယ္ႏိုင္ဖုိ႔ တာဝန္ရွိသူေတြ ႀကဳိးပမ္းေနပါတယ္။

ရွင္ဂ်န္းေဒသမွာ စေနေန႔ညေနပိုင္း ေရႀကီးခဲ့တဲ့အတြက္ Hutubi ခရိုင္က ေျမေအာက္ ေက်ာက္မီးေသြးတြင္းထဲ ေရလႊမ္းမိုးခဲ့ၿပီး တူးေဖၚေရးသမားေတြ အထဲမွာ ပိတ္မိေနၾကတာပါ။ ကနဦးမွာ လူ(၈)ဦးကို ကယ္ဆယ္ႏိုင္ခဲ့ၿပီ ျဖစ္ေပမယ့္ ေနာက္ထပ္ က်န္ေနေသးတဲ့ (၂၁)ဦး အျပင္ကုိေရာက္လာႏိုင္ဖုိ႔ ကယ္ဆယ္ေရးအဖြဲ႔ေတြက ႀကဳိးပမ္းေနတာ ျဖစ္တယ္လို႔ ႏိုင္ငံပုိင္ ဆင္ဟြာသတင္းက ဆိုပါတယ္။

ကမၻာေပၚက လူအေသအေပ်ာက္အမ်ားဆုံး ျဖစ္ရပ္ေတြထဲမွာ တရုတ္ႏိုင္ငံက ေက်ာက္မီးေသြးတြင္းထဲ ေသဆုံးမႈေတြလည္း ပါဝင္ၿပီး ၊ ေဘးအႏၱရာယ္လုံၿခဳံေရး အတားအဆီးေတြ လုပ္ထားတဲ့ၾကားက ဓါတ္ေငြ႔ယုိစိမ့္တာ၊ ေပါက္ကဲြမႈျဖစ္တာေတြ မၾကာခနဆိုသလို ျဖစ္ေပၚေနတာေတြ႔ရပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းကလည္း အေနာက္ေတာင္ပိုင္း Chongqing ခ်ဳံကင္းၿမဳိ႕မွာ ေက်ာက္မီးေသြးတြင္းထဲ ပိတ္မိေနတဲ့ အလုပ္သမား ၂၃ ဦး ေသဆုံးခဲ့ရပါတယ္။ 


ကျောက်မီးသွေးတွင်းမှာ ပိတ်မိနေသူ ၂၀ ကျော် ကယ်ဆယ်ရေး တရုတ်ကြိုးပမ်းဆဲ

တရုတ်နိုင်ငံ အနောက်မြောက်ဖက်ခြမ်း ရှင်ဂျန်းဒေသက မြေအောက် ကျောက်မီသွေးတွင်းတခုမှာ ပိတ်မိနေတဲ့ ကျောက်မီးသွေး တူးဖေါ်ရေးသမား ၂၁ ဦးကို ကယ်ဆယ်နိုင်ဖို့ တာဝန်ရှိသူတွေ ကြိုးပမ်းနေပါတယ်။

ရှင်ဂျန်းဒေသမှာ စနေနေ့ညနေပိုင်း ရေကြီးခဲ့တဲ့အတွက် Hutubi ခရိုင်က မြေအောက် ကျောက်မီးသွေးတွင်းထဲ ရေလွှမ်းမိုးခဲ့ပြီး တူးဖေါ်ရေးသမားတွေ အထဲမှာ ပိတ်မိနေကြတာပါ။ ကနဦးမှာ လူ(၈)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် နောက်ထပ် ကျန်နေသေးတဲ့ (၂၁)ဦး အပြင်ကိုရောက်လာနိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးပမ်းနေတာ ဖြစ်တယ်လို့ နိုင်ငံပိုင် ဆင်ဟွာသတင်းက ဆိုပါတယ်။

ကမ္ဘာပေါ်က လူအသေအပျောက်အများဆုံး ဖြစ်ရပ်တွေထဲမှာ တရုတ်နိုင်ငံက ကျောက်မီးသွေးတွင်းထဲ သေဆုံးမှုတွေလည်း ပါဝင်ပြီး ၊ ဘေးအန္တရာယ်လုံခြုံရေး အတားအဆီးတွေ လုပ်ထားတဲ့ကြားက ဓါတ်ငွေ့ယိုစိမ့်တာ၊ ပေါက်ကွဲမှုဖြစ်တာတွေ မကြာခနဆိုသလို ဖြစ်ပေါ်နေတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း အနောက်တောင်ပိုင်း Chongqing ချုံကင်းမြို့မှာ ကျောက်မီးသွေးတွင်းထဲ ပိတ်မိနေတဲ့ အလုပ်သမား ၂၃ ဦး သေဆုံးခဲ့ရပါတယ်။

 https://burmese.voanews.com/a/chinese-coal-miners-trapped-by-underground-flood/5849080.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.