Breaking

July 25, 2021

အိႏၵိယမွာ ႐ိုဟင္ဂ်ာ က်ဴးေက်ာ္တဲေတြ ျပည္နယ္အစိုးရ ဖယ္ရွား


(Zawgyi/ Unicode)


အိႏၵိယႏိုင္ငံ Uttar Pradesh ျပည္နယ္ အစိုးရပိုင္ ေျမေနရာမွာ က်ဴးေက်ာ္ အိမ္ေတြ ေဆာက္လုပ္ေနထိုင္တဲ႔ ရာနဲ႔ခ်ီတဲ႔ ႐ိုဟင္ဂ်ာေတြရဲ႕ အိမ္ယာေတြကို ျပည္နယ္အစိုးရက ဖယ္ရွား ရွင္းလင္းၿပီး သူတို႔ကို ယာယီ တဲေတြဆီ ေျပာင္းေရႊ႕လိုက္ပါတယ္။ ေရနဲ႔ လွ်ပ္စစ္မီးလို အေျခခံ ၀န္ေဆာင္မႈေတြ မရတဲ႔ ေနရာသစ္မွာ ဒုကၡသည္ေတြ အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရေၾကာင္း Reuters သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ ေျပာျပေပးမွာပါ။

အိႏၵိယ ႏိုင္ငံ ၿမိဳ႕ေတာ္ နယူးေဒလီ အနီးမွာ ရွိၿပီး Uttar Pradesh ျပည္နယ္ ဆည္ေျမာင္းဌာနပိုင္တဲ႔ ေျမေနရာေတြမွာ က်ဴးေက်ာ္ အေျခခ်တဲ႔ ႐ိုဟင္ဂ်ာ မူဆလင္ ဒုကၡသည္ေတြရဲ႕ အိမ္ယာေတြကို အာဏာပိုင္တို႔က ဖယ္ရွား ရွင္းလင္းေနပါတယ္။ Uttar Pradesh ျပည္နယ္ ဆည္ေျမာင္းဌာန ၀န္ႀကီး Mahendra Kumar က က်ဴးေက်ာ္ အိမ္ယာေတြကို ရွင္းလင္းေနေၾကာင္း အတည္ျပဳပါတယ္။

Uttar Prades ျပည္နယ္ရဲ႕ ဆင္ေျခဖံုး ေဒသေတြမွာ၊ ေနာက္ ျပည္နယ္ အစိုးရရဲ႕ ဆည္ေျမာင္း ဌာန လက္ေအာက္မွာ ရွိတဲ႔ ေျမေနရာေတြ ေပၚက က်ဴးေက်ာ္ အိမ္ယာေတြကို စိစစ္ၿပီး ေရႊ႕ေျပာင္းေနပါတယ္။ ေဒလီက ေျမေနရာ အေတာ္မ်ားမ်ားမွာလည္း က်ဴးေက်ာ္ သိမ္းယူမႈေတြ ရွိေနၿပီး အဲဒီ ေနရာေတြကိုလည္း က်ေနာ္တို႔ ရွင္းလင္းေနပါတယ္။

နယူးေဒလီ ၿမိဳ႕ေတာ္ ဆင္ေျခဖံုး ေဒသမွာ အေျခခ်ေနထိုင္တဲ႔ ရာနဲ႔ခ်ီတဲ႔ ႐ိုဟင္ဂ်ာေတြကို ယာယီ တဲေတြဆီ ေရႊ႕ေျပာင္းခဲ႔တာပါ။ ေနရာသစ္မွာ အခက္အခဲမ်ိဳးစံု ၾကံဳေတြ႕ေနရေၾကာင္း ႐ိုဟင္ဂ်ာ ဒုကၡသည္ တဦး ျဖစ္တဲ႔ Slim က ဟင္ဒီ ဘာသာစကားနဲ႔ အခုလို ေျပာပါတယ္။

