Breaking

April 8, 2021

လန္ဒန္ျမန္မာသံရံုး အပိုင္စီးခံရမႈ (သံရံုးေရွ႕ျမန္မာတဦးနဲ႔ ေမးျမန္းခ်က္)

 


လန္ဒန္ျမန္မာသံ႐ုံး
(Zawgyi/Unicode)

ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕က ျမန္မာသံရံုးကို ဗုဒၶဟူးေန႔မွာ စစ္ေကာင္စီဘက္က သိမ္းယူမႈျဖစ္ပြားခဲ့တာနဲ႔ ပတ္သက္လို႔ ၿဗိတိန္ႏိုင္ငံျခားေရးဌာနနဲ႔ဆက္သြယ္ ေဆာင္ရြက္ေနေၾကာင္း ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္စြာမင္းက သူ႔ကို လာေရာက္၀န္းရံသူေတြကို ေျပာၾကားခဲ့ပါတယ္။ ရံုးခ်ိန္ျပင္ပ သံရံုးအျပင္ဘက္ခတၱခဏထြက္ခြာခ်ိန္မွာ သူ႔ေအာက္မွာရွိတဲ့ သံမွဴးႀကီး ဦးခ်စ္၀င္းနဲ႔ စစ္သံမွဴး ဗိုလ္မွဴးႀကီး စိုးေအာင္ တို႔ပူးေပါင္းၿပီး ျမန္မာသံရံုးကို ၀င္ေရာက္သိမ္းပိုက္လိုက္တာျဖစ္တယ္လို႔ လန္ဒန္ကလာတဲ့ သတင္းေတြမွာ ေဖၚျပထားပါတယ္။

လန္ဒန္စံေတာ္ခ်ိန္ ည ၈နာရီပတ္၀န္းက်င္ေလာက္ သံရံုးေရွ႕မွာ ျမန္မာေတြ စုရံုးေရာက္ရွိေနတဲ့ အေျခအေနနဲ႔ပတ္သက္လုိ႔ ကိုေအာင္ေမာ္ဇင္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။ ။အခုေနာက္ဆံုး လက္ရွိသံရံုးေရွ႕မွာ သံအမတ္ႀကီးရဲ႕ အေျခအေန ဘယ္လို ရွိေနသလဲရွင့္။

ကိုေအာင္ေမာ္ဇင္။ ။ အခုလက္ရွိေတာ့ သံအမတ္ႀကီးက အထဲထဲမွာ ၀င္ခြင့္မရဘူး သူ႔ကို ေပးမဖြင့္ဘူးေပါ့ေနာ္၊ သူ၀င္ခ်င္တယ္ဆိုတာကို။ ၿပီးေတာ့ အဂၤလန္က police ေတြကလည္း တံခါးေပါက္မွာ ပိတ္ၿပီးေတာ့ ရပ္ေနတယ္။ သူကေတာ့ Foreign office နဲ႔ ထပ္စကားေျပာထားတယ္ ေပါ့ေနာ္။ သူက သံအမတ္တေယာက္အေနနဲ႔ သူရွိေနတဲ့ဟာကို သူ႔ Authority နဲ႔ ဒီသံရံုးက သူအႀကီးဆံုး ျဖစ္တဲ့အတြက္ သူ၀င္ခြင့္ရွိရမယ္ဆိုတာကို လွမ္းအေၾကာင္းၾကားထားတယ္လို႔ ေျပာပါတယ္။

အင္ၾကင္းႏိုင္။ ။အဲဒီေတာ့ လက္ရွိ အခုအခ်ိန္အထိ သံအမတ္ႀကီးကေတာ့ သံရံုးေရွ႕မွာ ရွိေနတုန္းပဲေပါ့ေနာ္။

ကိုေအာင္ေမာ္ဇင္။ ။ ဟုတ္တယ္ သံရံုးေရွ႕ ပရဝဏ္ ေရွ႕ေပါ့ေနာ္ တံခါးထဲေတာ့ ၀င္လို႔မရဘူး။

မအင္ၾကင္းႏိုင္။ ။ ဟုတ္က့ဲ အဲဒီမွာ လန္ဒန္စံေတာ္ခ်ိန္ေရာ ဘယ္ေလာက္ရွိေနၿပီလဲရွင့္။

ကိုေအာင္ေမာ္ဇင္။ ။ လန္ဒန္စံေတာ္ခ်ိန္ ည ၇ နာရီ ၄၈ မိနစ္ပါ။

အင္ၾကင္းႏိုင္။ ။သံအမတ္ႀကီးက အဲလိုမ်ိဳး သံရံုးအျပင္ဘက္ကိုေရာက္သြားၿပီးေတာ့မွ အခု သံရံုးထဲကို ၀င္လို႔မရဘူးဆိုေတာ့ ဘယ္လို ျဖစ္သြားတာလဲရွင့္။

