Breaking

June 7, 2021

ေဒၚေအာင္ဆန္းစုၾကည္အမႈမ်ား တခုခ်င္းစီ ရက္၁၈၀အတြင္းစစ္ဖို႔ တရားရံုးလက္ခံ


အာဏာသိမ္းဖယ္ရွား ဖမ္းဆီးျခင္းခံထားရတဲ့ ေဒၚ ေအာင္ဆန္းစုၾကည္၊ ဦး၀င္းျမင့္နွင္ ့ေဒါက္တာမ်ိဴးေအာင္တို ့အား ေနျပည္ေတာ္မွာ ေမလ ၂၄ က ရံုးထုတ္စဥ္ (ဓာတ္ပံု- Reuters/MRTV)
(Zawgyi/Unicode)

ေနျပည္ေတာ္မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အမႈ တခုခ်င္းစီကို ရက္ေပါင္း ၁၈၀ အတြင္း အၿပီး စစ္ေဆးဖုိ႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြ ေလ ွ်ာက္ထားခ်က္ကို တရား႐ံုးက လက္ခံလိုက္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္က သူနဲ႔ အမႈတဲြ တခုထဲျဖစ္တဲ့ သမၼတဦး၀င္းျမင့္၊ ေဒါက္တာမ်ိဳးေအာင္တို႔နဲ႔ သီးျခားေတြ႕ဆုံခြင့္ေပးဖို႔ ဒီေန႔ အထူးတရား႐ံုးမွာ ႐ံုးထုတ္စဥ္မွာ ေလ ွ်ာက္ထား ေတာင္းဆိုခဲ့ပါတယ္။ ဒီေန႔ ေနျပည္ေတာ္႐ံုးခ်ိန္းက အေျခအေန အျပည့္အစံု ရန္ကုန္ကေပးပို႔တဲ့သတင္းကို မခင္ျဖဴေထြး ေျပာျပပါမယ္။

ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အမႈေတြကို ၾကားနာစစ္ေဆးဖုိ႔ စစ္ေကာင္စီက စီစဥ္ထားတာတဲ့ ေနျပည္ေတာ္ ေကာင္စီဝန္းထဲက သီးသန္႔ အထူးတရား႐ံုးမွာ ဒီေန႔ ေဒၚေအာင္ဆန္းစုၾကည္ကို ဒုတိယအႀကိမ္ ႐ံုးထုတ္ပါတယ္။ ဒီေန႔႐ံုးခ်ိန္းမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုထားတဲ့ အမႈေတြဟာ ႐ိုးရွင္းတဲ့အမႈေတြျဖစ္လို႔ အမႈတခုခ်င္းဆီကိုရက္ေပါင္း ၁၈၀ အတြင္းအၿပီးစစ္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေ႐ွ႕ေနေတြဖက္က ေလ ွ်ာက္ထားခဲ့ပါတယ္။ ဒါကို တရားသူႀကီးဘက္ကလည္း လက္ခံခဲ့တယ္လို႔ အမႈကိုလိုက္ပါေဆာင္႐ြက္ေပးေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္ကက ဗြီအိုေအကို ခုလိုေျပာျပပါတယ္။

