Breaking

June 18, 2021

အီရတ္မွာ စစ္အင္အားသံုးခြင္႔ ရပ္ဆိုင္းေရး ဥပေဒၾကမ္း ကန္ေအာက္လႊတ္ေတာ္ အတည္ျပဳ

 


အီရတ္ႏိုင္ငံမွာရွိတဲ့ US စစ္တပ္မ်ား
(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စုက ၂၀၀၂ ခုႏွစ္ကတည္းက က်င့္သုံးခဲ့တဲ့ အီရတ္ႏိုင္ငံမွာ စစ္အင္အား အသုံးျပဳခြင့္ကို ပယ္ဖ်က္တဲ့ ဥပေဒၾကမ္းကို ေအာက္လႊတ္ေတာ္က မဲခဲြဆုံးျဖတ္ အတည္ျပဳလိုက္ပါတယ္။

“ေထာက္ခံမဲ ၂၆၈ မဲ၊ ကန္႔ကြက္မဲ ၁၆၁ မဲနဲ႔ ဥပေဒကို အတည္ျပဳလိုက္ပါတယ္။” လို႔ ေအာက္လႊတ္ေတာ္မွာ ၾကာသပေတးေန႔က မဲခဲြအၿပီး ေၾကညာလိုက္တာပါ။ ဥပေဒကို ေထာက္ခံသူေတြကေတာ့ သမၼတ အမိန္႔နဲ႔ စစ္ေၾကညာႏိုင္တဲ့ အခြင့္အာဏာကို ကန္႔သတ္ဖို႔ လိုအပ္တဲ့အတြက္ ပယ္ဖ်က္သင့္တယ္လို႔ ေျပာၾကပါတယ္။

သမၼတေဟာင္း Donald Trump လက္ထက္ ၂၀၂၀ ျပည့္ႏွစ္ထဲ ဘဂၢဒက္ၿမိဳ႕ေတာ္ ေလဆိပ္မွာ ေလေၾကာင္းက တိုက္ခိုက္ခဲ့တဲ့ လုပ္ရပ္မ်ဳိးေတြကို ဟန္႔တားဖို႔ ဥပေဒကို ေထာက္ခံမယ့္အေၾကာင္း အထက္လႊတ္ေတာ္ လူမ်ားစု ဒီမိုကရက္ေခါင္းေဆာင္ Chuck Schumer က ေျပာဆိုလိုက္ၿပီး ေနာက္တရက္မွာပဲ မဲခြဲအတည္ျပဳလိုက္တာပါ။

ၿပီးခဲ့တဲ့ႏွစ္ထဲ ဘဂၢဒက္ေလဆိပ္က တိုက္ခိုက္မႈမွာေတာ့ အီရန္စစ္တပ္က တပ္မွဴး Qasem Soleimani ေသဆုံးခဲ့ပါတယ္။ အီရတ္စစ္ပဲြ အဆုံးသတ္ခဲ့တာ ဆယ္စုႏွစ္တခုနီးပါး ရွိေနၿပီး၊ ၂၀၀၂ ခုႏွစ္က အတည္ျပဳထားတဲ့ လုပ္ပိုင္ခြင့္ဥပေဒဟာ ၂၀၂၁ ခုႏွစ္မွာ မလိုေတာ့ဘူးလို႔လည္း အထက္လႊတ္ေတာ္အမတ္ Schumer ကေျပာဆိုခဲ့တာပါ။

စစ္အင္အား အသုံးျပဳခြင့္ ပယ္ဖ်က္မယ့္ ဥပေဒၾကမ္းကို ေရွ႕သီတင္းပတ္ အစည္းအေ၀းမွာ ေဆြးေႏြးမွာျဖစ္ေၾကာင္း အထက္လႊတ္ေတာ္ ႏိုင္ငံျခားေရး ေကာ္မတီက ေျပာဆိုထားၿပီး၊ အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ Schumer ကေတာ့ ဒီႏွစ္ေႏွာင္းပိုင္း မဲခဲြဖို႔ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။ သမၼတ အိမ္ျဖဴေတာ္ရဲ႕ တနလၤာေန႔ ထုတ္ျပန္ခ်က္မွာေတာ့ ဥပေဒၾကမ္းကို ေထာက္ခံေၾကာင္း ေဖာ္ျပထားၿပီး၊ လက္ရွိစစ္ေရး လႈပ္ရွားမႈေတြဟာ ၂၀၀၂ ခုႏွစ္ ဥပေဒအေပၚမွာ အေျခခံ ေဆာင္ရြက္ေနတာ မဟုတ္ေၾကာင္းလည္း ေျပာဆိုထားပါတယ္။

.............

