Breaking

July 24, 2021

အင္းစိန္ေထာင္ သပိတ္ေခါင္းေဆာင္ေတြနဲ႔ အက်ဥ္းစီးဌာနၫႊန္မွဴးတို႔ ေဆြးေႏြးခဲ့

 


အင္းစိန္အက်ဥ္းေထာင္ ျမင္ကြင္း။
(Zawgyi/Unicode)

အင္းစိန္အက်ဥ္းေထာင္မွာ ဇူလိုင္လ ၂၃ ရက္၊ ေသာၾကာေန႔က ဆႏၵျပခဲ့ၾကတဲ့ သပိတ္ေခါင္းေဆာင္ေတြနဲ႔ အက်ဥ္းစီးဌာနက တာ၀န္ရွိသူေတြအၾကား ေတြ႕ဆုံ ေဆြးေႏြးမႈေတြ ရွိခဲ့တယ္လို႔ ေထာင္အသိုင္းဝိုင္းနဲ႔ နီးစပ္သူတဦးက ေျပာပါတယ္။ ေသာၾကာေန႔ကျဖစ္ခဲ့တဲ့ ေနာက္ဆုံးအေျခအေနေတြနဲ႔ ပတ္သက္လို႔ ေထာင္အသိုင္းအဝိုင္းနဲ႔နီးစပ္သူ တဦးကိုမအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းတာမွာ သူက အခုလို စေျပာပါတယ္။

ေျဖ။ “မနက္က အင္းစိန္ေထာင္မွာ ေထာင္တြင္းဆႏၵျပမႈျဖစ္တယ္ေပါ့ေနာ္။ ေထာင္တြင္းဆႏၵျပမႈနဲ႔ပတ္သက္ၿပီးေတာ့ Facebook ေပၚမွာလည္း လက္ရွိ အသံဖိုင္ေတြ၊ ဗြီဒီယိုဖိုင္ေတြ အကုန္လုံးလည္း ျပန္႔ႏွံ႔ေနၿပီးသားေပါ့ေနာ္။ အဲဒါေလး ပထမဆုံး စျဖစ္တာရွိတယ္ဗ်။အဲဒီမွာ က်ေနာ္တို႔ ေနာက္ဆုံုးၾကားရတဲ့ဟာက သူတို႔ ညႇိႏႈိင္းေနတယ္ဆိုတဲ့ဟာလည္း က်ေနာ္တို႔ ဆက္ၾကားရတယ္ဗ်ာ။ ဆက္ၾကားရတဲ့အခါမွာေတာ့ က်ေနာ္တို႔ ဒီ အခ်က္ (၃) ခ်က္ေပါ့ေနာ္၊ ညႇိႏႈိင္းတယ္လို႔ က်ေနာ္တို႔ ၾကားရပါတယ္။ အခု ညပိုင္းၾကားရတဲ့ သတင္းအရကေတာ့ - မနက္ကတည္းက တပ္ကေတာ့ ၀င္ေနတယ္ေပါ့ေနာ္။ ဒါေပမယ့္ ညေနပိုင္းမွာ တပ္က၀င္ၿပီးေတာ့ ဒီ အမ်ဳိးသမီး သီးသန္႔ေဆာင္ကိုဘဲ အဓိက ၀င္႐ိုက္တယ္ေပါ့ေနာ္။ ၀င္႐ိုက္တဲ့အခါမွာ အမ်ဳိးသမီး (၇) ေယာက္ က်ဆုံးသြားတယ္လို႔ က်ေနာ္တို႔ ၾကားရပါတယ္ ခင္ဗ်ား။”

ေမး။ ဒီလို အမ်ဳိးသမီး (၇) ေသဆုံးသြားတဲ့ျဖစ္ရပ္နဲ႔ပတ္သက္လို႔ က်မတို႔ကို ေသခ်ာ ေျပာျပေပးလို႔ရမလားရွင္။