"Simple လို႔သတ္မွတ္တာက အမႈအမ်ိဳးအစား၊ ပုဒ္မသေဘာထား၊ ေနာက္ပုဒ္မ၊ ျပစ္ဒဏ္ ၾကည့္တာမွာ ႐ိုး႐ိုးရွင္းရွင္း ျမန္ျမန္ဆန္ဆန္ စစ္လို႔ရတယ္လို႔ သတ္မွတ္ႏိုင္လို႔ ရက္ေပါင္း ၁၈၀ အတြင္းစစ္မယ့္ထဲပါ သြားတယ္ေပါ့။ ရက္ေပါင္း ၁၈၀ ဆိုတာမွာ ရက္ေပါင္း ၁၈၀ အတြင္းစစ္ဖို႔ႀကိဳးစားၾကတာေပါ့။ တမႈခ်င္း ကို ၁၈၀လို႔ ေျပာတာပါ။ တမႈခ်င္းဆိုတာမွာ တနလၤာေန႔တိုင္းမွာ ၃ မႈ စစ္မယ္။ ေနာက္ အဂၤါေန႔တိုင္းမွာ ၂ မႈစစ္မယ္ေပါ့။ အဲလို ၃မႈနဲ႔ ၂မႈ စစ္တာက ရက္ေပါင္း ၁၈၀ အတြင္းတၿပိဳင္နက္ၿပီးခ်င္ ၿပီးသြားမွာေပါ့ဗ်ာ။ တခ်ိဳ႕ကေတာ့ ရက္ေပါင္း ၁၈၀ အတြင္းမၿပီးဘဲ က်န္ေနတာရွိေကာင္းရွိမွာေပါ့"။

ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈၊ ဆက္သြယ္ေရး ဥပေဒ ပုဒ္မ ၆၇၊ အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈ ပ်က္ျပား ေအာင္ လႈံ႕ေဆာ္မႈ လုပ္ေဆာင္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅ (ခ)၊ ႏိုင္ငံေတာ္အၾကည္ညိဳ ပ်က္ေအာင္လႈံေဆာ္မ ပုဒ္မ ၁၂၄ (က) တို႔အျပင္ သဘာဝ ေဘးအႏၲရာယ္ ထိန္းသိမ္းကာကြယ္ေရး အက္ဥပေဒ ပုဒ္မ ၂၅ နဲ႔ အမႈ ၂ ခု၊ စတဲ့အမႈေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္မွာ တရားစဲြထားပါတယ္။

သက္ေသ တူတဲ့ ၃ မႈကို တနလၤာေန႔စစ္ဖို႔နဲ႔ ေနာက္ထပ္သက္ေသတူႏိုင္မယ့္ ၂ မႈကို အဂၤါေန႔မွာစစ္ဖို႔ ကို သေဘာတူခဲ့တယ္လို႔ ေ႐ွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။ ဘယ္အမႈေတြ ဘယ္ေန႔ ျဖစ္မလဲဆိုတာကိုေတာ့ ေရွ႕ေနေတြ အေနနဲ႔ ျပန္လည္ စိစစ္ၿပီးမွသာေျပာဆိုမယ္လို႔ ေျပာပါတယ္။ အဲလိုခြဲလိုက္တာျဖစ္လို႔ ေနျပည္ေတာ္အမႈေတြအတြက္ လာမယ့္ ဇြန္ ၁၄ ရက္ေန႔က စၿပီး အပတ္စဥ္ တနလၤာနဲ႔ အဂၤါေန႔မွာ ၾကားနာ စစ္ေဆးသြားမွာျဖစ္ပါတယ္။

ဒီေန႔ တရား႐ံုးကို လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနေကာင္းက်န္းမာပံုရတယ္လို႔ ေ႐ွ႕ေနေတြက ေျပာပါတယ္။ သူကို လက္႐ွိ ဖမ္းဆီးထားတဲ့ အေျခအေနနဲ႔ပါတ္သက္လို႔ ဦးခင္ေမာင္ေဇာ္က အခုလိုေျပာျပပါတယ္။
"က်ေနာ္တို႔သူ႔ကိုေမးေတာ့ အဲဒီေနရာမွာဘဲထားတယ္။ သူလည္းေနရာမသိဘူးေပါ့ဗ်ာ။ ဟိုကိုျပန္မပို႔ဘူး။ ေခၚလာတဲ့ေနရာျပန္မပို႔ဘူး။ ခုက တေလွ်ာက္လုံးအဲမွာထားမယ့္သေဘာမွာရွိတယ္။ အဲအိမ္မွာရွိသမွ် အကုန္ကိုေခၚလာတာလို႔ေျပာတယ္"။

