Breaking

May 24, 2021

ျပည္သူရွိေနသေရြ႕ ပါတီလည္းရွိမည္ - ေဒၚေအာင္ဆန္းစုၾကည္

 


ေဒၚေအာင္ဆန္းစုၾကည္ (မွတ္တမ္းဓါတ္ပုံ)
{{Zawgyi/Unicode}}

ဖမ္းဆီးခံထားရတဲ့ ျမန္မာေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က ျပည္သူေတြရွိေနသမွ် ပါတီလည္းရွိေနမယ္လို႔ ဒီကေန႔ရုံးထုတ္ခ်ိန္မွာ ေရွ႔ေနကတဆင့္ အမွာစကားပါးလာပါတယ္။ ေနျပည္ေတာ္ေကာင္စီဝင္းထဲက အေဆာက္အအုံတခုထဲမွာ ေဒၚေအာင္ဆန္းစုၾကည္ကို နာရီဝက္ၾကာေတြ႔ခြင့္ရခဲ့ၿပီး အမႈအေၾကာင္းေဆြးေႏြးခြင့္ရခ့ဲတယ္လို႔ တရားလႊတ္ေတာ္ေရွ႔ေန ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။

စဲြခ်က္ပုဒ္မ ၆ ခုကို နာရီ၀က္နဲ႔ ေဆြးေႏြးခြင့္ျပဳတာ အခ်ိန္မေလာက္တဲ့အတြက္ ေနာက္တႀကိမ္ေတြ႔ဆုံေဆြးေႏြးခြင့္ျပဳဖို႔ တရားသူႀကီးကို ပန္ၾကားဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ညႊန္ၾကားခဲ့တယ္လို႔လည္း ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။ ျပည္သူေတြက်န္းမာဖို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ဆုေတာင္းေမတၱာပို႔သခဲ့တာပါ။

ေဖေဖာ္ဝါရီလကတည္းက စစ္ေကာင္စီက ဖမ္းဆီးထိန္းသိမ္းထားတဲ့ေဒၚေအာင္ဆန္းစုၾကည္ကို အြန္လိုိင္းကေန ရုံးထုတ္ေနတာျဖစ္ၿပီး ဒီကေန႔မွာေတာ့ ေရွ ႔ေနေတြနဲ႔ေတြ႔ခြင္ျပဳဖို႔ ပမဆုံး လူကိုယ္တုိင္ရုံးထုတ္ခဲ့တာပါ။။

က်န္းမာေရးေကာင္းမြန္ပုံရတဲ့ေဒၚေအာင္ဆန္းစုၾကည္က သတင္းစာဖတ္ခြင့္မရတဲ့အတြက္ အျပင္ကအျဖစ္အပ်က္ေတြကို အနည္းအက်ဥ္းေလာက္သာသိတယ္လို႔ တရားလႊတ္ေတာ္္ေရွ ႔ေနဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနျပည္ေတာ္မွာ အမႈ ၆ ခုနဲ႔ရင္ဆုိင္ေနရၿပီး ရန္ကုန္မွာလည္း အမႈတခုနဲ႔ တရားရင္ဆုိင္ေနရတာျဖစ္ပါတယ္။ သမၼတဦး၀င္းျမင့္လည္း သူ႔ေရွ ႔ေနနဲ႔ ေတြြ႔ဆုံၿပီး အမႈကိစၥေဆြးေႏြးခြင့္ရခဲ့တယ္လို႔ ဦးခင္ေမာင္ေဇာ္ကေျပာပါတယ္။ ေနာက္ရုံးခ်ိ္န္းကိုေတာ့ ဇြန္လ ၇ ရက္ေန႔သတ္မွတ္ထားပါတယ္။

ၿပီးခဲ့တဲ့ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီကို ဖ်က္သိမ္းသင့္မသင့္ စဥ္းစားမယ္လို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ခန္႔အပ္ထားတဲ့ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠဌက ေျပာထားပါတယ္။ လြတ္လပ္တဲ့ေရြးေကာက္ပြဲေလ့လာေစာင့္ၾကည့္တဲ့အဖြဲ႔ေတြက ၿပီးခဲ့တဲ့ေရြးေကာက္ပြဲမွာ မဲရလဒ္ေျပာင္းသြားရေလာက္ေအာင္ မဲမသမာမႈေတြ မရွိခဲ့ဘူးလို႔ ထုတ္ျပန္ထားၾကပါတယ္။

....................................

{{Unicode}}

ဖမ်းဆီးခံထားရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရှိနေသမျှ ပါတီလည်း ရှိနေမယ်လို့ ဒီကနေ့ရုံးထုတ်ချိန်မှာ ရှေ့နေကတဆင့် အမှာစကားပါးလာပါတယ်။ နေပြည်တော်ကောင်စီဝင်း ထဲက အဆောက်အအုံတခုထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နာရီဝက်ကြာတွေ့ခွင့်ရခဲ့ပြီး အမှုအကြောင်းဆွေးနွေးခွင့်ရခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။

စွဲချက်ပုဒ်မ ၆ ခုကို နာရီဝက်နဲ့ ဆွေးနွေးခွင့်ပြုတာ အချိန်မလောက်တဲ့အတွက် နောက်တကြိမ်တွေ့ဆုံ ဆွေးနွေးခွင့်ပြုဖို့ တရားသူကြီးကို ပန်ကြားဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့တယ်လို့လည်း ဦးခင်မောင်ဇော်ကပြောပါတယ်။ ပြည်သူတွေကျန်းမာဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆုတောင်း မေတ္တာပို့သခဲ့တာပါ။

ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းကနေ ရုံးထုတ်နေတာဖြစ်ပြီး ဒီကနေ့မှာတော့ ရှေ့နေတွေနဲ့တွေ့ခွင်ပြုဖို့ ပမဆုံး လူကိုယ်တိုင် ရုံးထုတ်ခဲ့တာပါ။။

ကျန်းမာရေးကောင်းမွန်ပုံရတဲ့ဒေါ်အောင်ဆန်းစုကြည်က သတင်းစာဖတ်ခွင့်မရတဲ့အတွက် အပြင်က အဖြစ်အပျက်တွေကို အနည်းအကျဉ်းလောက်သာသိတယ်လို့ တရားလွှတ်တော် ရှေ့နေဦးခင်မောင်ဇော် ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ အမှု ၆ ခုနဲ့ရင်ဆိုင်နေရပြီး ရန်ကုန်မှာလည်း အမှုတခုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်လည်း သူ့ရှေ့နေနဲ့ တွေ့ဆုံပြီး အမှုကိစ္စဆွေးနွေးခွင့် ရခဲ့တယ်လို့ ဦးခင်မောင်ဇော်ကပြောပါတယ်။ နောက်ရုံးချိန်းကိုတော့ ဇွန်လ ၇ ရက်နေ့သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ဖျက်သိမ်းသင့်မသင့် စဉ်းစားမယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက ပြောထားပါတယ်။ လွတ်လပ်တဲ့ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်တဲ့ အဖွဲ့တွေက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲရလဒ်ပြောင်းသွားရလောက်အောင် မဲမသမာမှုတွေ မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားကြပါတယ်။ 

 https://burmese.voanews.com/a/daw-aung-san-suu-kyi-meet-to-discuss-with-her-lawyer/5901972.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.