ေျဖ။ “လက္ရွိမွာ အင္းစိန္မွာ အမ်ဳိးသမီးသီးသန္႔အေဆာင္က အခု ဒီ ႏိုင္ငံေရးအရ မတရားဖမ္းဆီးခံထားရတဲ့လူထဲက (၇) ေယာက္ေပါ့ေနာ္၊ သီးသန္႔ေဆာင္ကို (၇) ေယာက္ကို စကစ က ၀င္႐ိုက္ပါတယ္။ တပ္က ၀င္႐ိုက္ပါတယ္။ တပ္က၀င္႐ိုက္လို႔ က်ဆုံးသြားပါတယ္ ခင္ဗ်။ အဲဒီ သတင္းနဲ႔ပတ္သက္လို႔လည္း ခိုင္မာမႈရွိတယ္ဆိုတာ က်ေနာ္တို႔ ထပ္ေလာင္း ေျပာၾကားပါရေစ။ ဒီသတင္းနဲ႔ပတ္သက္တဲ့ Source (သတင္းအရင္းအျမစ္) ကိုေတာ့ လုံျခံဳေရးအရ မေျပာေပးႏိုင္တာ နားလည္ေပးပါေနာ္။”

ေမး။ အဲဒီေတာ့ အင္းစိန္အက်ဥ္းေထာင္ထဲမွာ အဲဒီလိုမ်ဳိး ဆႏၵျပမႈေတြျဖစ္တဲ့အခ်ိန္တုန္းကေပါ့ေနာ္၊ သူတို႔ေတြ ေတာင္းဆိုခ်က္ေတြ ရွိခဲ့တယ္၊ ညႇိႏႈိင္းတာေတြ ရွိခဲ့တဲ့အေျခအေနေတြကိုလည္း ေျပာျပပါဦး။

ေျဖ။ “အခ်ိန္အားျဖင့္ေတာ့ က်ေနာ္တို႔ တိတိက်က် မသိဘူးေပါ့ေနာ္။ က်ေနာ္တို႔ၾကားရတဲ့အခ်ိန္ကေတာ့၊ ေန႔လည္ ၂ နာရီေလာက္က ၾကားသိရတဲ့ဟာကေတာ့ ဒီ ေထာင္ထဲမွာရွိတဲ့ သပိတ္ေခါင္းေဆာင္ေတြနဲ႔ လက္ရွိ စစ္တပ္ရပ္၊ ေနာက္ အက်ဥ္းဦးစီးၫႊန္မွဴး ဦးေဇာ္ေဇာ္တို႔ေဆြးေႏြးတယ္လို႔ ၾကားရပါတယ္ ခင္ဗ်။

ႏိုင္ငံေရးအက်ဥ္းသားေတြဘက္က ေတာင္းဆိုတာကေတာ့ ႏိုင္ငံေရးအက်ဥ္းသားေတြ အျမန္ဆုံးလြတ္ေပးေရး၊ နံပတ္ (၁) ေပါ့ေနာ္။ နံပတ္ (၂) က ေထာင္တြင္း ကိုဗစ္-၁၉ ေရာဂါကို ထိန္းသိမ္းေပးေရးရယ္၊ ေနာက္ၿပီးေတာ့ ေထာင္အာဏာပိုင္အသစ္ ေျပာင္းထားတာ ရွိတယ္ေပါ့ေနာ္၊ ေထာင္အာဏာပိုင္အသစ္ရဲ႕ တင္းၾကပ္တဲ့ စည္းမ်ဥ္းေတြကို ေျဖေလ်ာ့ေပးေရးဆိုတဲ့ (၃) ခ်က္ကိုေတာင္းဆိုထားတယ္ ဆိုတဲ့ဟာကိုေတာ့ က်ေနာ္တို႔ သိရတယ္ဗ်။”