စစ္အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္ကို ေနအိမ္အက်ယ္ခ်ဳပ္ခ်ထားခဲ့တာပါ။ ေမလ ၂၄ ရက္ ႐ံုးခ်ိန္မတိုင္ခင္ ၁ ရက္မွာ သူ႔ကို ေနရာ တခုမွာ ေျပာင္းေ႐ႊ႕ အက်ယ္ခ်ဳပ္ခ်ထားတာျဖစ္ပါတယ္။ လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္ကို ထိန္းသိမ္းထားတဲ့ေနရာမွာ သူနဲ႔အတူ ၉ ေယာက္႐ွိတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ဥပေဒအက်ဴိးေဆာင္အဖဲြ႔က ေျပာပါတယ္။ ဒီေန႔ တရားခြင္မွာ ၾကာနာ ေလ ွ်ာက္ထားမႈ မလုပ္ခင္ ေ႐ွ႕ေနေတြနဲ႔ ေတ႔ြဆံုစဥ္ သူနဲ႔အတူေနထိန္းသိမ္းခံထားရသူေတြရဲ႕ က်န္းမာေရးေဆးဝါးဆိုင္ရာနဲ႔ စားေသာက္ဆိုင္ရာအတြက္ စီစဥ္ေပးဖို႔ ေရွ႕ေနအဖြဲ႕ကို ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။ အမႈ ၁ ခုမွာ သူနဲ႔ အမႈတဲြတခုထဲ ျဖစ္တဲ့ သမၼတဦးဝင္းျမင့္ ေဒါက္တာ ဦးမ်ိဳးေအာင္တို႔နဲ႔ ေတြ႕ဆုံခြင့္ေပးဖို႔ကိုလည္း တရားခြင္မွာ ေဒၚေအာင္ဆန္းစုၾကည္က ေတာင္းဆိုခဲ့တယ္လို႔ ေရွ႕ေန ေဒၚမင္းမင္းစိုးက ေျပာျပပါတယ္။

" ျပည္သူေတြက်န္းမာေအာင္ေနဖို႔ဘဲ အဓိကေတာ့မွာတယ္။ က်န္တာကေတာ့ အတူေနမိသားစု စားဝတ္ေနေရးအတြက္ သူကေငြလည္းနည္းနည္းနည္းသြားၿပီ။ အဲအတြက္ကိုလည္း က်မတို႔ေဆာင္႐ြက္ေပးႏိုင္မယ္ဆိုေဆာင္႐ြက္ေပးဖို႔က်မတို႔ကိုမွာပါတယ္။ ေနာက္သူတို႔လိုအပ္တဲ့ ေဆး ေလးေတြေပါ့။ သက္ဆိုင္ရာဌာနကေတာ့ေျပာပါတယ္။ သူတို႔စီစဥ္ေပးမယ္လို႔ အဲလိုစီစဥ္တာလည္းမလို ခ်င္လို႔လို႔ ေျပာပါတယ္။ တတ္ႏိုင္ရင္ေတာ့လုပ္ေပးဖို႔ေျပာပါတယ္။ သက္ဆိုင္ရာ ထိန္းသိမ္းထားတဲ့ သူ ေတြ ကိုလည္း တရား႐ုံးၿပီးမွာ သူကိုယ္တိုင္ေျပာပါတယ္။ က်န္းမာေရးအေျခအေနေကာင္းပါတယ္။ လန္းဆန္းပါတယ္။ ေနာက္တခုကေတာ့ သမၼတဦးဝင္းျမင့္ ေဒါက္တာ ဦးမ်ိဳးေအာင္တို႔နဲ႔ သူနဲ႔ ေတြ႕ဖို႔ကို လုပ္ေပးဖို႔ကို တရားခြင္မွာေတာင္းဆိုပါတယ္။ ၃ဦးလုံးက အမႈတြဲတခုထဲမို႔ ေတြ႕ခြင့္ရဖို႔ေတာင္း တာတရားသူႀကီးကေတာ့သက္တိုင္ရာ ထိန္းသိမ္းထားသူေတြကို ညႇိၿပီးေဆာင္႐ြက္ပါလို႔ေျပာပါတယ္။ က်မတို႔ အဲဒါကိုလည္း ထိန္းသိမ္းထားသူေတြနဲ႔ ေတြ႕ၿပီး အေမကိုယ္တိုင္ေတာင္းဆိုပါတယ္"။

