Breaking

May 20, 2021

ျမန္မာေလတပ္ဦးစီးခ်ဳပ္ရဲ႕ ႐ုရွားခရီးစဥ္


ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ (လယ္)။ (ေဖေဖာ္ဝါရီ ၀၃၊ ၂၀၁၈)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံ ေလတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႔တခုဟာ ၾကာသပေတးေန႔မွာ ရုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ေတာ္ကို ခရီးထြက္လာမယ္လို႔ ေမာ္စကို ရွိ ျမန္မာသံရံုးေျပာခြင့္ရကို ကိုးကားၿပီး The Moscow Times အြန္လိုင္းသတင္းစာမွာ ေရးသားလိုက္ပါတယ္။

ခရီးစဥ္ရဲ႕ တစိတ္တပိုင္းအေနနဲ႔ ေမလ ၂၀ ကေန ၂၂ ရက္ေန႔အထိ ျပဳလုပ္မယ့္ ရုရွားႏိုင္ငံရွိ အၾကီးမားဆံုး ရဟတ္ယာဥ္ျပပြဲ Heli Russia ကို တက္ေရာက္မွာျဖစ္တယ္လို႔ ျမန္မာသံရံုးကိုယ္စားလွယ္ ေျပာဆိုေၾကာင္းလည္း ေဖာ္ျပပါတယ္။ ဒီျပပြဲမွာ ေနာက္ဆံုးေပၚ KA -52 နဲ႔ Mi-28NE တိုက္ပြဲ၀င္ ရဟတ္ယာဥ္ေတြကို ျပသထားမွာျဖစ္တယ္လို႔ ရုရွားက လက္နက္တင္ပို႔တဲ့ ဌာနကို ကိုးကားၿပီး ေရးသားထားပါတယ္။

ေမာ္စကိုမွာရွိတဲ့ ျမန္မာစစ္သံမွဴးကလည္း ေလတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ ခရီးစဥ္အတြင္းမွာ လုပ္ေဆာင္စရာေတြ အခ်ိန္နဲ႔ အျပည့္ပဲလို႔ ဆိုထားပါတယ္။ ဒီကိုယ္စားလွယ္အဖြဲ႔မွာ ျမန္မာစီးပြားေရး လုပ္ငန္းရွင္တဦးျဖစ္သူ ဦးေတဇလည္း လိုက္ပါလာမယ္လို႔ ဧရာ၀တီ သတင္းဌာနက ေရးသားထားေပမယ့္ ဒါကိုေတာ့ The Moscow Times ကေရာ VOA ကပါ သီးျခားအတည္မျပဳႏိုင္ခဲ့ပါဘူး။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ ရုရွား ကာကြယ္ေရးဌာန ဒုဝန္ႀကီး Alexander Fomin ဟာ ျမန္မာႏိုင္ငံၿမိဳ႕ေတာ္ ေနျပည္ေတာ္ကို သြားေရာက္ခဲ့ပါတယ္။ အဲဒါဟာျဖင့္ အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံကို ပထမဦးဆံုး လာေရာက္လည္ပတ္တဲ့ ၀န္ႀကီးအဆင့္ ခရီးစဥ္လည္း ျဖစ္ပါတယ္။

ရုရွား- ျမန္မာ ၂ ႏိုင္ငံအၾကား ကုန္သြယ္မႈ ပမာဏဟာ သိပ္မမ်ားလွေပမယ့္ ၂ ႏိုင္ငံအၾကား စစ္ေရးပူးေပါင္းေဆာင္ရြက္မႈကေတာ့ မၾကာေသးမီကာလေတြအတြင္းမွာ ပိုမိုနက္ရိႈင္းလာခဲ့ပါတယ္။ ရုရွားဟာဆိုရင္ အခု တရုုတ္ျပီးရင္ ျမန္မာႏိုင္ငံကို လက္နက္တင္ပို႔ေနတဲ့ ဒုတိယအႀကီးမားဆံုး ႏိုင္ငံလည္းျဖစ္ပါတယ္။

..........

မြန်မာလေတပ်ဦးစီးချုပ်ရဲ့ ရုရှားခရီးစဉ်

(Unicode)

မြန်မာနိုင်ငံ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တခုဟာ ကြာသပတေးနေ့မှာ ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို ခရီးထွက်လာမယ်လို့ မော်စကို ရှိ မြန်မာသံရုံးပြောခွင့်ရကို ကိုးကားပြီး The Moscow Times အွန်လိုင်းသတင်းစာမှာ ရေးသားလိုက်ပါတယ်။

ခရီးစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ မေလ ၂၀ ကနေ ၂၂ ရက်နေ့အထိ ပြုလုပ်မယ့် ရုရှားနိုင်ငံရှိ အကြီးမားဆုံး ရဟတ်ယာဉ်ပြပွဲ Heli Russia ကို တက်ရောက်မှာဖြစ်တယ်လို့ မြန်မာသံရုံးကိုယ်စားလှယ် ပြောဆိုကြောင်းလည်း ဖော်ပြပါတယ်။ ဒီပြပွဲမှာ နောက်ဆုံးပေါ် KA -52 နဲ့ Mi-28NE တိုက်ပွဲဝင် ရဟတ်ယာဉ်တွေကို ပြသထားမှာဖြစ်တယ်လို့ ရုရှားက လက်နက်တင်ပို့တဲ့ ဌာနကို ကိုးကားပြီး ရေးသားထားပါတယ်။

မော်စကိုမှာရှိတဲ့ မြန်မာစစ်သံမှူးကလည်း လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ခရီးစဉ်အတွင်းမှာ လုပ်ဆောင်စရာတွေ အချိန်နဲ့ အပြည့်ပဲလို့ ဆိုထားပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့မှာ မြန်မာစီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သူ ဦးတေဇလည်း လိုက်ပါလာမယ်လို့ ဧရာဝတီ သတင်းဌာနက ရေးသားထားပေမယ့် ဒါကိုတော့ The Moscow Times ကရော VOA ကပါ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ရုရှား ကာကွယ်ရေးဌာန ဒုဝန်ကြီး Alexander Fomin ဟာ မြန်မာနိုင်ငံမြို့တော် နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ အဲဒါဟာဖြင့် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကို ပထမဦးဆုံး လာရောက်လည်ပတ်တဲ့ ဝန်ကြီးအဆင့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ရုရှား မြန်မာ ၂ နိုင်ငံအကြား ကုန်သွယ်မှု ပမာဏဟာ သိပ်မများလှပေမယ့် ၂ နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကတော့ မကြာသေးမီကာလတွေအတွင်းမှာ ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။ ရုရှားဟာဆိုရင် အခု တရုတ်ပြီးရင် မြန်မာနိုင်ငံကို လက်နက်တင်ပို့နေတဲ့ ဒုတိယအကြီးမားဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ 

 https://burmese.voanews.com/a/myanmar-general-maung-maung-kaw-will-go-to-russia-/5897449.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.