ေမး။ အဲဒီေတာ့ ေယာက္်ားေလးေဆာင္ဘက္ကေရာ ဘာၾကားေသးလဲရွင့္။

ေျဖ။ “ေယာက္်ားေလးေဆာင္ကေတာ့ အခုခ်ိန္ထိ က်ေနာ္တို႔ အတည္ျပဳေနတုန္းပါဘဲဗ်။ အျပင္မွာလည္း သတင္းေတြကေတာ့ အမ်ဳိးစုံ ထြက္ေနတာေပါ့။ ဒါေပမယ့္ က်ေနာ္တို႔ရထားတဲ့ Link ကေနၿပီးေတာ့ က်ေနာ္တို႔ ဆက္လက္ အတည္ျပဳေနပါတယ္ ခင္ဗ်။ လက္ရွိ သိထားတာကို က်ေနာ္တို႔ေျပာရရင္ေတာ့ - ဒီေန႔ ေသာၾကာေန႔ျဖစ္စဥ္မဟုတ္ဘဲနဲ႔ ကိုဗစ္နဲ႔ပတ္သက္လို႔ က်ေနာ္တို႔ သိရသေလာက္ေျပာရရင္ေတာ့ ရန္ကုန္ အင္းစိန္ (ေထာင္) မွာဆိုရင္ ကိုမင္းေသြးသစ္ရယ္၊ ကိုျမေအးရယ္က အခုခ်ိန္မွာ ကိုဗစ္အရ ဆိုးဆိုးရြားရြား ခံစားေနရတယ္လို႔ က်ေနာ္တို႔ သိရွိထားပါတယ္။ ေနာက္ မႏၲေလးမွာက လြတ္ေျမာက္လာတဲ့ တခ်ဳိ႕လူေတြကတဆင့္ က်ေနာ္တို႔ ၾကားသိရတာလို႔ က်ေနာ္တို႔ ေျပာရရင္ေတာ့ - မႏၲေလးမွာကလည္း ၀န္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ဟာ ကင္ဆာေဆး သြင္းခြင့္ မရပါဘူး။ သြင္းခြင့္မရတဲ့အခါမွာ အခုခ်ိန္မွာ သူက က်န္းမာေရးအရ ေတာ္ေတာ္ေလးကို ဆိုးဆိုးရြားရြား ျဖစ္ေနတယ္။ ပိန္ျခံဳးၿပီးေတာ့ အသားအေရက မဲေျခာက္ၿပီးေတာ့ အေရျပားေတြပါ လွန္ေနတဲ့အထိကို ရွိေနတယ္လို႔ က်ေနာ္တို႔ ၾကားသိရပါတယ္ ခင္ဗ်ား။”

ဒါကေတာ့ အင္းစိတ္အက်ဥ္းေထာင္နဲ႔ နီးစပ္သူတဦးကေန ဗြီအိုေအ ျမန္မာပိုင္းကို ေျပာသြားတာပါ။

အခုလို အင္းစိန္အက်ဥ္းေထာင္အတြင္း ဆႏၵျပမႈေတြမွာ စစ္ေကာင္စီတပ္ေတြ ၀င္ေရာက္ စီးႏွင္းမႈေၾကာင့္ အမ်ဳိးသမီး (၇) ေသဆုံးသြားခဲ့တဲ့ ျဖစ္ရပ္နဲ႔ပတ္သက္လို႔ေတာ့ ဗြီအိုေအက သီးျခား အတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။

(Unicode)

အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူတွေ ဇူလိုင်လ ၂၃ ရက်၊ သောကြာနေ့က ဆန္ဒပြခဲ့ကြတဲ့ သပိတ်ခေါင်းဆောင်တွေနဲ့ အကျဉ်းစီးဌာနက တာဝန်ရှိသူတွေအကြား တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ ထောင်အသိုင်းဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။သောကြာနေ့ကဖြစ်ခဲ့တဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ထောင်အသိုင်းအဝိုင်းနဲ့နီးစပ်သူ တဦးကိုမအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို စပြောပါတယ်။

