Breaking

June 19, 2021

ကုလအတြင္းေရးမွဴးခ်ဳပ္ကို ေနာက္ထပ္ ၅ ႏွစ္ တာ၀န္ေပးအပ္

 


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က်မ္းက်ိန္ေနစဥ္
(Zawgyi/Unicode)

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ကို ေနာက္ထပ္ ၅ ႏွစ္ သက္တမ္း တာ၀န္ယူဖို႔ အေထြေထြညီလာခံက အတည္ျပဳလိုက္ပါတယ္။ အတြင္းေရးမွဴးခ်ဳပ္ကေတာ့ သမိုင္းတေလွ်ာက္ အေရးႀကီးတဲ့ ကာလမ်ဳိးမွာ ႀကီးမားတဲ့ တာ၀န္ေတြကို အပ္ႏွင္းခံရတဲ့အတြက္ ဂုဏ္ယူေၾကာင္း ေျပာၾကားခဲ့တာပါ။

“ေနာက္ဆက္တဲြ အက်ဳိးဆက္ေတြ ၾကံဳရမယ့္ ေရြးခ်ယ္မႈေတြနဲ႔အတူ က်ေနာ္တို႔ဟာ လမ္းဆုံလမ္းခြမွာ ေရာက္ေနၾကတာပါ။ အက်ပ္အတည္း သံသရာထဲမွာပဲ တဝဲလည္လည္ ျဖစ္ေနမယ့္ ၿပိဳလဲပ်က္စီးတဲ့ လမ္းေၾကာင္းကို ဦးတည္ႏိုင္သလို၊ အားလုံးအတြက္ ပိုမိုသန္႔ရွင္းၿပီး ေဘးကင္းလုံျခံဳတဲ့ သာယာတဲ့ အနာဂတ္ကို ဦးတည္မယ့္ အေျပာင္းအလဲေတြလည္း ျဖစ္လာႏိုင္ပါတယ္။ က်ေနာ့္အေနနဲ႔ကေတာ့ အေျပာင္းအလဲေတြ ျဖစ္လာေအာင္ အစြန္းကုန္ တြန္းအားေပးသြားမွာ ျဖစ္ပါတယ္။” လို႔ အတြင္းေရးမွဴးခ်ဳပ္ Guterres က နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္မွာ ေသာၾကာေန႔က ေနာက္တႀကိမ္ တာ၀န္သက္တမ္း လက္ခံရယူတဲ့ မိန္႔ခြန္းမွာ ထည့္သြင္း ေျပာဆိုသြားတာပါ။

ကုလသမဂၢ အဖဲြ႕၀င္ ႏိုင္ငံေတြ အားလုံးအေပၚ ညီတူညီမွ် ဆက္ဆံသြားမွာျဖစ္သလို၊ ႏိုင္ငံေတြၾကား ယုံၾကည္မႈေတြကို ေျမေတာင္ေျမႇာက္ေပးဖို႔လည္း ကတိျပဳခဲ့သလို၊ မျဖစ္ႏိုင္ဘူးလို႔ ယူဆထားတဲ့ ကိစၥေတြ ျဖစ္လာေအာင္ ဦးေဆာင္ ႀကိဳးပမ္းမွာ ျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

အတြင္းေရးမွဴးခ်ဳပ္ကို ေနာက္ထပ္ တာ၀န္ေပးဖို႔ ကုလသမဂၢမွာ ၾသဇာအရွိန္အဝါ ႀကီးမားတဲ့ လုံျခံဳေရးေကာင္စီက ဇြန္လ ၈ ရက္ေန႔ကပဲ ေထာက္ခံမႈေပးထားတာပါ။ အတြင္းေရးမွဴးခ်ဳပ္ကို ဆက္လက္ တာ၀န္ေပးဖို႔ တညီတၫြတ္တည္း ေထာက္ခံခဲ့ၾကတာ ျဖစ္ေၾကာင္းလည္း လုံျခံဳေရးေကာင္စီ အလွည္က်ဥကၠ႒ Estonia ႏိုင္ငံက ကုလသမဂၢဆိုင္ရာ သံအမတ္ႀကီး Sven Jurgenson က အေထြေထြညီလာခံကို ေျပာဆိုထားပါတယ္။

...........

ကုလအတွင်းရေးမှူးချုပ်ကို နောက်ထပ် ၅ နှစ် တာဝန်ပေးအပ်
(Unicode)

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကို နောက်ထပ် ၅ နှစ် သက်တမ်း တာဝန်ယူဖို့ အထွေထွေညီလာခံက အတည်ပြုလိုက်ပါတယ်။ အတွင်းရေးမှူးချုပ်ကတော့ သမိုင်းတလျှောက် အရေးကြီးတဲ့ ကာလမျိုးမှာ ကြီးမားတဲ့ တာဝန်တွေကို အပ်နှင်းခံရတဲ့အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့တာပါ။

“နောက်ဆက်တွဲ အကျိုးဆက်တွေ ကြုံရမယ့် ရွေးချယ်မှုတွေနဲ့အတူ ကျနော်တို့ဟာ လမ်းဆုံလမ်းခွမှာ ရောက်နေကြတာပါ။ အကျပ်အတည်း သံသရာထဲမှာပဲ တဝဲလည်လည် ဖြစ်နေမယ့် ပြိုလဲပျက်စီးတဲ့ လမ်းကြောင်းကို ဦးတည်နိုင်သလို၊ အားလုံးအတွက် ပိုမိုသန့်ရှင်းပြီး ဘေးကင်းလုံခြုံတဲ့ သာယာတဲ့ အနာဂတ်ကို ဦးတည်မယ့် အပြောင်းအလဲတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကျနော့်အနေနဲ့ကတော့ အပြောင်းအလဲတွေ ဖြစ်လာအောင် အစွန်းကုန် တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။” လို့ အတွင်းရေးမှူးချုပ် Guterres က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ သောကြာနေ့က နောက်တကြိမ် တာဝန်သက်တမ်း လက်ခံရယူတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားတာပါ။

ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံးအပေါ် ညီတူညီမျှ ဆက်ဆံသွားမှာဖြစ်သလို၊ နိုင်ငံတွေကြား ယုံကြည်မှုတွေကို မြေတောင်မြှောက်ပေးဖို့လည်း ကတိပြုခဲ့သလို၊ မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ ကိစ္စတွေ ဖြစ်လာအောင် ဦးဆောင် ကြိုးပမ်းမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်ကို နောက်ထပ် တာဝန်ပေးဖို့ ကုလသမဂ္ဂမှာ သြဇာအရှိန်အဝါ ကြီးမားတဲ့ လုံခြုံရေးကောင်စီက ဇွန်လ ၈ ရက်နေ့ကပဲ ထောက်ခံမှုပေးထားတာပါ။ အတွင်းရေးမှူးချုပ်ကို ဆက်လက် တာဝန်ပေးဖို့ တညီတညွတ်တည်း ထောက်ခံခဲ့ကြတာ ဖြစ်ကြောင်းလည်း လုံခြုံရေးကောင်စီ အလှည်ကျဥက္ကဋ္ဌ Estonia နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Sven Jurgenson က အထွေထွေညီလာခံကို ပြောဆိုထားပါတယ်။ 

 https://burmese.voanews.com/a/un-antonio-guterres-/5934373.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.