ကိုေအာင္ေမာ္ဇင္။ ။ သူေျပာတာကေတာ့ သူ ရံုးဆင္းခ်ိန္ေလာက္ေပါ့ေနာ္ ၃ နာရီခြဲ ၄ နာရီေလာက္ထင္တာပဲ ေသခ်ာေတာ့ သူ႔ကို မေမးျဖစ္ပါဘူး။ အဲဒီ သူထြက္လာတဲ့အခ်ိန္မွာ အထဲထဲမွာ ၂ ေယာက္လားမသိဘူး က်န္ခဲ့တယ္ က်န္တာကေတာ့ သူ႔ေအာက္က အတြင္း၀န္ ဦးခ်စ္၀င္းနဲ႕ စစ္သံမွဴး စိုးေအာင္ ဆိုတာ သူကေနၿပီးေတာ့ သူတို႔ ၃ ေယာက္လားမသိဘူး ၀င္ၿပီးေတာ့ ပိတ္တယ္ေပါ့ေနာ္ hijack သေဘာမ်ိဳးေပါ့ေနာ္ တံခါးထပ္မဖြင့္ေပးဘူး ။ အဲလို၀င္လာတဲ့အတြက္ သံအမတ္ႀကီးက ျပန္ေရာက္လာတာ ၊ သူတံခါးဖြင့္ခိုင္းေတာ့ မဖြင့္ေပးဘူး ။ မဖြင့္ေပးေတာ့ သူက ရဲေခၚတယ္ Police ကိုေခၚၿပီးေတာ့ အေၾကာင္းၾကားတယ္ေပါ့ေနာ္။ အဲလိုမ်ိဳးနဲ႔ ၿပီးေတာ့ ဒီ လွမ္းၿပီးေတာ ့request လုပ္တယ္ေပါ့ သူ၀င္လို႔မရေတာ့ပါဘူး အဲလိုေပါ့။

အင္ၾကင္းႏိုင္။ ။ ဒါဆိုရင္ ကိုေအာင္ေမာ္ဇင္တို႔က အဲဒီအေရွ႕မွာ ေရာက္ေနတဲ့ ျမန္မာေတြ၊ သံအမတ္ႀကီးနဲ႔ အတူရွိေနတဲ့သူေတြ ဘာဆက္လုပ္ဖို႔ ရွိသလဲရွင့္။

ကိုေအာင္ေမာ္ဇင္။ ။ အခုေတာ့ က်ေနာ္တို႔ ေတာ္ေတာ္မ်ားမ်ားက ျပန္ၿပီးေတာ့ ခပ္ေ၀းေ၀းမွာ ေနေပးၾကတယ္။ ရဲေတြကလည္း ဒီအေရွ႕မွာ လူအမ်ားကို ေနခြင့္မေပးေတာ့ ဘာဆက္လုပ္မလဲဆိုတာကေတာ့ သူကေတာ့ Foreign office ကေနၿပီးေတာ့ သူရဲ႕ Authority ကိုေပးရင္ေတာ့ locksmith တို႔ဘာတို႔ ရဲတို႔ဘာတို႔နဲ႔ ဖြင့္မယ္ဆိုၿပီးေတာ့ အဲလိုေတာ့ေျပာတယ္ ေသခ်ာေတာ့ မသိဘူး။ သူကေတာ့ ဒီမွာ ေစာင့္ေနမယ္လို႔ေျပာတယ္ ကားေပၚကပဲ။ အထဲထဲမွာေတာ့ ၅ ေယာက္လားမသိဘူး ရွိတယ္လို႔ ေျပာတယ္တဲ့။ hijack လုပ္တာေပါ့ hijack သေဘာေပါ့ေနာ္။

အင္ၾကင္းႏိုင္။ ။ဒါဆိုရင္ အခုက Legal issue ေပါ့ေနာ္ ၊ ကိုေအာင္ေမာ္ဇင္တို႔ေရာ အေျခအေနေတြကို ရွင္းရွင္းလင္းလင္း သိရလား။ ဆိုလိုတာက ၿဗိတိန္ဆိုင္ရာ ျမန္မာသံအမတ္ကို ဟိုဘက္က စစ္ေကာင္စီက အသစ္ခန္႔အပ္လိုက္ၿပီလား ၊ သံအမတ္ႀကီး ဆိုတဲ့ တရား၀င္ ရာထူးနဲ႔ ဆက္ရွိေနတာလား ဘယ္လိုအေျခအေနမ်ိဳး ရွိေနသလဲ။

