Breaking

May 24, 2021

႐ုိဟင္ဂ်ာဆိုင္ရာမူဝါဒ NUG ရွင္းလင္းခ်က္

 


ဘဂၤလားေဒ့ရွ္ႏုိင္ငံ Kutupalong ဒုကၡသည္စခန္းတြင္းက ႐ုိဟင္ဂ်ာဒုကၡသည္မ်ား။ (ၾသဂုတ္ ၂၅၊ ၂၀၁၉)
(Zawgyi / Unicode)

NUG အမ်ဳိးသားညီညြတ္ေရးအစိုးရ အေနနဲ႔ ႐ုိဟင္ဂ်ာေတြန႔ဲ ပတ္သက္တဲ့ မူဝါဒ အခိုင္အမာ ရွိေနေၾကာင္း အေမရိကန္ လႊတ္ေတာ္အမတ္ေတြကို ရွင္းျပႏုိင္ခဲ့တယ္လို႔ CRPH ႏိုင္ငံတကာကိုယ္စားလွယ္ ဦးထင္လင္းေအာင္က ဗီြအိုေအကို ေျပာပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္က ဝါရွင္တန္ဒီစီအေျခစိုက္ the Wilson Center က ႀကီးမွဴးၿပီး NUG အမ်ဳိးသားညီညြတ္ေရးအစိုးရနဲ႔ အေမရိကန္ ဝါရင့္လႊတ္ေတာ္အမတ္ေတြ၊ ထိပ္တန္း ႏိုင္ငံေရးသမားေတြနဲ႔ ေဆြးေႏြးပဲြမွာ ႐ုိဟင္ဂ်ာေတြ ေနရပ္ျပန္ေရးနဲ႔ ႏိုင္ငံသားျဖစ္ခြင့္ အစီအစဥ္ကို အေသအခ်ာ ေဆာင္ရြက္သြားမယ္လို႔ NUG က ေျပာၾကားခဲ့တာပါ။ အျပည့္အစုံကုိ မအင္ၾကင္းႏုိင္ တင္ျပေပးထားပါတယ္။

႐ိုဟင္ဂ်ာအက်ပ္အတည္းနဲ႔ ပတ္သက္လို႔ မူဝါဒ အခိုင္အမာမရွိတဲ့အတြက္ NUG ကို အေမရိကန္ ေအာက္လႊတ္ေတာ္အမတ္တခ်ိဳ႕ရဲ႕ ေဝဖန္ကန္႔ကြက္မႈေတြ ၿပီးခဲ့တဲ့လက ထြက္ေပၚလာခဲ့တာပါ။ ဒါနဲ႔ပတ္သက္လို႔ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း အေမရိကန္ လႊတ္ေတာ္အမတ္ေတြနဲ႔ ေဆြးေႏြးပဲြမွာ NUG ရဲ႕ ရပ္တည္ခ်က္ကို ရွင္းျပႏိုင္ခဲ့တယ္လို႔ စေနေန႔က ဝါရွင္တန္ဒီစီ ခ်ီတက္ဆႏၵျပပဲြမွာ မိန္႔ခြန္းေျပာၾကားခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားျပဳေကာ္မတီ (CRPH) ႏိုင္ငံတကာ ကိုယ္စားလွယ္ ဦးထင္လင္းေအာင္က ဗီြအိုေအနဲ႔ ေတြ႔ဆံုေမးျမန္းခန္းမွာ ေျပာၾကားခဲ့ပါတယ္။

“အခုေနာက္ဆုံး က်ေနာ္တုိ႔ Wilson Center နဲ႔ ေတြ႔တဲ့အခ်ိန္မွာေတာ့ ျမန္မာ့အေရးကုိ သိေနတဲ့၊ ျမန္မာ့အေရး စိတ္ဝင္စားတဲ့ ကြက္ဂရက္စ္က ပုဂၢိဳလ္ေတြ တက္တယ္၊ ဆီနိတ္တာေတြ တက္တယ္။ အရင္တုန္းက Derek Mitchell လုိလူမ်ဳိး ျမန္မာျပည္မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ပုဂၢိဳလ္ေတြ တက္တယ္။ သူတုိ႔ အကုန္လုံးက NUG ကုိ ေထာက္ခံပါတယ္ ဆုိၿပီးေတာ့ ေဆြးေႏြးသြားတဲ့ စကားေတြေပၚမွာ ၾကည့္လို႔ရွိရင္ အရမ္းကုိ သိသာလြန္းအားႀကီးပါတယ္။ ပိုပိုၿပီးေတာ့လည္း စိတ္ဝင္စားလာတယ္။ ပုိပိုၿပီးေတာ့ အရွိန္ျမႇင့္ၿပီး ေဆာင္ရြက္ရမယ္လို႔လည္း သူတုိ႔ ေျပာသြားပါတယ္။ ဆုိေတာ့ ဟုိရက္တုန္းက ျဖစ္ေနတဲ့ NUG အေပၚမွာ သူတုိ႔ ႐ုိဟင္ဂ်ာနဲ႔ ပတ္သက္ၿပီးေတာ့ သံသယရွိေနတာေတြလည္း ေျပေပ်ာက္သြားမယ္လို႔ က်ေနာ္ ယုံၾကည္ေနပါတယ္။”

