Breaking

April 10, 2021

ျမန္မာ့အေရး ကုလလုံၿခံဳေရးေကာင္စီ ေၾကညာခ်က္ထုတ္႐ုံနဲ႔ မလုံေလာက္ (အေမရိကန္သံအမတ္ႀကီး)


အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield
(Zawgyi/Unicode)

ကုလသမဂၢလံုၿခံဳေရးေကာင္စီ အေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး အလ်င္အျမန္ အေရးယူေဆာင္ရြက္ဖို႔ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က ေသာၾကာေန႔ ကုလသမဂၢလံုၿခံဳေရးေကာင္စီရဲ႕ ျမန္မာ့ေရး သီးသန္႔ေဆြးေႏြးပြဲမွာ ေတာင္းဆိုလိုက္ပါတယ္။

"ျမန္မာစစ္တပ္အေနနဲ႔ သူတို႔ရဲ႕ေၾကာက္မက္ဖြယ္ဆိုးဝါးတဲ့ လုပ္ရပ္ေတြအတြက္ ျပန္ေပးဆပ္ရမယ္ဆိုတာ သိဖို႔ လိုေနၿပီျဖစ္သလို ေဒသတြင္းတည္ၿငိမ္ေရးနဲ႔ ႂကြယ္ဝလာေရးဟာ သူတို႔အေပၚ အျမန္ဆံုး အေရးယူႏိုင္မႈေပၚ မူတည္ေနၿပီ" လို႔ သံအမတ္ႀကီး က ေျပာသြားတာပါ။

လံုၿခံရးေကာင္စီရဲ႕ ရႈတ္ခ်ေျပာဆိုမႈကို ျမန္မာစစ္တပ္က ဂ႐ုမစိုက္ပဲ ေသြးတိုးစမ္းတဲ့ပံုလုပ္ေနတဲ့ အတြက္ ေကာင္စီက ေနာက္ထပ္ေၾကညာခ်က္ထပ္ထုတ္ၿပီး ေျပာဆိုေနမလား၊ ျမန္မာျပည္သူေတြရဲ႕ အသက္ေတြကို ကယ္ဖို႔ လက္ေတြ႕အေရးယူ မလားလို႔လည္း ေမးခြန္းထုတ္ခဲ့ပါတယ္။

အခုဆို ထိုင္းျမန္မာနယ္စပ္ေဒသေန တိုင္းရင္းသားေတြကို ေလေၾကာင္းတိုက္ခိုက္မႈေတြ အပါအဝင္ ထိုးစစ္ေတြ ဆင္ေနတာေၾကာင့္ ေထာင္နဲ႔ခ်ီၿပီး ထိုင္းႏိုင္ငံဘက္ ထြက္ေျပးေနၾကသလို အိႏၵိယကိုထြက္ေျပးသူကလည္း ရာနဲ႔ခ်ီရွိေနတာေၾကာင့္ ေဒသတြင္းတည္ၿငိမ္ေရး အတြက္ ျမန္မာစစ္တပ္အေပၚ ခိုင္မာတဲ့ အေရးယူေဆာင္ရြက္မႈေတြ လုပ္ဖို႔ လိုေနၿပီလို႔ ေျပာပါတယ္။

လံုၿခံဳေရးေကာင္စီက ေၾကညာခ်က္ေတြ ထုတ္ျပန္ေျပာဆိုေနေပမယ့္ ျမန္မာစစ္တပ္က ဆိုးဝါးတဲ့ လူ႔အခြင့္ေရးခ်ဳိးေဖါက္မႈေတြ ဆက္က်ဴးလြန္ေနတာေၾကာင့္ ေၾကညာခ်က္ ထုတ္ျပန္ရံုနဲ႔ အလုပ္မျဖစ္ေၾကာင္းေျပာပါတယ္။

ဒါ့အျပင္ အေမရိကန္ျပည္ေထာင္စု အေနနဲ႔ ျမန္မာႏိုင္ငံသားေတြနဲ႔ အတူ ရပ္တည္ေနတယ္ဆိုတာကို သိေစခ်င္ေၾကာင္းလည္း ေျပာပါတယ္။

ကုလသမဂၢလံုၿခံဳေရးေကာင္စီရဲ႕ အၿမဲတမ္းအဖြဲ႔ဝင္မဟုတ္တဲ့ Estonia ႏိုင္ငံဆိုင္ရာ သံအမတ္ႀကီး Sven Jurgenson ကလည္း လံုျခံဳေရးေကာင္စီအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာလက္နက္ေရာင္းဝယ္မႈ တားျမစ္တာ အပါအဝင္ အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္ဖို႔ ဆံုးျဖတ္ခ်က္ မူၾကမ္း စတင္ေရးဆြဲဖို႔ လိုအပ္ေနၿပီလို႔ ေျပာပါတယ္။