ကိုေအာင္ေမာ္ဇင္။ ။ သူေျပာတဲ့ သေဘာအရဆိုရင္ေတာ့ ဒီေန႔ သူထြက္လာတဲ့ အခ်ိန္မွာပဲ ဟိုဘက္က သူ႔ကို သံအမတ္ရာထူးမရွိေတာ့တဲ့အတြက္ သူ႔ကို မဖြင့္ေပးႏိုင္ဘူးဆိုတဲ့ ပံုစံမ်ိဳး ၊ အထဲကို invade လုပ္တဲ့ စစ္သံမွဴးအုုပ္စုေပါ့ေနာ္ အတြင္း၀န္နဲ႔ စစ္သံမွဴး စိုးေအာင္ေပါ့ေနာ္ သူတို႔ကေနၿပီးေတာ့ အဲလိုသေဘာနဲ႔ ၀င္ခြင့္မေပးေတာ့ဘူး အဲလိုမ်ိဳးနဲ႔ သူတို႔ Police ကို report လုပ္တယ္လို႔ ေျပာတယ္ ။ သူ Authorize မရွိေတာ့ဘူးေပါ့ေနာ္ အဲလုိသေဘာလည္းရွိတယ္။ ဒါေပမယ့္ အဂၤလန္အေနနဲ႔ကေတာ့ သူ႔ကို ဘုရင္မႀကီးကေနၿပီးေတာ့ သံအမတ္အေနနဲ႔ တရား၀င္ ခန္႔အပ္ထားတဲ့အတြက္ Foreign office ကေတာ့ သူ႔မွာေတာ့ ရွိေနေသးတယ္ သံအမတ္အေနနဲ႔ေတာ့။ အဲလိုရွိေနေသးတယ္ ၿပီးေတာ့ သူက Stay ၄၅ ရက္ မျပည့္ေသးဘူးေလ၊ ျပန္ရမယ္ဆိုတာက သူ႔မွာ လုပ္ပိုင္ခြင့္ရွိေသးတယ္ေပါ့။ အဲလုိသေဘာလည္းရွိတယ္ သက္ေရာက္တယ္ အခုအခ်ိန္အထိေပါ့။

အင္ၾကင္းႏိုင္။ ။အခုကိစၥမွာ Facebook Live တုိ႔ လႊင့္ေနတာေပါ့ေနာ္ ၊ လန္ဒန္မွာရွိတဲ့ ျမန္မာသံရံုး ဘာျဖစ္ေနသလဲဆိုတာ Facebook Live တုိ႔ လႊင့္ေနတာေတြ က်မတို႔ ၾကည့္ရမယ္ဆိုရင္ အဂၤလန္မွာ ရွိတဲ့ ရဲေတြေျပာေနတာက ဒါက Myanmar Embassy ျမန္မာႏိုင္ငံရဲ႕ ပိုင္နက္ျဖစ္ေနတယ္ဆိုတာ တံခါးေတြလည္း ဖ်က္လို႔ မရဘူးေပါ့ေနာ္ ဆိုတဲ့အေနအထားမ်ိဳးလည္း ေျပာေနတာ ေတြ႔ရတယ္။ ျမန္မာႏိုင္ငံရဲ႕ ပိုင္နက္ျဖစ္သြားရင္ေရာ လန္ဒန္မွာရွိတဲ့ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ အဲဒီသံရံုးကို ၀င္ေရာက္ခြင့္ရွိမရွိ အဲဒါေတြကေရာ သူတို႔ ရဲဘက္ကို ျပန္ေမးတာ ရွိလားရွင့္။

ကိုေအာင္ေမာ္ဇင္။ ။ ဘယ္လိုလဲဆိုေတာ့ ျမန္မာ Passport ကိုင္တဲ့လူေတြက ဒီအခ်ိန္က ရံုးအခ်ိန္လည္းမဟုတ္ဘူးဆိုေတာ ့အဲလိုပံုစံနဲ႔ ၀င္လို႔မရဘူးေလ။ အဓိကေတာ့ အႀကီးဆံုး သံအမတ္ႀကီး တေယာက္အေနနဲ႔ သူက လက္ရွိ သံရံုးရဲ႕ ျပင္ပမွာ ရပ္ၿပီးေတာ့ ေစာင့္ေနတယ္ အခုအခ်ိန္အထိ ရဲ ၂ ေယာက္ရဲ႕ ေရွ႕မွာ စကားေျပာၿပီး ရပ္ေစာင့္ေနတယ္။ ေစာင့္ေနတယ္ဆိုတာေတာ့ သူေျပာတာကေတာ့ အေပၚက အဂၤလန္ Foreign office ကေနေတာ့ ။အခုဆိုရင္ရဲေတြ ေတာ္ေတာ္မ်ားမ်ားေရာက္လာၿပီ အေယာက္ ၂၀ ေလာက္ရွိတယ္ ေနာက္ထပ္ ထပ္တိုးေရာက္လာတာ။ ေနာက္ထပ္ armed police ေတြပါ ေရာက္လာတယ္ ေနာက္ထပ္ ၄-၅ ေယာက္ လားမသိဘူး ေရာက္လာတာ။ အဲဒါ သူတို႔က by forced နဲ႔ က်ေနာ္ထင္တယ္ ဖြင့္ခိုင္းမယ္လို႔ အဲဒါေၾကာင့္မို႔လို႕ ဒီကလူေတြကို ရွင္းေနတယ္ ၊ ရွင္းေနတယ္ ဆိုတာ က်ေနာ္ထင္တယ္ အထဲထဲကလူေတြကလည္း ဘယ္လိုပံုစံနဲ႔ ရွိမလဲဆိုတာ ေတာ္ေတာ္စိတ္၀င္စားဖို႔ေကာင္းတယ္။ သူတုိ႕ကဒါက hijack လုပ္တဲ့ပံုစံ ျဖစ္သြားၿပီေလ။ တကယ္လို႔သာ ဒီ Foreign office က တရား၀င္ အႀကီးဆံုး သံအမတ္ႀကီးတေယာက္ သံရံုးကို သံအမတ္ႀကီးကို ေပးမ၀င္တဲ့အတြက္ အထဲထဲကလူေတြက hijack လုပ္တဲ့ပံုစံ ျဖစ္သြားၿပီေလ။ သူတို႔က ဒီအေဆာက္အဦးကို ၀င္ၿပီးေတာ့ စီးထားတဲ့ ပံုစံ ျဖစ္သြားတဲ့အတြက္ ရဲေတြက ဘယ္လိုေျဖရွင္းမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမယ္။ အခုေတာ့ ေတာ္ေတာ္မ်ားတယ္ armed police လည္း ၃ ေယာက္ရွိေနတယ္။