ဝါရွင္တန္ဒီစီအေျခစိုက္ the Wilson Center က ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ႀကီးမွဴးျပဳလုပ္တဲ့ ျမန္မာ့အေရး ဗီြဒီယိုကြန္ဖရင့္ ေဆြးေႏြးပဲြမွာ ကိုယ္တိုင္တက္ေရာက္ခဲ့တဲ့ ဦးထင္လင္းေအာင္က ျမန္မာ့အေရး စိတ္ဝင္စားတဲ့ အေမရိကန္ ထိပ္တန္းႏိုင္ငံေရးသမားေတြနဲ႔ လႊတ္ေတာ္အမတ္ေတြကို ႐ုိဟင္ဂ်ာအက်ပ္အတည္းနဲ႔ ပတ္သက္လို႔ ႏုိင္ငံတကာ စံခ်ိန္စံညႊန္းနဲ႔အညီ ေျဖရွင္းေဆာင္ရြက္ဖို႔ ရွိေနေၾကာင္း NUG ရဲ႕ ရပ္တည္ခ်က္ကို အခုလိုေျပာသြားပါတယ္။

”႐ိုဟင္ဂ်ာေတြကို ျပန္လည္ေနရာခ်ထားဖို႔နဲ႔ ေနရပ္ရင္း ျပန္လာသူေတြအတြက္ ႏိုင္ငံသားျဖစ္ခြင့္ အစီအစဥ္ကို ေသခ်ာေစေရး NUG က ရည္ရြယ္ထားပါတယ္။ ဒါေၾကာင့္ ဒီလိုလုပ္ေဆာင္ဖို႔အတြက္လည္း ႐ိုဟင္ဂ်ာအသိုင္းအဝိုင္းက ေခါင္းေဆာင္ေတြ၊ အရပ္ဘက္႔အဖြဲ႔အစည္းေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြ အားလုံးပါဝင္ၿပီး ေရရွည္တည္တံ့တဲ့ မူဝါဒ ခ်မွတ္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။”

ဒါေပမယ့္ နယ္စပ္ လူဝင္မႈႀကီးၾကပ္ေရးကိစၥမွာ စစ္တပ္က အာဏာနဲ႔ ကိုင္တြယ္ထားသေရြ႕ေတာ့ ႐ိုဟင္ဂ်ာျပႆနာကို ေျဖရွင္းႏိုင္မွာ မဟုတ္ဘူး ဆိုတာကို ဦးထင္လင္းေအာင္က ေဆြးေႏြးပြဲမွာ ပါဝင္တဲ့ အေမရိကန္ ထိပ္တန္းႏိုင္ငံေရးသမားေတြကို သတိေပး ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ လက္ရွိ စစ္ေခါင္းေဆာင္ေတြဟာ ႐ုိဟင္ဂ်ာေတြကို အင္အားသံုး ဖိႏွိပ္ခဲ့တဲ့ နည္းဗ်ဴဟာအတိုင္း ရန္ကုန္အပါအဝင္ ၿမိဳ႕ေပၚေတြမွာ က်င့္သံုးလာခဲ့တဲ့အတြက္ စစ္တပ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို မ်က္ဝါးထင္ထင္ ေတြ႔ျမင္လာတဲ့ ဆႏၵျပသူေတြဟာ နယ္စပ္ေတြမွာျဖစ္ေနတဲ့ အေျခအေနေတြကို နားလည္သေဘာေပါက္လာၾကတယ္လို႔လည္း ဦးထင္လင္းေအာင္က ေဆြးေႏြးပဲြမွာ အခုလို ေျပာသြားပါတယ္။

