Breaking

April 2, 2021

လက္ရွိ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈ ရပ္ဆိုင္းေရးသည္ ပထမဦးစားေပး ( လံုျခံဳေရးေကာင္စီ ဥကၠဌသစ္ ဗီယက္နမ္)

 


ဗီယက္နမ္ဆိုင္ရာ ကုလသမဂၢ သံအမတ္ႀကီး Dang Dinh Quy
(Zawgyi/Unicode)

ဧၿပီလ တရက္ေန႔မွာကုလသမဂၢလံုျခံဳေရးေကာင္စီရဲ႕ အလွည့္က် သဘာပတိျဖစ္လာတဲ့ ဗီယက္နမ္ ႏိုင္ငံ က ျမန္မာႏိုင္ငံအတြက္ အခုအခ်ိန္မွာ အၾကမ္းဖက္မႈေတြကို ရပ္ဆိုင္းသြားေစဖို႔ ပထမဦးစားေပး ျဖစ္ေၾကာင္း ဧၿပီလတရက္ သဘာပတိတာဝန္ယူတဲ့ေန႔ ပထမဆံုး သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားလိုက္ပါတယ္။

“အခုအခ်ိန္မွာ ပထမဦးစားေပး အေနနဲ႔ အၾကမ္းဖက္မႈေတြ ရပ္ဆိုင္းဖို႔ ျဖစ္ပါတယ္။ ဒီလို အၾကမ္းဖက္မႈေတြ ရပ္ဆိုင္းသြားဖို႔ တင္းမာမႈေလ်ာ့ပါးေအာင္ ၂ ဖက္စလံုးက ႀကိဳးပမ္းဖို႔ လိုသလို ဒီအတြက္ နည္းလမ္းမ်ိဳးစံုသံုး ဖိုလိုမယ္လို႔ က်ေနာ္ထင္ပါတယ္။ တင္းမာမႈ ေလ်ာ့သြားရင္ အၾကမ္းဖက္မႈေတြလည္း ေလ်ာ့သြားမွာ ျဖစ္တဲ့အတြက္ မတူကြဲျပားတဲ့ ဘက္ေတြၾကား ေဆြးေႏြး ၫွိႏႈိင္းမႈေတြ လုပ္ဖို႔ အေျခေနေတြ ဖန္တီးေပးရာ ေရာက္မွာ ျဖစ္သလို ျပႆနာအတြက္ အေျဖရွာႏိုင္မွာလည္း ျဖစ္တဲ့ အတြက္ ဒါကို ပံ့ပိုးေထာက္ခံေၾကာင္း” ဗီယက္နမ္ဆိုင္ရာ ကုလသမဂၢ သံအမတ္ႀကီး Dang Dinh Quy က ေျပာသြားတာပါ။

ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ အလွည့္က် သဘာပတိတာဝန္ကို ဗီယက္နမ္က ဧၿပီလ အတြက္ တာဝန္ထမ္းေဆာင္ရမွာ ျဖစ္ပါတယ္။ လံုျခံဳေရးေကာင္စီဟာ ျမန္မာ့အေရး ဗုဒၶဟူးေန႔ ေဆြးေႏြးပြဲၿပီးကတည္းက ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ဆက္လက္ေဆာင္ရြက္ေနေၾကာင္းနဲ႔ ၾကာသပေတးည ဒါမွမဟုတ္ ေသာၾကာေန႔မွာေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ လံုျခံဳေရးေကာင္စီရဲ႕ ေၾကညာခ်က္ကို ထုတ္ျပန္ႏိုင္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဒါ့အျပင္ ဧၿပီလ ၉ ရက္ေန႔မွာလည္း ျမန္မာ့အေရး အလြတ္သေဘာေဆြးေႏြးပြဲ က်င္းပဖို႔ ရွိေၾကာင္းလည္း ေျပာပါတယ္။

အလွည့္က်ဥကၠဌ ျဖစ္လာတဲ့ ဗီယက္နမ္က ျမန္မာႏိုင္ငံက အၾကမ္းဖက္မႈေတြ အထူးသျဖင့္ ျမန္မာႏိုင္ငံက တပ္မေတာ္ေန႔ က်င္းပခ်ိန္မွာ လူအမ်ားအျပား ေသဆံုးရတာအတြက္ ရႈတ္ခ်ေၾကာင္း ေျပာပါတယ္။ ဗီယက္နမ္က ကုလသမဂၢက အေရးယူဒဏ္ခတ္မႈ အားလံုးကို လိုက္နာေပမယ့္ ဒီအေရးယူမႈေတြဟာ လူထုဒါမွမဟုတ္ ႏိုင္ငံရဲ႕ လူသားခ်င္းစာနာမႈ ဆိုင္ရာ ေပၚမွာထိခိ္ုက္မႈ မရွိသင့္ေၾကာင္း ေျပာပါတယ္။