အင္ၾကင္းႏိုင္။ ။ ကိုေအာင္ေမာ္ဇင္တို႔ ဘာဆက္လုပ္မလဲရွင့္ တညလံုးပဲ ေစာင့္မလား ရံုးေရွ႕မွာ ေရာက္ေနတဲ့သူေတြေလ။

ေျဖ။ ။ က်ေနာ္တို႔ ေစာင့္ႏိုင္တဲ့ လူကေတာ့ အတတ္ႏိုင္ဆံုးေစာင့္မယ္ ၊ ကားနဲ႔ အေရွ႕မွာ ရပ္ၿပီးေတာ့ ေစာင့္ၾကမယ္ေပါ့ေနာ္။ ဒီေန႔က ေတာ္ေတာ္လည္းေအးတယ္။

အင္ၾကင္းႏိုင္။ ။ ဆိုေတာ့ သံရံုးထဲကို သံအမတ္ႀကီး ျပန္၀င္ႏိုင္ေရးက ဘယ္ေလာက္အထိ အေရးႀကီးလဲရွင့္။

ကိုေအာင္ေမာ္ဇင္။ ။ ဘယ္ေလာက္အထိ အေရးႀကီးလဲဆိုေတာ့ အခုလိုမ်ိဳး လုပ္ခ်င္းအားျဖင့္ သံအမတ္ႀကီးကေတာ ့ ရွင္းရွင္းေျပာရင္ CDM လည္း မလုပ္ထားဘူးခင္ဗ်ာ၊ ရွင္းရွင္းေျပာရင္ CRPH ကိုေထာက္ခံပါတယ္ဆိုတာလည္း မရွိေသးဘူး။ ဒါေပမယ့္ ဘယ္လိုအေၾကာင္းပဲျဖစ္ျဖစ္ သူတို႔အခ်င္းခ်င္း ပဋိပကၡလို႔ ဆိုဆို ၊ အေၾကာင္းအရာ တခု ရွိတယ္ေျပာေျပာ ဒီသံရံုးက က်ေနာ္တို႔ ျမန္မာႏိုင္ငံသားေတြရဲ႕ ႏိုင္ငံငယ္ေလးျဖစ္တဲ့အတြက္ က်ေနာ္တို႔ ဒီလို မတရား၀င္စီးေနတဲ့ လူေတြကိုေတာ့ က်ေနာ္တို႔ကေတာ့ ဖယ္ထုတ္ရမယ္ ။ ဒီသံအမတ္ႀကီးက ျပည္သူနဲ႔ ပူးေပါင္းတယ္ဆိုရင္ အတိုင္းအတာလြန္စြာနဲ႔ က်ေနာ္တို႔ ႀကိဳဆိုဖို႔ အဆင္သင့္ပဲ ၊ ဒါေပမယ့္ အခုအခ်ိန္ သူ မပူးေပါင္းဘူးဆိုရင္ေတာင္မွ က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔ႏိုင္ငံငယ္ေလးကို လာကာကြယ္တဲ့ပံုစံနဲ႔ လာေနေပးတယ္ေပါ့ေနာ္ အဲဒီအဆင့္ပဲ ရွိပါေသးတယ္။