ဖြေ။“မနက်က အင်းစိန်ထောင်မှာ ထောင်တွင်းဆန္ဒပြမှုဖြစ်တယ်ပေါ့နော်။ ထောင်တွင်းဆန္ဒပြမှုနဲ့ပတ်သက်ပြီးတော့ Facebook ပေါ်မှာလည်း လက်ရှိ အသံဖိုင်တွေ၊ ဗွီဒီယိုဖိုင်တွေ အကုန်လုံးလည်း ပြန့်နှံ့နေပြီးသားပေါ့နော်။ အဲဒါလေး ပထမဆုံး စဖြစ်တာရှိတယ်ဗျ။အဲဒီမှာ ကျနော်တို့ နောက်ဆုံးကြားရတဲ့ဟာက သူတို့ ညှိနှိုင်းနေတယ်ဆိုတဲ့ဟာလည်း ကျနော်တို့ ဆက်ကြားရတယ်ဗျာ။ ဆက်ကြားရတဲ့အခါမှာတော့ ကျနော်တို့ ဒီ အချက် (၃) ချက်ပေါ့နော်၊ ညှိနှိုင်းတယ်လို့ ကျနော်တို့ ကြားရပါတယ်။ အခု ညပိုင်းကြားရတဲ့ သတင်းအရကတော့ - မနက်ကတည်းက တပ်ကတော့ ဝင်နေတယ်ပေါ့နော်။ ဒါပေမယ့် ညနေပိုင်းမှာ တပ်ကဝင်ပြီးတော့ ဒီ အမျိုးသမီး သီးသန့်ဆောင်ကိုဘဲ အဓိက ဝင်ရိုက်တယ်ပေါ့နော်။ ဝင်ရိုက်တဲ့အခါမှာ အမျိုးသမီး (၇) ယောက် ကျဆုံးသွားတယ်လို့ ကျနော်တို့ ကြားရပါတယ် ခင်ဗျား။”

မေး။ဒီလို အမျိုးသမီး (၇) သေဆုံးသွားတဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ ကျမတို့ကို သေချာ ပြောပြပေးလို့ရမလားရှင်။

ဖြေ။“လက်ရှိမှာ အင်းစိန်မှာ အမျိုးသမီးသီးသန့်အဆောင်က အခု ဒီ နိုင်ငံရေးအရ မတရားဖမ်းဆီးခံထားရတဲ့လူထဲက (၇) ယောက်ပေါ့နော်၊ သီးသန့်ဆောင်ကို (၇) ယောက်ကို စကစ က ဝင်ရိုက်ပါတယ်။ တပ်က ဝင်ရိုက်ပါတယ်။ တပ်ကဝင်ရိုက်လို့ ကျဆုံးသွားပါတယ် ခင်ဗျ။ အဲဒီ သတင်းနဲ့ပတ်သက်လို့လည်း ခိုင်မာမှုရှိတယ်ဆိုတာ ကျနော်တို့ ထပ်လောင်း ပြောကြားပါရစေ။ ဒီသတင်းနဲ့ပတ်သက်တဲ့ Source (သတင်းအရင်းအမြစ်) ကိုတော့ လုံခြုံရေးအရ မပြောပေးနိုင်တာ နားလည်ပေးပါနော်။”

မေး။အဲဒီတော့ အင်းစိန်အကျဉ်းထောင်ထဲမှာ အဲဒီလိုမျိုး ဆန္ဒပြမှုတွေဖြစ်တဲ့အချိန်တုန်းကပေါ့နော်၊ သူတို့တွေ တောင်းဆိုချက်တွေ ရှိခဲ့တယ်၊ ညှိနှိုင်းတာတွေ ရှိခဲ့တဲ့အခြေအနေတွေကိုလည်း ပြောပြပါဦး။

