Breaking

June 19, 2021

ျမန္မာ့အေရး ကုလလုံျခံဳေရးေကာင္စီမွာ တံခါးပိတ္ေဆြးေႏြး

 


မွတ္တမ္းဓါတ္ပံု ၂၀၁၈ ေမလတုန္းက က်င္းပတဲ့ ျမန္မာ့အေရး ကုလလုံျခံဳေရးေကာင္စီ တံခါးပိတ္ေဆြးေႏြးပြဲတခု
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းကို ေျဖရွင္းႏိုင္ေရး ကုလသမဂၢ လုံျခံဳေရး ေကာင္စီမွာေရာ၊ အေထြေထြ ညီလာခံမွာ ေဆြးေႏြးခဲ့ၾကပါတယ္။ ေသာၾကာေန႔မွာပဲ ဒုတိယအႀကိမ္ ၅ ႏွစ္သက္တမ္း တာ၀န္ေပးခံခဲ့ရတဲ့ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္၊ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္နဲ႔ လုံျခံဳေရးေကာင္စီ အဖဲြ႕၀င္ ႏိုင္ငံေတြကေတာ့ ျမန္မာႏိုင္ငံအေရး ႏိုင္ငံတကာ အသိုင္းအ၀န္းက အခ်ိန္မီ ႀကိဳးပမ္းေျဖရွင္းၾကဖို႔ တိ္ုက္တြန္းခဲ့ၾကတာပါ။ မေန႔တုန္းက ကုလသမဂၢမွာ ေဆြးေႏြးခဲ့ၾကတဲ့ အေျခအေနေတြကိုေတာ့ ကို၀င္းမင္းက စုစည္းတင္ျပေပးထားပါတယ္။

ကမာၻ႕ ကုလသမဂၢအေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံဆိုင္ရာ ဆံုးျဖတ္ခ်က္ခ်ေရး မေဆြးေႏြးခင္မွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ တာ၀န္ကို ေနာက္ထပ္ ၅ ႏွစ္သက္တမ္း က်မ္းက်ိန္တာ ၿပီးရံုေလးပဲ ရွိတဲ့ Antonio Guterres က

“ကၽြန္ေတာ့ ရပ္တည္ခ်က္က ရွင္းပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ဒီမိုကေရစီ ျပန္အသက္သြင္းႏိုင္ဖို႔ အေျခအေနေတြကို အတိအက် ဖန္တီးယူကို ယူရပါမယ္။ ျပီးျပည့္စံုတဲ့ ဒီမိုကေရစီမျဖစ္ရင္ေတာင္မွေပါ့ေနာ္၊ အားလံုးသိတဲ့အတိုင္းပဲ၊ စစ္တပ္အေနနဲ႔ လူထုမဲဆႏၵကိုေက်ာ္ၿပီး၊ အုပ္ခ်ဳပ္မူ အေဆာက္အအံုေတြအရ အာဏာေကာင္းေကာင္းရွိထားၿပီးသားပါ။ အဲ့ဒိေတာ့၊ ဒီမိုကေရစီကို ျပန္အသက္သြင္းရမယ္၊ ေထာင္ထဲထည့္ထားသူေတြကိုလည္း ျပန္လႊတ္ေပးရမယ္၊ ဆိုးဆိုးဝါဝါးကိုျဖစ္လာေနတဲ့ လူအခြင့္အေရးခ်ိဳးေဖာက္မူေတြနဲ႔ သတ္ျဖတ္ေနမူေတြကို ရပ္တန္းက ရပ္ေပးရပါမယ္။ အေထြေထြညီလာခံအေနနဲ႔ ဒီ ဦးတည္ခ်က္လမ္းေၾကာင္းအတိုင္း သတင္းစကား ရွင္းရွင္းလင္းလင္းေပးႏိုင္ဖို႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ေနပါတယ္။ ဘာလို႔လဲဆိုေတာ့ စစ္တပ္အာဏာသိမ္းတာကို စံနမူနာျပဳစရာမ်ိဳး ျဖစ္လာမယ့္ ကမာၻႀကီးမွာ၊ ကၽြန္ေတာ္တို႔ မေနႏိုင္လို႔ပါပဲ။ ဒါက လံုးဝကို လက္ခံစရာ မရိွပါဘူး။”