သံရံုးေရွ႕ ေရာက္ရွိေနတဲ့ ကိုေအာင္ေမာ္ဇင္ေျပာျပသြားတာပါ။

အဲဒီေနာက္ သံအမတ္ႀကီး ဦးေက်ာ္စြာမင္းက သူရဲ႕ကားထဲကေန အျပင္ထြက္လာၿပီး သူအေနနဲ႔ သံရံုးထဲ ဘယ္အခ်ိန္ျပန္၀င္ႏိုင္မလဲဆိုတာ အခုထက္ထိ မသိရေသးေၾကာင္း၊ အခ်ိန္ၾကာႏိုင္ေၾကာင္းနဲ႔တတ္ႏိုင္သေလာက္ လူစုခဲြၾကဖို႔လည္း သံရံုးေရွ႕စုေ၀းေနၾကသူေတြကို အခုလို ေျပာသြားပါတယ္။

“ေလာေလာဆည္ ဘယ္ေလာက္ၾကာမလဲမသိဘူး ။ ဘယ္လိုလုပ္ၾကမလဲဆိုတာ ၿပီးေတာ့မွပဲ လုပ္ၾကမယ္ေပါ့ေနာ္။ ေလာေလာဆည္ေတာ့ က်ေနာ္လည္း နားေထာင္ေနပါတယ္။ ဒီက police ေတြေျပာတာနဲ႔ ျပႆနာ မျဖစ္ေစနဲ႔ေနာ္။ ေတာ္ၾကာ က်ေနာ္တို႔က စည္းကမ္းမရွိတဲ့လူေတြ ျဖစ္ေနမယ္။ သေဘာေပါက္တယ္ေနာ္ အဲဒီေတာ့ ခင္ဗ်ားတို႔ ခဏေနရင္ လူစုခြဲေတာ့ေနာ္။”


..............

လန်ဒန်မြန်မာသံရုံး အပိုင်စီးခံရမှု (သံရုံးရှေ့မြန်မာတဦးနဲ့ မေးမြန်းချက်)

(Unicode)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မြန်မာသံရုံးကို ဗုဒ္ဓဟူးနေ့မှာ စစ်ကောင်စီဘက်က သိမ်းယူမှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနနဲ့ဆက်သွယ် ဆောင်ရွက်နေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းက သူ့ကို လာရောက်ဝန်းရံသူတွေကို ပြောကြားခဲ့ပါတယ်။ ရုံးချိန်ပြင်ပ သံရုံးအပြင်ဘက်ခတ္တခဏထွက်ခွာချိန်မှာ သူ့အောက်မှာရှိတဲ့ သံမှူးကြီး ဦးချစ်ဝင်းနဲ့ စစ်သံမှူး ဗိုလ်မှူးကြီး စိုးအောင် တို့ပူးပေါင်းပြီး မြန်မာသံရုံးကို ဝင်ရောက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ လန်ဒန်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

လန်ဒန်စံတော်ချိန် ည ၈နာရီပတ်ဝန်းကျင်လောက် သံရုံးရှေ့မှာ မြန်မာတွေ စုရုံးရောက်ရှိနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကိုအောင်မော်ဇင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။အခုနောက်ဆုံး လက်ရှိသံရုံးရှေ့မှာ သံအမတ်ကြီးရဲ့ အခြေအနေ ဘယ်လို ရှိနေသလဲရှင့်။

ကိုအောင်မော်ဇင်။ ။ အခုလက်ရှိတော့ သံအမတ်ကြီးက အထဲထဲမှာ ဝင်ခွင့်မရဘူး သူ့ကို ပေးမဖွင့်ဘူးပေါ့နော်၊ သူဝင်ချင်တယ်ဆိုတာကို။ ပြီးတော့ အင်္ဂလန်က police တွေကလည်း တံခါးပေါက်မှာ ပိတ်ပြီးတော့ ရပ်နေတယ်။ သူကတော့ Foreign office နဲ့ ထပ်စကားပြောထားတယ် ပေါ့နော်။ သူက သံအမတ်တယောက်အနေနဲ့ သူရှိနေတဲ့ဟာကို သူ့ Authority နဲ့ ဒီသံရုံးက သူအကြီးဆုံး ဖြစ်တဲ့အတွက် သူဝင်ခွင့်ရှိရမယ်ဆိုတာကို လှမ်းအကြောင်းကြားထားတယ်လို့ ပြောပါတယ်။

အင်ကြင်းနိုင်။ ။အဲဒီတော့ လက်ရှိ အခုအချိန်အထိ သံအမတ်ကြီးကတော့ သံရုံးရှေ့မှာ ရှိနေတုန်းပဲပေါ့နော်။

ကိုအောင်မော်ဇင်။ ။ ဟုတ်တယ် သံရုံးရှေ့ ပရဝဏ် ရှေ့ပေါ့နော် တံခါးထဲတော့ ဝင်လို့မရဘူး။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ အဲဒီမှာ လန်ဒန်စံတော်ချိန်ရော ဘယ်လောက်ရှိနေပြီလဲရှင့်။