ဖြေ။“အချိန်အားဖြင့်တော့ ကျနော်တို့ တိတိကျကျ မသိဘူးပေါ့နော်။ ကျနော်တို့ကြားရတဲ့အချိန်ကတော့၊ နေ့လည် ၂ နာရီလောက်က ကြားသိရတဲ့ဟာကတော့ ဒီ ထောင်ထဲမှာရှိတဲ့ သပိတ်ခေါင်းဆောင်တွေနဲ့ လက်ရှိ စစ်တပ်ရပ်၊ နောက် အကျဉ်းဦးစီးညွှန်မှူး ဦးဇော်ဇော်တို့ဆွေးနွေးတယ်လို့ ကြားရပါတယ် ခင်ဗျ။
နိုင်ငံရေးအကျဉ်းသားတွေဘက်က တောင်းဆိုတာကတော့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်ပေးရေး၊ နံပတ် (၁) ပေါ့နော်။ နံပတ် (၂) က ထောင်တွင်း ကိုဗစ်-၁၉ ရောဂါကို ထိန်းသိမ်းပေးရေးရယ်၊ နောက်ပြီးတော့ ထောင်အာဏာပိုင်အသစ် ပြောင်းထားတာ ရှိတယ်ပေါ့နော်၊ ထောင်အာဏာပိုင်အသစ်ရဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေကို ဖြေလျော့ပေးရေးဆိုတဲ့ (၃) ချက်ကိုတောင်းဆိုထားတယ် ဆိုတဲ့ဟာကိုတော့ ကျနော်တို့ သိရတယ်ဗျ။”

မေး။အဲဒီတော့ ယောက်ျားလေးဆောင်ဘက်ကရော ဘာကြားသေးလဲရှင့်။

ဖြေ။ “ယောက်ျားလေးဆောင်ကတော့ အခုချိန်ထိ ကျနော်တို့ အတည်ပြုနေတုန်းပါဘဲဗျ။ အပြင်မှာလည်း သတင်းတွေကတော့ အမျိုးစုံ ထွက်နေတာပေါ့။ ဒါပေမယ့် ကျနော်တို့ရထားတဲ့ Link ကနေပြီးတော့ ကျနော်တို့ ဆက်လက် အတည်ပြုနေပါတယ် ခင်ဗျ။ လက်ရှိ သိထားတာကို ကျနော်တို့ပြောရရင်တော့ - ဒီနေ့ သောကြာနေ့ဖြစ်စဉ်မဟုတ်ဘဲနဲ့ ကိုဗစ်နဲ့ပတ်သက်လို့ ကျနော်တို့ သိရသလောက်ပြောရရင်တော့ ရန်ကုန် အင်းစိန် (ထောင်) မှာဆိုရင် ကိုမင်းသွေးသစ်ရယ်၊ ကိုမြအေးရယ်က အခုချိန်မှာ ကိုဗစ်အရ ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ကျနော်တို့ သိရှိထားပါတယ်။ နောက် မန္တလေးမှာက လွတ်မြောက်လာတဲ့ တချို့လူတွေကတဆင့် ကျနော်တို့ ကြားသိရတာလို့ ကျနော်တို့ ပြောရရင်တော့ - မန္တလေးမှာကလည်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ကင်ဆာဆေး သွင်းခွင့် မရပါဘူး။ သွင်းခွင့်မရတဲ့အခါမှာ အခုချိန်မှာ သူက ကျန်းမာရေးအရ တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ ပိန်ခြုံးပြီးတော့ အသားအရေက မဲခြောက်ပြီးတော့ အရေပြားတွေပါ လှန်နေတဲ့အထိကို ရှိနေတယ်လို့ ကျနော်တို့ ကြားသိရပါတယ် ခင်ဗျား။”

ဒါကတော့ အင်းစိတ်အကျဉ်းထောင်နဲ့ နီးစပ်သူတဦးကနေ ဗွီအိုအေ မြန်မာပိုင်းကို ပြောသွားတာပါ။

အခုလို အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြမှုတွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနှင်းမှုကြောင့် အမျိုးသမီး (၇) သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့တော့ ဗွီအိုအေက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

 https://burmese.voanews.com/a/insein-prison-rioter-met-with-prison-authorities/5977187.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.