တေန႔က မနက္ ၅ နာရီေလာက္မွာ လမ္းေဘးမွာ ေနၾကတဲ႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြ အားလံုးကို ဒီကို ေခၚလာၿပီး ေျပာင္းေရႊ႕ေပးခဲ႔တာပါ။ အရင္ ေနရာမွာ ဆိုရင္ က်ေနာ္တို႔မွာ ဗလီ ၀တ္ေက်ာင္း တခု ရွိပါတယ္။ အမ်ားသံုး အိမ္သာ ၅ လံုး ရွိပါတယ္။ ဘံုဘိုင္ ေရတြင္း ၂ ခုလည္း ရွိပါတယ္။ အဲဒါေတြ အားလံုးကို ရဲေတြက ဖ်က္ပစ္လိုက္ပါၿပီ။ အရင္ ေနရာက က်ေနာ္တို႔ အတြက္ အဆင္ေျပပါတယ္။ အခု ဒီမွာက လွ်ပ္စစ္မီး၊ ေရနဲ႔ အိမ္သာေတြလည္း မရွိပါဘူး။ က်ေနာ္တို႔ အတြက္ အခက္အခဲ အမ်ားႀကီး ရွိပါတယ္။

အိႏၵိယ ႏိုင္ငံမွာ လက္ရွိ ႐ိုဟင္ဂ်ာ ဒုကၡသည္ ခန္႔မွန္းေျခ ၄၀,၀၀၀ ေလာက္ ေနထိုင္ေနၾကပါတယ္။ ဒီထဲက ဒုကၡသည္ ၁၆,၅၀၀ ေလာက္ကိုေတာ့ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး UNHCR ရံုးကေန အသိအမွတ္ျပဳ ကဒ္ေတြ ထုတ္ေပးထားၿပီး ဒုကၡသည္ေတြကို ထိပါးေႏွာင့္ယွက္ခံရမႈ၊ တရားဥပေဒမဲ႔ ဖမ္းဆီးခံရမႈ၊ ခ်ဳပ္ေႏွာင္ခံရမႈနဲ႔ ဌာေနျပန္ပို႔ခံရမႈတို႔ကေန အကာအကြယ္ေပးထားေၾကာင္းလည္း ေျပာဆိုထားပါတယ္။ ေနရာ အႏွံ႔မွာ အေျခခ် ေနထိုင္ေနၾကတဲ႔ ေထာင္နဲ႔ခ်ီတဲ႔ မူဆလင္ ႐ိုဟင္ဂ်ာေတြကို တရားမ၀င္ ေနထိုင္သူေတြ၊ ေနာက္ လံုျခံဳေရး အႏၲရာယ္ တခုအျဖစ္ အိႏၵိယ အစိုးရက သေဘာထားၿပီး သူတို႔ကို ရွာေဖြ ေဖာ္ထုတ္ၿပီး ဌာေနျပန္ပို႔ေရး အတြက္ ၫႊန္ၾကားထားတာပါ။

ျမန္မာႏိုင္ငံမွာ ၂၀၁၇ ခုႏွစ္က စစ္တပ္ရဲ႕ ၿဖိဳခြဲ ႏွိမ္နင္းမႈေတြ ေနာက္ပိုင္း သိန္းခ်ီတဲ႔ ႐ိုဟင္ဂ်ာေတြ ေဘးလြတ္ရာ ထြက္ေျပးခဲ႔ၾကရတာပါ။ အမ်ားစုကေတာ့ ဘဂၤလားေဒရွ္႕ နယ္စပ္က အျဖစ္ ေဆာက္လုပ္ထားတဲ႔ ဒုကၡသည္ စခန္းေတြမွာ ခိုလံႈေနရတာ ျဖစ္ပါတယ္။ ျမန္မာဘက္ကေတာ့ လူမ်ိဳးတုန္း သတ္ျဖတ္မႈ စြပ္စြဲခ်က္ကို ျငင္းပယ္ထားၿပီး အၾကမ္းဖက္မႈေတြကို စစ္တပ္က တန္ျပန္ေခ်မႈန္းတာသာ ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။ ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္မႈေတြ၊ ဖိႏွိပ္မႈေတြေၾကာင့္ ထြက္ေျပးခဲ႔ၾကၿပီး အိႏၵိယကို ေရာက္ေနၾကတဲ႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကေတာ့ ျမန္မာႏိုင္ငံကို ျပန္ဖို႔ သင့္ေတာ္တဲ႔ အေျခအေန မဟုတ္ေၾကာင္း ေျပာဆိုၾကပါတယ္။