၁၉၃ ႏိုင္ငံပါတဲ့ ကုလသမဂၢ အေထြေထြညီလာခံႀကီးမွာ အခုလို ျမန္မာႏိုင္ငံဆိုင္ရာ ဆံုးျဖတ္ခ်က္ခ်ေရး ေဆြးေႏြးရတဲ့အထိ ျဖစ္လာရတဲ့ ေလးနက္မႈကိုလည္း ကုလလံုၿခံဳေရးေကာင္စီ အဖြဲ႔၀င္ႏိုင္ငံတခုျဖစ္တဲ့ ၿဗိတိန္ရဲ႕ ကုလဆိုင္ရာ သံအမတ္ႀကီး Barbara Woodward ကလည္း

“ဒီအစည္းေဝးေတြက ႏိုင္ငံတကာအသိုင္းအဝိုင္းတစ္ခုလံုးမွာ စိုးရိမ္တႀကီးျဖစ္ေနတဲ့ တြန္းအားကို ျပသတာပါပဲ။ ေဖေဖာ္ဝါရီ အာဏာသိမ္းအၿပီးထဲက၊ စစ္အုပ္စုအေနနဲ႔ တိုင္းျပည္ကို အၾကပ္အတည္းထဲ ပို႔ပစ္လိုက္ပါတယ္၊ လူသားခ်င္းစာနာမူနဲ႔ စီးပြားေရးဆိုင္ရာ ေဘးဒုကၡႀကီးကေန ေရွာင္လႊဲႏိုင္ဖို႔အတြက္၊ အေရးေပၚ အေရးယူလုပ္ေဆာင္မူေတြ လိုအပ္ေနပါၿပီ။ ေရွ.အလားအလာက ပြင့္ပြင့္လင္းလင္းေျပာရရင္ မေကာင္းပါဘူး။ ေဒသတြင္း အက်ိဳးဆက္ေတြ ဆက္ရိုက္ခတ္လာမွာက ရွင္းေနပါတယ္။”

ဒါ့အျပင္ ကုလလံုၿခံဳေရးေကာင္စီ တံခါးပိတ္အစည္းအေ၀းမွာ အဓိက ေဆြးေႏြးခဲ့တာေတြကိုလည္း ကုလအတြင္းေရးမွဴခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener က

“ လံုၿခံဳေရးေကာင္စီအေနနဲ႔ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ အၾကမ္းဖက္မူေတြကို ဆန္႔က်င္းေၾကာင္း တညီတညြတ္ထဲ အဓိက ေျပာေပးဖို႔ တိုက္တြန္းခဲ့ပါတယ္။ ေနာက္၊ ႏိုင္ငံေရးအက်ဥ္းသားေတြကို ျဖစ္ႏိုင္သမွ် အျမန္ဆံုး ျပန္လႊတ္ေပးဖို႔ အတြက္ပါ ထည့္ေျပာေပးဖို႔ေပါ့ေနာ္။ ၿပီးေတာ့ ျမန္မာႏိုင္ငံက စစ္တပ္ကိုလည္း ကၽြန္မကို ျပန္သြားႏိုင္ဖို႔ ဆက္ေတာင္းဆိုသြားမွာကလည္း ရွင္းပါတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံထဲက အဆက္အသြယ္ေတြနဲ႔ ေနာက္ စစ္တပ္နဲ႔ပါ ဗီြဒီယိုကေနတဆင့္ေဆြးေႏြးတာေတြကို ဆက္လုပ္သြားမွာပါ။”

တကယ္ေတာ့ ကုလသမဂၢအေထြေထြညီလာခံမွာ ျမန္မာႏိုင္ငံကို လက္နက္တင္ပို႔မႈ ပိတ္ဆို႔ေရးအပါအ၀င္ ဆံုးျဖတ္ခ်က္ခ်ေရးကိစၥေတြ ေဆြးေႏြးခဲ့တဲ့အခ်ိန္မွာ ကုလလံုၿခံဳေရးေကာင္စီအဖြဲ႔၀င္ ၿဗိတိန္သံအမတ္ႀကီး Barbara Woodward ကဆက္ၿပီး

