Breaking

July 6, 2021

ျမန္မာ့ႏိုင္ငံေရး ျပန္လည္သင့္ျမတ္ဖို႔ တြန္းအားေပး ေဖာ္ေဆာင္ရမည္ (တ႐ုတ္ဝန္ႀကီး Wang Yi)

 


တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီး Wang Yi. (ဇြန္ ၁၊ ၂၀၁၈)
(Zawgyi / Unicode)

ျမန္မာႏုိင္ငံ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးမွာ အခက္ႀကံဳေနရတာဟာ ျပည္တြင္းေရးေၾကာင့္ျဖစ္ၿပီး ႏိုင္ငံေရးေျဖရွင္းရာမွာ ဖြဲ႔စည္းပံုအေျခခံဥပေဒနဲ႔ ဥပေဒမူေဘာင္ထဲကေန ေဆြးေႏြးဖို႔လိုေၾကာင္း တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီဝင္ ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အၾကမ္းဖက္မႈေတြ ထပ္မျဖစ္ေအာင္ ေရွာင္ၿပီး ႏိုင္ငံအတြက္ေရာ လူမႈအဖြဲ႔အစည္းအတြက္ပါ အျမန္တည္ၿငိမ္မႈရေအာင္ လုပ္ေဆာင္ဖို႔လည္း တိုက္တြန္းခဲ့တယ္လို႔ တနလၤာေန႔မွာ ရန္ကုန္ တ႐ုတ္သံ႐ုံး ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi ဟာ ဇူလိုင္ ၃ ရက္ စေနေန႔က တ႐ုတ္ႏိုင္ငံ ခ်င္ဟြာတကၠသိုလ္မွာ ျပဳလုပ္တဲ့ ၉ ႀကိမ္ေျမာက္ ကမာၻ႔ၿငိမ္းခ်မ္းေရးဖိုရမ္မွာ ကမာၻ႔ၿငိမ္းခ်မ္းေရးကို ကာကြယ္ေစာင့္ေရွာက္ၿပီး လူသားတိုးတက္မႈ ျမႇင့္တင္ေပးဖို႔ ေျပာၾကားရာမွာ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး ထည့္သြင္းေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ႏိုင္ငံတကာ အသိုင္းအဝိုင္း အေနနဲ႔လည္း ျမန္မာ့အခ်ဳပ္အျခာ အာဏာကိုေရာ ျပည္သူေတြရဲ႕ ေရြးခ်ယ္မႈကိုပါ ေလးစားဖို႔နဲ႔ ျပန္လည္သင့္ျမတ္ေရးအတြက္ အေထာက္အကူ ျဖစ္ေစမယ့္ ကိစၥရပ္ေတြကို ပိုလုပ္ေဆာင္ၾကဖို႔ ေျပာဆိုလိုက္တဲ့အျပင္ တဖက္သတ္ အေရးယူဒဏ္ခတ္တာေတြ၊ မသင့္ေလ်ာ္တဲ့ ၾကားဝင္မႈေတြ မလုပ္ဖို႔ပါ သတိေပးလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းဖို႔ ေမွ်ာ္လင့္ေနသလို အာဆီယံက ျမန္မာ့အေျခအေနကို အဆင္ေျပေအာင္ ကိုင္တြယ္ေျဖရွင္းမႈေတြ အျမန္လုပ္ဖို႔ အာဆီယံနည္းလမ္းနဲ႔ တြန္းအားေပးမႈကို ေထာက္ခံေၾကာင္းလည္း ေျပာပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံကို ကိုဗစ္ကပ္ေရာဂါ တိုက္ဖ်က္ေရး အကူအညီေတြနဲ႔ စီးပြားေရးအကူညီေတြ ေပးၿပီး ရင္းႏွီးတဲ့ ဆက္ဆံေရးကို ဆက္လက္အသံုးခ်ၿပီး ၾကားဝင္ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းလည္း ရန္ကုန္ တ႐ုတ္သံ႐ုံး ေဖ့စ္ဘုတ္မွာ ေဖာ္ျပထားပါတယ္။


---------------------

(Unicode)

မြန်မာ့နိုင်ငံရေး ပြန်လည်သင့်မြတ်ဖို့ တွန်းအားပေး ဖော်ဆောင်ရမည် (တရုတ်ဝန်ကြီး Wang Yi)

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အခက်ကြုံနေရတာဟာ ပြည်တွင်းရေးကြောင့်ဖြစ်ပြီး နိုင်ငံရေးဖြေရှင်းရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်ထဲကနေ ဆွေးနွေးဖို့လိုကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ရှောင်ပြီး နိုင်ငံအတွက်ရော လူမှုအဖွဲ့အစည်းအတွက်ပါ အမြန်တည်ငြိမ်မှုရအောင် လုပ်ဆောင်ဖို့လည်း တိုက်တွန်းခဲ့တယ်လို့ တနင်္လာနေ့မှာ ရန်ကုန် တရုတ်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ဇူလိုင် ၃ ရက် စနေနေ့က တရုတ်နိုင်ငံ ချင်ဟွာတက္ကသိုလ်မှာ ပြုလုပ်တဲ့ ၉ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ပြီး လူသားတိုးတက်မှု မြှင့်တင်ပေးဖို့ ပြောကြားရာမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း မြန်မာ့အချုပ်အခြာ အာဏာကိုရော ပြည်သူတွေရဲ့ ရွေးချယ်မှုကိုပါ လေးစားဖို့နဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူ ဖြစ်စေမယ့် ကိစ္စရပ်တွေကို ပိုလုပ်ဆောင်ကြဖို့ ပြောဆိုလိုက်တဲ့အပြင် တဖက်သတ် အရေးယူဒဏ်ခတ်တာတွေ၊ မသင့်လျော်တဲ့ ကြားဝင်မှုတွေ မလုပ်ဖို့ပါ သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့ မျှော်လင့်နေသလို အာဆီယံက မြန်မာ့အခြေအနေကို အဆင်ပြေအောင် ကိုင်တွယ်ဖြေရှင်းမှုတွေ အမြန်လုပ်ဖို့ အာဆီယံနည်းလမ်းနဲ့ တွန်းအားပေးမှုကို ထောက်ခံကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး အကူအညီတွေနဲ့ စီးပွားရေးအကူညီတွေ ပေးပြီး ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်လက်အသုံးချပြီး ကြားဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ရန်ကုန် တရုတ်သံရုံး ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။

 https://burmese.voanews.com/a/myanmar-china-wang-yi/5954265.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.