Breaking

July 25, 2021

CDM ဆရာ၀န္တခ်ဳိ႕ စစ္ေကာင္စီနဲ႔ ပူးေပါင္း ေဆာင္ရြက္ဖို႔ ဘာေၾကာင့္ျငင္းဆန္ၾကသလဲ

 


ဆရာ၀န္တခ်ဳိ႕ စစ္ေကာင္စီနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ဘာေၾကာင့္ျငင္းဆန္ၾကသလဲ
{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ ကူးစက္မႈေတြျမင့္တက္ေနတဲ့ ကိုဗစ္ ၁၉ ေရာဂါကာကြယ္ ကုသေရးအတြက္ ဆက္လက္ လုပ္ေဆာင္ေနေပမယ့္၊ စစ္ေကာင္စီ နဲ႔ ပူးေပါင္းေဆာင္ရြက္လိုျခင္းမရွိဘူးလို႔ ဆရာ၀န္တခ်ိဳ႕က ေျပာလိုက္ပါတယ္။ ကိုဗစ္ ၁၉ ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ဖို႔အတြက္ ဆရာ၀န္ေတြ ပူးေပါင္းေဆာင္ရြက္ဖို႔ စစ္ေကာင္စီဘက္က ေျပာၾကားလိုက္ခ်ိန္မွာပဲ ဆရာ၀န္ေတြဘက္က အခုလို တုံ႔ျပန္လိုက္တာပါ။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ဆက္သြယ္စုံစမ္းထားတဲ့ ကိုရန္ႏုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ေဖေဖာ္၀ါရီ ၁ ၇က္ေန႔ စစ္တပ္အာဏာသိမ္းခ်ိန္ကစၿပီး ဆရာ၀န္ေတြ ၊ သူနာျပဳေတြ ေဆး၀န္ထမ္းေတြ အပါအ၀င္ ႏုိင္ငံတ၀န္း အစိုးရဌာနအသီးသီးမွာရွိတဲ့ ၀န္ထမ္းေတြအေတာ္မ်ားမ်ားဟာ စစ္ေကာင္စီလက္ေအာက္မွာ အလုပ္လုပ္ေဆာင္လိုျခင္းမရွိတာေၾကာင့္ အၾကမ္းမဖက္ အာဏာဖီဆန္ေရး (CDM) လႈပ္ရွားမႈမွာ ပါ၀င္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမဲ့ အခုသီတင္းပတ္ေတြအတြင္း ႏုိင္ငံတြင္းမွာ ကိုဗစ္ ၁၉ ေရာဂါကူးစက္မႈေတြ နဲ႔ ေသဆုံးမႈေတြ ျမင့္တက္လာေနတဲ့အတြက္ ေရာဂါကူးစက္မႈေတြကို ကာကြယ္ ၊ ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ က်န္းမာေရး၀န္ထမ္းေတြအေနနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ စစ္ေကာင္စီဥကၠ႒ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ က ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ ေျပာၾကားလိုက္ပါတယ္။

NLD အရပ္သားအစိုးရလက္ထက္ ကိုဗစ္ ဒုတိယလႈိင္းအတြင္း ရန္ကုန္ၿမိဳ႕က ကိုဗစ္ကုသေရးစင္တာေတြမွာ ပရဟိတ၀န္ထမ္းအျဖစ္နဲ႔ လုပ္ေဆာင္ခဲ့တဲ့ အမည္မေဖာ္လိုတဲ့ အမ်ိဳးသမီး ဆရာ၀န္တဦးကေတာ့ စစ္ေကာင္စီလက္ေအာက္မွာ ပူးေပါင္းေဆာင္ရြက္ဖို႔ဆႏၵ မရွိဘူးလို႔ ေျပာၾကားလိုက္ပါတယ္။