ကိုအောင်မော်ဇင်။ ။ လန်ဒန်စံတော်ချိန် ည ၇ နာရီ ၄၈ မိနစ်ပါ။

အင်ကြင်းနိုင်။ ။သံအမတ်ကြီးက အဲလိုမျိုး သံရုံးအပြင်ဘက်ကိုရောက်သွားပြီးတော့မှ အခု သံရုံးထဲကို ဝင်လို့မရဘူးဆိုတော့ ဘယ်လို ဖြစ်သွားတာလဲရှင့်။

ကိုအောင်မော်ဇင်။ ။ သူပြောတာကတော့ သူ ရုံးဆင်းချိန်လောက်ပေါ့နော် ၃ နာရီခွဲ ၄ နာရီလောက်ထင်တာပဲ သေချာတော့ သူ့ကို မမေးဖြစ်ပါဘူး။ အဲဒီ သူထွက်လာတဲ့အချိန်မှာ အထဲထဲမှာ ၂ ယောက်လားမသိဘူး ကျန်ခဲ့တယ် ကျန်တာကတော့ သူ့အောက်က အတွင်းဝန် ဦးချစ်ဝင်းနဲ့ စစ်သံမှူး စိုးအောင် ဆိုတာ သူကနေပြီးတော့ သူတို့ ၃ ယောက်လားမသိဘူး ဝင်ပြီးတော့ ပိတ်တယ်ပေါ့နော် hijack သဘောမျိုးပေါ့နော် တံခါးထပ်မဖွင့်ပေးဘူး ။ အဲလိုဝင်လာတဲ့အတွက် သံအမတ်ကြီးက ပြန်ရောက်လာတာ ၊ သူတံခါးဖွင့်ခိုင်းတော့ မဖွင့်ပေးဘူး ။ မဖွင့်ပေးတော့ သူက ရဲခေါ်တယ် Police ကိုခေါ်ပြီးတော့ အကြောင်းကြားတယ်ပေါ့နော်။ အဲလိုမျိုးနဲ့ ပြီးတော့ ဒီ လှမ်းပြီးတော့request လုပ်တယ်ပေါ့ သူဝင်လို့မရတော့ပါဘူး အဲလိုပေါ့။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် ကိုအောင်မော်ဇင်တို့က အဲဒီအရှေ့မှာ ရောက်နေတဲ့ မြန်မာတွေ၊ သံအမတ်ကြီးနဲ့ အတူရှိနေတဲ့သူတွေ ဘာဆက်လုပ်ဖို့ ရှိသလဲရှင့်။

ကိုအောင်မော်ဇင်။ ။ အခုတော့ ကျနော်တို့ တော်တော်များများက ပြန်ပြီးတော့ ခပ်ဝေးဝေးမှာ နေပေးကြတယ်။ ရဲတွေကလည်း ဒီအရှေ့မှာ လူအများကို နေခွင့်မပေးတော့ ဘာဆက်လုပ်မလဲဆိုတာကတော့ သူကတော့ Foreign office ကနေပြီးတော့ သူရဲ့ Authority ကိုပေးရင်တော့ locksmith တို့ဘာတို့ ရဲတို့ဘာတို့နဲ့ ဖွင့်မယ်ဆိုပြီးတော့ အဲလိုတော့ပြောတယ် သေချာတော့ မသိဘူး။ သူကတော့ ဒီမှာ စောင့်နေမယ်လို့ပြောတယ် ကားပေါ်ကပဲ။ အထဲထဲမှာတော့ ၅ ယောက်လားမသိဘူး ရှိတယ်လို့ ပြောတယ်တဲ့။ hijack လုပ်တာပေါ့ hijack သဘောပေါ့နော်။

အင်ကြင်းနိုင်။ ။ဒါဆိုရင် အခုက Legal issue ပေါ့နော် ၊ ကိုအောင်မော်ဇင်တို့ရော အခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိရလား။ ဆိုလိုတာက ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကို ဟိုဘက်က စစ်ကောင်စီက အသစ်ခန့်အပ်လိုက်ပြီလား ၊ သံအမတ်ကြီး ဆိုတဲ့ တရားဝင် ရာထူးနဲ့ ဆက်ရှိနေတာလား ဘယ်လိုအခြေအနေမျိုး ရှိနေသလဲ။