အီရတ်မှာ စစ်အင်အားသုံးခွင့် ရပ်ဆိုင်းရေး ဥပဒေကြမ်း ကန်အောက်လွှတ်တော် အတည်ပြု

(Unicode)

အမေရိကန် ပြည်ထောင်စုက ၂၀၀၂ ခုနှစ်ကတည်းက ကျင့်သုံးခဲ့တဲ့ အီရတ်နိုင်ငံမှာ စစ်အင်အား အသုံးပြုခွင့်ကို ပယ်ဖျက်တဲ့ ဥပဒေကြမ်းကို အောက်လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

“ထောက်ခံမဲ ၂၆၈ မဲ၊ ကန့်ကွက်မဲ ၁၆၁ မဲနဲ့ ဥပဒေကို အတည်ပြုလိုက်ပါတယ်။” လို့ အောက်လွှတ်တော်မှာ ကြာသပတေးနေ့က မဲခွဲအပြီး ကြေညာလိုက်တာပါ။ ဥပဒေကို ထောက်ခံသူတွေကတော့ သမ္မတ အမိန့်နဲ့ စစ်ကြေညာနိုင်တဲ့ အခွင့်အာဏာကို ကန့်သတ်ဖို့ လိုအပ်တဲ့အတွက် ပယ်ဖျက်သင့်တယ်လို့ ပြောကြပါတယ်။

သမ္မတဟောင်း Donald Trump လက်ထက် ၂၀၂၀ ပြည့်နှစ်ထဲ ဘဂ္ဂဒက်မြို့တော် လေဆိပ်မှာ လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်မျိုးတွေကို ဟန့်တားဖို့ ဥပဒေကို ထောက်ခံမယ့်အကြောင်း အထက်လွှတ်တော် လူများစု ဒီမိုကရက်ခေါင်းဆောင် Chuck Schumer က ပြောဆိုလိုက်ပြီး နောက်တရက်မှာပဲ မဲခွဲအတည်ပြုလိုက်တာပါ။

ပြီးခဲ့တဲ့နှစ်ထဲ ဘဂ္ဂဒက်လေဆိပ်က တိုက်ခိုက်မှုမှာတော့ အီရန်စစ်တပ်က တပ်မှူး Qasem Soleimani သေဆုံးခဲ့ပါတယ်။ အီရတ်စစ်ပွဲ အဆုံးသတ်ခဲ့တာ ဆယ်စုနှစ်တခုနီးပါး ရှိနေပြီး၊ ၂၀၀၂ ခုနှစ်က အတည်ပြုထားတဲ့ လုပ်ပိုင်ခွင့်ဥပဒေဟာ ၂၀၂၁ ခုနှစ်မှာ မလိုတော့ဘူးလို့လည်း အထက်လွှတ်တော်အမတ် Schumer ကပြောဆိုခဲ့တာပါ။

စစ်အင်အား အသုံးပြုခွင့် ပယ်ဖျက်မယ့် ဥပဒေကြမ်းကို ရှေ့သီတင်းပတ် အစည်းအဝေးမှာ ဆွေးနွေးမှာဖြစ်ကြောင်း အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီက ပြောဆိုထားပြီး၊ အထက်လွှတ်တော် လူများစုခေါင်းဆောင် Schumer ကတော့ ဒီနှစ်နှောင်းပိုင်း မဲခွဲဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ သမ္မတ အိမ်ဖြူတော်ရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်မှာတော့ ဥပဒေကြမ်းကို ထောက်ခံကြောင်း ဖော်ပြထားပြီး၊ လက်ရှိစစ်ရေး လှုပ်ရှားမှုတွေဟာ ၂၀၀၂ ခုနှစ် ဥပဒေအပေါ်မှာ အခြေခံ ဆောင်ရွက်နေတာ မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။

https://burmese.voanews.com/a/us-house-votes-to-end-authorization-of-use-of-military-force-in-iraq-/5933077.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.