Breaking

May 18, 2021

ကုလအေထြေထြညီလာခံ ျမန္မာ႔အေရး မဲခဲြမယ္႔ကိစၥ ေရႊ႕ဆိုင္း


ကုလအေထြေထြညီလာခံ
(Zawgyi/Unicode)

ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ကုလသမဂၢအေထြေထြညီလာခံမွာ ဆံုးျဖတ္ခ်က္ မူၾကမ္းခ်မွတ္ေရးအတြက္ အဂၤါေန႔မွာ မဲခြဲဆံုးျဖတ္မယ့္ အစီစဥ္ကို ကုလသမဂၢက ေရႊ႕ဆိုင္းလိုက္ပါတယ္။

ကုလအေထြေထြညီလာခံ အလွည့္က် သဘာပတိရဲ႕ ေျပာခြင့္ရ Brenden Varma
ကုလအေထြေထြညီလာခံ အလွည့္က် သဘာပတိရဲ႕ ေျပာခြင့္ရ Brenden Varma

တနလၤာေန႔ကေတာ့ ကုလအေထြေထြညီလာခံ အလွည့္က် သဘာပတိရဲ႕ ေျပာခြင့္ရ Brenden Varma က သတင္းေထာက္ေတြကို ခုလို ေျပာၾကားခဲ့တာပါ။

မနက္ျဖန္ ေန႔လည္ ၃ နာရီမွာ ကုလသမဂၢအေထြေထြညီလာခံကေန ျမန္မာႏိုင္ငံရဲ႕ အေျခအေနနဲ႔ ပတ္သက္တဲ့ (တကယ္တမ္းလိုက္နာဖို႔ မလိုအပ္တဲ့) ဆံုးျဖတ္ခ်က္မႈၾကမ္းကို ခ်ျပဖို႔ ရွိေၾကာင္း ေျပာသြားတာပါ။

ဒီမူၾကမ္းကို ဥေရာပက ႏိုင္ငံငယ္ေလးတခုျဖစ္တဲ့ Liechtenstein က ဦးေဆာင္တင္သြင္းတာ ျဖစ္ပါတယ္။ ဒီဆံုးျဖတ္ခ်က္မူၾကမ္းအတြက္ ႏိုင္ငံေပါင္း ၁၉၃ ႏိုင္ငံက မဲခြဲၾကမွာ ျဖစ္ၿပီး ဒီအထဲမွာ တ႐ုတ္နဲ႔ အာဆီယံ ႏိုင္ငံေတြပါ ပါဝင္ေနတာေၾကာင့္ အတည္ျပဳႏိုင္၊ မႏိုင္ မေသခ်ာေသးပါဘူး။

ဒီဆံုးျဖတ္ခ်က္ မူၾကမ္းထဲမွာ ျမန္မာႏိုင္ငံကို လက္နက္ခဲယမ္းမီးေက်ာက္မ်ိဳးစံု ေရာင္းခ်တာ ဒါမွမဟုတ္ လႊဲေျပာင္းတာမ်ိဳးကို တိုက္႐ိုက္ျဖစ္ေစ သြယ္ဝိုက္ၿပီး ျဖစ္ေစ မျပဳလုပ္ဖို႔ ခ်က္ခ်င္းဆိုင္းင့ံထားရမွာ ျဖစ္ေၾကာင္း ေတာင္းဆိုတာ ပါဝင္ပါတယ္။

ဒါ့အျပင္ ေဖေဖၚဝါရီ ၁ ရက္စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး ထုတ္ျပန္ထားတဲ့ ႏိုင္ငံေတာ္ အေရးေပၚ အေျခေနေၾကညာမႈကို အဆံုးသတ္ဖို႔၊ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြ အေပၚ အၾကမ္းဖက္မႈအားလံုး ရပ္ပစ္ဖို႔ အျပင္ ျမန္မာျပည္သူေတြက သူတို႔ရဲ႕ ဆႏၵကိုထုတ္ေဖၚျပသခဲ့တဲ့ ႏိုဝင္ဘာေရြးေကာက္ပြဲ ရလဒ္ကို ေလးစားဖို႔ပါ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။

ကုလသမဂၢ အေထြေထြညီလာခံရဲ႕ ဆံုးျဖတ္ခ်က္ေတြဟာ လိုက္နာစရာ မလိုေပမယ့္ အဖြဲ႔ဝင္ ၁၅ ႏိုင္ငံပါတဲ့ ကုလသမဂၢလံုျခံဳေရး ေကာင္စီလို မဟုတ္ပဲ ဗီတိုအာဏာ သံုးခြင့္မရွိတဲ့ ဒီညီလာခံရဲ႕ ဆံုးျဖတ္ခ်က္ဟာ ကမာၻ႔ႏိုင္ငံေတြၾကား ႏိုင္ငံေရးၾသဇာ အရ သိပ္ကို ႀကီးမားတာ ျဖစ္ပါတယ္။

