Breaking

July 3, 2021

ျမန္မာအရာရွိေတြနဲ႔ ကုမၸဏီတခ်ဳိ႕ကို အေမရိကန္ အေရးယူဒဏ္ခတ္



Secretary of State Antony Blinken
[ Zawgyi ]

ျမန္မာႏိုုင္ငံမွာ ေဖေဖၚဝါရီလက အာဏာသိမ္းမႈမွာ တာဝန္ရွိတဲ့ စစ္ေခါင္းေဆာင္ေတြကို ဖိအားတိုးေပးတဲ့ အေနနဲ႔ အေရးပါတဲ့ ျမန္မာစစ္အရာရွိႀကီးေတြပါဝင္တဲ့ လူပုဂၢိဳလ္ ၂၂ ဦး နဲ႔ စစ္တပ္နဲ႔ဆက္သြယ္လုပ္ကိုင္ေနတဲ့ ကုမၸဏီ ၄ ခုကို အေမရိကန္ျပည္ေထာင္စုက ေသာၾကာေန႔မွာ အေရးယူဒဏ္ခတ္မႈ လိုက္ပါတယ္။

ဇူလိုင္လ ၂ ရက္ေန႔မွာ ခ်မွတ္လိုက္တဲ့ အေရးယူဒဏ္ခတ္မႈဟာ ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေလွ်ာက္ဖို႔ မလုပ္မခ်င္း ျမန္မာစစ္တပ္နဲ႔ စစ္ေခါင္းေဆာင္ေတြ အေပၚ အေမရိကန္က အေရးယူမႈေတြ ဆက္လုပ္ေနမယ္ဆိုတာကို ျပသလိုက္တာ ျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က ေသာၾကာေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ သတိေပးလိုက္ပါတယ္။

အေမရိကန္ ဘ႑ာေရး၀န္ႀကီးဌာနက ေသာၾကာေန႔မွာ အေရးယူလိုက္တဲ့ သူေတြထဲမွာေတာ့ ျမန္မာစစ္ေကာင္စီအဖဲြ႕၀င္ ေနာက္ထပ္ ၃ ေယာက္၊ စစ္တပ္က ၀န္ႀကီးအျဖစ္ ခန္႔အပ္ထားသူ ၄ ေယာက္နဲ႔ အေစာပိုင္း အေရးယူဒဏ္ခတ္ထားတဲ့ စစ္အရာရွိေတြရဲ႕ မိသားစု၀င္ အရြယ္ေယာက္သူ ၁၅ ေယာက္ ပါ၀င္ပါတယ္။ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနက အေရးယူလိုက္တဲ့ အထဲမွာေတာ့ ျမန္မာႏိုင္ငံမွာ အလုပ္လုပ္ကိုင္ေနတဲ့ တ႐ုတ္သတၳဳတူးေဖာ္ေရးလုပ္ငန္း ၀မ္ေပါင္နဲ႔ လက္ေအာက္ခံ ကုမၸဏီ ၂ ခု၊ ၿဂိဳဟ္တု ဆက္သြယ္ေရး ၀န္ေဆာင္မႈလုပ္ငန္း King Royal Technologies နည္းပညာ ကုမၸဏီ လိမိတက္တို႔ ပါ၀င္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္ကအာဏာသိမ္းလိုက္တာကို တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္က စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အပါအ၀င္ ထိပ္တန္းေခါင္းေဆာင္ေတြကို ဒဏ္ခတ္အေရးယူထားၿပီး၊ ေနာက္ထပ္ အေရးယူဒဏ္ခတ္မႈေတြကို ခ်မွတ္ေနတာ ျဖစ္ပါတယ္။


 

[ Unicode ]

မြန်မာအရာရှိတွေနဲ့ ကုမ္ပဏီတချို့ကို အမေရိကန် အရေးယူဒဏ်ခတ်

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလက အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို ဖိအားတိုးပေးတဲ့ အနေနဲ့ အရေးပါတဲ့ မြန်မာစစ်အရာရှိကြီးတွေပါဝင်တဲ့ လူပုဂ္ဂိုလ် ၂၂ ဦး နဲ့ စစ်တပ်နဲ့ဆက်သွယ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၄ ခုကို အမေရိကန်ပြည်ထောင်စုက သောကြာနေ့မှာ အရေးယူဒဏ်ခတ်မှု လိုက်ပါတယ်။

ဇူလိုင်လ ၂ ရက်နေ့မှာ ချမှတ်လိုက်တဲ့ အရေးယူဒဏ်ခတ်မှုဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ မလုပ်မချင်း မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေ အပေါ် အမေရိကန်က အရေးယူမှုတွေ ဆက်လုပ်နေမယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန် သတိပေးလိုက်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သောကြာနေ့မှာ အရေးယူလိုက်တဲ့ သူတွေထဲမှာတော့ မြန်မာစစ်ကောင်စီအဖွဲ့ဝင် နောက်ထပ် ၃ ယောက်၊ စစ်တပ်က ဝန်ကြီးအဖြစ် ခန့်အပ်ထားသူ ၄ ယောက်နဲ့ အစောပိုင်း အရေးယူဒဏ်ခတ်ထားတဲ့ စစ်အရာရှိတွေရဲ့ မိသားစုဝင် အရွယ်ယောက်သူ ၁၅ ယောက် ပါဝင်ပါတယ်။ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အရေးယူလိုက်တဲ့ အထဲမှာတော့ မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်သတ္ထုတူးဖော်ရေးလုပ်ငန်း ဝမ်ပေါင်နဲ့ လက်အောက်ခံ ကုမ္ပဏီ ၂ ခု၊ ဂြိုဟ်တု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း King Royal Technologies နည်းပညာ ကုမ္ပဏီ လိမိတက်တို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းလိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကို ဒဏ်ခတ်အရေးယူထားပြီး၊ နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေကို ချမှတ်နေတာ ဖြစ်ပါတယ်။

 https://burmese.voanews.com/a/us-new-sanction-on-myanmar/5951538.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.