Breaking

May 19, 2021

ေရြးေကာက္ပြဲေကာ္မရွင္ အစည္းအေဝး ျပည္သူ႔ပါတီ ဘာေၾကာင္႔တက္ေရာက္မလဲ (ဦးကိုကိုႀကီးႏွင္႔ ေမးျမန္းခ်က္)

 


ျပည္သူ႔ပါတီ ဥကၠဌ ဦးကိုကိုႀကီး (ဓါတ္ပံု- Ko Ko Gyi's Facebook)
(Zawgyi/Unicode)

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ေဆြးေႏြးပြဲ တက္ေရာက္ဖို႔ သူတို႔ ဆုံးျဖတ္တာဟာ ႏိုင္ငံေရးပါတီအေနနဲ႔ မွန္ကန္တဲ့ေ႐ြးခ်ယ္မႈျဖစ္တယ္လို႔ ၈၈မ်ိဳးဆက္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ျပည္သူ႔ပါတီ ဥကၠဌ ဦးကိုကိုႀကီးက ဗြီအိုေအကိုေျပာပါတယ္။


တဖက္မွာလည္း ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ဖိႏွိပ္ေနတဲ့ စစ္ေကာင္စီရဲ႕ ေ႐ြးေကာက္ပြဲေကာ္မရွင္က ဖိတ္ေခၚခ်က္ကို လက္ခံခဲ့တာေၾကာင့္ ျပည္သူ႔ပါတီအေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္ကန႔္ကြက္မႈေတြရွိေနတာပါ။ မအင္ၾကင္းႏိုင္က ျပည္သူ႔ပါတီ ဥကၠဌ ဦးကိုကိုႀကီးကို ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏိုင္။ ။ ေမလ ၂၁ ရက္ေန႔မွာလုပ္မယ့္ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီေတြ ေတြ႔ဆံုပြဲမွာ ဦးကိုကိုႀကီးတို႔ရဲ႕ ျပည္သူ႔ပါတီ ကေနၿပီးေတာ့ တက္ေရာက္မႈ ရွိမရွိ သိပါရေစရွင့္။

ဦးကိုကိုႀကီး။ ။ ဟုတ္ကဲ့ပါ က်ေနာ္တို႔ ၁၇ ရက္ေန႔မွာ ေနာက္ဆံုးထားၿပီးေတာ့ အေၾကာင္းျပန္ဖို႔ က်ေနာ္တို႔ဆီကို ဆက္သြယ္လာပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ၁၇ ရက္ေန႔မွာ က်ေနာ္တို႔ ဗဟိုအလုပ္မႈေဆာင္ေကာ္မတီ အစည္းအေ၀းက်င္းပၿပီးေတာ့ က်ေနာ္တို႔ အားလံုးသေဘာထားကို ရယူၿပီးေတာ့ ဆံုးျဖတ္တဲ့အခါမွာ က်ေနာ္တို႔ အစည္းအေ၀း တက္ေရာက္မယ္လို႔ က်ေနာ္တို႔ ဆံုးျဖတ္ခဲ့ပါတယ္။

မအင္ၾကင္းႏိုင္။ ။ ပါတီထဲမွာ ဦးကိုကိုႀကီးတို႔ဆံုးျဖတ္ခ်က္ေပါ့ေနာ္ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္နဲ႔ ေဆြးေႏြးပဲြ တက္ေရာက္ဖို႔ ရွိမရွိ ဆိုတဲ့ သေဘာထားနဲ႔ ပတ္သက္ၿပီးေတာ့လည္း ပါတီအတြင္းမွာ ေဆြးေႏြးတဲ့ေနရာမွာေရာ ပါတီအတြင္း သေဘာထားေရာ ဘယ္လိုရွိသလဲရွင့္။

ဦးကိုကိုႀကီး။ ။ အဓိကေတာ့ က်ေနာ္တို႔ အမ်ားစုက တက္သင့္တယ္ ဆိုတာကို သေဘာတူဆံုးျဖတ္ၾကတာျဖစ္ပါတယ္။ သေဘာမတူတဲ့လူေတြလည္းရွိပါတယ္။ က်ေန္ာတို႔ကလည္း အဖြဲ႔အစည္းတခုမွာ ကိုယ့္သေဘာထားကိုယ္ေပးတယ္ ၊ အမ်ားသေဘာထားနဲ႔ ဆံုးျဖတ္ၿပီးအခ်ိန္မွာေတာ့ ကိုယ့္သေဘာထားကို မွတ္တမ္းအျဖစ္နဲ႔ ရယူထားတယ္ ၿပီးေတာ့ အားလံုးဆံုးျဖတ္ခ်က္ကို ဆက္လက္ၿပီးေတာ့ အေကာင္အထည္ေဖာ္တယ္ေပါ့။