အခု မဲခြဲမယ့္ ဆံုးျဖတ္ခ်က္ထဲမွာ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကတည္းက အဖမ္းခံေနရတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တျခားအဖမ္းခံေနရသူ အားလံုးကို ျပန္လႊတ္ေပးဖို႔ပါ ေတာင္းဆိုထားတဲ့ အျပင္ ကုလအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးအၾကံေပး Christine Schraner Burgener ကို ျမန္မာႏိုင္ငံတြင္း လာေရာက္ခြင့္ေပးဖို႔နဲ႔ အာဆီယံ ၁၀ ႏိုင္ငံၾကား ရထားတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ သေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္ထည္ေဖၚဖို႔ပါ ပါဝင္ပါတယ္။

............

ကုလအထွေထွေညီလာခံ မြန်မာ့အရေး မဲခွဲမယ့်ကိစ္စ ရွှေ့ဆိုင်း

(Unicode)

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆုံးဖြတ်ချက် မူကြမ်းချမှတ်ရေးအတွက် အင်္ဂါနေ့မှာ မဲခွဲဆုံးဖြတ်မယ့် အစီစဉ်ကို ကုလသမဂ္ဂက ရွှေ့ဆိုင်းလိုက်ပါတယ်။

တနင်္လာနေ့ကတော့ ကုလအထွေထွေညီလာခံ အလှည့်ကျ သဘာပတိရဲ့ ပြောခွင့်ရ Brenden Varma က သတင်းထောက်တွေကို ခုလို ပြောကြားခဲ့တာပါ။

မနက်ဖြန် နေ့လည် ၃ နာရီမှာ ကုလသမဂ္ဂအထွေထွေညီလာခံကနေ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ (တကယ်တမ်းလိုက်နာဖို့ မလိုအပ်တဲ့) ဆုံးဖြတ်ချက်မှုကြမ်းကို ချပြဖို့ ရှိကြောင်း ပြောသွားတာပါ။

ဒီမူကြမ်းကို ဥရောပက နိုင်ငံငယ်လေးတခုဖြစ်တဲ့ Liechtenstein က ဦးဆောင်တင်သွင်းတာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်မူကြမ်းအတွက် နိုင်ငံပေါင်း ၁၉၃ နိုင်ငံက မဲခွဲကြမှာ ဖြစ်ပြီး ဒီအထဲမှာ တရုတ်နဲ့ အာဆီယံ နိုင်ငံတွေပါ ပါဝင်နေတာကြောင့် အတည်ပြုနိုင်၊ မနိုင် မသေချာသေးပါဘူး။

ဒီဆုံးဖြတ်ချက် မူကြမ်းထဲမှာ မြန်မာနိုင်ငံကို လက်နက်ခဲယမ်းမီးကျောက်မျိုးစုံ ရောင်းချတာ ဒါမှမဟုတ် လွှဲပြောင်းတာမျိုးကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီး ဖြစ်စေ မပြုလုပ်ဖို့ ချက်ချင်းဆိုင်းငံ့ထားရမှာ ဖြစ်ကြောင်း တောင်းဆိုတာ ပါဝင်ပါတယ်။

ဒါ့အပြင် ဖေဖေါ်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ထုတ်ပြန်ထားတဲ့ နိုင်ငံတော် အရေးပေါ် အခြေနေကြေညာမှုကို အဆုံးသတ်ဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေ အပေါ် အကြမ်းဖက်မှုအားလုံး ရပ်ပစ်ဖို့ အပြင် မြန်မာပြည်သူတွေက သူတို့ရဲ့ ဆန္ဒကိုထုတ်ဖေါ်ပြသခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့ပါ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာ လိုက်နာစရာ မလိုပေမယ့် အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီလို မဟုတ်ပဲ ဗီတိုအာဏာ သုံးခွင့်မရှိတဲ့ ဒီညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘာ့နိုင်ငံတွေကြား နိုင်ငံရေးသြဇာ အရ သိပ်ကို ကြီးမားတာ ဖြစ်ပါတယ်။

အခု မဲခွဲမယ့် ဆုံးဖြတ်ချက်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက အဖမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအဖမ်းခံနေရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ပါ တောင်းဆိုထားတဲ့ အပြင် ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Christine Schraner Burgener ကို မြန်မာနိုင်ငံတွင်း လာရောက်ခွင့်ပေးဖို့နဲ့ အာဆီယံ ၁၀ နိုင်ငံကြား ရထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သဘောတူညီချက် ၅ ရပ်ကို အကောင်ထည်ဖေါ်ဖို့ပါ ပါဝင်ပါတယ်။

https://burmese.voanews.com/a/un-general-assembly-on-myanmar-voting-postpone-/5894522.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.