အရင္ ျမန္မာ အရပ္သား အစိုးရ လက္ထက္က ထြက္ေျပးရတဲ႔ ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လက္ခံမယ္လို႔ ေျပာဆိုထားေပမယ့္လည္း ႐ိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံခဲ႔ပါဘူး။ ဒါ႔အျပင္ ဒုကၡသည္ေတြကို ႏိုင္ငံသား ျဖစ္ခြင့္ အာမခံခ်က္လည္း မေပးခဲ႔ပါဘူး။ ဒါေပမယ့္ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း ေရြးေကာက္ခံ လႊတ္ေတာ္ အမတ္ေတြ ဖြဲ႔စည္းလိုက္တဲ႔ NUG - အမ်ိဳးသား ညီၫြတ္ေရး အစိုးရ အဖြဲ႔ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈန္းကို လက္ခံၿပီး ႐ိုဟင္ဂ်ာ ဆိုင္ရာ မူဝါဒ တရပ္ကို ခ်မွတ္ထားပါတယ္။ အာဏာသိမ္း စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး ေကာင္စီဘက္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈနး္ကို လက္သင့္ မခံေသးပါဘူး။


(Unicode)

အိန္ဒိယမှာ ရိုဟင်ဂျာ ကျူးကျော်တဲတွေ ပြည်နယ်အစိုးရ ဖယ်ရှား

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ် အစိုးရပိုင် မြေနေရာမှာ ကျူးကျော် အိမ်တွေ ဆောက်လုပ်နေထိုင်တဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့ အိမ်ယာတွေကို ပြည်နယ်အစိုးရက ဖယ်ရှား ရှင်းလင်းပြီး သူတို့ကို ယာယီ တဲတွေဆီ ပြောင်းရွှေ့လိုက်ပါတယ်။ ရေနဲ့ လျှပ်စစ်မီးလို အခြေခံ ဝန်ဆောင်မှုတွေ မရတဲ့ နေရာသစ်မှာ ဒုက္ခသည်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရကြောင်း Reuters သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။


အိန္ဒိယ နိုင်ငံ မြို့တော် နယူးဒေလီ အနီးမှာ ရှိပြီး Uttar Pradesh ပြည်နယ် ဆည်မြောင်းဌာနပိုင်တဲ့ မြေနေရာတွေမှာ ကျူးကျော် အခြေချတဲ့ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေရဲ့ အိမ်ယာတွေကို အာဏာပိုင်တို့က ဖယ်ရှား ရှင်းလင်းနေပါတယ်။ Uttar Pradesh ပြည်နယ် ဆည်မြောင်းဌာန ဝန်ကြီး Mahendra Kumar က ကျူးကျော် အိမ်ယာတွေကို ရှင်းလင်းနေကြောင်း အတည်ပြုပါတယ်။

Uttar Prades ပြည်နယ်ရဲ့ ဆင်ခြေဖုံး ဒေသတွေမှာ၊ နောက် ပြည်နယ် အစိုးရရဲ့ ဆည်မြောင်း ဌာန လက်အောက်မှာ ရှိတဲ့ မြေနေရာတွေ ပေါ်က ကျူးကျော် အိမ်ယာတွေကို စိစစ်ပြီး ရွှေ့ပြောင်းနေပါတယ်။ ဒေလီက မြေနေရာ အတော်များများမှာလည်း ကျူးကျော် သိမ်းယူမှုတွေ ရှိနေပြီး အဲဒီ နေရာတွေကိုလည်း ကျနော်တို့ ရှင်းလင်းနေပါတယ်။

နယူးဒေလီ မြို့တော် ဆင်ခြေဖုံး ဒေသမှာ အခြေချနေထိုင်တဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ယာယီ တဲတွေဆီ ရွှေ့ပြောင်းခဲ့တာပါ။ နေရာသစ်မှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရကြောင်း ရိုဟင်ဂျာ ဒုက္ခသည် တဦး ဖြစ်တဲ့ Slim က ဟင်ဒီ ဘာသာစကားနဲ့ အခုလို ပြောပါတယ်။