ရန္ကုန္ၿမိဳ႕မွာ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ေပါက္ၾကားမႈအက္ဥပေဒနဲ႔ စြဲဆိုခံထားရတဲ့အမႈ ေနျပည္ေတာ္လႊဲ မလႊဲ ၾကားနာဖို႔ ေနျပည္ေတာ္ အထူးတရား႐ံုးမွာ လာမယ့္ ဇြန္ ၂၃ ရက္ ႐ုံးခ်ိန္းေခၚယူထားပါတယ္။ ဒီၾကားနာပြဲမွာ စြပ္စြဲခံရသူကိုယ္တိုင္ေလွ်ာက္ထားမယ့္အေၾကာင္း ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ ဝဘ္ဆိုဒ္မွာ ေဖာ္ျပထားေပမယ့္ ဒီကိစၥကို ေဒၚေအာင္ဆန္းစုၾကည္ မသိထားဘူးလို႔ ေ႐ွ႕ေနေတြက ေျပာပါတယ္။ ကိစၥအားလုံးကို ေရွ႕ေနေတြကတဆင့္ ေဆာင္႐ြက္ဖုိ႔ ေျပာၾကားထားၿပီးသားမုိ႔ တရား႐ုံးမွာ ေရွ႕ေနေတြနဲ႔သာ ေလွ်ာက္လဲသြားမွာျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားေၾကာင္း သူ႔ရ႕ဲ ဥပေဒအက်ဳိးေဆာင္ေတြက ေျပာပါတယ္။

.................................................................

ဒေါ်အောင်ဆန်းစုကြည်အမှုများ တခုချင်းစီ ရက်၁၈၀အတွင်းစစ်ဖို့ တရားရုံးလက်ခံ

(Unicode)
နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှု တခုချင်းစီကို ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ လေ ျှာက်ထားချက်ကို တရားရုံးက လက်ခံလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူနဲ့ အမှုတွဲ တခုထဲဖြစ်တဲ့ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နဲ့ သီးခြားတွေ့ဆုံခွင့်ပေးဖို့ ဒီနေ့ အထူးတရားရုံးမှာ ရုံးထုတ်စဉ်မှာ လေ ျှာက်ထား တောင်းဆိုခဲ့ပါတယ်။ ဒီနေ့ နေပြည်တော်ရုံးချိန်းက အခြေအနေ အပြည့်အစုံ ရန်ကုန်ကပေးပို့တဲ့သတင်းကို မခင်ဖြူထွေး ပြောပြပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို ကြားနာစစ်ဆေးဖို့ စစ်ကောင်စီက စီစဉ်ထားတာတဲ့ နေပြည်တော် ကောင်စီဝန်းထဲက သီးသန့် အထူးတရားရုံးမှာ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် ရုံးထုတ်ပါတယ်။ ဒီနေ့ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေဟာ ရိုးရှင်းတဲ့အမှုတွေဖြစ်လို့ အမှုတခုချင်းဆီကိုရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖက်က လေ ျှာက်ထားခဲ့ပါတယ်။ ဒါကို တရားသူကြီးဘက်ကလည်း လက်ခံခဲ့တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်ကက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