မအင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္နဲ႔ ေဆြးေႏြးပဲြ တက္ေရာက္ဖို႔ ဘာေၾကာင့္ ဆံုးျဖတ္လိုက္တာလဲရွင့္။

ဦးကိုကိုႀကီး။ ။ ဆိုေတာ့ အခုဟာကေတာ့ က်ေနာ္တို႔ ၈၈ ျဖတ္သန္းခဲ့တဲ့ ရဲေဘာ္ေတြ အမ်ားစုပါ က်ေန္ာတို႔ ျပည္သူ႔ပါတီက ။ ၈၈ တုန္းကလည္း နည္းလမ္းအသီးသီးနဲ႔ ဒီမိုကေရစီ ပန္းတိုင္ကိုေရာက္ေအာင္သြားခဲ့ၾကတယ္။ က်ေန္ာတို႔ ကိုယ္တိုင္လည္း ေျပာရင္ေတာ့ လက္နက္ကိုင္ေတာ္လွန္ေရးအတြက္ကို က်ေနာ္တို႔လည္း အဲဒီအခ်ိန္တုန္းက ႀကိဳးစားခဲ့ၾကတာေတြရွိတယ္။ က်ေနာ္တို႔ ရဲေဘာ္ေတြဆိုရင္လည္း လက္နက္ကိုင္ေတာ္လွန္ေရးအတြက္ ေတာခိုၿပီးေတာ့ နည္းလမ္းကို ေရြးခ်ယ္ခဲ့တာေတြရွိတယ္။ တဖက္ကလည္း ေျမေပၚမွာတင္ပဲ ၊ တ၀က္တျပတ္ ေျမေအာက္လႈပ္ရွားမႈပံုစံမ်ိဳးနဲ႔ ေက်ာင္းသားသမဂၢေတြ တပ္ဦးေတြနဲ႔ ဆက္လက္လႈပ္ရွားတာရွိတယ္။ အဲဒီတုန္းကအေျခအေနဆိုရင္ လူ ၃၀၀၀ ေလာက္ေတာင္ ေသေက်ခဲ့တယ္လို႔ ေျပာၾကပါတယ္။ အဲဒီလိုအေျခအေနမ်ိဳးမွာ စစ္တပ္က အာဏာသိမ္းၿပီး ရက္ပိုင္းအတြင္းမွာပဲ စက္တင္မွာ ၁၈ ရက္ေန႔ အာဏာသိမ္းတယ္ သိမ္းၿပီးတာနဲ႔ ႏိုင္ငံေရးပါတီေတြ မွတ္ပံုတင္ၾကတယ္။ သို႔ေသာ္အားလံုးက ကိုယ့္တူညီတဲ့ ရည္မွန္းခ်က္တခုကို မတူညီတဲ့နည္းလမ္းေတြနဲ႔ အသီးသီးႀကိဳးစားခဲ့တာမွာ က်ေနာ္တို႔ အခုအေျခအေနအထိ ေရာက္လာခဲ့ၾကတယ္ေပ့ါေနာ္။ အခုအေျခအေနမွာကေတာ့ ဒီလိုပဲ မတူညီတဲ့ နည္းလမ္းအသီးသီးနဲ႔ ကိုယ့္ႏိုင္ငံေရးရပ္တည္ခ်က္၊ ပါတီဆိုရင္လည္း ပါတီတခုပံုစံနဲ႔ အျခားလက္နက္ကိုင္နည္းလမ္း ကိုလည္း ယံုၾကည္တဲ့သူေတြက လက္နက္ကိုင္နည္းလမ္းနဲ႔ က်ေန္ာတို႔က ဘယ္သူ မွန္တယ္ မွားတယ္ ဆိုတာထက္ကို က်ေနာ္တို႔ကေတာ့ အၾကမ္းမဖက္ ႏိုင္ငံေရးနည္းလမ္းကို ယံုၾကည္တဲ့သူေတြက ဒီယံုၾကည္ခ်က္နဲ႔ ဒီမိုကေရစီ ပန္းတိုင္ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး ပန္းတိုင္ကို က်ေန္ာတို႔ ဆက္သြားၾကပါ။ တေယာက္နဲ႔တေယာက္ သေဘာထား စိတ္၀မ္းကြဲစရာ မလိုဘူးလို႔ က်ေန္ာကေတာ့ အဲလိုျမင္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ အခုလက္ရွိ စစ္အာဏာသိမ္းၿပီးေတာ့ အၾကမ္းဖက္ ဖိႏွိပ္ေနတဲ့ စစ္ေကာင္စီအေပၚၾကေတာ့ ဦးကိုကိုႀကီးတို႔က ဘယ္လိုသေဘာထားရွိသလဲရွင့္။

