Breaking

June 18, 2021

ျမန္မာကို လက္နက္ပိတ္ပင္ဖို႔ ကုလအေထြေထြညီလာခံ မွာေဆြးေႏြးမည္

 


ကုလအေထြေထြညီလာခံ
(Zawgyi/Unicode)

ျမန္မာစစ္တပ္ လက္နက္မရေအာင္ တားဆီးေရးအတြက္ ကုလသမဂၢအေထြေထြ ညီလာခံရဲ႕ ဇြန္လ ၁၈ ရက္ ေသာၾကာေန႔ အစည္းေဝးမွာ ေတာင္းဆိုၾကမွာ ျဖစ္တဲ့ အျပင္ ျမန္မာစစ္တပ္အေနနဲ႔ ၂၀၂၀ ႏိုဝင္ဘာ ေရြးေကာက္ပြဲ ရလဒ္ကို ေလးစားဖို႔၊ ဖမ္းဆီးထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ျမန္မာေခါင္းေဆာင္ေတြကို ျပန္လႊတ္ေပးဖို႔ပါ တိုက္တြန္းၾကမွာ ျဖစ္ေၾကာင္း သံတမန္ေတြရဲ႕ ေျပာၾကားခ်က္ကို ႐ိုက္တာသတင္းမွာ ေဖၚျပထားပါတယ္။

ဒီအဆိုျပဳခ်က္မူၾကမ္းကို အဖြဲ႔ဝင္ ၁၉၃ ႏိုင္ငံက စဥ္းစားဖို႔ အေနာက္ႏိုင္ငံေတြက တြန္းအားေပးေနေပမယ့္ ဒီမူၾကမ္း အတည္ျပဳႏိုင္ေအာင္ အာဆီယံ ၉ ႏိုင္ငံအပါအဝင္ တျခားႏိုင္ငံေတြရဲ႕ ေထာက္ခံမႈ ပိုၿပီး ရဖို႔လိုေနတာေၾကာင့္ မၾကာေသးခင္ကပဲ ေနာက္ဆံုးမိနစ္ပိုင္းမွာ ေရႊ႕ဆိုင္းပစ္ခဲ့ရတာ ျဖစ္ပါတယ္။

ဒီအဆိုျပဳခ်က္အတြက္ အေထြေထြညီလာခံ ဆံုးျဖတ္ခ်က္မူၾကမ္းခ်မွတ္ႏိုင္ေအာင္ မဲခြဲမလား တညီတၫြတ္ထည္း အတည္ျပဳမလား ဆိုတာေတာ့ ေသေသခ်ာခ်ာ မသိရေသးပါဘူး။ ဒါေပမယ့္ တကယ္လို႔ မဲခြဲမယ္ဆိုရင္ေတာ့ အတည္ျပဳဖို႔ လံုေလာက္တဲ့မဲ ရဖို႔ရွိတယ္လို႔ သံတမန္ေတြက ေျပာေၾကာင္းလည္း ေဖၚျပထားပါတယ္။

ၿပီးခဲ့တဲ့လတုန္းက ႐ိုက္တာကေတြ႕ခဲ့ရတဲ့ အဆိုျပဳမူၾကမ္းထဲမွာ ျမန္မာႏိုင္ငံကို လက္နက္မေရာင္းခ်ဖို႔ ျပင္းထန္တဲ့ အသံုးအႏႈန္းနဲ႔ ေတာင္းဆိုထာား တာ ျဖစ္ၿပီး အာဆီယံႏိုင္ငံေတြက ဒီအသံုးႏႈန္းကို ဖယ္ရွားပစ္ဖို႔ လိုလားေနတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဒီမူၾကမ္းထဲမွာ ကုလသမဂၢအဖြဲ႔ဝင္ ႏိုင္ငံအားလံုးက ျမန္မာကို လက္နက္မရေအာင္ လုပ္ေပးဖို႔ ေတာင္းဆိုထားတယ္လို႔ ဆိုပါတယ္။