တနေ့က မနက် ၅ နာရီလောက်မှာ လမ်းဘေးမှာ နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အားလုံးကို ဒီကို ခေါ်လာပြီး ပြောင်းရွှေ့ပေးခဲ့တာပါ။ အရင် နေရာမှာ ဆိုရင် ကျနော်တို့မှာ ဗလီ ဝတ်ကျောင်း တခု ရှိပါတယ်။ အများသုံး အိမ်သာ ၅ လုံး ရှိပါတယ်။ ဘုံဘိုင် ရေတွင်း ၂ ခုလည်း ရှိပါတယ်။ အဲဒါတွေ အားလုံးကို ရဲတွေက ဖျက်ပစ်လိုက်ပါပြီ။ အရင် နေရာက ကျနော်တို့ အတွက် အဆင်ပြေပါတယ်။ အခု ဒီမှာက လျှပ်စစ်မီး၊ ရေနဲ့ အိမ်သာတွေလည်း မရှိပါဘူး။ ကျနော်တို့ အတွက် အခက်အခဲ အများကြီး ရှိပါတယ်။

အိန္ဒိယ နိုင်ငံမှာ လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည် ခန့်မှန်းခြေ ၄၀,၀၀၀ လောက် နေထိုင်နေကြပါတယ်။ ဒီထဲက ဒုက္ခသည် ၁၆,၅၀၀ လောက်ကိုတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR ရုံးကနေ အသိအမှတ်ပြု ကဒ်တွေ ထုတ်ပေးထားပြီး ဒုက္ခသည်တွေကို ထိပါးနှောင့်ယှက်ခံရမှု၊ တရားဥပဒေမဲ့ ဖမ်းဆီးခံရမှု၊ ချုပ်နှောင်ခံရမှုနဲ့ ဌာနေပြန်ပို့ခံရမှုတို့ကနေ အကာအကွယ်ပေးထားကြောင်းလည်း ပြောဆိုထားပါတယ်။

နေရာ အနှံ့မှာ အခြေချ နေထိုင်နေကြတဲ့ ထောင်နဲ့ချီတဲ့ မူဆလင် ရိုဟင်ဂျာတွေကို တရားမဝင် နေထိုင်သူတွေ၊ နောက် လုံခြုံရေး အန္တရာယ် တခုအဖြစ် အိန္ဒိယ အစိုးရက သဘောထားပြီး သူတို့ကို ရှာဖွေ ဖော်ထုတ်ပြီး ဌာနေပြန်ပို့ရေး အတွက် ညွှန်ကြားထားတာပါ။ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ ဖြိုခွဲ နှိမ်နင်းမှုတွေ နောက်ပိုင်း သိန်းချီတဲ့ ရိုဟင်ဂျာတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရတာပါ။ အများစုကတော့ ဘင်္ဂလားဒေရှ့် နယ်စပ်က အဖြစ် ဆောက်လုပ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။ မြန်မာဘက်ကတော့ လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်ကို ငြင်းပယ်ထားပြီး အကြမ်းဖက်မှုတွေကို စစ်တပ်က တန်ပြန်ချေမှုန်းတာသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးခဲ့ကြပြီး အိန္ဒိယကို ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံကို ပြန်ဖို့ သင့်တော်တဲ့ အခြေအနေ မဟုတ်ကြောင်း ပြောဆိုကြပါတယ်။ အရင် မြန်မာ အရပ်သား အစိုးရ လက်ထက်က ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမယ်လို့ ပြောဆိုထားပေမယ့်လည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံခဲ့ပါဘူး။ ဒါ့အပြင် ဒုက္ခသည်တွေကို နိုင်ငံသား ဖြစ်ခွင့် အာမခံချက်လည်း မပေးခဲ့ပါဘူး။ ဒါပေမယ့် စစ်အာဏာသိမ်းမှု နောက်ပိုင်း ရွေးကောက်ခံ လွှတ်တော် အမတ်တွေ ဖွဲ့စည်းလိုက်တဲ့ NUG - အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံပြီး ရိုဟင်ဂျာ ဆိုင်ရာ မူဝါဒ တရပ်ကို ချမှတ်ထားပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့် မခံသေးပါဘူး။ 

https://burmese.voanews.com/a/india-razes-rohingya-settlements-in-anti-encroachment-drive/5978222.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.