”စစ္တပ္ဟာ သူတို႔ရဲ႕ ဇာတိရပ္ေျမမွာလည္း ဒီလိုမ်ဳိး ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ပံုမွန္လို က်ဴးလြန္ေနတယ္ဆိုတာ အားလံုး ေတြ႔ျမင္လာၾကတဲ့အတြက္ စစ္တပ္ကို ဆန္႔က်င္တဲ့ သေဘာထား ရပ္တည္ခ်က္၊ စာနာမႈနဲ႔ စည္းလံုးညီညြတ္မႈေတြ ျဖစ္လာသလို အမ်ဳိးသားေရး ႏိုးထလာမႈလို႔ေတာင္ က်ေနာ္ေျပာခ်င္ပါတယ္။”

the Wilson Center က ျပဳလုပ္တဲ့ ေဆြးေႏြးပဲြမွာ အမ်ဳိးသားညီညြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္လည္း ဗီြဒီယိုကြန္ဖရင့္နဲ႔ ပါဝင္ေဆြးေႏြးခဲ့ပါတယ္။

အခုလို NUG အေနနဲ႔ ႐ုိဟင္ဂ်ာ အက်ပ္အတည္းနဲ႔ ပတ္သက္တဲ့ သူတို႔ရဲ႕ မူဝါဒကို ထုတ္ေဖာ္ေျပာဆိုလာတဲ့အေပၚမွာ ၁၉၉၀ ျပည့္ ေရြးေကာက္ပဲြအႏိုင္ရ ျပည္သူ႔လႊတ္ေတာ္အမတ္ေဟာင္း လက္ရွိ အေမရိကန္ျပည္ေထာင္စုမွာ ေနထိုင္ေနတဲ့ ေဒါက္တာတင့္ေဆြက သူ႔ရဲ႕အျမင္ကို အခုလိုေျပာပါတယ္။

“ျပည္တြင္းကေတာ့ သိတဲ့အတုိင္း ျပည္တြင္းမွာ က်ေနာ္တုိ႔ႏုိင္ငံမွာ စစ္အစိုးရ ဒုတိယအႀကိမ္ တက္ကတည္းက ဒီကိစၥမွာ ေတာ္ေတာ္ေလးကို အာဏာအတြက္၊ အာဏာအက်ဳိးစီးပြားအတြက္ အသုံးခ်ၿပီးေတာ့ နာမည္အေခၚအေဝၚ အသုံးအႏႈန္းကအစ၊ ေနာက္တခါ ဘာသာေရးမႈိင္းေပါ့၊ အဲေတာ့ ဒီဟာႀကီးက အခုထိ နက္နက္နဲနဲ ရွိေနတဲ့အခ်ိန္မွာ တခ်ဳိ႕လူေတြအတြက္ ဆုံးျဖတ္ခ်က္ ခ်တဲ့အခါမွာ နားလည္မႈ ေတာ္ေတာ္ေလးလြဲႏုိင္တဲ့ အေနအထားတရပ္ ျဖစ္ပါတယ္။ သုိ႔ေသာ္လည္း က်ေနာ္တုိ႔က ဒီဟာကို မေက်ာ္လႊားလုိ႔ မျဖစ္ဘူး။ ေနာက္တခါ ႏိုင္ငံတကာေပါ့၊ အဲဒီထဲမွာ အဓိကက်တာကေတာ့ UN နဲ႔ EU နဲ႔ US ျဖစ္ပါတယ္။ အဲဒီႏုိင္ငံေတြက ဗမာႏုိင္ငံမွာ ႐ုိဟင္ဂ်ာကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ လုံးဝကို အျမင္မၾကည္တဲ့ကိစၥမွာ NUG က အဲဒါကို ေက်ာ္လႊားဖို႔ ေျဖရွင္းႏုိင္ဖုိ႔အတြက္ ႀကီးမားတဲ့ ေျခလွမ္းတခုကို ရဲရဲဝံ့ဝံ့ လွမ္းၿပီးေတာ့ ဆုံးျဖတ္လိုက္တယ္လို႔ပဲ က်ေနာ္ျမင္ပါတယ္။”

အမ်ဳိးသားညီညြတ္ေရးအစိုးရကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို တရားဝင္ သုံးစဲြထားပါတယ္။ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကေတာ့ အာဏာသိမ္းမိန္႔ခြန္း ပထမဆံုး ေျပာၾကားတဲ့အထဲမွာ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြကုိ ျပန္လည္ေခၚယူသြားမယ္လို႔ ထည့္သြင္းေျပာဆိုခဲ့ေပမယ့္ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကိုေတာ့ ေခၚေဝၚသံုးစဲြျခင္း မရွိပါဘူး။

