Breaking

May 28, 2021

"ျမန္မာလူထုေတာင္းဆိုခ်က္အတိုင္း လုပ္ေဆာင္သြားမယ္" - ဂ်ပန္ႏုိင္ငံျခားေရးဝန္ႀကီး


Japan UN Myanmar
Zawgyi/Unicode

ဂ်ပန္ႏုိင္ငံအေနနဲ႔ ျမန္မာလူထု လိုလားခ်က္အတိုင္း တံု႔ျပန္လုပ္ေဆာင္သြားပါမယ္လုိ႔ ဂ်ပန္ႏုိင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

"အခက္အခဲေတြနဲ႔ ရင္ဆိုင္ၾကံဳေတြ႔ေနရတဲ့ ျမန္မာလူထုရဲ႕ ေတာင္းဆိုခ်က္အတိုင္း ဂ်ပန္ႏုိင္ငံက တံု႔ျပန္လုပ္ေဆာင္သြားပါမယ္။ ျမန္မာ့အေရး ေျဖရွင္းဖို႔ဆိုရင္ ႏုိင္ငံတကာအသိုင္းအဝိုင္းရဲ႕ ပူးေပါင္းေဆာင္ရြက္မႈက အထူးအေရးပါၿပီး အထူးကိုယ္စားလွယ္ Burgener နဲ႔ လည္းပူးေပါင္းေဆာင္ရြက္သြားခ်င္ပါတယ္" လို႔ ဂ်ပန္ႏုိင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi ကေျပာပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener နဲ႔ ဒီကေန႔ တိုက်ဳိၿမိဳ႕ေတာ္မွာ ေတြ႔ဆံုေဆြးေႏြးၿပီးတဲ့ေနာက္ ဝန္ႀကီး Motegi က အဲဒီလိုေျပာတာပါ။

အထူးကိုယ္စားလွယ္ Burgener ဟာ ဂ်ပန္လႊတ္ေတာ္အမတ္ေတြ၊ ဂ်ပန္မွာရွိတဲ့ ကုလသမဂၢ တာဝန္ရွိသူေတြနဲ႔ေတြ႔ဆံုၿပီး ျမန္မာႏုိင္ငံမွာ လက္ရွိျဖစ္ေနဆဲ ႏုိင္ငံေရးအက်ပ္အတည္းနဲ႔ပတ္သက္လို႔ ေဆြးေႏြးၿပီးတဲ့ေနာက္ ဂ်ပန္ႏုိင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႔ဆံုေဆြးေႏြးတာပါ။

ျမန္မာစစ္အာဏာသိမ္းမႈနဲ႔ တိုင္းျပည္တြင္း အၾကမ္းဖက္ျဖစ္ရပ္ေတြကို ကိုင္တြယ္ေျဖရွင္းေရး ဂ်ပန္ႏုိင္ငံအေနနဲ႔ ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္ရြက္ခ်င္ပါတယ္လုိ႔ ဝန္ႀကီး Motegi ကေျပာပါတယ္။

အထူးကိုယ္စားလွယ္ Burgener ကလည္း ဂ်ပန္အစိုးရရဲ႕ ပူးေပါင္းေဆာင္ရြက္မႈအတြက္ ေက်းဇူးတင္တဲ့အေၾကာင္းနဲ႔ ေဆြးေႏြးေျပာဆိုသြားဖုိ႔ ေမွ်ာ္လင့္ထားေၾကာင္းေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပေနသူေတြဟာ ကိုယ့္ကိုယ္ကို ခုခံကာကြယ္ေရးကေန ျပန္လွန္တိုက္ခုိက္ေရးဘက္ကို စၿပီး ေျပာင္းလဲလာၾကၿပီျဖစ္တဲ့အတြက္ ျပည္တြင္းစစ္ ျဖစ္လာႏုိင္ေျခရွိေနၿပီလို႔ မစၥ Burgener က ထပ္ၿပီး သတိေပးေျပာဆိုခဲ့ပါတယ္။