“ လံုၿခံဳေရးေကာင္စီမွာ ႏိုင္ငံေတြအားလံုးကေန သေဘာတူခ်က္ရခဲ့တဲ့ ေၾကညာခ်က္ ၄ ခု ထုတ္ၿပီးပါၿပီ။ ကၽြန္မတို႔ အာဆီယံနဲ႔လည္း အနီးကပ္တြဲလုပ္ေနပါတယ္၊ အတိအက်ေျပာရရင္၊ သေဘာတူခ်က္ ၅ ခ်က္ပါတဲ့ လုပ္ငန္းစဥ္ခ်မွတ္ၿပီးကတည္းက တြဲလုပ္လာတာပါ။ ဒါေၾကာင့္ လံုၿခံဳေရးေကာင္စီအေနနဲ႔ ဒီကိစၥအေပၚ တကယ့္ကို အခ်ိန္ေပး အေလးထားလုပ္ေနပါတယ္။ ဒီေတာ့ အခုလို အေထြေထြညီလာခံမွာ ေဆြးေႏြးတာကတဆင့္လည္း၊ ခံစားေနရတဲ့ ျမန္မာျပည္သူေတြ အတြက္ ပိုလုပ္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။”

ဒါ့အျပင္ ကုလအတြင္းေရးမွဴခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener ကလည္း ျမန္မာႏိုင္ငံမွာ မႀကံဳစဖူးအက်ပ္အတည္း ႀကံဳေနတာကို ေျဖရွင္းႏိုင္ေရး ဆက္ၿပီးေတာ့ ႀကိဳးပမ္းသြားဖို႔ ကတိျပဳလုိက္ပါတယ္။

“အၾကမ္းဖက္မူေတြကို အထူးသျဖင့္ ျမန္မာႏိုင္ငံ အလယ္ပိုင္းဖက္မွာ အရင္တခါမွ မေတြ႔ခဲ့ဖူးပါဘူး။ တခ်ိဳ႕အၾကမ္းဖက္မူေတြက ျမန္မာစစ္တပ္ ေလေၾကာင္းကေနတိုက္ခိုက္တာခံေနရတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ ဖက္ကေနလည္း အမ်ားႀကီး ျဖစ္လာေနပါတယ္။ ဒီအဖြဲ႔ေတြက ျမန္မာႏိုင္ငံထဲကေန ထြက္ေျပးလာသူေတြကိုလည္း လက္ခံအကာအကြယ္ေပးထားရပါတယ္။ ဒီပါဝင္ပတ္သက္ေနသူေတြ အားလံုးပါဝင္တဲ့ ေဆြးေႏြးပြဲေတြျဖစ္လာဖို႔ လိုေနပါတယ္။ ကၽြန္မအေနနဲ႔ ဒီႏိုင္ငံထဲက အဓိကျပႆနာအတြက္ ျငိမ္းခ်မ္းတဲ့ အေျဖရွာႏိုင္ဖို႔၊ တိုင္းရင္းသားအုပ္စုေတြနဲ႔ အဖြဲ႔ေတြအားလံုးနီးပါးနဲ႔ အဆက္သြယ္ ရွိထားပါတယ္။ ေဆြးေႏြးတာက အၾကမ္းဖက္ေနတာထက္ အျမဲပိုေကာင္းတာက ေသခ်ာပါတယ္။ အခုလိုအားလံုးေဆြးေဆြးေႏြးပြဲမွာပါလာႏိုင္ဖို႔ ကၽြန္မဆက္ႀကိဳးပမ္းသြားပါမယ္။”

တကယ္ေတာ့ မေန႔က ေဆြးေႏြးခဲ့တဲ့ ကုလအေထြေထြညီလာခံဆံုးျဖတ္ခ်က္အဆိုျပဳ မူၾကမ္းထဲမွာ ျမန္မာစစ္တပ္ အေနနဲ႔ ႏို၀င္ဘာေရြးေကာက္ပြဲ ရလဒ္ကို လိုက္နာဖို႔နဲ႔ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးဖို႔ကိုလည္း ထည့္သြင္းထားခဲ့ပါတယ္။

........