--------------------

(Unicode)

ရိုဟင်ဂျာဆိုင်ရာမူဝါဒ NUG ရှင်းလင်းချက်

NUG အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ မူဝါဒ အခိုင်အမာ ရှိနေကြောင်း အမေရိကန် လွှတ်တော်အမတ်တွေကို ရှင်းပြနိုင်ခဲ့တယ်လို့ CRPH နိုင်ငံတကာကိုယ်စားလှယ် ဦးထင်လင်းအောင်က ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဝါရှင်တန်ဒီစီအခြေစိုက် the Wilson Center က ကြီးမှူးပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အမေရိကန် ဝါရင့်လွှတ်တော်အမတ်တွေ၊ ထိပ်တန်း နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ နိုင်ငံသားဖြစ်ခွင့် အစီအစဉ်ကို အသေအချာ ဆောင်ရွက်သွားမယ်လို့ NUG က ပြောကြားခဲ့တာပါ။ အပြည့်အစုံကို မအင်ကြင်းနိုင် တင်ပြပေးထားပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်လို့ မူဝါဒ အခိုင်အမာမရှိတဲ့အတွက် NUG ကို အမေရိကန် အောက်လွှတ်တော်အမတ်တချို့ရဲ့ ဝေဖန်ကန့်ကွက်မှုတွေ ပြီးခဲ့တဲ့လက ထွက်ပေါ်လာခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန် လွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးပွဲမှာ NUG ရဲ့ ရပ်တည်ချက်ကို ရှင်းပြနိုင်ခဲ့တယ်လို့ စနေနေ့က ဝါရှင်တန်ဒီစီ ချီတက်ဆန္ဒပြပွဲမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နိုင်ငံတကာ ကိုယ်စားလှယ် ဦးထင်လင်းအောင်က ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

“အခုနောက်ဆုံး ကျနော်တို့ Wilson Center နဲ့ တွေ့တဲ့အချိန်မှာတော့ မြန်မာ့အရေးကို သိနေတဲ့၊ မြန်မာ့အရေး စိတ်ဝင်စားတဲ့ ကွက်ဂရက်စ်က ပုဂ္ဂိုလ်တွေ တက်တယ်၊ ဆီနိတ်တာတွေ တက်တယ်။ အရင်တုန်းက Derek Mitchell လိုလူမျိုး မြန်မာပြည်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ တက်တယ်။ သူတို့ အကုန်လုံးက NUG ကို ထောက်ခံပါတယ် ဆိုပြီးတော့ ဆွေးနွေးသွားတဲ့ စကားတွေပေါ်မှာ ကြည့်လို့ရှိရင် အရမ်းကို သိသာလွန်းအားကြီးပါတယ်။ ပိုပိုပြီးတော့လည်း စိတ်ဝင်စားလာတယ်။ ပိုပိုပြီးတော့ အရှိန်မြှင့်ပြီး ဆောင်ရွက်ရမယ်လို့လည်း သူတို့ ပြောသွားပါတယ်။ ဆိုတော့ ဟိုရက်တုန်းက ဖြစ်နေတဲ့ NUG အပေါ်မှာ သူတို့ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီးတော့ သံသယရှိနေတာတွေလည်း ပြေပျောက်သွားမယ်လို့ ကျနော် ယုံကြည်နေပါတယ်။”

ဝါရှင်တန်ဒီစီအခြေစိုက် the Wilson Center က ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြီးမှူးပြုလုပ်တဲ့ မြန်မာ့အရေး ဗွီဒီယိုကွန်ဖရင့် ဆွေးနွေးပွဲမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဦးထင်လင်းအောင်က မြန်မာ့အရေး စိတ်ဝင်စားတဲ့ အမေရိကန် ထိပ်တန်းနိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို ရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ဖြေရှင်းဆောင်ရွက်ဖို့ ရှိနေကြောင်း NUG ရဲ့ ရပ်တည်ချက်ကို အခုလိုပြောသွားပါတယ်။

”ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားဖို့နဲ့ နေရပ်ရင်း ပြန်လာသူတွေအတွက် နိုင်ငံသားဖြစ်ခွင့် အစီအစဉ်ကို သေချာစေရေး NUG က ရည်ရွယ်ထားပါတယ်။ ဒါကြောင့် ဒီလိုလုပ်ဆောင်ဖို့အတွက်လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းက ခေါင်းဆောင်တွေ၊ အရပ်ဘက့်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ မူဝါဒ ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ဒါပေမယ့် နယ်စပ် လူဝင်မှုကြီးကြပ်ရေးကိစ္စမှာ စစ်တပ်က အာဏာနဲ့ ကိုင်တွယ်ထားသရွေ့တော့ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး ဆိုတာကို ဦးထင်လင်းအောင်က ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အမေရိကန် ထိပ်တန်းနိုင်ငံရေးသမားတွေကို သတိပေး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ စစ်ခေါင်းဆောင်တွေဟာ ရိုဟင်ဂျာတွေကို အင်အားသုံး ဖိနှိပ်ခဲ့တဲ့ နည်းဗျူဟာအတိုင်း ရန်ကုန်အပါအဝင် မြို့ပေါ်တွေမှာ ကျင့်သုံးလာခဲ့တဲ့အတွက် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်လာတဲ့ ဆန္ဒပြသူတွေဟာ နယ်စပ်တွေမှာဖြစ်နေတဲ့ အခြေအနေတွေကို နားလည်သဘောပေါက်လာကြတယ်လို့လည်း ဦးထင်လင်းအောင်က ဆွေးနွေးပွဲမှာ အခုလို ပြောသွားပါတယ်။

”စစ်တပ်ဟာ သူတို့ရဲ့ ဇာတိရပ်မြေမှာလည်း ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေကို ပုံမှန်လို ကျူးလွန်နေတယ်ဆိုတာ အားလုံး တွေ့မြင်လာကြတဲ့အတွက် စစ်တပ်ကို ဆန့်ကျင်တဲ့ သဘောထား ရပ်တည်ချက်၊ စာနာမှုနဲ့ စည်းလုံးညီညွတ်မှုတွေ ဖြစ်လာသလို အမျိုးသားရေး နိုးထလာမှုလို့တောင် ကျနော်ပြောချင်ပါတယ်။”

the Wilson Center က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်လည်း ဗွီဒီယိုကွန်ဖရင့်နဲ့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

အခုလို NUG အနေနဲ့ ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ မူဝါဒကို ထုတ်ဖော်ပြောဆိုလာတဲ့အပေါ်မှာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်အမတ်ဟောင်း လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ဒေါက်တာတင့်ဆွေက သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ပြည်တွင်းကတော့ သိတဲ့အတိုင်း ပြည်တွင်းမှာ ကျနော်တို့နိုင်ငံမှာ စစ်အစိုးရ ဒုတိယအကြိမ် တက်ကတည်းက ဒီကိစ္စမှာ တော်တော်လေးကို အာဏာအတွက်၊ အာဏာအကျိုးစီးပွားအတွက် အသုံးချပြီးတော့ နာမည်အခေါ်အဝေါ် အသုံးအနှုန်းကအစ၊ နောက်တခါ ဘာသာရေးမှိုင်းပေါ့၊ အဲတော့ ဒီဟာကြီးက အခုထိ နက်နက်နဲနဲ ရှိနေတဲ့အချိန်မှာ တချို့လူတွေအတွက် ဆုံးဖြတ်ချက် ချတဲ့အခါမှာ နားလည်မှု တော်တော်လေးလွဲနိုင်တဲ့ အနေအထားတရပ် ဖြစ်ပါတယ်။ သို့သော်လည်း ကျနော်တို့က ဒီဟာကို မကျော်လွှားလို့ မဖြစ်ဘူး။ နောက်တခါ နိုင်ငံတကာပေါ့၊ အဲဒီထဲမှာ အဓိကကျတာကတော့ UN နဲ့ EU နဲ့ US ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေက ဗမာနိုင်ငံမှာ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ လုံးဝကို အမြင်မကြည်တဲ့ကိစ္စမှာ NUG က အဲဒါကို ကျော်လွှားဖို့ ဖြေရှင်းနိုင်ဖို့အတွက် ကြီးမားတဲ့ ခြေလှမ်းတခုကို ရဲရဲဝံ့ဝံ့ လှမ်းပြီးတော့ ဆုံးဖြတ်လိုက်တယ်လို့ပဲ ကျနော်မြင်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် သုံးစွဲထားပါတယ်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဏာသိမ်းမိန့်ခွန်း ပထမဆုံး ပြောကြားတဲ့အထဲမှာ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ ခေါ်ဝေါ်သုံးစွဲခြင်း မရှိပါဘူး။

 https://burmese.voanews.com/a/nug-on-rohingya/5901793.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.