Breaking

June 8, 2021

NUG ရဲ႕ ရိုဟင္ဂ်ာဆိုင္ရာသေဘာထား ကန္ဝန္ႀကီး Blinken ႀကိဳဆို

 


အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken
(Zawgyi/Unicode)

႐ိုဟင္ဂ်ာအပါအဝင္ ျမန္မာႏိုင္ငံမွာ ေနထိုင္သူအားလံုး ရဲ႕ လူ႔အခြင့္ေရးရပိုင္ခြင့္အတြက္ ေလးစားမႈ နဲ႔အတူ လံုျခံဳစိတ္ခ်ရမႈ ၿငိမ္းခ်မ္းမႈေတြရွိေအာင္ အေမရိကန္ႏိုင္ငံက အားေပးေထာက္ခံဖို႔ သႏၷိ႒ာန္ ခ်ထားေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က သူ႔တြစ္တာကေန ေျပာၾကားလိုက္ပါတယ္။

 "(

We are committed to promoting peace, security, & respect for human rights of all people in Burma, including Rohingya. The NUG's pledge to address discrimination & human rights abuses against Rohingya is an important signal to all those working for an inclusive, democratic future.)"

 

အေရြးေကာက္ခံလႊတ္ေတာ္အမတ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က ဖြဲ႔စည္းခဲ့တဲ့ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG က မၾကာေသးခင္ကမွာ ထုတ္ျပန္ခ်က္ထဲမွာ ႐ိုဟင္ဂ်ာေတြ အေပၚခြဲျခားဆက္ဆံတာေတြ လူ႔အခြင့္ေရးခ်ိဳးေဖာက္တာေတြ ကို ျပဳျပင္ကိုင္တြယ္ ေျဖရွင္းမယ္ ဆိုတဲ႔ ကတိေပးခ်က္ဟာ အနာဂတ္ ဒီမိုကေရစီ ကာလ အတြက္ အလံုးစံုပါဝင္ ေဆာင္ရြက္ေရး အတြက္ အေရးပါတဲ့ ေျပာဆိုခ်က္ျဖစ္ေၾကာင္းလည္း တနဂၤေႏြေန႔က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ရန္ကုန္အေမရိကန္သံရံုးကလည္း ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman ရဲ႕ ေျပာၾကားခ်က္ကို တနလၤာေန႔ သူ႔ facebook စာမ်က္ႏွာမွာ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံဟာ က်ဆံုးႏိုင္ငံတခု အျဖစ္ ဦးတည္ေနၿပီျဖစ္ၿပီး လြတ္လပ္မႈကို ျမတ္ႏိုးတဲ့ ျမန္မာျပည္သူေတြ အေနန႔ဲ ကိုဗစ္- ၁၉ ဒဏ္ သာမက စစ္အာဏာရွင္ရဲ႕ တိုက္ခိုက္မႈ ၿခိမ္းေျခာက္ ေႏွာက္ယွက္မႈေတြ ခံေနရသလို ႏိုင္ငံတြင္း လူသားခ်င္းစာနာမႈ အခက္အခဲေတြ ႀကီးႀကီးမားမား ၾကံဳေနရတယ္ ဆိုတာကို သိထားၿပီး ႏိုင္ငံတကာက တညီတၫြတ္ထဲ တံု႔ျပန္ဖို႔ ေတာင္းဆိုထားတာပါ။

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ ရပ္တန္႔ဖို႔၊ မတရားဖမ္းဆီးထားသူအားလံုးကို ျပန္လႊတ္ေပးဖို႔နဲ႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေလွ်ာက္လွမ္းလာေစဖို႔ စစ္အာဏာရွင္ကို ႏိုင္ငံတကာက တညီတၫြတ္ထဲ ေျပာဆိုၿပီး ဖိအားေပးဖို႔ အေမရိကန္ျပည္ေထာင္စုက တိုက္တြန္းေၾကာင္း ေဖၚျပထားတာ ျဖစ္ပါတယ္။


 

............

NUG ရဲ့ ရိုဟင်ဂျာဆိုင်ရာသဘောထား ကန်ဝန်ကြီး Blinken ကြိုဆို

(Unicode)

ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံမှာ နေထိုင်သူအားလုံး ရဲ့ လူ့အခွင့်ရေးရပိုင်ခွင့်အတွက် လေးစားမှု နဲ့အတူ လုံခြုံစိတ်ချရမှု ငြိမ်းချမ်းမှုတွေရှိအောင် အမေရိကန်နိုင်ငံက အားပေးထောက်ခံဖို့ သန္နိဋ္ဌာန် ချထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သူ့တွစ်တာကနေ ပြောကြားလိုက်ပါတယ်။

အရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မကြာသေးခင်ကမှာ ထုတ်ပြန်ချက်ထဲမှာ ရိုဟင်ဂျာတွေ အပေါ်ခွဲခြားဆက်ဆံတာတွေ လူ့အခွင့်ရေးချိုးဖောက်တာတွေ ကို ပြုပြင်ကိုင်တွယ် ဖြေရှင်းမယ် ဆိုတဲ့ ကတိပေးချက်ဟာ အနာဂတ် ဒီမိုကရေစီ ကာလ အတွက် အလုံးစုံပါဝင် ဆောင်ရွက်ရေး အတွက် အရေးပါတဲ့ ပြောဆိုချက်ဖြစ်ကြောင်းလည်း တနင်္ဂနွေနေ့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်အမေရိကန်သံရုံးကလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ရဲ့ ပြောကြားချက်ကို တနင်္လာနေ့ သူ့ facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံတခု အဖြစ် ဦးတည်နေပြီဖြစ်ပြီး လွတ်လပ်မှုကို မြတ်နိုးတဲ့ မြန်မာပြည်သူတွေ အနေနဲ့ ကိုဗစ်- ၁၉ ဒဏ် သာမက စစ်အာဏာရှင်ရဲ့ တိုက်ခိုက်မှု ခြိမ်းခြောက် နှောက်ယှက်မှုတွေ ခံနေရသလို နိုင်ငံတွင်း လူသားချင်းစာနာမှု အခက်အခဲတွေ ကြီးကြီးမားမား ကြုံနေရတယ် ဆိုတာကို သိထားပြီး နိုင်ငံတကာက တညီတညွတ်ထဲ တုံ့ပြန်ဖို့ တောင်းဆိုထားတာပါ။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းလာစေဖို့ စစ်အာဏာရှင်ကို နိုင်ငံတကာက တညီတညွတ်ထဲ ပြောဆိုပြီး ဖိအားပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းကြောင်း ဖေါ်ပြထားတာ ဖြစ်ပါတယ်။ 

 https://burmese.voanews.com/a/blinken-welcome-nug-policy-on-rohingya-/5920048.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.