Breaking

July 24, 2021

ျမန္မာ ကိုဗစ္ကူးစက္သူ ၅,၅၀၀ ေက်ာ္၊ ေသဆုံးသူ ၃၂၆ ေယာက္ထပ္တိုး

 


ကုိဗစ္နဲ႔ကြယ္လြန္သူမ်ားကို မသၿဂၤဳိဟ္ခင္ ေစတနာ့ဝန္ထမ္းေတြက ဆုေတာင္းေပးစဥ္။ (႐ိုက္တာ)
ျမန္မာ ကိုဗစ္ကူးစက္သူ ၅,၅၀၀ ေက်ာ္၊ ေသဆံုးသူ ၃၂၆ ေယာက္ထပ္တိုး

Zawgyi/Unicode

ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ၁၃၄၈၇ ခုကို စစ္ေဆးခဲ့တာမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူအေရအတြက္ ၅၅၀၆ ဦးရွိခဲ့ၿပီး ေသဆုံးသူအေရအတြက္က ၃၂၆ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ညအထိဆိုရင္ ပိုးေတြ႕သူ စုစုေပါင္း ၂၅၈၈၇၀ ေယာက္ရွိၿပီျဖစ္ၿပီးေတာ့ ေသဆုံးသူ စုစုေပါင္းက ၆၄၅၉ ေယာက္ရွိၿပီျဖစ္ပါတယ္။

ကိုဗစ္ကူးစက္မႈ ထိန္းခ်ဳပ္ေရးအတြက္ ဇူလုိင္လ ၁၇ ရက္ေန႔ကေန ၂၅ ရက္ေန႔အထိ အမ်ားျပည္သူ အလုပ္ပိတ္ရက္အျဖစ္ သတ္မွတ္ထားခဲ့ၿပီး အခုတခါ ဇူလိုင္လ ၂၆ ရက္ေန႔ကေန ၾသဂုတ္လ ၁ ရက္ေန႔အထိကိုလည္း ပိတ္ရက္အျဖစ္ ထပ္တိုးသတ္မွတ္တဲ့အေၾကာင္း ဒီကေန႔ည ၈ နာရီသတင္းမွာ ေၾကညာသြားပါတယ္။

အဲဒီကာလအတြင္း ဘဏ္ေတြ၊ ေဆး႐ံု ေဆးခန္းေတြ၊ ေဆးဆုိင္ေတြ၊ ေလာင္စာဆီဆိုင္ေတြ၊ အေျခခံစားကုန္ အေရာင္းဆိုင္ေတြ စသည္အားျဖင့္ မရွိမျဖစ္လုပ္ငန္းေတြကိုပဲ ဖြင့့္ခြင့္ျပဳထားပါတယ္။

မလိုအပ္ဘဲ အျပင္မထြက္ဖို႔နဲ႔ မလိုက္နာရင္ တည္ဆဲဥပေဒေတြအရ အေရးယူမယ္လို႔လည္း ေၾကညာခ်က္မွာ ပါရွိပါတယ္။


========

Unicode

မြန်မာ ကိုဗစ်ကူးစက်သူ ၅,၅၀၀ ကျော်၊ သေဆုံးသူ ၃၂၆ ယောက်ထပ်တိုး

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၃၄၈၇ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၅၅၀၆ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်က ၃၂၆ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ညအထိဆိုရင် ပိုးတွေ့သူ စုစုပေါင်း ၂၅၈၈၇၀ ယောက်ရှိပြီဖြစ်ပြီးတော့ သေဆုံးသူ စုစုပေါင်းက ၆၄၅၉ ယောက်ရှိပြီဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေးအတွက် ဇူလိုင်လ ၁၇ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားခဲ့ပြီး အခုတခါ ဇူလိုင်လ ၂၆ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိကိုလည်း ပိတ်ရက်အဖြစ် ထပ်တိုးသတ်မှတ်တဲ့အကြောင်း ဒီကနေ့ည ၈ နာရီသတင်းမှာ ကြေညာသွားပါတယ်။

အဲဒီကာလအတွင်း ဘဏ်တွေ၊ ဆေးရုံ ဆေးခန်းတွေ၊ ဆေးဆိုင်တွေ၊ လောင်စာဆီဆိုင်တွေ၊ အခြေခံစားကုန် အရောင်းဆိုင်တွေ စသည်အားဖြင့် မရှိမဖြစ်လုပ်ငန်းတွေကိုပဲ ဖွင့်ခွင့်ပြုထားပါတယ်။

မလိုအပ်ဘဲ အပြင်မထွက်ဖို့နဲ့ မလိုက်နာရင် တည်ဆဲဥပဒေတွေအရ အရေးယူမယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

https://burmese.voanews.com/a/myanmar-covid-surge-military-coup-voaburmese-/5976710.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.