ဦးကိုကိုႀကီး။ ။ က်ေနာ္တို႔က အၾကမ္းဖက္မႈကို ဆန္႔က်င္တယ္ ၊ စကတည္းကလည္း က်ေနာ္တို႔က စစ္အာဏာသိမ္းမႈကို က်ေနာ္တို႔ ကန္႔ကြက္တယ္ဆိုတာကို က်ေနာ္တို႔ ေျပာခဲ့တယ္။ ၿပီးေတာ့လည္း အၾကမ္းမဖက္ ၿငိမ္းခ်မ္းစြာ ဆႏၵျပတာေတြကို ေထာက္ခံတယ္ အားေပးတယ္ဆိုတာလည္း က်ေနာ္တို႔ ေျပာခဲ့တယ္။ အခုုအခ်ိန္ထိလည္း ဆႏၵျပမႈေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့ မိသားစုေတြ ၊ ဖမ္းဆီးခံေနရတဲ့ လူေတြနဲ႔ ပတ္သက္လို႔ ဥပေဒဆိုင္ရာ အေထာက္အကူေပးတာေတြ အကူအညီေပးတာေတြ က်ေနာ္တို႔ ဆက္ၿပီးေတာ့ ေဆာင္ရြက္ေနပါတယ္။ တဖက္ကလည္း ပါတီတရပ္အေနနဲ႔ ပါတီသေဘာထား ေျပာစရာရွိတာေတြကို က်ေနာ္တို႔က ေကာ္မရွင္နဲ႔ေတြ႔ရင္လည္း ေကာ္မရွင္ကို ေျပာစရာရွိတာေတြေျပာမယ္။ က်ေနာ္တို႔ လိုအပ္တဲ့ ႏိုင္ငံေရးေတာင္းဆိုမႈေတြ တင္ျပမႈေတြ ေဆြးေႏြးမႈေတြကို ဆက္ၿပီးေတာ့ ေဆာင္ရြက္သြားမွာပါ။

မအင္ၾကင္းႏိုင္။ ။ စစ္တပ္က သူတို႔ အထူးသျဖင့္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က သူတို႔ အာဏာသိမ္းတဲ့အခ်ိန္တုန္းက ေျပာတုန္းက ဒီမဲလိမ္တဲ့ကိစၥေပါ့ေနာ္၊ ၂၀၂၀ ႏို၀င္ဘာ ေရြးေကာက္ပြဲတုန္းက မဲလိမ္ခံခဲ့ရတယ္ဆိုတဲ့အေပၚမွာ သူတို႔က အာဏာသိမ္းရတယ္ဆိုတဲ့အေၾကာင္းကို အဓိက ျပထားေတာ့ အဲဒီ စစ္တပ္ေျပာတဲ့ မဲ ၁၀ သန္းေလာက္ အလိမ္ခံရတယ္ဆိုတဲ့ ေရြးေကာက္ပြဲမွာ မဲအလိမ္ခံရတယ္ ၊ မဲမသမာမႈေတြရွိတယ္ဆိုတဲ့ သူတို႔ရဲ႕ ေျပာဆိုခ်က္အေပၚမွာေရာ ဦးကိုကိုႀကီးအေနနဲ႔ လက္ခံသလားရွင့္။

