Breaking

May 27, 2021

ျမန္မာႏိုင္ငံကိုယ္စားျပဳမႈ WHO ခ်န္လွပ္ထား


ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ဌာနခ်ဳပ္ ၊ ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်နီဗာၿမိဳ႕
{{Zawgyi/Unicode}}

ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ရဲ ႔ ႏွစ္ပတ္လည္ ညီလာခံတက္ဖို႔ ျမန္မာႏိ္ုင္ငံ ကိုယ္စားလွယ္လက္ခံမႈ အျငင္းပြားစရာေတြျဖစ္လာတဲ့ေနာက္၊ ျမန္မာႏိ္ုင္ငံေနရာ ကိုယ္စားျပဳမႈကို ခ်န္လွပ္ထားဖို႔ WHO က ဗုဒၶဟူးေန႔ မွာ ဆုံးျဖတ္လိုက္ပါတယ္။

WHO ညီလာခံကို တက္ေရာက္မယ့္ ကိုယ္စားလွယ္ကို ျမန္မာအရပ္ဖက္အာဏာပိုင္ေတြဖက္ေရာ စစ္အာဏာသိမ္းေကာင္စီဖက္ကပါ အဆိုျပဳခဲ့တယ္လို႔ ေအအက္ဖ္ပီသတင္းမွာ ေဖာ္ျပပါတယ္။ ေဖေဖာ္ဝါရီလ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာနုိင္ငံရဲ ႔တရားဝင္ကုိယ္စားလွယ္အျဖစ္ ဘယ္သူ႔ကိုလက္ခံမလဲဆိုတဲ့ကိစၥကို မဆုံးျဖတ္ရေသးတဲ့အတြက္ ျမန္မာကိုယ္စားလွယ္ကို မဖိတ္ဖို႔ WHO အဖြဲ႔ဝင္ႏုိင္ငံေတြက ဒီကေန႔ ဗုဒၶဟူးေန႔မွာဆုံးျဖတ္လိုက္တာပါ။

ျမန္မာႏုိင္ငံကို ဘယ္သူက ကိုယ္စားျပဳသင့္သလဲဆိုတဲ့ ကိစၥမွာ ကုလသမဂၢအေထြေထြညီလာခံရဲ ႔ လမ္းညႊန္ခ်က္ေတြ မရေသးတဲ့အတြက္ WHO ေကာ္မတီက ခုလိုဆုံးျဖတ္လိုက္တာလည္းျဖစ္ပါတယ္။

၇၄ ႀကိမ္ေျမာက္ညီလာခံမွာ ျမန္မာဖက္က ဘယ္သူ႔ကိုမွ မဖိတ္ၾကားဖို႔ ဆိုတဲ့အႀကံျပဳတင္ျပခ်က္ကို မဲခြဲမႈမရွိပဲ WHO အဖြဲ႔ဝင္ႏုိင္ငံေတြက ဗုဒၶဟူးေန႔မနက္ပိုင္းမွာ အတည္ျပဳလိုက္တာျဖစ္ပါတယ္။

WHO ညီလာခံကို ျပီးခ့ဲတဲ့တနလၤာေန႔ကေန လာမယ့္ ဂၽြန္လ၁ ရက္ေန႔ထိက်င္းပေနတာပါ။ ကိုဗစ္ကပ္ေရာဂါဆိုးနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ က်င္းပတဲ့ WHO ရဲ႔ က်န္းမာေရးညီလာခံကိုလည္း အေရးႀကီးလွတဲ့ပြဲတခုအျဖစ္ ရႈျမင္ထားပါတယ္။

ျမန္မာႏိ္ုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးတဲ့ေနာက္ စစ္အာဏာသိမ္း ဆန္႔က်င္ကန္႔ကြက္မႈေတြ ႏိုင္ငံအ၀ွမ္းေပၚေပါက္ခဲ့ၿပီး စစ္တပ္က ပစ္ခတ္ႏွိမ္နင္းတာေတြလုပ္ခဲ့ပါတယ္။ စစ္တပ္ရဲ႕အၾကမ္းဖက္ကိုင္တြယ္မႈေၾကာင့္ လူ ၈ဝဝ ေက်ာ္ေသဆံုးခဲ့ရတယ္လို႔ AAPP ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအဖဲြ႕က ထုတ္ျပန္ထားေပမယ့္ ျမန္မာစစ္ေကာင္စီဖက္ကေတာ့ လူ ၃၀၀ ေလာက္ပဲ ေသဆံုးခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

