Breaking

August 8, 2021

 

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းအေပၚ ၿခိမ္းေျခာက္မႈ အေမရိကန္႐ႈတ္ခ်


ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို လုပ္ႀကံဖို႔ ႀကံစည္မႈအေပၚ အေမရိကန္ ကုလသမဂၢဆိုင္ရာ သံအမတ္ႀကီးက ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းအေပၚ ၿခိမ္းေျခာက္မႈအေပၚ ျပတ္ျပတ္သားသား ျပစ္တင္ရႈတ္ခ်ေၾကာင္းနဲ႔ ဒီလုပ္ရပ္ဟာ အာဏာရွင္ေခါင္းေဆာင္ေတြနဲ႔ ေထာက္ခံသူေတြဟာ သူတို႔ကို ဆန႔္က်င္ရပ္တည္ ေျပာဆိုၾကတဲ့ သတင္းသမားေတြ၊ တက္ႂကြလႈပ္ရွားသူေတြနဲ႔ တျခားသူေတြအေပၚ အေမရိကန္ အပါအဝင္ ကမာၻတဝန္းလိုက္လံ ဖိႏွိပ္အေရးယူဖို႔ ႀကိဳးပမ္းေလ့ရွိတဲ့ ပုံစံမ်ိဳးျဖစ္ေၾကာင္းလည္း ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield က စေနေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုလိုက္တာပါ။

သူနဲ႔လုပ္ေဖာ္ကိုင္ဖက္ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကို အျပင္းအထန္ ထိခိုက္ဒဏ္ရာရေအာင္၊ ဒါမွမဟုတ္ အသက္ဆုံးရႈံးေအာင္ ႀကံစည္ေနတယ္ ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပတ္သက္လို႔ အေမရိကန္ လုံၿခဳံေရး တာဝန္ရွိသူေတြ ျမန္ျမန္ဆန္ဆန္ ေဖာ္ထုတ္ႏိုင္တဲ့အတြက္ ဝမ္းေျမာက္ေၾကာင္းလည္း အေမရိကန္ သံအမတ္ႀကီးက ေျပာပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတဲ့လုပ္ရပ္ကို ဆန႔္က်င္ေၾကာင္း တရားဝင္ ေျပာဆိုထားၿပီး အာဏာသိမ္းတဲ့ လုပ္ရပ္နဲ႔ ေနာက္ဆက္တြဲ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကိုလည္း ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အသိုင္းအဝန္းမွာ တင္ျပေနသူ ျဖစ္ပါတယ္။ ျမန္မာစစ္ေကာင္စီ ကေတာ့ သံအမတ္ႀကီးကို ရာထူးကဖယ္ရွားထားၿပီး ႏိုင္ငံေတာ္ သစၥာေဖာက္ဖ်က္မႈနဲ႔ အလိုရွိေနတဲ့အေၾကာင္း သတင္းထုတ္ျပန္ ထားပါတယ္။

စက္တင္ဘာလမွာ လက္ရွိသံအမတ္ႀကီး တာဝန္သက္တမ္း ကုန္ဆုံးမယ့္အခ်ိန္မွာ ျမန္မာစစ္အာဏာပိုင္ေတြက တျခားတေယာက္နဲ႔ အစားထိုးခန႔္အပ္ဖို႔ ရွိေနခ်ိန္မွာပဲ အခုလို လုပ္ႀကံဖို႔ ႀကံစည္တယ္ဆိုတဲ့ စြပ္စြဲခ်က္ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။


(Unicode)

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှုအပေါ် အမေရိကန် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းအပေါ် ခြိမ်းခြောက်မှုအပေါ် ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချကြောင်းနဲ့ ဒီလုပ်ရပ်ဟာ အာဏာရှင်ခေါင်းဆောင်တွေနဲ့ ထောက်ခံသူတွေဟာ သူတို့ကို ဆန့်ကျင်ရပ်တည် ပြောဆိုကြတဲ့ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ တခြားသူတွေအပေါ် အမေရိကန် အပါအဝင် ကမ္ဘာတဝန်း လိုက်လံ ဖိနှိပ်အရေးယူဖို့ ကြိုးပမ်းလေ့ရှိတဲ့ ပုံစံမျိုးဖြစ်ကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က စနေနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆို လိုက်တာပါ။

သူနဲ့လုပ်ဖော်ကိုင်ဖက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို အပြင်းအထန် ထိခိုက်ဒဏ်ရာရအောင်၊ ဒါမှမဟုတ် အသက်ဆုံးရှုံးအောင် ကြံစည်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အမေရိကန် လုံခြုံရေး တာဝန်ရှိသူတွေ မြန်မြန်ဆန်ဆန် ဖော်ထုတ်နိုင်တဲ့အတွက် ဝမ်းမြောက်ကြောင်းလည်း အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း တရားဝင် ပြောဆိုထားပြီး အာဏာသိမ်းတဲ့ လုပ်ရပ်နဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းမှာ တင်ပြနေသူ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီ ကတော့ သံအမတ်ကြီးကို ရာထူးကဖယ်ရှားထားပြီး နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ အလိုရှိနေတဲ့အကြောင်း သတင်းထုတ်ပြန် ထားပါတယ်။

စက်တင်ဘာလမှာ လက်ရှိသံအမတ်ကြီး တာဝန်သက်တမ်း ကုန်ဆုံးမယ့်အချိန်မှာ မြန်မာစစ်အာဏာပိုင်တွေက တခြားတယောက်နဲ့ အစားထိုးခန့်အပ်ဖို့ ရှိနေချိန်မှာပဲ အခုလို လုပ်ကြံဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ 

https://burmese.voanews.com/a/ambassador-linda-thomas-greenfield-on-arrests-in-the-allerged-plot-targeting-burma-ambassador-to-un/5994434.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.