
ျမန္မာ့အေရး ေဆြးေႏြးဖို႔ ေဒသတြင္းကို ေရာက္ေနတဲ့ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ကို ျမန္မာႏိုင္ငံ ၀င္ခြင့္ စစ္အာဏာပိုင္ေတြက ျငင္းဆန္လိုက္ပါတယ္။ ေသာၾကာေန႔က ထိုင္းႏိုင္ငံကို ေရာက္သြားတဲ့ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကို ၀င္ခြင့္ေပးဖို႔ ျမန္မာစစ္တပ္က ၾကာသပေတးေန႔မွာပဲ ျငင္းပယ္ခဲ့တာလို႔လည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္႐ုံးက ေျပာပါတယ္။
“တပ္မေတာ္ဖက္က သူနဲ႔ေတြ႕ဖို႔ အသင့္ မျဖစ္ေသးဘူးလို႔ မေန႔က အေၾကာင္းၾကား ခဲ့တာအတြက္ သူစိတ္မေကာင္း ျဖစ္ရေၾကာင္း တြစ္တာကေနေျပာပါတယ္။ သူ႔အေနနဲ႔ကေတာ့ ေဆြးေႏြးဖို႔ အသင့္ရွိေနေၾကာင္းနဲ႔ အၾကမ္းဖက္မႈဟာ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးအေျဖကို ဘယ္အခါမွ မေပးႏိုင္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။” လို႔ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ဒုတိယေျပာခြင့္ရ Farhan Haq က ေသာၾကာေန႔ ကုလသမဂၢရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။
ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ကေတာ့ မစၥ Burgener ရဲ႕ ျမန္မာႏိုင္ငံတြင္း သြားေရာက္ဖို႔ ပန္ၾကားခ်က္ကို ျမန္မာစစ္တပ္က လက္မခံေၾကာင္း၊ ဘာႀကိဳတင္သေဘာတူညီခ်က္မွ မလိုပဲ သူ ျမန္မာႏိုင္ငံကို သြားႏိုင္ဖို႔ စစ္အာဏာပိုင္ေတြကို ဝိုင္းၿပီး ေတာင္းဆိုရမွာ ျဖစ္ေၾကာင္း ေသာၾကာေန႔ ကုလသမဂၢလံုျခံဳေရးေကာင္စီရဲ႕ ျမန္မာ့အေရး သီးသန္႔ေဆြးေႏြးပြဲမွာ ေျပာၾကားခဲ့တာပါ။
ျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီ တရက္ စစ္တပ္အာဏာသိမ္းၿပီး ကတည္းက မစၥ Burgener ဟာ ေဒသတြင္းကို ပထမဆံုး အႀကိမ္ သြားေရာက္တာ ျဖစ္ၿပီး ဘန္ေကာက္မွာ ထိုင္းအာဏာပိုင္ေတြ၊ ေဒသဆိုင္ရာ ကုလသမဂၢအရာရွိေတြနဲ႔ ဘန္ေကာက္ရွိ ျမန္မာႏိုင္ငံဆိ္ုင္ရာသံရံုးေတြက သံအမတ္ေတြနဲ႔ ေတြ႕ဆံုဖို႔ရွိပါတယ္။
............
ကုလအထူးကိုယ်စားလှယ် မြန်မာပြည်ဝင်ခွင့် ငြင်းပယ်ခံရ
(Unicode)
မြန်မာ့အရေး ဆွေးနွေးဖို့ ဒေသတွင်းကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံ ဝင်ခွင့် စစ်အာဏာပိုင်တွေက ငြင်းဆန်လိုက်ပါတယ်။ သောကြာနေ့က ထိုင်းနိုင်ငံကို ရောက်သွားတဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို ဝင်ခွင့်ပေးဖို့ မြန်မာ စစ်တပ်က ကြာသပတေးနေ့မှာပဲ ငြင်းပယ်ခဲ့တာလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။
“တပ်မတော်ဖက်က သူနဲ့တွေ့ဖို့ အသင့် မဖြစ်သေးဘူးလို့ မနေ့က အကြောင်းကြားခဲ့တာအတွက် သူစိတ်မကောင်း ဖြစ်ရကြောင်း တွစ်တာကနေပြောပါတယ်။ သူ့အနေနဲ့ကတော့ ဆွေးနွေးဖို့ အသင့်ရှိ နေကြောင်းနဲ့ အကြမ်းဖက်မှုဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအဖြေကို ဘယ်အခါမှ မပေးနိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။” လို့ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က သောကြာနေ့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကတော့ မစ္စ Burgener ရဲ့ မြန်မာနိုင်ငံတွင်း သွားရောက်ဖို့ ပန်ကြားချက်ကို မြန်မာစစ်တပ်က လက်မခံကြောင်း၊ ဘာကြိုတင် သဘော တူညီချက်မှ မလိုပဲ သူ မြန်မာနိုင်ငံကို သွားနိုင်ဖို့ စစ်အာဏာပိုင်တွေကို ဝိုင်းပြီး တောင်းဆိုရမှာ ဖြစ်ကြောင်း သောကြာနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး သီးသန့်ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ တရက် စစ်တပ်အာဏာသိမ်းပြီး ကတည်းက မစ္စ Burgener ဟာ ဒေသတွင်းကို ပထမဆုံး အကြိမ် သွားရောက်တာ ဖြစ်ပြီး ဘန်ကောက်မှာ ထိုင်းအာဏာပိုင်တွေ၊ ဒေသဆိုင်ရာ ကုလသမဂ္ဂအရာရှိတွေနဲ့ ဘန်ကောက်ရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံးတွေက သံအမတ်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
https://burmese.voanews.com/a/un-christine-burgener-denied-to-enter-myanmar-/5847533.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.