
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ၄ လနီးပါးအတြင္း ဥပေဒမဲ့ သတ္ျဖတ္မႈေတြ အပါအ၀င္ အရပ္သား ေသဆုံးမႈ ၈၀၀ ေက်ာ္ ရွိေၾကာင္း ကုလသမဂၢက ေျပာလိုက္ပါတယ္။
“စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ရက္ေပါင္း ၁၁၅ ရက္အတြင္း အမ်ဳိးသမီးနဲ႔ ကေလးေတြ အမ်ားအျပား အပါအ၀င္ အရပ္သား ၈၂၄ ေယာက္ ေသဆုံးခဲ့ရၿပီး၊ ေထာင္နဲ႔ခ်ီ ထိခိုက္ဒဏ္ရာရခဲ့ၾကပါတယ္။” လို႔ ျမန္မာႏိုင္ငံမွာရွိတဲ့ ကုလသမဂၢ ၀န္ထမ္းေတြရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stéphane Dujarric က ဗုဒၶဟူးေန႔ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုသြားတာပါ။
ဥပေဒမဲ့ သတ္ျဖတ္မႈ၊ ဖမ္းဆီးမႈ၊ ညႇဥ္းပမ္းႏွိပ္စက္မႈနဲ႔ လက္စေဖ်ာက္ခံရတာေတြ အပါအ၀င္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ စနစ္တက် က်ဳးလြန္ေနတာေၾကာင့္၊ အရပ္သားေတြကို အကာအကြယ္ေပးဖို႔လည္း ျမန္မာစစ္တပ္ကို ကုလသမဂၢက ထပ္မံေတာင္းဆို လိုက္ပါတယ္။ တခ်ိန္တည္းမွာပဲ ႏိုင္ငံေရးသမားေတြ၊ စာေရးဆရာေတြ၊ လူ႔အခြင့္အေရး လႈပ္ရွားသူေတြ၊ ေက်ာင္းဆရာေတြ၊ က်န္းမာေရး ၀န္ထမ္းေတြ။ အရပ္သား၀န္ထမ္းေတြ၊ သတင္းေထာက္ေတြ၊ ရဟန္းသံဃာေတြ၊ ထင္ေပၚေက်ာ္ၾကားသူေတြနဲ႔ သာမာန္ အရပ္သားေတြ အပါအ၀င္ လူေပါင္း ၄,၃၀၁ ေယာက္ဟာလည္း ဖမ္းဆီးထိန္းသိမ္းခံထားရတယ္လို႔ ေျပာပါတယ္။
ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္တဲ့အေပၚ ဆန္႔က်င္အုံႂကြမႈေတြကို လုံျခံဳေရးတပ္ဖဲြ႕ေတြ ႏွိမ္နင္းမႈေၾကာင့္ ေသဆုံးသူ အေရအတြက္ဟာ သတင္းမီဒီယာေတြမွာ ေဖာ္ျပသေလာက္ မမ်ားဘူးလို႔ မၾကာေသးခင္တုန္းက ေဟာင္ေကာင္အေျခစိုက္ Phoenix ႐ုပ္သံဌာနနဲ႔ အြန္လိုင္း ဆက္သြယ္ေမးျမန္းခန္းမွာ ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေျပာဆိုထားတာပါ။
ဒါေပမဲ့လည္း ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP အပါအ၀င္ လူ႔အခြင့္အေရး ေစာင့္ၾကည့္လႈပ္ရွားမႈ အဖဲြ႕ေတြနဲ႔ ကုလသမဂၢ တို႔ကေတာ့ ေသဆုံးသူ အေရအတြက္ဟာ လက္ေတြ႕မွာ ပိုမ်ားႏိုင္တယ္လို႔ ခန္႔မွန္းထားၾကပါတယ္။
အာဏာသိမ်းပြီးနောက် သေဆုံးရသူ ၈၂၄ ဦးရှိပြီ (ကုလ ပြောခွင့်ရ Dujarric)
(Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ လနီးပါးအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုတွေ အပါအဝင် အရပ်သား သေဆုံးမှု ၈၀၀ ကျော် ရှိကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရက်ပေါင်း ၁၁၅ ရက်အတွင်း အမျိုးသမီးနဲ့ ကလေးတွေ အများအပြား အပါအဝင် အရပ်သား ၈၂၄ ယောက် သေဆုံးခဲ့ရပြီး၊ ထောင်နဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။” လို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။
ဥပဒေမဲ့ သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ ညှဉ်းပမ်းနှိပ်စက်မှုနဲ့ လက်စဖျောက်ခံရတာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျုးလွန်နေတာကြောင့်၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့လည်း မြန်မာစစ်တပ်ကို ကုလသမဂ္ဂက ထပ်မံတောင်းဆို လိုက်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရေးသမားတွေ၊ စာရေးဆရာတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ကျောင်းဆရာတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ။ အရပ်သားဝန်ထမ်းတွေ၊ သတင်းထောက်တွေ၊ ရဟန်းသံဃာတွေ၊ ထင်ပေါ်ကျော်ကြားသူတွေနဲ့ သာမာန် အရပ်သားတွေ အပါအဝင် လူပေါင်း ၄,၃၀၁ ယောက်ဟာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ဆန့်ကျင်အုံကြွမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေ နှိမ်နင်းမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြသလောက် မများဘူးလို့ မကြာသေးခင်တုန်းက ဟောင်ကောင်အခြေစိုက် Phoenix ရုပ်သံဌာနနဲ့ အွန်လိုင်း ဆက်သွယ်မေးမြန်းခန်းမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားတာပါ။
ဒါပေမဲ့လည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အပါအဝင် လူ့အခွင့်အရေး စောင့်ကြည့်လှုပ်ရှားမှု အဖွဲ့တွေနဲ့ ကုလသမဂ္ဂ တို့ကတော့ သေဆုံးသူ အရေအတွက်ဟာ လက်တွေ့မှာ ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
https://burmese.voanews.com/a/myanmar-more-than-800-people-die-after-military-coup-/5905697.html
No comments:
Post a Comment
Note: Only a member of this blog may post a comment.