Breaking

July 9, 2021

ကူးစက္ျမန္ ကိုဗစ္ေၾကာင္႔ တႏိုင္ငံလံုး စာသင္ေက်ာင္းေတြ ၂ ပတ္ပိတ္

 


rakhine school
{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ ကူးစက္ျမန္ ဗီဇေျပာင္း ကိုဗစ္ေရာဂါပိုး ကူးစက္မႈေတြ ေတြ႕ရွိရတဲ့အတြက္ စာသင္ေက်ာင္းေတြကို ဒီကေန႔ ေသာၾကာေန႔ကစ သီတင္း ၂ ပတ္ ၾကာ ပိတ္လိုက္ပါတယ္။

မ်ဳိး႐ိုးဗီဇေျပာင္းလဲလာတဲ့ COVID-19 ေရာဂါပိုး ကူးစက္မႈေတြကို ၿပီးခဲ့တဲ့ ေမလ တတိယပတ္ကစ အတည္ျပဳ ေတြ႕ရွိရတဲ့အတြက္ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔ ႏိုင္ငံအႏွံ႔က ပုဂၢလိကေက်ာင္းေတြနဲ႔ ဘုန္းေတာ္ႀကီးသင္ ေက်ာင္းေတြအပါအ၀င္ အေျခခံပညာ ေက်ာင္းေတြကို ဇူလိုင္လ ၉ ရက္ေန႔ကေန ဇူလိုင္လ ၂၃ ရက္ေန႔အထိ ယာယီပိတ္မွာျဖစ္ေၾကာင္း က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနက ၾကာသပေတးေန႔မွာပဲ သတင္းထုတ္ျပန္ခဲ့တာပါ။

မၾကာေသးခင္ကစလို႔ ေရာဂါကူးစက္မႈေတြနဲ႔ ေသဆုံးမႈေတြ တိုးလာေနခ်ိန္မွာပဲ အာဏာပိုင္ေတြ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး အစီအစဥ္ေတြကို တိုးျမႇင့္ေနတာ ျဖစ္ပါတယ္။

က်န္းမာေရး ၀န္ႀကီးဌာနရဲ႕ ၾကာသပေတးေန႔ ေနာက္ဆုံး ထုတ္ျပန္ခ်က္အရ ၂၄ နာရီအတြင္း ဓာတ္ခဲြ စစ္ေဆးမႈေပါင္း ၁ ေသာင္းခဲြနီးပါးမွာ အတည္ျပဳလူနာ ၄,၁၃၂ ေယာက္နဲ႔ ေသဆုံးသူ ၅၁ ေယာက္ရွိေၾကာင္း ေဖာ္ျပထားပါတယ္။

အခုေနာက္ဆုံး ထုတ္ျပန္တဲ့ ကိန္းဂဏန္းေတြအရ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္သူအတည္ျပဳလူနာ ၁ သိန္း ၈ ေသာင္းေက်ာ္နဲ႔ ေသဆုံးသူ ၃,၆၂၁ ေယာက္ ရွိသြားပါၿပီ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြ ေပၚေပါက္ေနခ်ိန္မွာပဲ တေက်ာ့ျပန္ ကပ္ေရာဂါကူးစက္မႈနဲ႔ ၾကံဳေနရလည္း ျဖစ္ပါတယ္။

ေရာဂါကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္ ၁၀ ခု အပါအ၀င္ ႏိုင္ငံအႏွံ႔က ၿမိဳ႕နယ္ေပါင္း ၄၅ ခုမွာလည္း သြားလာလႈပ္ရွားမႈေတြကို ကန္႔သတ္လိုက္သလို၊ က်န္းမာေရး လမ္းၫႊန္ခ်က္ေတြကို လိုက္နာဖို႔လည္း တိုက္တြန္းထားပါတယ္။

.................................


 

{{Unicode}}

မြန်မာနိုင်ငံမှာ ကူးစက်မြန် ဗီဇပြောင်း ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ တွေ့ရှိရတဲ့အတွက် စာသင်ကျောင်းတွေကို ဒီကနေ့ သောကြာနေ့ကစ သီတင်း ၂ ပတ် ကြာ ပိတ်လိုက်ပါတယ်။

မျိုးရိုးဗီဇပြောင်းလဲလာတဲ့ COVID-19 ရောဂါပိုး ကူးစက်မှုတွေကို ပြီးခဲ့တဲ့ မေလ တတိယပတ်ကစ အတည်ပြု တွေ့ရှိရတဲ့အတွက် ကာကွယ်ထိန်းချုပ်နိုင်ဖို့ နိုင်ငံအနှံ့က ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ကျောင်းတွေအပါအဝင် အခြေခံပညာ ကျောင်းတွေကို ဇူလိုင်လ ၉ ရက်နေ့ကနေ ဇူလိုင်လ ၂၃ ရက်နေ့အထိ ယာယီပိတ်မှာဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြာသပတေးနေ့မှာပဲ သတင်းထုတ်ပြန်ခဲ့တာပါ။

မကြာသေးခင်ကစလို့ ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ တိုးလာနေချိန်မှာပဲ အာဏာပိုင်တွေ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအစဉ်တွေကို တိုးမြှင့်နေတာ ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကြာသပတေးနေ့ နောက်ဆုံး ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ဓာတ်ခွဲ စစ်ဆေးမှုပေါင်း ၁ သောင်းခွဲနီးပါးမှာ အတည်ပြုလူနာ ၄,၁၃၂ ယောက်နဲ့ သေဆုံးသူ ၅၁ ယောက်ရှိကြောင်း ဖော်ပြထားပါတယ်။

အခုနောက်ဆုံး ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်သူအတည်ပြုလူနာ ၁ သိန်း ၈ သောင်းကျော်နဲ့ သေဆုံးသူ ၃,၆၂၁ ယောက် ရှိသွားပါပြီ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေချိန်မှာပဲ တကျော့ပြန် ကပ်ရောဂါကူးစက်မှုနဲ့ ကြုံနေရလည်း ဖြစ်ပါတယ်။

ရောဂါကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်းထဲက မြို့နယ် ၁၀ ခု အပါအဝင် နိုင်ငံအနှံ့က မြို့နယ်ပေါင်း ၄၅ ခုမှာလည်း သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်လိုက်သလို၊ ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။ 

 https://burmese.voanews.com/a/schools-being-closed-due-to-covid-surge/5958673.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.