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေး

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာရော၊ အထွေထွေ ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။ သောကြာနေ့မှာပဲ ဒုတိယအကြိမ် ၅ နှစ်သက်တမ်း တာဝန်ပေးခံခဲ့ရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကတော့ မြန်မာနိုင်ငံအရေး နိုင်ငံတကာ အသိုင်းအဝန်းက အချိန်မီ ကြိုးပမ်းဖြေရှင်းကြဖို့ တိုက်တွန်းခဲ့ကြတာပါ။ မနေ့တုန်းက ကုလသမဂ္ဂမှာ ဆွေးနွေးခဲ့ကြတဲ့ အခြေအနေတွေကိုတော့ ကိုဝင်းမင်းက စုစည်းတင်ပြပေးထားပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ချရေး မဆွေးနွေးခင်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ကို နောက်ထပ် ၅ နှစ်သက်တမ်း ကျမ်းကျိန်တာ ပြီးရုံလေးပဲ ရှိတဲ့ Antonio Guterres က

“ကျွန်တော့ ရပ်တည်ချက်က ရှင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ ပြန်အသက်သွင်းနိုင်ဖို့ အခြေအနေတွေကို အတိအကျ ဖန်တီးယူကို ယူရပါမယ်။ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီမဖြစ်ရင်တောင်မှပေါ့နော်၊ အားလုံးသိတဲ့အတိုင်းပဲ၊ စစ်တပ်အနေနဲ့ လူထုမဲဆန္ဒကိုကျော်ပြီး၊ အုပ်ချုပ်မူ အဆောက်အအုံတွေအရ အာဏာကောင်းကောင်းရှိထားပြီးသားပါ။ အဲ့ဒိတော့၊ ဒီမိုကရေစီကို ပြန်အသက်သွင်းရမယ်၊ ထောင်ထဲထည့်ထားသူတွေကိုလည်း ပြန်လွှတ်ပေးရမယ်၊ ဆိုးဆိုးဝါဝါးကိုဖြစ်လာနေတဲ့ လူအခွင့်အရေးချိုးဖောက်မူတွေနဲ့ သတ်ဖြတ်နေမူတွေကို ရပ်တန်းက ရပ်ပေးရပါမယ်။ အထွေထွေညီလာခံအနေနဲ့ ဒီ ဦးတည်ချက်လမ်းကြောင်းအတိုင်း သတင်းစကား ရှင်းရှင်းလင်းလင်းပေးနိုင်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်အာဏာသိမ်းတာကို စံနမူနာပြုစရာမျိုး ဖြစ်လာမယ့် ကမ္ဘာကြီးမှာ၊ ကျွန်တော်တို့ မနေနိုင်လို့ပါပဲ။ ဒါက လုံးဝကို လက်ခံစရာ မရှိပါဘူး။”

၁၉၃ နိုင်ငံပါတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ အခုလို မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ချရေး ဆွေးနွေးရတဲ့အထိ ဖြစ်လာရတဲ့ လေးနက်မှုကိုလည်း ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဗြိတိန်ရဲ့ ကုလဆိုင်ရာ သံအမတ်ကြီး Barbara Woodward ကလည်း

“ဒီအစည်းဝေးတွေက နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးမှာ စိုးရိမ်တကြီးဖြစ်နေတဲ့ တွန်းအားကို ပြသတာပါပဲ။ ဖေဖော်ဝါရီ အာဏာသိမ်းအပြီးထဲက၊ စစ်အုပ်စုအနေနဲ့ တိုင်းပြည်ကို အကြပ်အတည်းထဲ ပို့ပစ်လိုက်ပါတယ်၊ လူသားချင်းစာနာမူနဲ့ စီးပွားရေးဆိုင်ရာ ဘေးဒုက္ခကြီးကနေ ရှောင်လွှဲနိုင်ဖို့အတွက်၊ အရေးပေါ် အရေးယူလုပ်ဆောင်မူတွေ လိုအပ်နေပါပြီ။ ရှေ.အလားအလာက ပွင့်ပွင့်လင်းလင်းပြောရရင် မကောင်းပါဘူး။ ဒေသတွင်း အကျိုးဆက်တွေ ဆက်ရိုက်ခတ်လာမှာက ရှင်းနေပါတယ်။”

ဒါ့အပြင် ကုလလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ အဓိက ဆွေးနွေးခဲ့တာတွေကိုလည်း ကုလအတွင်းရေးမှူချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener က

“ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မူတွေကို ဆန့်ကျင်းကြောင်း တညီတညွတ်ထဲ အဓိက ပြောပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ နောက်၊ နိုင်ငံရေးအကျဉ်းသားတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အတွက်ပါ ထည့်ပြောပေးဖို့ပေါ့နော်။ ပြီးတော့ မြန်မာနိုင်ငံက စစ်တပ်ကိုလည်း ကျွန်မကို ပြန်သွားနိုင်ဖို့ ဆက်တောင်းဆိုသွားမှာကလည်း ရှင်းပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံထဲက အဆက်အသွယ်တွေနဲ့ နောက် စစ်တပ်နဲ့ပါ ဗွီဒီယိုကနေတဆင့်ဆွေးနွေးတာတွေကို ဆက်လုပ်သွားမှာပါ။”

တကယ်တော့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ပိတ်ဆို့ရေးအပါအဝင် ဆုံးဖြတ်ချက်ချရေးကိစ္စတွေ ဆွေးနွေးခဲ့တဲ့အချိန်မှာ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ဗြိတိန်သံအမတ်ကြီး Barbara Woodward ကဆက်ပြီး

“ လုံခြုံရေးကောင်စီမှာ နိုင်ငံတွေအားလုံးကနေ သဘောတူချက်ရခဲ့တဲ့ ကြေညာချက် ၄ ခု ထုတ်ပြီးပါပြီ။ ကျွန်မတို့ အာဆီယံနဲ့လည်း အနီးကပ်တွဲလုပ်နေပါတယ်၊ အတိအကျပြောရရင်၊ သဘောတူချက် ၅ ချက်ပါတဲ့ လုပ်ငန်းစဉ်ချမှတ်ပြီးကတည်းက တွဲလုပ်လာတာပါ။ ဒါကြောင့် လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စအပေါ် တကယ့်ကို အချိန်ပေး အလေးထားလုပ်နေပါတယ်။ ဒီတော့ အခုလို အထွေထွေညီလာခံမှာ ဆွေးနွေးတာကတဆင့်လည်း၊ ခံစားနေရတဲ့ မြန်မာပြည်သူတွေ အတွက် ပိုလုပ်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။”

ဒါ့အပြင် ကုလအတွင်းရေးမှူချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်း မြန်မာနိုင်ငံမှာ မကြုံစဖူးအကျပ်အတည်း ကြုံနေတာကို ဖြေရှင်းနိုင်ရေး ဆက်ပြီးတော့ ကြိုးပမ်းသွားဖို့ ကတိပြုလိုက်ပါတယ်။

“အကြမ်းဖက်မူတွေကို အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းဖက်မှာ အရင်တခါမှ မတွေ့ခဲ့ဖူးပါဘူး။ တချို့အကြမ်းဖက်မူတွေက မြန်မာစစ်တပ် လေကြောင်းကနေတိုက်ခိုက်တာခံနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖက်ကနေလည်း အများကြီး ဖြစ်လာနေပါတယ်။ ဒီအဖွဲ့တွေက မြန်မာနိုင်ငံထဲကနေ ထွက်ပြေးလာသူတွေကိုလည်း လက်ခံအကာအကွယ်ပေးထားရပါတယ်။ ဒီပါဝင်ပတ်သက်နေသူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်လာဖို့ လိုနေပါတယ်။ ကျွန်မအနေနဲ့ ဒီနိုင်ငံထဲက အဓိကပြဿနာအတွက် ငြိမ်းချမ်းတဲ့ အဖြေရှာနိုင်ဖို့၊ တိုင်းရင်းသားအုပ်စုတွေနဲ့ အဖွဲ့တွေအားလုံးနီးပါးနဲ့ အဆက်သွယ် ရှိထားပါတယ်။ ဆွေးနွေးတာက အကြမ်းဖက်နေတာထက် အမြဲပိုကောင်းတာက သေချာပါတယ်။ အခုလိုအားလုံးဆွေးဆွေးနွေးပွဲမှာပါလာနိုင်ဖို့ ကျွန်မဆက်ကြိုးပမ်းသွားပါမယ်။”

တကယ်တော့ မနေ့က ဆွေးနွေးခဲ့တဲ့ ကုလအထွေထွေညီလာခံဆုံးဖြတ်ချက်အဆိုပြု မူကြမ်းထဲမှာ မြန်မာစစ်တပ် အနေနဲ့ နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကို လိုက်နာဖို့နဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။ 

 https://burmese.voanews.com/a/myanmar-un-security-council-/5934570.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.