ဦးကိုကိုႀကီး။ ။ ဒါကေတာ့ လက္ရွိ စစ္ေကာင္စီဘက္က ေျပာဆိုခ်က္ေပါ့ေနာ္။ ေျမျပင္မွာေတာ့ မဲစာရင္းကြာဟမႈေတြ ခ်ိဳ႕ယြင္းခ်က္ အားနည္းမႈေတြရွိတယ္ဆိုတာကေတာ့ ေရြးေကာက္ပြဲအဆက္ဆက္မွာ ဒါက ရွိပါတယ္။ ဒီ့အရင္ ေရြးေကာက္ပြဲေတြမွာလည္း ဒီျပႆနာေတြက ရွိတာပဲ ၊ အဲဒီေတာ့ အဓိကက ေရြးေကာက္ပြဲ အျငင္းပြားမႈ ဆိုတာက ဥပေဒေၾကာင္းအရ ေျဖရွင္းတာရယ္၊ ႏိုင္ငံေရးနည္းအရ ေတြ႔ဆံုေဆြးေႏြးေျဖရွင္းတာရယ္၊ အဲဒါမ်ိဳးေတြကို က်ေနာ္တို႔က အဓိက ေဆာင္ရြက္ႏိုင္တဲ့ ယႏၱရားစနစ္ အဲဒါမ်ိဳး ရွိဖို႔လိုတယ္။ မဟုတ္ရင္ က်ေနာ္တုိ႔က အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရး ပ်က္ယြင္းတာကေန က်ေနာ္တို႔က စစ္တပ္ကေနၿပီးေတာ့ ႏိုင္ငံေရးမွာ လႊမ္းမိုးတဲ့ ကိစၥကေနၿပီးေတာ့ ေတာက္ေလာက္အခုအခ်ိန္အထိ ဒီျပႆနာေတြကို ၾကံဳေနရတာျဖစ္တယ္။ ႏိုင္ငံေရးနည္းလမ္းနဲ႔ ေရြးခ်ယ္ထားတဲ့ သူေတြလည္းရွိႏိုင္သလို ရတဲ့နည္းနဲ႔ ျပန္ၿပီးေတာ့ ဆန္႔က်င္ေတာ္လွန္မယ္ဆိုတဲ့ လူေတြလည္း ရွိႏိုင္မယ္။ ဒါက တဦးခ်င္းရဲ႕ ေရြးခ်ယ္မႈလို႔ က်ေန္ာျမင္ပါတယ္။

.............

ရွေးကောက်ပွဲကော်မရှင် အစည်းအဝေး ပြည်သူ့ပါတီ ဘာကြောင့်တက်ရောက်မလဲ (ဦးကိုကိုကြီးနှင့် မေးမြန်းချက်)

(Unicode)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဆွေးနွေးပွဲ တက်ရောက်ဖို့ သူတို့ ဆုံးဖြတ်တာဟာ နိုင်ငံရေးပါတီအနေနဲ့ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်တယ်လို့ ၈၈မျိုးဆက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ဗွီအိုအေကိုပြောပါတယ်။


တဖက်မှာလည်း ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဖိတ်ခေါ်ချက်ကို လက်ခံခဲ့တာကြောင့် ပြည်သူ့ပါတီအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုတွေရှိနေတာပါ။ မအင်ကြင်းနိုင်က ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ မေလ ၂၁ ရက်နေ့မှာလုပ်မယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ ဦးကိုကိုကြီးတို့ရဲ့ ပြည်သူ့ပါတီ ကနေပြီးတော့ တက်ရောက်မှု ရှိမရှိ သိပါရစေရှင့်။

ဦးကိုကိုကြီး။ ။ ဟုတ်ကဲ့ပါ ကျနော်တို့ ၁၇ ရက်နေ့မှာ နောက်ဆုံးထားပြီးတော့ အကြောင်းပြန်ဖို့ ကျနော်တို့ဆီကို ဆက်သွယ်လာပါတယ်။ အဲဒါကြောင့်မို့လို့ ၁၇ ရက်နေ့မှာ ကျနော်တို့ ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေးကျင်းပပြီးတော့ ကျနော်တို့ အားလုံးသဘောထားကို ရယူပြီးတော့ ဆုံးဖြတ်တဲ့အခါမှာ ကျနော်တို့ အစည်းအဝေး တက်ရောက်မယ်လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။

မအင်ကြင်းနိုင်။ ။ ပါတီထဲမှာ ဦးကိုကိုကြီးတို့ဆုံးဖြတ်ချက်ပေါ့နော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဆွေးနွေးပွဲ တက်ရောက်ဖို့ ရှိမရှိ ဆိုတဲ့ သဘောထားနဲ့ ပတ်သက်ပြီးတော့လည်း ပါတီအတွင်းမှာ ဆွေးနွေးတဲ့နေရာမှာရော ပါတီအတွင်း သဘောထားရော ဘယ်လိုရှိသလဲရှင့်။