ဗီယက္နမ္ သံအမတ္ႀကီးရဲ႕ လံုျခံဳေရးေကာင္စီ အလွည့္က်သဘာပတိ အျဖစ္ ပထမဆံုး သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံ ဆိုင္ရာ ေမးခြန္းေတြကို အဓိက ေမးျမန္းခဲ့ၾကတာ ျဖစ္ၿပီး တကယ္လို႔ ျမန္မာစစ္တပ္အေပၚ လံုျခံဳေရးေကာင္စီက အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္ရင္ ဗီယက္နမ္က ေထာက္ခံမႈေပး မေပး သတင္းေထာက္ေတြရဲ႕ အေမးကိုေတာ့ မေျဖၾကားခဲ့ပါဘူး။


 

..............

လက်ရှိ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ရပ်ဆိုင်းရေးသည် ပထမဦးစားပေး ( လုံခြုံရေးကောင်စီ ဥက္ကဌသစ် ဗီယက်နမ်)

(Unicode)

ဧပြီလ တရက်နေ့မှာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ သဘာပတိဖြစ်လာတဲ့ ဗီယက်နမ် နိုင်ငံ က မြန်မာနိုင်ငံအတွက် အခုအချိန်မှာ အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းသွားစေဖို့ ပထမဦးစားပေး ဖြစ်ကြောင်း ဧပြီလတရက် သဘာပတိတာဝန်ယူတဲ့နေ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“အခုအချိန်မှာ ပထမဦးစားပေး အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေ ရပ်ဆိုင်းသွားဖို့ တင်းမာမှုလျော့ပါးအောင် ၂ ဖက်စလုံးက ကြိုးပမ်းဖို့ လိုသလို ဒီအတွက် နည်းလမ်းမျိုးစုံသုံး ဖိုလိုမယ်လို့ ကျနော်ထင်ပါတယ်။ တင်းမာမှု လျော့သွားရင် အကြမ်းဖက်မှုတွေလည်း လျော့သွားမှာ ဖြစ်တဲ့အတွက် မတူကွဲပြားတဲ့ ဘက်တွေကြား ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဖို့ အခြေနေတွေ ဖန်တီးပေးရာ ရောက်မှာ ဖြစ်သလို ပြဿနာအတွက် အဖြေရှာနိုင်မှာလည်း ဖြစ်တဲ့ အတွက် ဒါကို ပံ့ပိုးထောက်ခံကြောင်း” ဗီယက်နမ်ဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Dang Dinh Quy က ပြောသွားတာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အလှည့်ကျ သဘာပတိတာဝန်ကို ဗီယက်နမ်က ဧပြီလ အတွက် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီဟာ မြန်မာ့အရေး ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲပြီးကတည်းက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်နေကြောင်းနဲ့ ကြာသပတေးည ဒါမှမဟုတ် သောကြာနေ့မှာတော့ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကို ထုတ်ပြန်နိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၉ ရက်နေ့မှာလည်း မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပဖို့ ရှိကြောင်းလည်း ပြောပါတယ်။

အလှည့်ကျဥက္ကဌ ဖြစ်လာတဲ့ ဗီယက်နမ်က မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ အထူးသဖြင့် မြန်မာနိုင်ငံက တပ်မတော်နေ့ ကျင်းပချိန်မှာ လူအများအပြား သေဆုံးရတာအတွက် ရှုတ်ချကြောင်း ပြောပါတယ်။ ဗီယက်နမ်က ကုလသမဂ္ဂက အရေးယူဒဏ်ခတ်မှု အားလုံးကို လိုက်နာပေမယ့် ဒီအရေးယူမှုတွေဟာ လူထုဒါမှမဟုတ် နိုင်ငံရဲ့ လူသားချင်းစာနာမှု ဆိုင်ရာ ပေါ်မှာထိခိုက်မှု မရှိသင့်ကြောင်း ပြောပါတယ်။

ဗီယက်နမ် သံအမတ်ကြီးရဲ့ လုံခြုံရေးကောင်စီ အလှည့်ကျသဘာပတိ အဖြစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဆိုင်ရာ မေးခွန်းတွေကို အဓိက မေးမြန်းခဲ့ကြတာ ဖြစ်ပြီး တကယ်လို့ မြန်မာစစ်တပ်အပေါ် လုံခြုံရေးကောင်စီက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ရင် ဗီယက်နမ်က ထောက်ခံမှုပေး မပေး သတင်းထောက်တွေရဲ့ အမေးကိုတော့ မဖြေကြားခဲ့ပါဘူး။ 

 https://burmese.voanews.com/a/new-president-of-the-security-council-vietnam-/5837895.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.