“ စစ္ေကာင္စီနဲ႔ကေတာ့ က်မတို႔ ဆရာ၀န္ေတြအေနနဲ႔ CDM ေတာင္လုပ္ခဲ့တဲ့အတြက္ သူတို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ဆိုတာ က်မအေနနဲ႔ လံုး၀မျဖစ္ႏိုင္ဘူး။ ဒီအခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရသာ ျပန္ၿပီးတက္လာရင္ က်မအေနနဲ႔ volunteer အျဖစ္ ေရွ႕ဆံုးကေန ခ်က္ျခင္းလုပ္မွာ။ အခု စစ္ေကာင္စီကေန ပူးေပါင္းလုပ္ေဆာင္ဖို႔မရွိဘူး။ ဒါေပမဲ့ ကိုယ့္လူနာေတြကို မၾကည့္ေပးဘူးလားဆိုတာကေတာ့ မဟုတ္ပါဘူး။ က်မနဲ႔ လုပ္ေဖၚကိုင္ဖက္ ဆရာ၀န္ သူငယ္ခ်င္းေတြ အားလံုးက အြန္လိုင္းကေန ေဆးကုသေရးဆိုင္ရာအၾကံေပးခ်က္ေတြကို ေတာက္ေလ်ာက္လုပ္ကိုင္ေနပါတယ္။ က်မဆို နားေတာင္ မနားရဘူး။ တေန႔တေန႔ ဖုန္းနဲ႔ ေျပာၿပီး လူနာေတြကို ေဆးကုသေရး အၾကံေပးေနရပါတယ္။”

စစ္ေကာင္စီဥကၠ႒ရဲ႕ ေျပာၾကားလိုက္တဲ့အေပၚ ရန္ကုန္ၿမိဳ႕က ေနာက္ထပ္ ဆရာ၀န္တဦးကလည္း ဗီအိုေအကို အခုလို ေျပာပါတယ္။

“ CDM လုပ္တဲ့ ဆရာ၀န္ေတြမွာ အမ်ဳိးမ်ဳိးရွိတယ္။ ဥပမာ-ႏိုင္ငံေရးအရ ခံယူခ်က္ ျပင္းထန္သူေတြရွိတယ္။ တခ်ဳိ႕ၾကေတာ့လည္း အဲေလာက္ မျပင္းထန္ေပမဲ့ မတရားဘူးဆိုတာကို မခံခ်င္တဲ့အတြက္ေၾကာင့္ CDM ၀င္တဲ့ သူေတြလည္းရွိတယ္။ ကိုယ့္အလုပ္ကိုယ္ကို လုပ္ၾကတာအေကာင္းဆံုးပဲ။ စစ္သားက စစ္သားအလုပ္လုပ္၊ ဆရာ၀န္ကလည္း ဆရာ၀န္ အလုပ္တာက အေကာင္းဆံုးအေျဖပါပဲ။”

ဆရာ၀န္ေတြ သူနာျပဳေတြ ေဆး၀န္ထမ္းေတြအေတာ္မ်ားမ်ားကေတာ့ စစ္ေကာင္စီ နဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြ မလုပ္ခ်င္ေပမယ့္လည္း ေရာဂါကူးစက္မႈေတြ ေရာဂါကူးစက္ေနသူေတြကုိေတာ့ အင္တာနက္ အြန္လိုင္းကေနျဖစ္ျဖစ္၊ တယ္လီဖုန္းနဲ႔ျဖစ္ျဖစ္ ဒါမွမဟုတ္ လူကိုယ္တုိင္သြားၿပီးေတာ့ ျဖစ္ျဖစ္ တတ္ႏုိင္တဲ့ဘက္က ကိုယ္နည္းကုိယ့္ဟန္နဲ႔ ကုသမႈေတြ ေပးေနၾကတာျဖစ္ပါတယ္။ စစ္ေကာင္စီဘက္က ေျပာသလို၊ ဆရာ၀န္ေတြကို ပူးေပါင္းေဆာင္ရြက္ဖို႔အတြက္ စစ္ေကာင္စီအေနနဲ႔ ေတာင္းဆုိခ်က္ေတြ၊ လိုအပ္ခ်က္ေတြကို လိုက္ေလ်ာ ျဖည့္ဆည္းေပးႏုိင္ဖို႔လည္း အေရးႀကီးတယ္လို႔ျမင္ေၾကာင္း သူက ဆက္ေျပာပါတယ္။
“ဆရာ၀န္ေတာ္ေတာ္မ်ားမ်ား အဖမ္းခံရတယ္။ ေျပးတဲ့သူေတြလည္း ေျပးေနရတယ္။ ပုဒ္မ တပ္ခံေနရသူေတြလည္း ရွိတယ္။ အားလံုးဝိုင္းၿပီးေတာင္းဆိုေနၾကတယ္။ ျပန္လႊတ္ေပးပါလို႔ ေျပာတယ္။ ဒါေပမဲ့ ျပန္မလႊတ္ေပးတာေတြရွိတယ္။ ေနာက္တခုက ကိုယ္က လုပ္ငန္းခြင္ကို ျပန္ၿပီး၀င္ရင္ အေရးယူခံရမွာကိုလည္း ေၾကာက္ၾကတယ္။ ယံုၾကည္မႈမရွိေတာ့ တကယ္တန္း ကူေပးခ်င္တဲ့ သူေတာင္မွ မသြားရဲဘူး။”

ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း စစ္ေကာင္စီဘက္က ဆရာ၀န္ေတြကို အလုပ္ျပန္လုပ္ဖို႔အတြက္ ကန္ထ႐ုိက္စနစ္ ေခၚယူငွားရမ္းတာေတြ ရွိေနေပမယ့္ အမ်ားစုကေတာ့ ျပန္လုပ္တာမရွိဘူးလို႔ုလည္း ဆရာ၀န္ေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ NLD အစိုးရလက္ထက္ ကိုဗစ္ ဒုတိယလႈိင္းျဖစ္ပြားခဲ့ခ်ိန္က အေျခအေနနဲ႔ အခုလက္ရွိ စစ္ေကာင္စီလက္ထက္ ေရာဂါကာကြယ္ကုသေရး အေျခအေနေတြနဲ႔ ကြာျခားပုံနဲ႔ ပတ္သက္ၿပီး ေမးၾကည့္တဲ့အခါမွာေတာ့ အဆိုပါ အမည္မေဖာ္လိုတဲ့ အမ်ိဳးသမီးဆရာ၀န္က အခုလို ေျပာပါတယ္။

“ေဖ့စ္ဘုတ္ စကားနဲ႔ ေျပာရင္ေတာ့ လြမ္းစရာႀကီးေပါ့ေနာ္။ ဒုတိလႈိင္း တုန္းကဆိုရင္ ျပည္သူေတြေရာ၊ ဆရာ၀န္ေတြေရာ၊ ေစတနာ့၀န္ထမ္းေတြေရာ၊ အင္ဂ်င္နီယာေတြပါ အကုန္လံုး က ဘ၀မွ မျမင္ဘူးတဲ့ တက္ညီလက္ညီနဲ႔ တခါမွ မၾကံဳစဖူး ေထာက္ပံ့မႈေတြ နဲ႕ facilities အျပည့္အစံုနဲ႔ ျဖတ္သန္းခဲ့ရတယ္။ အခုခ်ိန္ ေအာက္စီဂ်င္သယ္တာေတာင္ ဒီမနက္ က်မသူငယ္ခ်င္း သူ႔အိမ္အတြက္ ေအာက္စီဂ်င္မွာထားတာ၊ သယ္လာတဲ့ ကားႏွစ္စီးကို ဖမ္းသြားလို႔ ဒီေန႔ သူတို႔ မရလိုက္ဘူး။”


ျမန္မာႏိုင္ငံမွာ လြန္ခဲ့တဲ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ၁၅,၃၅၉ ခုကို စစ္ေဆးခဲ့တာမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္သူအေရအတြက္ ၅,၆၅၇ ဦးရွိခဲ့ၿပီး ေသဆုံးသူအေရအတြက္က ၂၉၇ ေယာက္ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ မေန ႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ဒါေၾကာင့္ ပိုးေတြ႕သူ စုစုေပါင္း ၂၆၄,၅၂၇ ေယာက္ရွိၿပီျဖစ္ၿပီးေတာ့ ေသဆုံးသူ စုစုေပါင္းက ၆,၇၅၆ ေယာက္ရွိၿပီျဖစ္ပါတယ္။

.............................................

