Breaking

June 21, 2021

ျမန္မာစစ္ေခါင္းေဆာင္ ႐ုရွားညီလာခံ တက္ေရာက္မည္

 


ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္။ (မတ္ ၂၇၊ ၂၀၂၁)
(Zawgyi / Unicode)

႐ုရွားႏိုင္ငံမွာ က်င္းပတဲ့ ႏိုင္ငံတကာလုံၿခဳံေရး ညီလာခံကို တက္ေရာက္ဖို႔ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဟာ တနဂၤေႏြေန႔က ျမန္မာႏုိင္ငံကေန ထက္ခြာသြားၿပီ ျဖစ္ပါတယ္။

စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္အတြက္ ႐ုရွားခရီးစဥ္ဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းၿပီးေနာက္ ဒုတိယအႀကိမ္ ျပည္ပခရီးစဥ္ ျဖစ္ပါတယ္။ စစ္တပ္ပိုင္ ျမဝတီ႐ုပ္သံကေန ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ရဲ႕ ႐ုရွားခရီးစဥ္ကို မေန႔က အခုလို ေၾကညာသြားပါတယ္။

“ႏုိင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္တဲ့ ကုိယ္စားလွယ္အဖြဲ႔ဟာ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ ကာကြယ္ေရးဝန္ႀကီး Army General Sergey Kuzhugetovich Shoigu ဖိတ္ၾကားခ်က္အရ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံမွာ က်င္းပျပဳလုပ္မယ့္ ၉ ႀကိမ္ေျမာက္ ႏိုင္ငံတကာလံုၿခံဳေရးဆုိင္ရာ ညီလာခံ Moscow Conference of International Security 2021 (MCIS-2021) ကို တက္ေရာက္ရန္အတြက္ ဒီကေန႔မနက္ပုိင္းက အျပည္ျပည္ဆုိင္ရာ ျမန္မာေလေၾကာင္းမွ အထူးေလယာဥ္ျဖင့္ ေနျပည္ေတာ္ တပ္မေတာ္ေလဆိပ္မွ ထြက္ခြာပါတယ္။”

ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔အတူ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္း၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရဲဝင္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီးမိုးေအာင္တို႔လည္း ႐ုရွားခရီးစဥ္မွာ လိုက္ပါသြားပါတယ္။ ႐ုရွားက အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ ႏိုင္ငံတကာလံုၿခံဳေရး ညီလာခံကို ဇြန္လ ၂၂-၂၄ ရက္ေန႔ထိ ျပဳလုပ္မွာျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလက သူဦးေဆာင္တဲ့ စစ္အာဏာသိမ္းၿပီးေနာက္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ဟာ ဧၿပီလက ျပဳလုပ္တဲ့ ျမန္မာ့အေရး အာဆီယံ အထူးအစည္းအေဝးပြဲကို တက္ေရာက္ဖို႔ အင္ဒိုနီးရွားႏိုင္ငံကို ပထမဆံုး ျပည္ပခရီးစဥ္အျဖစ္ သြားေရာက္ခဲ့ပါတယ္။

NLD ပါတီ အျပတ္အသတ္ အႏိုင္ရခဲ့တဲ့ ၂၀၂၀ ႏုိဝင္ဘာေရြးေကာက္ပဲြမွာ မဲလိမ္လည္မႈေတြ ရွိခဲ့တယ္ဆိုတဲ့ စစ္တပ္ရဲ႕ စြပ္စဲြခ်က္ကို ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အရပ္သားအစိုးရက ပယ္ခ်ၿပီးေနာက္ စစ္တပ္က အာဏာသိမ္းခဲ့တာပါ။ ႏိုင္ငံတကာ ေစာင့္ၾကည့္ေရး အဖဲြ႔ေတြကေတာ့ ေရြးေကာက္ပဲြဟာ တရားမွ်တမႈ ရွိတယ္လို႔ ေျပာဆိုထားၾကတာပါ။

ေသာၾကာေန႔က ျပဳလုပ္တဲ့ ကုလသမဂၢ အေထြေထြညီလာခံ အစည္းအေဝးရဲ႕ ျမန္မာ့အေရး ဆံုးျဖတ္ခ်က္မွာေတာ့ ျမန္မာႏိုင္ငံကို လက္နက္ေတြစီးဝင္မႈ တားဆီးေရးကို ေတာင္းဆိုထားၿပီး ႏိုဝင္ဘာေရြးေကာက္ပဲြ ရလဒ္ကို ေလးစားဖို႔နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ႏုိင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔ ျမန္မာစစ္တပ္ကို တိုက္တြန္းထားပါတယ္။


-------------------------

(Unicode)

မြန်မာစစ်ခေါင်းဆောင် ရုရှားညီလာခံ တက်ရောက်မည်

ရုရှားနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေး ညီလာခံကို တက်ရောက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကနေ ထက်ခွာသွားပြီ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် ရုရှားခရီးစဉ်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြည်ပခရီးစဉ် ဖြစ်ပါတယ်။ စစ်တပ်ပိုင် မြဝတီရုပ်သံကနေ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ကို မနေ့က အခုလို ကြေညာသွားပါတယ်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၉ ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ Moscow Conference of International Security 2021 (MCIS-2021) ကို တက်ရောက်ရန်အတွက် ဒီကနေ့မနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းမှ အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာပါတယ်။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်တို့လည်း ရုရှားခရီးစဉ်မှာ လိုက်ပါသွားပါတယ်။ ရုရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေး ညီလာခံကို ဇွန်လ ၂၂-၂၄ ရက်နေ့ထိ ပြုလုပ်မှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလက သူဦးဆောင်တဲ့ စစ်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီလက ပြုလုပ်တဲ့ မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးပွဲကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။

NLD ပါတီ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲလိမ်လည်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စစ်တပ်ရဲ့ စွပ်စွဲချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရက ပယ်ချပြီးနောက် စစ်တပ်က အာဏာသိမ်းခဲ့တာပါ။ နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့တွေကတော့ ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိတယ်လို့ ပြောဆိုထားကြတာပါ။

သောကြာနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာတော့ မြန်မာနိုင်ငံကို လက်နက်တွေစီးဝင်မှု တားဆီးရေးကို တောင်းဆိုထားပြီး နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းထားပါတယ်။

 https://burmese.voanews.com/a/min-aung-hlaing-russia/5936008.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.