ကိုအောင်မော်ဇင်။ ။ သူပြောတဲ့ သဘောအရဆိုရင်တော့ ဒီနေ့ သူထွက်လာတဲ့ အချိန်မှာပဲ ဟိုဘက်က သူ့ကို သံအမတ်ရာထူးမရှိတော့တဲ့အတွက် သူ့ကို မဖွင့်ပေးနိုင်ဘူးဆိုတဲ့ ပုံစံမျိုး ၊ အထဲကို invade လုပ်တဲ့ စစ်သံမှူးအုပ်စုပေါ့နော် အတွင်းဝန်နဲ့ စစ်သံမှူး စိုးအောင်ပေါ့နော် သူတို့ကနေပြီးတော့ အဲလိုသဘောနဲ့ ဝင်ခွင့်မပေးတော့ဘူး အဲလိုမျိုးနဲ့ သူတို့ Police ကို report လုပ်တယ်လို့ ပြောတယ် ။ သူ Authorize မရှိတော့ဘူးပေါ့နော် အဲလိုသဘောလည်းရှိတယ်။ ဒါပေမယ့် အင်္ဂလန်အနေနဲ့ကတော့ သူ့ကို ဘုရင်မကြီးကနေပြီးတော့ သံအမတ်အနေနဲ့ တရားဝင် ခန့်အပ်ထားတဲ့အတွက် Foreign office ကတော့ သူ့မှာတော့ ရှိနေသေးတယ် သံအမတ်အနေနဲ့တော့။ အဲလိုရှိနေသေးတယ် ပြီးတော့ သူက Stay ၄၅ ရက် မပြည့်သေးဘူးလေ၊ ပြန်ရမယ်ဆိုတာက သူ့မှာ လုပ်ပိုင်ခွင့်ရှိသေးတယ်ပေါ့။ အဲလိုသဘောလည်းရှိတယ် သက်ရောက်တယ် အခုအချိန်အထိပေါ့။

အင်ကြင်းနိုင်။ ။အခုကိစ္စမှာ Facebook Live တို့ လွှင့်နေတာပေါ့နော် ၊ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံး ဘာဖြစ်နေသလဲဆိုတာ Facebook Live တို့ လွှင့်နေတာတွေ ကျမတို့ ကြည့်ရမယ်ဆိုရင် အင်္ဂလန်မှာ ရှိတဲ့ ရဲတွေပြောနေတာက ဒါက Myanmar Embassy မြန်မာနိုင်ငံရဲ့ ပိုင်နက်ဖြစ်နေတယ်ဆိုတာ တံခါးတွေလည်း ဖျက်လို့ မရဘူးပေါ့နော် ဆိုတဲ့အနေအထားမျိုးလည်း ပြောနေတာ တွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ ပိုင်နက်ဖြစ်သွားရင်ရော လန်ဒန်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အဲဒီသံရုံးကို ဝင်ရောက်ခွင့်ရှိမရှိ အဲဒါတွေကရော သူတို့ ရဲဘက်ကို ပြန်မေးတာ ရှိလားရှင့်။

ကိုအောင်မော်ဇင်။ ။ ဘယ်လိုလဲဆိုတော့ မြန်မာ Passport ကိုင်တဲ့လူတွေက ဒီအချိန်က ရုံးအချိန်လည်းမဟုတ်ဘူးဆိုတော့အဲလိုပုံစံနဲ့ ဝင်လို့မရဘူးလေ။ အဓိကတော့ အကြီးဆုံး သံအမတ်ကြီး တယောက်အနေနဲ့ သူက လက်ရှိ သံရုံးရဲ့ ပြင်ပမှာ ရပ်ပြီးတော့ စောင့်နေတယ် အခုအချိန်အထိ ရဲ ၂ ယောက်ရဲ့ ရှေ့မှာ စကားပြောပြီး ရပ်စောင့်နေတယ်။ စောင့်နေတယ်ဆိုတာတော့ သူပြောတာကတော့ အပေါ်က အင်္ဂလန် Foreign office ကနေတော့ ။အခုဆိုရင်ရဲတွေ တော်တော်များများရောက်လာပြီ အယောက် ၂၀ လောက်ရှိတယ် နောက်ထပ် ထပ်တိုးရောက်လာတာ။ နောက်ထပ် armed police တွေပါ ရောက်လာတယ် နောက်ထပ် ၄-၅ ယောက် လားမသိဘူး ရောက်လာတာ။ အဲဒါ သူတို့က by forced နဲ့ ကျနော်ထင်တယ် ဖွင့်ခိုင်းမယ်လို့ အဲဒါကြောင့်မို့လို့ ဒီကလူတွေကို ရှင်းနေတယ် ၊ ရှင်းနေတယ် ဆိုတာ ကျနော်ထင်တယ် အထဲထဲကလူတွေကလည်း ဘယ်လိုပုံစံနဲ့ ရှိမလဲဆိုတာ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ကဒါက hijack လုပ်တဲ့ပုံစံ ဖြစ်သွားပြီလေ။ တကယ်လို့သာ ဒီ Foreign office က တရားဝင် အကြီးဆုံး သံအမတ်ကြီးတယောက် သံရုံးကို သံအမတ်ကြီးကို ပေးမဝင်တဲ့အတွက် အထဲထဲကလူတွေက hijack လုပ်တဲ့ပုံစံ ဖြစ်သွားပြီလေ။ သူတို့က ဒီအဆောက်အဦးကို ဝင်ပြီးတော့ စီးထားတဲ့ ပုံစံ ဖြစ်သွားတဲ့အတွက် ရဲတွေက ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ စောင့်ကြည့်ရမယ်။ အခုတော့ တော်တော်များတယ် armed police လည်း ၃ ယောက်ရှိနေတယ်။