"Simple လို့သတ်မှတ်တာက အမှုအမျိုးအစား၊ ပုဒ်မသဘောထား၊ နောက်ပုဒ်မ၊ ပြစ်ဒဏ် ကြည့်တာမှာ ရိုးရိုးရှင်းရှင်း မြန်မြန်ဆန်ဆန် စစ်လို့ရတယ်လို့ သတ်မှတ်နိုင်လို့ ရက်ပေါင်း ၁၈၀ အတွင်းစစ်မယ့်ထဲပါ သွားတယ်ပေါ့။ ရက်ပေါင်း ၁၈၀ ဆိုတာမှာ ရက်ပေါင်း ၁၈၀ အတွင်းစစ်ဖို့ကြိုးစားကြတာပေါ့။ တမှုချင်း ကို ၁၈၀လို့ ပြောတာပါ။ တမှုချင်းဆိုတာမှာ တနင်္လာနေ့တိုင်းမှာ ၃ မှု စစ်မယ်။ နောက် အင်္ဂါနေ့တိုင်းမှာ ၂ မှုစစ်မယ်ပေါ့။ အဲလို ၃မှုနဲ့ ၂မှု စစ်တာက ရက်ပေါင်း ၁၈၀ အတွင်းတပြိုင်နက်ပြီးချင် ပြီးသွားမှာပေါ့ဗျာ။ တချို့ကတော့ ရက်ပေါင်း ၁၈၀ အတွင်းမပြီးဘဲ ကျန်နေတာရှိကောင်းရှိမှာပေါ့"။

ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြား အောင် လှုံ့ဆော်မှု လုပ်ဆောင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်အကြည်ညို ပျက်အောင်လှုံဆော်မ ပုဒ်မ ၁၂၄ (က) တို့အပြင် သဘာဝ ဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၂၅ နဲ့ အမှု ၂ ခု၊ စတဲ့အမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ တရားစွဲထားပါတယ်။

သက်သေ တူတဲ့ ၃ မှုကို တနင်္လာနေ့စစ်ဖို့နဲ့ နောက်ထပ်သက်သေတူနိုင်မယ့် ၂ မှုကို အင်္ဂါနေ့မှာစစ်ဖို့ ကို သဘောတူခဲ့တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဘယ်အမှုတွေ ဘယ်နေ့ ဖြစ်မလဲဆိုတာကိုတော့ ရှေ့နေတွေ အနေနဲ့ ပြန်လည် စိစစ်ပြီးမှသာပြောဆိုမယ်လို့ ပြောပါတယ်။ အဲလိုခွဲလိုက်တာဖြစ်လို့ နေပြည်တော်အမှုတွေအတွက် လာမယ့် ဇွန် ၁၄ ရက်နေ့က စပြီး အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့မှာ ကြားနာ စစ်ဆေးသွားမှာဖြစ်ပါတယ်။

ဒီနေ့ တရားရုံးကို လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေကောင်းကျန်းမာပုံရတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ သူကို လက်ရှိ ဖမ်းဆီးထားတဲ့ အခြေအနေနဲ့ပါတ်သက်လို့ ဦးခင်မောင်ဇော်က အခုလိုပြောပြပါတယ်။
"ကျနော်တို့သူ့ကိုမေးတော့ အဲဒီနေရာမှာဘဲထားတယ်။ သူလည်းနေရာမသိဘူးပေါ့ဗျာ။ ဟိုကိုပြန်မပို့ဘူး။ ခေါ်လာတဲ့နေရာပြန်မပို့ဘူး။ ခုက တလျှောက်လုံးအဲမှာထားမယ့်သဘောမှာရှိတယ်။ အဲအိမ်မှာရှိသမျှ အကုန်ကိုခေါ်လာတာလို့ပြောတယ်"။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားခဲ့တာပါ။ မေလ ၂၄ ရက် ရုံးချိန်မတိုင်ခင် ၁ ရက်မှာ သူ့ကို နေရာ တခုမှာ ပြောင်းရွှေ့ အကျယ်ချုပ်ချထားတာဖြစ်ပါတယ်။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာမှာ သူနဲ့အတူ ၉ ယောက်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိူးဆောင်အဖွဲ့က ပြောပါတယ်။ ဒီနေ့ တရားခွင်မှာ ကြာနာ လေ ျှာက်ထားမှု မလုပ်ခင် ရှေ့နေတွေနဲ့ တေ့ွဆုံစဉ် သူနဲ့အတူနေထိန်းသိမ်းခံထားရသူတွေရဲ့ ကျန်းမာရေးဆေးဝါးဆိုင်ရာနဲ့ စားသောက်ဆိုင်ရာအတွက် စီစဉ်ပေးဖို့ ရှေ့နေအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ အမှု ၁ ခုမှာ သူနဲ့ အမှုတွဲတခုထဲ ဖြစ်တဲ့ သမ္မတဦးဝင်းမြင့် ဒေါက်တာ ဦးမျိုးအောင်တို့နဲ့ တွေ့ဆုံခွင့်ပေးဖို့ကိုလည်း တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပြပါတယ်။

