Breaking

July 10, 2021

ေဟတီသမၼတ လုပ္ၾကံမႈမွာ ကိုလံဘီယာႏိုင္ငံသားေတြပါ၀င္


ေဟတီႏိုင္ငံမွ လုံျခဳံေရးတပ္ဖြဲ႔
[ Zawgyi ]

ေဟတီသမၼတ Jovenel Moise ကို လုပ္ၾကံသတ္ျဖတ္မႈမွာ ကိုလံဘီယာႏိုင္ငံသားေတြ ပတ္သက္မႈရွိေၾကာင္း ကိုလံဘီယာ ရဲတပ္ဖဲြ႕က ေျပာလိုက္ပါတယ္။ လုပ္ၾကံမႈမွာ ပါဝင္တယ္လို႔ သံသယရွိသူ ကိုလံဘီယာႏိုင္ငံသား ေတြဟာ ကုမၸဏီ ၄ ခုရဲ႕ စည္း႐ုံးမႈခံခဲ့ရၿပီး Dominican Republic ကေန အုပ္စု ၂ စုခြဲၿပီး ေဟတီႏိုင္ငံထဲ ဝင္ေရာက္ခဲ့တာလို႔လည္း ေျပာပါတယ္။

ေဟတီရဲတပ္ဖဲြ႕ အႀကီးအကဲကေတာ့ သမၼတ လုပ္ၾကံခံရမႈနဲ႔ ဆက္ႏြယ္ၿပီး သံသယရွိသူ ၁ ဒါဇင္ေက်ာ္ကို ဖမ္းဆီးထားေၾကာင္း ေျပာဆိုထားတာပါ။ ေဟတီႏိုင္ငံ Port-au-Prince ၿမိဳ႕ေတာ္က လူခ်မ္းသာ ရပ္ကြက္မွာရွိတဲ့ သမၼတ ေနအိမ္ကို လက္နက္အျပည့္အစံုနဲ႔ တိ္ုက္ခိုက္ခဲ့ၾကတဲ့ ေၾကးစား ၂၈ ေယာက္မွာ ကိုလံဘီယာႏိုင္ငံသား ၂၆ ေယာက္နဲ႔ ေဟတီႏိုင္ငံဖြား အေမရိကန္ ၂ ဦး ပါဝင္ေၾကာင္းလည္း ေျပာပါတယ္။

ဒီအထဲက အေမရိကန္ ၂ ေယာက္နဲ႔ ကိုလံဘီယာႏိုင္ငံသား ၁၅ ေယာက္၊ စုစုေပါင္း ၁၇ ေယာက္ကို ဖမ္းဆီးထားေၾကာင္းလည္း ေဟတီႏိုင္ငံေတာ္ရဲတပ္ဖြဲ႔ အႀကီးအကဲ Leon Charles က ေျပာတာပါ။ သံသယရွိသူ ၃ ဦး ကို အေသရမိၿပီး ၈ ဦးက လြတ္ေျမာက္ေနဆဲ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဖမ္းမိသူေတြထဲက ေဟတီ-အေမရိကန္ ၂ ဦးကေတာ့ အသက္ ၃၅ ႏွစ္အရြယ္ James Solages နဲ႔ ၅၅ ႏွစ္အရြယ္ Joseph Vincent တို႔ ျဖစ္ေၾကာင္း ေဟတီေရြးေကာက္ပဲြဆိုင္ရာ ဝန္ႀကီးက ၾကာသပေတးေန႔မွာ ေျပာပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဌာနကေတာ့ သူတို႔ ၂ ေယာက္ အေမရိကန္ ႏိုင္ငံသားေတြ ျဖစ္ေၾကာင္း အတည္ျပဳခ်က္ မေပးပါဘူး။

လုပ္ၾကံမႈကိုစုံစမ္းဖို႔ အေမရိကန္စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို (FBI) နဲ႔ အမိေျမလုံျခံဳေရးဌာန အရာရွိေတြကို ေစလႊတ္ထားေၾကာင္းလည္း အေမရိကန္ တာ၀န္ရွိသူေတြက ေျပာပါတယ္။

[ Unicode ]

ဟေတီသမ္မတ လုပ်ကြံမှုမှာ ကိုလံဘီယာနိုင်ငံသားတွေပါဝင်

ဟေတီသမ္မတ Jovenel Moise ကို လုပ်ကြံသတ်ဖြတ်မှုမှာ ကိုလံဘီယာနိုင်ငံသားတွေ ပတ်သက်မှုရှိကြောင်း ကိုလံဘီယာ ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။ လုပ်ကြံမှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ကိုလံဘီယာနိုင်ငံသား တွေဟာ ကုမ္ပဏီ ၄ ခုရဲ့ စည်းရုံးမှုခံခဲ့ရပြီး Dominican Republic ကနေ အုပ်စု ၂ စုခွဲပြီး ဟေတီနိုင်ငံထဲ ဝင်ရောက်ခဲ့တာလို့လည်း ပြောပါတယ်။

ဟေတီရဲတပ်ဖွဲ့ အကြီးအကဲကတော့ သမ္မတ လုပ်ကြံခံရမှုနဲ့ ဆက်နွယ်ပြီး သံသယရှိသူ ၁ ဒါဇင်ကျော်ကို ဖမ်းဆီးထားကြောင်း ပြောဆိုထားတာပါ။ ဟေတီနိုင်ငံ Port-au-Prince မြို့တော်က လူချမ်းသာ ရပ်ကွက်မှာရှိတဲ့ သမ္မတ နေအိမ်ကို လက်နက်အပြည့်အစုံနဲ့ တိုက်ခိုက်ခဲ့ကြတဲ့ ကြေးစား ၂၈ ယောက်မှာ ကိုလံဘီယာနိုင်ငံသား ၂၆ ယောက်နဲ့ ဟေတီနိုင်ငံဖွား အမေရိကန် ၂ ဦး ပါဝင်ကြောင်းလည်း ပြောပါတယ်။

ဒီအထဲက အမေရိကန် ၂ ယောက်နဲ့ ကိုလံဘီယာနိုင်ငံသား ၁၅ ယောက်၊ စုစုပေါင်း ၁၇ ယောက်ကို ဖမ်းဆီးထားကြောင်းလည်း ဟေတီနိုင်ငံတော်ရဲတပ်ဖွဲ့ အကြီးအကဲ Leon Charles က ပြောတာပါ။ သံသယရှိသူ ၃ ဦး ကို အသေရမိပြီး ၈ ဦးက လွတ်မြောက်နေဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဖမ်းမိသူတွေထဲက ဟေတီ-အမေရိကန် ၂ ဦးကတော့ အသက် ၃၅ နှစ်အရွယ် James Solages နဲ့ ၅၅ နှစ်အရွယ် Joseph Vincent တို့ ဖြစ်ကြောင်း ဟေတီရွေးကောက်ပွဲဆိုင်ရာ ဝန်ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကတော့ သူတို့ ၂ ယောက် အမေရိကန် နိုင်ငံသားတွေ ဖြစ်ကြောင်း အတည်ပြုချက် မပေးပါဘူး။

လုပ်ကြံမှုကိုစုံစမ်းဖို့ အမေရိကန်စုံစမ်းစစ်ဆေးရေးဗျုရို (FBI) နဲ့ အမိမြေလုံခြုံရေးဌာန အရာရှိတွေကို စေလွှတ်ထားကြောင်းလည်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.