အင်ကြင်းနိုင်။ ။ ကိုအောင်မော်ဇင်တို့ ဘာဆက်လုပ်မလဲရှင့် တညလုံးပဲ စောင့်မလား ရုံးရှေ့မှာ ရောက်နေတဲ့သူတွေလေ။

ဖြေ။ ။ ကျနော်တို့ စောင့်နိုင်တဲ့ လူကတော့ အတတ်နိုင်ဆုံးစောင့်မယ် ၊ ကားနဲ့ အရှေ့မှာ ရပ်ပြီးတော့ စောင့်ကြမယ်ပေါ့နော်။ ဒီနေ့က တော်တော်လည်းအေးတယ်။

အင်ကြင်းနိုင်။ ။ ဆိုတော့ သံရုံးထဲကို သံအမတ်ကြီး ပြန်ဝင်နိုင်ရေးက ဘယ်လောက်အထိ အရေးကြီးလဲရှင့်။

ကိုအောင်မော်ဇင်။ ။ ဘယ်လောက်အထိ အရေးကြီးလဲဆိုတော့ အခုလိုမျိုး လုပ်ချင်းအားဖြင့် သံအမတ်ကြီးကတော့ ရှင်းရှင်းပြောရင် CDM လည်း မလုပ်ထားဘူးခင်ဗျာ၊ ရှင်းရှင်းပြောရင် CRPH ကိုထောက်ခံပါတယ်ဆိုတာလည်း မရှိသေးဘူး။ ဒါပေမယ့် ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် သူတို့အချင်းချင်း ပဋိပက္ခလို့ ဆိုဆို ၊ အကြောင်းအရာ တခု ရှိတယ်ပြောပြော ဒီသံရုံးက ကျနော်တို့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံငယ်လေးဖြစ်တဲ့အတွက် ကျနော်တို့ ဒီလို မတရားဝင်စီးနေတဲ့ လူတွေကိုတော့ ကျနော်တို့ကတော့ ဖယ်ထုတ်ရမယ် ။ ဒီသံအမတ်ကြီးက ပြည်သူနဲ့ ပူးပေါင်းတယ်ဆိုရင် အတိုင်းအတာလွန်စွာနဲ့ ကျနော်တို့ ကြိုဆိုဖို့ အဆင်သင့်ပဲ ၊ ဒါပေမယ့် အခုအချိန် သူ မပူးပေါင်းဘူးဆိုရင်တောင်မှ ကျနော်တို့ကတော့ ကျနော်တို့နိုင်ငံငယ်လေးကို လာကာကွယ်တဲ့ပုံစံနဲ့ လာနေပေးတယ်ပေါ့နော် အဲဒီအဆင့်ပဲ ရှိပါသေးတယ်။

သံရုံးရှေ့ ရောက်ရှိနေတဲ့ ကိုအောင်မော်ဇင်ပြောပြသွားတာပါ။

အဲဒီနောက် သံအမတ်ကြီး ဦးကျော်စွာမင်းက သူရဲ့ကားထဲကနေ အပြင်ထွက်လာပြီး သူအနေနဲ့ သံရုံးထဲ ဘယ်အချိန်ပြန်ဝင်နိုင်မလဲဆိုတာ အခုထက်ထိ မသိရသေးကြောင်း၊ အချိန်ကြာနိုင်ကြောင်းနဲ့တတ်နိုင် သလောက် လူစုခွဲကြဖို့လည်း သံရုံးရှေ့စုဝေးနေကြသူတွေကို အခုလို ပြောသွားပါတယ်။

“လောလောဆည် ဘယ်လောက်ကြာမလဲမသိဘူး ။ ဘယ်လိုလုပ်ကြမလဲဆိုတာ ပြီးတော့မှပဲ လုပ်ကြမယ်ပေါ့နော်။ လောလောဆည်တော့ ကျနော်လည်း နားထောင်နေပါတယ်။ ဒီက police တွေပြောတာနဲ့ ပြဿနာ မဖြစ်စေနဲ့နော်။ တော်ကြာ ကျနော်တို့က စည်းကမ်းမရှိတဲ့လူတွေ ဖြစ်နေမယ်။ သဘောပေါက် တယ်နော် အဲဒီတော့ ခင်ဗျားတို့ ခဏနေရင် လူစုခွဲတော့နော်။”

 https://burmese.voanews.com/a/myanmar-embassy-in-london-/5845148.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.