" ပြည်သူတွေကျန်းမာအောင်နေဖို့ဘဲ အဓိကတော့မှာတယ်။ ကျန်တာကတော့ အတူနေမိသားစု စားဝတ်နေရေးအတွက် သူကငွေလည်းနည်းနည်းနည်းသွားပြီ။ အဲအတွက်ကိုလည်း ကျမတို့ဆောင်ရွက်ပေးနိုင်မယ်ဆိုဆောင်ရွက်ပေးဖို့ကျမတို့ကိုမှာပါတယ်။ နောက်သူတို့လိုအပ်တဲ့ ဆေး လေးတွေပေါ့။ သက်ဆိုင်ရာဌာနကတော့ပြောပါတယ်။ သူတို့စီစဉ်ပေးမယ်လို့ အဲလိုစီစဉ်တာလည်းမလို ချင်လို့လို့ ပြောပါတယ်။ တတ်နိုင်ရင်တော့လုပ်ပေးဖို့ပြောပါတယ်။ သက်ဆိုင်ရာ ထိန်းသိမ်းထားတဲ့ သူ တွေ ကိုလည်း တရားရုံးပြီးမှာ သူကိုယ်တိုင်ပြောပါတယ်။ ကျန်းမာရေးအခြေအနေကောင်းပါတယ်။ လန်းဆန်းပါတယ်။ နောက်တခုကတော့ သမ္မတဦးဝင်းမြင့် ဒေါက်တာ ဦးမျိုးအောင်တို့နဲ့ သူနဲ့ တွေ့ဖို့ကို လုပ်ပေးဖို့ကို တရားခွင်မှာတောင်းဆိုပါတယ်။ ၃ဦးလုံးက အမှုတွဲတခုထဲမို့ တွေ့ခွင့်ရဖို့တောင်း တာတရားသူကြီးကတော့သက်တိုင်ရာ ထိန်းသိမ်းထားသူတွေကို ညှိပြီးဆောင်ရွက်ပါလို့ပြောပါတယ်။ ကျမတို့ အဲဒါကိုလည်း ထိန်းသိမ်းထားသူတွေနဲ့ တွေ့ပြီး အမေကိုယ်တိုင်တောင်းဆိုပါတယ်"။

ရန်ကုန်မြို့မှာ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုအက်ဥပဒေနဲ့ စွဲဆိုခံထားရတဲ့အမှု နေပြည်တော်လွှဲ မလွှဲ ကြားနာဖို့ နေပြည်တော် အထူးတရားရုံးမှာ လာမယ့် ဇွန် ၂၃ ရက် ရုံးချိန်းခေါ်ယူထားပါတယ်။ ဒီကြားနာပွဲမှာ စွပ်စွဲခံရသူကိုယ်တိုင်လျှောက်ထားမယ့်အကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဝဘ်ဆိုဒ်မှာ ဖော်ပြထားပေမယ့် ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည် မသိထားဘူးလို့ ရှေ့နေတွေက ပြောပါတယ်။ ကိစ္စအားလုံးကို ရှေ့နေတွေကတဆင့် ဆောင်ရွက်ဖို့ ပြောကြားထားပြီးသားမို့ တရားရုံးမှာ ရှေ့နေတွေနဲ့သာ လျှောက်လဲသွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း သူ့ရဲ့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ 

https://burmese.voanews.com/a/Aung-san-su-kyi-cases-myanmar-lawyers-within-180days-/5919397.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.