{{Unicode}}
မြန်မာနိုင်ငံမှာ ကူးစက်မှုတွေမြင့်တက်နေတဲ့ ကိုဗစ် ၁၉ ရောဂါကာကွယ် ကုသရေးအတွက် ဆက်လက် လုပ်ဆောင်နေပေမယ့်၊ စစ်ကောင်စီ နဲ့ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိဘူးလို့ ဆရာဝန်တချို့က ပြောလိုက်ပါတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့အတွက် ဆရာဝန်တွေ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီဘက်က ပြောကြားလိုက်ချိန်မှာပဲ ဆရာဝန်တွေဘက်က အခုလို တုံ့ပြန်လိုက်တာပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဆရာဝန်တွေ ၊ သူနာပြုတွေ ဆေးဝန်ထမ်းတွေ အပါအဝင် နိုင်ငံတဝန်း အစိုးရဌာနအသီးသီးမှာရှိတဲ့ ဝန်ထမ်းတွေအတော်များများဟာ စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်ဆောင်လိုခြင်းမရှိတာကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ အခုသီတင်းပတ်တွေအတွင်း နိုင်ငံတွင်းမှာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုတွေ နဲ့ သေဆုံးမှုတွေ မြင့်တက်လာနေတဲ့အတွက် ရောဂါကူးစက်မှုတွေကို ကာကွယ် ၊ ထိန်းချုပ်နိုင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောကြားလိုက်ပါတယ်။

NLD အရပ်သားအစိုးရလက်ထက် ကိုဗစ် ဒုတိယလှိုင်းအတွင်း ရန်ကုန်မြို့က ကိုဗစ်ကုသရေးစင်တာတွေမှာ ပရဟိတဝန်ထမ်းအဖြစ်နဲ့ လုပ်ဆောင်ခဲ့တဲ့ အမည်မဖော်လိုတဲ့ အမျိုးသမီး ဆရာဝန်တဦးကတော့ စစ်ကောင်စီလက်အောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒ မရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

“ စစ်ကောင်စီနဲ့ကတော့ ကျမတို့ ဆရာဝန်တွေအနေနဲ့ CDM တောင်လုပ်ခဲ့တဲ့အတွက် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာ ကျမအနေနဲ့ လုံးဝမဖြစ်နိုင်ဘူး။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အစိုးရသာ ပြန်ပြီးတက်လာရင် ကျမအနေနဲ့ volunteer အဖြစ် ရှေ့ဆုံးကနေ ချက်ခြင်းလုပ်မှာ။ အခု စစ်ကောင်စီကနေ ပူးပေါင်းလုပ်ဆောင်ဖို့မရှိဘူး။ ဒါပေမဲ့ ကိုယ့်လူနာတွေကို မကြည့်ပေးဘူးလားဆိုတာကတော့ မဟုတ်ပါဘူး။ ကျမနဲ့ လုပ်ဖေါ်ကိုင်ဖက် ဆရာဝန် သူငယ်ချင်းတွေ အားလုံးက အွန်လိုင်းကနေ ဆေးကုသရေးဆိုင်ရာအကြံပေးချက်တွေကို တောက်လျောက်လုပ်ကိုင်နေပါတယ်။ ကျမဆို နားတောင် မနားရဘူး။ တနေ့တနေ့ ဖုန်းနဲ့ ပြောပြီး လူနာတွေကို ဆေးကုသရေး အကြံပေးနေရပါတယ်။”

စစ်ကောင်စီဥက္ကဋ္ဌရဲ့ ပြောကြားလိုက်တဲ့အပေါ် ရန်ကုန်မြို့က နောက်ထပ် ဆရာဝန်တဦးကလည်း ဗီအိုအေကို အခုလို ပြောပါတယ်။

“ CDM လုပ်တဲ့ ဆရာဝန်တွေမှာ အမျိုးမျိုးရှိတယ်။ ဥပမာ-နိုင်ငံရေးအရ ခံယူချက် ပြင်းထန်သူတွေရှိတယ်။ တချို့ကြတော့လည်း အဲလောက် မပြင်းထန်ပေမဲ့ မတရားဘူးဆိုတာကို မခံချင်တဲ့အတွက်ကြောင့် CDM ဝင်တဲ့ သူတွေလည်းရှိတယ်။ ကိုယ့်အလုပ်ကိုယ်ကို လုပ်ကြတာအကောင်းဆုံးပဲ။ စစ်သားက စစ်သားအလုပ်လုပ်၊ ဆရာဝန်ကလည်း ဆရာဝန် အလုပ်တာက အကောင်းဆုံးအဖြေပါပဲ။”

