Breaking
May 25, 2021
အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေကို ယာယီအကာအကွယ်ပေးနေထိုင်ခွင့် လျှောက်ထားနိုင်ပြီ
USCIS
{{Zawgyi/Unicode}}
အမေရိကန်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ နောက်ဆုံးနေထိုင်ခဲ့ပြီး လက်ရှိမှာ နိုင်ငံတခုခုရဲ့ နိုင်ငံသားဖြစ်မထားသူတွေအနေနဲ့ အမေရိကန်မှာ ယာယီ အကာအကွယ်ပေး နေထိုင်ခွင့်အဆင့် (TPS) အတွက် ဒီကနေ့ကစပြီး လျှောက်ထားနိုင်ပြီဖြစ်ပါတယ်။
မေလ ၂၅ ရက် ဒီကနေ့ကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ၁၈ လကြာ အကာအကွယ်ပေးနေထိုင်ခွင့်အတွက် ကနဦးလျှောက်လွှာကို ဒီကနေ့ကစပြီး နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၁၈၀ အတွင်း တင်သွင်း လျှောက်ထားကြရမှာဖြစ်ပါတယ်။
TPS နေထိုင်ခွင့်အဆင့် လျှောက်ထားသူတွေအနေနဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (EAD) အတွက်လည်း တပြိုင်ထဲ လျှောက်ထားနိုင်ပါတယ်။
ဒါ့အပြင် ကနဦးလျှောက်လွှာ တင်သွင်းသူတွေအနေနဲ့ တခြားသတ်မှတ်ချက်တွေနဲ့လည်း ကိုက်ညီရမှာဖြစ်ပြီး အဲဒီသတ်မှတ်ချက် အသေးစိတ်ကိုတော့ ဖက်ဒရယ်ပြန်တမ်းထဲမှာ ထုတ်ပြန်ထားပါတယ်။
....................................
{{Unicode}}
အမေရိကန်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ နောက်ဆုံးနေထိုင်ခဲ့ပြီး လက်ရှိမှာ နိုင်ငံတခုခုရဲ့ နိုင်ငံသားဖြစ်မထားသူတွေအနေနဲ့ အမေရိကန်မှာ ယာယီ အကာအကွယ်ပေး နေထိုင်ခွင့်အဆင့် (TPS) အတွက် ဒီကနေ့ကစပြီး လေ ျှာက်ထားနိုင်ပြီဖြစ်ပါတယ်။
မေလ ၂၅ ရက် ဒီကနေ့ကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ၁၈ လကြာ အကာအကွယ်ပေးနေထိုင်ခွင့်အတွက် ကနဦးလေ ျှာက်လွှာကို ဒီကနေ့ကစပြီး နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၁၈၀ အတွင်း တင်သွင်း လေ ျှာက်ထားကြရမှာဖြစ်ပါတယ်။
TPS နေထိုင်ခွင့်အဆင့် လေ ျှာက်ထားသူတွေအနေနဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (EAD) အတွက်လည်း တပြိုင်ထဲ လေ ျှာက်ထားနိုင်ပါတယ်။
မြန်မာနိုင်ငံကို အခုလို အကာအကွယ်ပေး နေထိုင်ခွင့်အဆင့် (TPS) သတ်မှတ်တဲ့အကြောင်း အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas က မတ်လ ၁၂ ရက်နေ့မှာ ကြေညာခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုမှာ လက်ရှိရောက်နေပြီးသူတွေပဲ လေ ျှာက်ထားဖို့ အကျုံးဝင်မှာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့အထိ အမေရိကန်မှာ တောက်လေ ျှာက်နေထိုင်ခဲ့တယ်ဆိုတာ အခိုင်အမာပြသရမှာဖြစ်ပါတယ်။
ဒါ့အပြင် ကနဦးလေ ျှာက်လွှာ တင်သွင်းသူတွေအနေနဲ့ တခြားသတ်မှတ်ချက်တွေနဲ့လည်း ကိုက်ညီရမှာဖြစ်ပြီး အဲဒီသတ်မှတ်ချက် အသေးစိတ်ကိုတော့ ဖက်ဒရယ်ပြန်တမ်းထဲမှာ ထုတ်ပြန်ထားပါတယ်။
"စစ်အာဏာသိမ်းလိုက်တာနဲ့ အရပ်သားတွေအပေါ် လုံခြုံရေးတပ်တွေက ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းတာတွေကြောင့် နိုင်ငံတွင်း နေရာအများအပြားမှာ မြန်မာလူထုဟာ ရှုပ်ထွေးပြီး ယိုယွင်းလာတဲ့ လူသားဘေးဒုက္ခ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဆိုးရွားတဲ့အခြေအနေကို သေသေချာချာ သုံးသပ်ပြီးတဲ့နောက် မြန်မာနိုင်ငံကို ယာယီ အကာအကွယ်ပေး နေထိုင်ခွင့်အတွက် အကျုံးဝင်တဲ့နိုင်ငံတခုအဖြစ် သတ်မှတ်လိုက်ပါတယ် ။ ဒါကြောင့် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူတွေ အမေရိကန်ပြည်ထောင်စုမှာ ယာယီ ဆက်ပြီး နေထိုင်ခွင့် ရသွားစေမှာဖြစ်ပါတယ်" လို့ ဝန်ကြီး Mayorkas က မတ်လ ၁၂ ရက်နေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
 https://burmese.voanews.com/a/dhs-secretary-designates-burma-for-tps/5903446.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.