ႏိုင္ငံတကာ အေရးယူဒဏ္ခတ္မႈေတြနဲ႔ ပတ္သက္ၿပီး လံုၿခံဳေရးေကာင္စီမွာ ႐ုရွားနဲ႔ တ႐ုတ္ တို႔က ဗီတိုအာဏာသံုး ပယ္ခ်ေလ့ရွိေပမယ့္ ျမန္မာစစ္တပ္ရဲ႕ အဓိကမဟာမိတ္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ ဆိုင္ရာ သံအမတ္ႀကီးက ျမန္မာႏိုင္ငံရဲ႕ မတည္ၿငိမ္တဲ့ အေျခအေနအတြက္ စိုးရိမ္မႈေတြ တိုးလာေနေၾကာင္း ေျပာၾကားခဲ့တာပါ။

..............

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ ကြေညာချက်ထုတ်ရုံနဲ့ မလုံလောက် (အမေရိကန်သံအမတ်ကြီး)

(Unicode)

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အလျင်အမြန် အရေးယူဆောင်ရွက်ဖို့ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က သောကြာနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့ရေး သီးသန့်ဆွေးနွေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။

"မြန်မာစစ်တပ်အနေနဲ့ သူတို့ရဲ့ကြောက်မက်ဖွယ်ဆိုးဝါးတဲ့ လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်ရမယ်ဆိုတာ သိဖို့ လိုနေပြီဖြစ်သလို ဒေသတွင်းတည်ငြိမ်ရေးနဲ့ ကြွယ်ဝလာရေးဟာ သူတို့အပေါ် အမြန်ဆုံး အရေးယူနိုင်မှုပေါ် မူတည်နေပြီ" လို့ သံအမတ်ကြီး က ပြောသွားတာပါ။

လုံခြံရးကောင်စီရဲ့ ရှုတ်ချပြောဆိုမှုကို မြန်မာစစ်တပ်က ဂရုမစိုက်ပဲ သွေးတိုးစမ်းတဲ့ပုံလုပ်နေတဲ့ အတွက် ကောင်စီက နောက်ထပ်ကြေညာချက်ထပ်ထုတ်ပြီး ပြောဆိုနေမလား၊ မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်ဖို့ လက်တွေ့အရေးယူ မလားလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။

အခုဆို ထိုင်းမြန်မာနယ်စပ်ဒေသနေ တိုင်းရင်းသားတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ထိုးစစ်တွေ ဆင်နေတာကြောင့် ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးနေကြသလို အိန္ဒိယကိုထွက်ပြေးသူကလည်း ရာနဲ့ချီရှိနေတာကြောင့် ဒေသတွင်းတည်ငြိမ်ရေး အတွက် မြန်မာစစ်တပ်အပေါ် ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ လိုနေပြီလို့ ပြောပါတယ်။

လုံခြုံရေးကောင်စီက ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုနေပေမယ့် မြန်မာစစ်တပ်က ဆိုးဝါးတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ဆက်ကျူးလွန်နေတာကြောင့် ကြေညာချက် ထုတ်ပြန်ရုံနဲ့ အလုပ်မဖြစ်ကြောင်းပြောပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ အတူ ရပ်တည်နေတယ်ဆိုတာကို သိစေချင်ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ Estonia နိုင်ငံဆိုင်ရာ သံအမတ်ကြီး Sven Jurgenson ကလည်း လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာလက်နက်ရောင်းဝယ်မှု တားမြစ်တာ အပါအဝင် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဆုံးဖြတ်ချက် မူကြမ်း စတင်ရေးဆွဲဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။

နိုင်ငံတကာ အရေးယူဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ် တို့က ဗီတိုအာဏာသုံး ပယ်ချလေ့ရှိပေမယ့် မြန်မာစစ်တပ်ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံ ဆိုင်ရာ သံအမတ်ကြီးက မြန်မာနိုင်ငံရဲ့ မတည်ငြိမ်တဲ့ အခြေအနေအတွက် စိုးရိမ်မှုတွေ တိုးလာနေကြောင်း ပြောကြားခဲ့တာပါ

No comments:

Post a Comment

Note: Only a member of this blog may post a comment.