ဆရာဝန်တွေ သူနာပြုတွေ ဆေးဝန်ထမ်းတွေအတော်များများကတော့ စစ်ကောင်စီ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ချင်ပေမယ့်လည်း ရောဂါကူးစက်မှုတွေ ရောဂါကူးစက်နေသူတွေကိုတော့ အင်တာနက် အွန်လိုင်းကနေဖြစ်ဖြစ်၊ တယ်လီဖုန်းနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် လူကိုယ်တိုင်သွားပြီးတော့ ဖြစ်ဖြစ် တတ်နိုင်တဲ့ဘက်က ကိုယ်နည်းကိုယ့်ဟန်နဲ့ ကုသမှုတွေ ပေးနေကြတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ပြောသလို၊ ဆရာဝန်တွေကို ပူးပေါင်းဆောင်ရွက်ဖို့အတွက် စစ်ကောင်စီအနေနဲ့ တောင်းဆိုချက်တွေ၊ လိုအပ်ချက်တွေကို လိုက်လျော ဖြည့်ဆည်းပေးနိုင်ဖို့လည်း အရေးကြီးတယ်လို့မြင်ကြောင်း သူက ဆက်ပြောပါတယ်။
“ဆရာဝန်တော်တော်များများ အဖမ်းခံရတယ်။ ပြေးတဲ့သူတွေလည်း ပြေးနေရတယ်။ ပုဒ်မ တပ်ခံနေရသူတွေလည်း ရှိတယ်။ အားလုံးဝိုင်းပြီးတောင်းဆိုနေကြတယ်။ ပြန်လွှတ်ပေးပါလို့ ပြောတယ်။ ဒါပေမဲ့ ပြန်မလွှတ်ပေးတာတွေရှိတယ်။ နောက်တခုက ကိုယ်က လုပ်ငန်းခွင်ကို ပြန်ပြီးဝင်ရင် အရေးယူခံရမှာကိုလည်း ကြောက်ကြတယ်။ ယုံကြည်မှုမရှိတော့ တကယ်တန်း ကူပေးချင်တဲ့ သူတောင်မှ မသွားရဲဘူး။”

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စစ်ကောင်စီဘက်က ဆရာဝန်တွေကို အလုပ်ပြန်လုပ်ဖို့အတွက် ကန်ထရိုက်စနစ် ခေါ်ယူငှားရမ်းတာတွေ ရှိနေပေမယ့် အများစုကတော့ ပြန်လုပ်တာမရှိဘူးလို့လည်း ဆရာဝန်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ကိုဗစ် ဒုတိယလှိုင်းဖြစ်ပွားခဲ့ချိန်က အခြေအနေနဲ့ အခုလက်ရှိ စစ်ကောင်စီလက်ထက် ရောဂါကာကွယ်ကုသရေး အခြေအနေတွေနဲ့ ကွာခြားပုံနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာတော့ အဆိုပါ အမည်မဖော်လိုတဲ့ အမျိုးသမီးဆရာဝန်က အခုလို ပြောပါတယ်။

“ဖေ့စ်ဘုတ် စကားနဲ့ ပြောရင်တော့ လွမ်းစရာကြီးပေါ့နော်။ ဒုတိလှိုင်း တုန်းကဆိုရင် ပြည်သူတွေရော၊ ဆရာဝန်တွေရော၊ စေတနာ့ဝန်ထမ်းတွေရော၊ အင်ဂျင်နီယာတွေပါ အကုန်လုံး က ဘဝမှ မမြင်ဘူးတဲ့ တက်ညီလက်ညီနဲ့ တခါမှ မကြုံစဖူး ထောက်ပံ့မှုတွေ နဲ့ facilities အပြည့်အစုံနဲ့ ဖြတ်သန်းခဲ့ရတယ်။ အခုချိန် အောက်စီဂျင်သယ်တာတောင် ဒီမနက် ကျမသူငယ်ချင်း သူ့အိမ်အတွက် အောက်စီဂျင်မှာထားတာ၊ သယ်လာတဲ့ ကားနှစ်စီးကို ဖမ်းသွားလို့ ဒီနေ့ သူတို့ မရလိုက်ဘူး။”


မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၅,၃၅၉ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၅,၆၅၇ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်က ၂၉၇ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ဒါကြောင့် ပိုးတွေ့သူ စုစုပေါင်း ၂၆၄,၅၂၇ ယောက်ရှိပြီဖြစ်ပြီးတော့ သေဆုံးသူ စုစုပေါင်းက ၆,၇၅၆ ယောက်ရှိပြီဖြစ်ပါတယ်။ 

 https://burmese.voanews.com/a/doctor-medical-staff-cdm-military-council/5978223.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.