ကုလသမဂၢအေထြေထြညီလာခံက ခ်မွတ္တဲ့ အဆိုျပဳ ဆံုးျဖတ္ခ်က္ေတြဟာ ကုလသမဂၢ လံုျခံဳေရးေကာင္စီက ခ်မွတ္တဲ့ ဆံုးျဖတ္ခ်က္ေတြနဲ႔ မတူပဲ လိုက္နာဖို႔ မလိုအပ္ေပမယ့္ ႏိုင္ငံတကာရဲ႕ ႏိုင္ငံေရးအရ ဖိအားေပးမႈေတြရွိလာႏိုင္ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွဝ္ ဦးေက်ာ္မိုးထြန္းကေတာ့ ျမန္မာစစ္တပ္ကို တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္ၿပီးျဖစ္ေစ ေထာက္ခံပံ့ပိုးမႈ မလုပ္ၾကဖို႔ ျမန္မာႏိုင္ငံကအေရြးေကာက္ခံ အရပ္သားစိုးရကိုယ္စား ကုလသမဂၢအဖြဲ႔ဝင္ ႏိုင္ငံေတြကို ပန္ၾကားထားပါတယ္။

............

မြန်မာကို လက်နက်ပိတ်ပင်ဖို့ ကုလအထွေထွေညီလာခံ မှာဆွေးနွေးမည်
(Unicode)

မြန်မာစစ်တပ် လက်နက်မရအောင် တားဆီးရေးအတွက် ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ ဇွန်လ ၁၈ ရက် သောကြာနေ့ အစည်းဝေးမှာ တောင်းဆိုကြမှာ ဖြစ်တဲ့ အပြင် မြန်မာစစ်တပ်အနေနဲ့ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့၊ ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ပါ တိုက်တွန်းကြမှာ ဖြစ်ကြောင်း သံတမန်တွေရဲ့ ပြောကြားချက်ကို ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ဒီအဆိုပြုချက်မူကြမ်းကို အဖွဲ့ဝင် ၁၉၃ နိုင်ငံက စဉ်းစားဖို့ အနောက်နိုင်ငံတွေက တွန်းအားပေးနေပေမယ့် ဒီမူကြမ်း အတည်ပြုနိုင်အောင် အာဆီယံ ၉ နိုင်ငံအပါအဝင် တခြားနိုင်ငံတွေရဲ့ ထောက်ခံမှု ပိုပြီး ရဖို့လိုနေတာကြောင့် မကြာသေးခင်ကပဲ နောက်ဆုံးမိနစ်ပိုင်းမှာ ရွှေ့ဆိုင်းပစ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီအဆိုပြုချက်အတွက် အထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်းချမှတ်နိုင်အောင် မဲခွဲမလား တညီတညွတ်ထည်း အတည်ပြုမလား ဆိုတာတော့ သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် တကယ်လို့ မဲခွဲမယ်ဆိုရင်တော့ အတည်ပြုဖို့ လုံလောက်တဲ့မဲ ရဖို့ရှိတယ်လို့ သံတမန်တွေက ပြောကြောင်းလည်း ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့လတုန်းက ရိုက်တာကတွေ့ခဲ့ရတဲ့ အဆိုပြုမူကြမ်းထဲမှာ မြန်မာနိုင်ငံကို လက်နက်မရောင်းချဖို့ ပြင်းထန်တဲ့ အသုံးအနှုန်းနဲ့ တောင်းဆိုထာား တာ ဖြစ်ပြီး အာဆီယံနိုင်ငံတွေက ဒီအသုံးနှုန်းကို ဖယ်ရှားပစ်ဖို့ လိုလားနေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒီမူကြမ်းထဲမှာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးက မြန်မာကို လက်နက်မရအောင် လုပ်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်တဲ့ အဆိုပြု ဆုံးဖြတ်ချက်တွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ မတူပဲ လိုက်နာဖို့ မလိုအပ်ပေမယ့် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေရှိလာနိုင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှဝ် ဦးကျော်မိုးထွန်းကတော့ မြန်မာစစ်တပ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထောက်ခံပံ့ပိုးမှု မလုပ်ကြဖို့ မြန်မာနိုင်ငံကအရွေးကောက်ခံ အရပ်သားစိုးရကိုယ်စား ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကို ပန်ကြားထားပါတယ်။ 

 https://burmese.voanews.com/a/myanmar-unga-meeting-/5933039.html

 

No comments:

Post a Comment

Note: Only a member of this blog may post a comment.