ဦးကိုကိုကြီး။ ။ အဓိကတော့ ကျနော်တို့ အများစုက တက်သင့်တယ် ဆိုတာကို သဘောတူဆုံးဖြတ်ကြတာဖြစ်ပါတယ်။ သဘောမတူတဲ့လူတွေလည်းရှိပါတယ်။ ကျနေ်ာတို့ကလည်း အဖွဲ့အစည်းတခုမှာ ကိုယ့်သဘောထားကိုယ်ပေးတယ် ၊ အများသဘောထားနဲ့ ဆုံးဖြတ်ပြီးအချိန်မှာတော့ ကိုယ့်သဘောထားကို မှတ်တမ်းအဖြစ်နဲ့ ရယူထားတယ် ပြီးတော့ အားလုံးဆုံးဖြတ်ချက်ကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော်တယ်ပေါ့။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဆွေးနွေးပွဲ တက်ရောက်ဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်တာလဲရှင့်။

ဦးကိုကိုကြီး။ ။ ဆိုတော့ အခုဟာကတော့ ကျနော်တို့ ၈၈ ဖြတ်သန်းခဲ့တဲ့ ရဲဘော်တွေ အများစုပါ ကျနေ်ာတို့ ပြည်သူ့ပါတီက ။ ၈၈ တုန်းကလည်း နည်းလမ်းအသီးသီးနဲ့ ဒီမိုကရေစီ ပန်းတိုင်ကိုရောက်အောင်သွားခဲ့ကြတယ်။ ကျနေ်ာတို့ ကိုယ်တိုင်လည်း ပြောရင်တော့ လက်နက်ကိုင်တော်လှန်ရေးအတွက်ကို ကျနော်တို့လည်း အဲဒီအချိန်တုန်းက ကြိုးစားခဲ့ကြတာတွေရှိတယ်။ ကျနော်တို့ ရဲဘော်တွေဆိုရင်လည်း လက်နက်ကိုင်တော်လှန်ရေးအတွက် တောခိုပြီးတော့ နည်းလမ်းကို ရွေးချယ်ခဲ့တာတွေရှိတယ်။ တဖက်ကလည်း မြေပေါ်မှာတင်ပဲ ၊ တဝက်တပြတ် မြေအောက်လှုပ်ရှားမှုပုံစံမျိုးနဲ့ ကျောင်းသားသမဂ္ဂတွေ တပ်ဦးတွေနဲ့ ဆက်လက်လှုပ်ရှားတာရှိတယ်။ အဲဒီတုန်းကအခြေအနေဆိုရင် လူ ၃၀၀၀ လောက်တောင် သေကျေခဲ့တယ်လို့ ပြောကြပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ စစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ စက်တင်မှာ ၁၈ ရက်နေ့ အာဏာသိမ်းတယ် သိမ်းပြီးတာနဲ့ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ကြတယ်။ သို့သော်အားလုံးက ကိုယ့်တူညီတဲ့ ရည်မှန်းချက်တခုကို မတူညီတဲ့နည်းလမ်းတွေနဲ့ အသီးသီးကြိုးစားခဲ့တာမှာ ကျနော်တို့ အခုအခြေအနေအထိ ရောက်လာခဲ့ကြတယ်ပေ့ါနော်။ အခုအခြေအနေမှာကတော့ ဒီလိုပဲ မတူညီတဲ့ နည်းလမ်းအသီးသီးနဲ့ ကိုယ့်နိုင်ငံရေးရပ်တည်ချက်၊ ပါတီဆိုရင်လည်း ပါတီတခုပုံစံနဲ့ အခြားလက်နက်ကိုင်နည်းလမ်း ကိုလည်း ယုံကြည်တဲ့သူတွေက လက်နက်ကိုင်နည်းလမ်းနဲ့ ကျနေ်ာတို့က ဘယ်သူ မှန်တယ် မှားတယ် ဆိုတာထက်ကို ကျနော်တို့ကတော့ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ယုံကြည်တဲ့သူတွေက ဒီယုံကြည်ချက်နဲ့ ဒီမိုကရေစီ ပန်းတိုင် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်ကို ကျနေ်ာတို့ ဆက်သွားကြပါ။ တယောက်နဲ့တယောက် သဘောထား စိတ်ဝမ်းကွဲစရာ မလိုဘူးလို့ ကျနေ်ာကတော့ အဲလိုမြင်ပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ အခုလက်ရှိ စစ်အာဏာသိမ်းပြီးတော့ အကြမ်းဖက် ဖိနှိပ်နေတဲ့ စစ်ကောင်စီအပေါ်ကြတော့ ဦးကိုကိုကြီးတို့က ဘယ်လိုသဘောထားရှိသလဲရှင့်။

