Breaking

May 18, 2021

စစ်ကောင်စီအဖွဲ့နဲ့ လူပုဂ္ဂိုလ် ၁၆ ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ

2021-05-17

စစ်ကောင်စီအဖွဲ့နဲ့ လူပုဂ္ဂိုလ် ၁၆ ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ မြန်မာစစ်တပ်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ အဖွဲ့ဝင်များ။
Photo: cincds.gov.mm

မြန်မာစစ်တပ်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ၊ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၁၆ ဦးကို အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုစာရင်းမှာ မေလ ၁၇ ရက် ဒီနေ့ ဖြည့်စွက် ထည့်သွင်းလိုက်ပါတယ်။

မကြာသေးခင်က ချင်းပြည်နယ် မင်းတပ်မြို့နယ်အပါအဝင် မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေ ဆက်လက်လုပ်ဆောင်နေတာ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖော်ဆောင်ဖို့ ပျက်ကွက်တာတွေကို တုံ့ပြန်အရေးယူတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒဏ်ခတ်အရေးယူတဲ့ အဖွဲ့အစည်းစာရင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီကို ထည့်သွင်းလိုက်ပြီး၊ လူပုဂ္ဂိုလ်စာရင်းမှာ စစ်‌ကောင်စီအဖွဲ့ဝင် ၄ ဦး၊ စစ်တပ်ကခန့်ထားတဲ့ အစိုးရအဖွဲ့ဝင် ၉ ဦး၊ ပိတ်ဆို့အရေးယူထားတဲ့ စစ်ခေါင်းဆောင် နှစ်ယောက်ရဲ့ သားသမီး ၃ ဦး၊ စုစုပေါင်း ၁၆ ဦးကို ဖြည့်စွက်ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

အဲဒီ ပုဂ္ဂိုလ် ၁၆ ဦးကတော့ စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဦးသိန်းညွှန့်၊ ဦးခင်မောင်ဆွေနဲ့ စိုင်းလုံစိုင်း၊ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်မြင့်၊ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဦးပွင့်ဆန်း၊ စီမံဘဏ္ဍာနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ဝန်ကြီး ဦးခင်မောင်ရီ၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ရဲ့သား ၂ ဦးဖြစ်တဲ့ ဟိန်းထက်နဲ့ ကောင်းထက်၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းရဲ့ သမီး ယဉ်မင်းသူတို့ ဖြစ်ပါတယ်။

https://www.rfa.org/burmese/news/us-sanctions-on-16-individuals-connected-to-myanmar-military-regime-05172021120843.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.