2021-06-21
ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုရှားသမ္မတ ဗလာ ဒီမာပူတင်က လက်ခံတွေ့ဆုံမှာမဟုတ်ဘူးလို့ ကရင်မလင်နန်းတော် ပြောခွင့်ရသူက မနေ့က ပြောကြားလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ လုံခြုံရေးဆိုင်ရာအစည်းအဝေး တက်ရောက်ဖို့ ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုကို ရောက်နေတာပါ။ တနင်္လာနေ့က ပြုလုပ်တဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားလုံခြုံရေး ကောင်စီ အတွင်းရေးမှူး နီကိုလိုင်ပထရူရှဗ် (Nikolai Patrushev) နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား လုံခြုံရေးနဲ့ အခြားဆက်ဆံရေးတွေ ပိုမိုအားကောင်းလာအောင် မြှင့်တင်ဖို့ ကတိပြုခဲ့ကြပါတယ်။
ရုရှားနဲ့မြန်မာဟာ ရှည်လျှားတဲ့ဆက်ဆံရေးရှိခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတွေလည်း ဒီနှစ်ပိုင်း အတွင်း ပိုများလာပါတယ်။ အဲဒီအထဲမှာ မြန်မာစစ်တပ်ကို စစ်သင်တန်းပေးတာ၊ ထောင်နဲ့ချီတဲ့ စစ်သားတွေကို ရုရှား တက္ကသိုလ်တွေမှာ ပညာသင်ဖို့ ပညာသင်ဆုတွေပေးတာတွေအပြင် အရပ်သားတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့အတွက် အနောက်နိုင်ငံတွေက နာမည်ပျက်စာရင်း သွင်းထားတဲ့ မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချတာတွေ ပါဝင်ပါတယ်။
ပြီးခဲ့တဲ့မတ်လတုန်းကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာကြောင့် စစ်တပ်ကသတ်ဖြတ်တဲ့အတွက် သေဆုံးရ သူအရေအတွက် များလာတာကို အထူးစိုးရိမ်မိကြောင်း ရုရှားကပြောကြားခဲ့ပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.