ဦးကိုကိုကြီး။ ။ ကျနော်တို့က အကြမ်းဖက်မှုကို ဆန့်ကျင်တယ် ၊ စကတည်းကလည်း ကျနော်တို့က စစ်အာဏာသိမ်းမှုကို ကျနော်တို့ ကန့်ကွက်တယ်ဆိုတာကို ကျနော်တို့ ပြောခဲ့တယ်။ ပြီးတော့လည်း အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို ထောက်ခံတယ် အားပေးတယ်ဆိုတာလည်း ကျနော်တို့ ပြောခဲ့တယ်။ အခုအချိန်ထိလည်း ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မိသားစုတွေ ၊ ဖမ်းဆီးခံနေရတဲ့ လူတွေနဲ့ ပတ်သက်လို့ ဥပဒေဆိုင်ရာ အထောက်အကူပေးတာတွေ အကူအညီပေးတာတွေ ကျနော်တို့ ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ တဖက်ကလည်း ပါတီတရပ်အနေနဲ့ ပါတီသဘောထား ပြောစရာရှိတာတွေကို ကျနော်တို့က ကော်မရှင်နဲ့တွေ့ရင်လည်း ကော်မရှင်ကို ပြောစရာရှိတာတွေပြောမယ်။ ကျနော်တို့ လိုအပ်တဲ့ နိုင်ငံရေးတောင်းဆိုမှုတွေ တင်ပြမှုတွေ ဆွေးနွေးမှုတွေကို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။

မအင်ကြင်းနိုင်။ ။ စစ်တပ်က သူတို့ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့ အာဏာသိမ်းတဲ့အချိန်တုန်းက ပြောတုန်းက ဒီမဲလိမ်တဲ့ကိစ္စပေါ့နော်၊ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက မဲလိမ်ခံခဲ့ရတယ်ဆိုတဲ့အပေါ်မှာ သူတို့က အာဏာသိမ်းရတယ်ဆိုတဲ့အကြောင်းကို အဓိက ပြထားတော့ အဲဒီ စစ်တပ်ပြောတဲ့ မဲ ၁၀ သန်းလောက် အလိမ်ခံရတယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ မဲအလိမ်ခံရတယ် ၊ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ သူတို့ရဲ့ ပြောဆိုချက်အပေါ်မှာရော ဦးကိုကိုကြီးအနေနဲ့ လက်ခံသလားရှင့်။

ဦးကိုကိုကြီး။ ။ ဒါကတော့ လက်ရှိ စစ်ကောင်စီဘက်က ပြောဆိုချက်ပေါ့နော်။ မြေပြင်မှာတော့ မဲစာရင်းကွာဟမှုတွေ ချို့ယွင်းချက် အားနည်းမှုတွေရှိတယ်ဆိုတာကတော့ ရွေးကောက်ပွဲအဆက်ဆက်မှာ ဒါက ရှိပါတယ်။ ဒီ့အရင် ရွေးကောက်ပွဲတွေမှာလည်း ဒီပြဿနာတွေက ရှိတာပဲ ၊ အဲဒီတော့ အဓိကက ရွေးကောက်ပွဲ အငြင်းပွားမှု ဆိုတာက ဥပဒေကြောင်းအရ ဖြေရှင်းတာရယ်၊ နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖြေရှင်းတာရယ်၊ အဲဒါမျိုးတွေကို ကျနော်တို့က အဓိက ဆောင်ရွက်နိုင်တဲ့ ယန္တရားစနစ် အဲဒါမျိုး ရှိဖို့လိုတယ်။ မဟုတ်ရင် ကျနော်တို့က အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ပျက်ယွင်းတာကနေ ကျနော်တို့က စစ်တပ်ကနေပြီးတော့ နိုင်ငံရေးမှာ လွှမ်းမိုးတဲ့ ကိစ္စကနေပြီးတော့ တောက်လောက်အခုအချိန်အထိ ဒီပြဿနာတွေကို ကြုံနေရတာဖြစ်တယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ရွေးချယ်ထားတဲ့ သူတွေလည်းရှိနိုင်သလို ရတဲ့နည်းနဲ့ ပြန်ပြီးတော့ ဆန့်ကျင်တော်လှန်မယ်ဆိုတဲ့ လူတွေလည်း ရှိနိုင်မယ်။ ဒါက တဦးချင်းရဲ့ ရွေးချယ်မှုလို့ ကျနေ်ာမြင်ပါတယ်။

https://burmese.voanews.com/a/union-election-commitee-meeting-u-ko-ko-gyi-interview-/5896062.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.