က်န္းမာေရးက႑ ယိုင္နဲ႔လာေနၿပီး ဘဏ္စနစ္ ၿပိဳလဲလာေနတာနဲ႔အတူ တိုင္းျပည္အေျခအေနဟာ ပိုၿပီး ဆိုးရြားလာေနၿပီလို႔ တိုက်ဳိအေျခစိုက္၊ ဂ်ပန္ ႏုိင္ငံျခားသတင္းေထာက္မ်ားအသင္းက ကမကထျပဳစီစဥ္တဲ့ ေဆြးေႏြးပြဲတခုအတြင္း အထူးကိုယ္စားလွယ္ Burgener ကေျပာသြားပါတယ္။

--- Unicode

"မြန်မာလူထုတောင်းဆိုချက်အတိုင်း လုပ်ဆောင်သွားမယ်" - ဂျပန်နိုင်ငံခြားရေးဝန်ကြီး

Zawgyi/Unicode

ဂျပန်နိုင်ငံအနေနဲ့ မြန်မာလူထု လိုလားချက်အတိုင်း တုံ့ပြန်လုပ်ဆောင်သွားပါမယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

"အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာလူထုရဲ့ တောင်းဆိုချက်အတိုင်း ဂျပန်နိုင်ငံက တုံ့ပြန်လုပ်ဆောင်သွားပါမယ်။ မြန်မာ့အရေး ဖြေရှင်းဖို့ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူးပေါင်း ဆောင်ရွက်မှုက အထူးအရေးပါပြီး အထူးကိုယ်စားလှယ် Burgener နဲ့ လည်းပူးပေါင်း ဆောင်ရွက် သွားချင်ပါတယ်" လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ကပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ ဒီကနေ့ တိုကျိုမြို့တော်မှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ဝန်ကြီး Motegi က အဲဒီလိုပြောတာပါ။

အထူးကိုယ်စားလှယ် Burgener ဟာ ဂျပန်လွှတ်တော်အမတ်တွေ၊ ဂျပန်မှာရှိတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေဆဲ နိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်လို့ ဆွေးနွေးပြီးတဲ့နောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးတာပါ။

မြန်မာစစ်အာဏာသိမ်းမှုနဲ့ တိုင်းပြည်တွင်း အကြမ်းဖက်ဖြစ်ရပ်တွေကို ကိုင်တွယ်ဖြေရှင်းရေး ဂျပန်နိုင်ငံ အနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်လို့ ဝန်ကြီး Motegi ကပြောပါတယ်။

အထူးကိုယ်စားလှယ် Burgener ကလည်း ဂျပန်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်တဲ့ အကြောင်းနဲ့ ဆွေးနွေးပြောဆိုသွားဖို့ မျှော်လင့်ထားကြောင်းပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူတွေဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေးကနေ ပြန်လှန်တိုက်ခိုက်ရေးဘက်ကို စပြီး ပြောင်းလဲလာကြပြီဖြစ်တဲ့အတွက် ပြည်တွင်းစစ် ဖြစ်လာနိုင်ခြေရှိ နေပြီလို့ မစ္စ Burgener က ထပ်ပြီး သတိပေးပြောဆိုခဲ့ပါတယ်။

ကျန်းမာရေးကဏ္ဍ ယိုင်နဲ့လာနေပြီး ဘဏ်စနစ် ပြိုလဲလာနေတာနဲ့အတူ တိုင်းပြည်အခြေအနေဟာ ပိုပြီး ဆိုးရွားလာနေပြီလို့ တိုကျိုအခြေစိုက်၊ ဂျပန် နိုင်ငံခြားသတင်းထောက်များအသင်းက ကမကထပြုစီစဉ်တဲ့ ဆွေးနွေးပွဲတခုအတွင်း အထူးကိုယ်စားလှယ် Burgener ကပြောသွားပါတယ်။

https://burmese.voanews.com/a/japan-myanmar-chranner-burgener-military-coup-/5907811.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.