၂၀၂၀ ခုႏွစ္ ႏို၀င္ဘာေရြးေကာက္ပဲြအတြင္း မဲမသမာမႈေတြကို အေၾကာင္းျပၿပီး စစ္တပ္က အာဏာသိမ္းယူခဲ့တာပါ။ ၂၀၂၀ ေရြးေကာက္ပဲြအႏိုင္ရ NLD ပါတီဖက္ကေတာ့ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရကို ဖဲြ႕စည္းၿပီး၊ စစ္ေကာင္စီက တရား၀င္မႈမရွိဘူးလို႔ ေျပာေနပါတယ္။

စစ္ေကာင္စီဖက္ကလည္း NUG ကို အၾကမ္းဖက္အဖဲြ႕အစည္းအျဖစ္ ေၾကညာထားပါတယ္။

........................................

{{Unicode}}

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ နှစ်ပတ်လည် ညီလာခံတက်ဖို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်လက်ခံမှု အငြင်းပွားစရာတွေဖြစ်လာတဲ့နောက်၊ မြန်မာနိုင်ငံနေရာ ကိုယ်စားပြုမှုကို ချန်လှပ်ထားဖို့ WHO က ဗုဒ္ဓဟူးနေ့ မှာ ဆုံးဖြတ်လိုက်ပါတယ်။

WHO ညီလာခံကို တက်ရောက်မယ့် ကိုယ်စားလှယ်ကို မြန်မာအရပ်ဖက်အာဏာပိုင်တွေဖက်ရော စစ်အာဏာသိမ်းကောင်စီဖက်ကပါ အဆိုပြုခဲ့တယ်လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့တရားဝင်ကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကိုလက်ခံမလဲဆိုတဲ့ကိစ္စကို မဆုံးဖြတ်ရသေးတဲ့အတွက် မြန်မာကိုယ်စားလှယ်ကို မဖိတ်ဖို့ WHO အဖွဲ့ဝင်နိုင်ငံတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာဆုံးဖြတ်လိုက်တာပါ။

မြန်မာနိုင်ငံကို ဘယ်သူက ကိုယ်စားပြုသင့်သလဲဆိုတဲ့ ကိစ္စမှာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ လမ်းညွှန်ချက်တွေ မရသေးတဲ့အတွက် WHO ကော်မတီက ခုလိုဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

၇၄ ကြိမ်မြောက်ညီလာခံမှာ မြန်မာဖက်က ဘယ်သူ့ကိုမှ မဖိတ်ကြားဖို့ ဆိုတဲ့အကြံပြုတင်ပြချက်ကို မဲခွဲမှုမရှိပဲ WHO အဖွဲ့ဝင်နိုင်ငံတွေက ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

WHO ညီလာခံကို ပြီးခဲ့တဲ့တနင်္လာနေ့ကနေ လာမယ့် ဂျွန်လ၁ ရက်နေ့ထိကျင်းပနေတာပါ။ ကိုဗစ်ကပ်ရောဂါဆိုးနဲ့ ရင်ဆိုင်နေရချိန်မှာ ကျင်းပတဲ့ WHO ရဲ့ ကျန်းမာရေးညီလာခံကိုလည်း အရေးကြီးလှတဲ့ပွဲတခုအဖြစ် ရှုမြင်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာသိမ်း ဆန့်ကျင်ကန့်ကွက်မှုတွေ နိုင်ငံအဝှမ်းပေါ်ပေါက်ခဲ့ပြီး စစ်တပ်က ပစ်ခတ်နှိမ်နင်းတာတွေလုပ်ခဲ့ပါတယ်။ စစ်တပ်ရဲ့အကြမ်းဖက်ကိုင်တွယ်မှုကြောင့် လူ ၈၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ထားပေမယ့် မြန်မာစစ်ကောင်စီဖက်ကတော့ လူ ၃၀၀ လောက်ပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေကို အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းယူခဲ့တာပါ။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဖက်ကတော့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး၊ စစ်ကောင်စီက တရားဝင်မှုမရှိဘူးလို့ ပြောနေပါတယ်။

စစ်ကောင်စီဖက်ကလည်း NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပါတယ်။ 

 https://burmese.voanews.com/a/myanmar-excluded-form-who-annual-meeting/5904977.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.